YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rust Creek [2018] (MM Sub).mp4

932.42 MB 720p video/mp4 144 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Grudge 2
5.5

ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ... ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်... မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး.... ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 830MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 42Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Comedy • Crime • Romance
5.5 2006 102 mins
The Grudge 2
The Bodyguard
6.7

မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။ File size…(3.9 GB)/(1.2 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htet Kyaw Myo

Comedy
6.7 1992 129 mins
The Bodyguard
The Sea Beast
7.5

နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့ မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ.... File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

Documentary
7.5 2022 119 mins
The Sea Beast
The One You Love
10

ချစ်သူဆိုတာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်နေရတဲ့သူ ရယ်လို့ ရှိပါတယ်။ ချစ်ခဲ့ဖူးသူကလည်း ချစ်သူ ဖြစ်ခဲ့ဖူးတာပေါ့။ ချစ်ခဲ့ဖူးသူကိုလည်း ကိုယ်က တကယ်ချစ်ခဲ့ရတယ်။ ကိုယ့်ကို ချစ်လာတဲ့လူကိုလည်း ကိုယ်က ချစ်နေမိပြီ။ ဒါပေမယ့် ဒီလိုအချိန်မှာမှ ချစ်ခဲ့ဖူးသူ ရည်းစားဟောင်းက ကိုယ့်ဆီ ပြန်ရောက်လာတဲ့အခါမှာတော့ ..... ဒီဇာတ်လမ်းကတော့ ဒီလိုမျိုး ၃ ပွင့်ဆိုင်ပါပဲ။ အင်္ဂလန်မှာ ကြီးပြင်းပြီး အဲဒီမှာပဲ ကျောင်းတက်နေတဲ့ အင်္ဂလန်သားလေး''ဒန်နီ''နဲ့ ဟောင်ကောင်မှာမွေးပြီး အင်္ဂလန်မှာပဲ ကျောင်းလာတက်တဲ့ မင်းသမီးလေး ''ဒါနီ''၊ သူ့ရည်စားဟောင်း ''အဲလက်စ်''တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့ တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေပေမယ့် မသိကြတဲ့ ''ဒန်နီ''နဲ့' 'ဒါနီ'' သူငယ်ချင်း ''ဂျီဂျီ'' မိတ်ဆက်ပေးမှ သိကြရာက ဖြစ်လာမယ့် သူတို့အချစ်ရေးကြောင့် လောလောလတ်လတ်မှာ အသည်းကွဲထားတဲ့ ''ဒါနီ''တစ်ယောက် ''ဒန်နီ''ကို ​ပြန်ချစ်နိုင်ပါ့မလား။ ဒါ့ပြင် ရည်စားဟောင်းက ပြန်လာတောင်းပန်တဲ့အခါ ''ဒါနီ'' ပြန်လက်ခံမလား ဘယ်လိုဖြစ်မလဲ သူတို့၂ယောက်ထဲက ဘယ့်သူ့ကို ရွေးမလဲ ဒါဟာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ။ ကိုယ်သာ ဆိုရင်ရော ဘယ်သူ့ကို ရွေးဖြစ်မယ် ထင်ပါသလဲ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့အဖြစ်သနစ်ကို ချဉ်းနင်းလေ့လာ ခံစားကြည့်ရအောင်ပါ။ အာရှအချစ်ကားကောင်းကောင်းလေး ကြိုက်တတ်ရင်တော့ ဒီကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pone Nyet Khaing ပဲ ဖြစ်ပါတယ်။ Genre.....Romance, Drama Quality….WEB-DL 720p and 480p Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pone Nyet Khaing Encoder ..... August

Comedy • Horror
10 2019 85 mins
The One You Love
Rooney
6.1

၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး အင်္ဂလန်လူမျိုးကစားသမားအနေနဲ့မှတ်ကျောက်တင်ထိုက်သူပဲဖြစ်ပါတယ်။ ဒီ Docuမှာတော့ ဒီလိုမျိုးအောင်မြင်တဲ့ကစားသမားနောက်ကွယ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊အခက်အခဲတွေ၊ အောင်မြင်မှုနဲ့တွဲလိုက်လာတဲ့ လူမှုရေးပြဿနာတွေ၊စသဖြင့် ဝိန်းရဲ့ငယ်ဘဝကစလို့ အတွင်းကျကျ အချက်အလက်များကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဝိန်းနဲ့ ဇနီးဖြစ်သူကောလင်းတို့မှ အဓိကဖြေကြားပေးထားတာဖြစ်ပြီးအသင်းဖော်ဟောင်းဂယ်ရီနဗီးလ်နဲ့ ရီယိုဖာဒီနန်၊ အင်္ဂလန်အသင်းရဲ့နည်းပြဟောင်း အဲရစ်ဆင်၊ ပြိုင်ဘက်ဟောင်းဖြစ်သူ အာဆင်နယ်နဲ့ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး အွန်နရီတို့အပါအဝင် သတင်းထောက်၊တင်ဆက်သူ၊ အေးဂျင့်များ စသဖြင့် အားဖြည့်ကူညီထားသူများစွာပါဝင်ပါတယ်။ Team player တစ်ဦးဖြစ်တဲ့ ဝိန်းဟာ ဆေးစက်ကျရာအရုပ်ထင်ရင်းအသင်းလိုအပ်တဲ့နေရာတိုင်းမှာ ကစားခဲ့တဲ့ Ultimate Attacking Versatile ကစားသမားလို့သမုတ်ရင် မှားမှာမဟုတ်ပါဘူး၊ အသင်းအနိုင်ရဖို့ကို တစ်ဦးချင်းအောင်မြင်မှုထက် ပိုအလေးထားတဲ့ဝိန်းဟာIndividual recordတွေကို ပိုမြင်တဲ့ မော်ဒန်ဘောလုံးလောကမှာထိုကိသင့်တဲ့ အသိအမှတ်ပြုမှုကို မရခဲ့ပါဘူး၊ သို့ပေမယ့် သရဲနီတွေရဲ့ရင်ထဲမှာ ဝိန်းရွန်းနီဆိုတဲ့နာမည်ဟာ အမြဲရှင်သန်နေမှာပါ၊ Wazzaလို့ ပြောလိုက်တာနဲ့ တိုက်ရဲ ခိုက်ရဲ အသင်းအတွက်ဆို နည်းမျိုးစုံနဲ့ပေးဆပ်ရဲတဲ့ အင်္ဂလန်တိုက်စစ်မှူးကြီးကို သတိရနေကြမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Jim X မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB) and (900 MB) Quality….WEB-DL 1080p & 720p Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Jim X

Drama • Romance
6.1 2022 105 mins
Rooney
The Dancer
7.3

The Dancer (2011) aka Sang Penari 1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 465MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Horror • Science Fiction
7.3 2011 112 mins
The Dancer
My True Fairytale
6.3

My True Fairytale (2021) ================== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။ အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(936 MB) / (368 MB) / (200 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 26mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator…….Ngwe Zin Encoder……….SWM

Drama • Horror • Thriller
6.3 2021
My True Fairytale
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
A Not So Merry Christmas
4.8

A Not So Merry Christmas (2022) ======================== ဒီကားလေးက သမာရိုးကျ ခရစ်စမတ်ကားတွေကနေ မထွက်ဘူးဆိုပေမယ့် တင်ဆက်ပုံလေးကရင်ထဲကို ထိ သွားစေတယ့် ခရစ်စမတ်ကားလေးတစ်ကားပါ။ rating သိပ်မများပေမယ့် ကျွန်တော့်အမြင်မှာတော့ underrated ဖြစ်နေတဲ့ ကားလေးတစ်ကားလို့ ဆိုချင်တယ်။ ကိုယ်တွေနေ့စဥ်ဘဝကို သတိလက်လွတ်ဖြတ်သန်းနေထိုင် နေမိတာတွေကို ဆင်ခြင်တတ်လာစေမယ့် ကားလေးတစ် ကား၊ ကိုယ့်ဘေးနားက ကိုယ်ချစ်ရတဲ့ လူတွေ၊ ကိုယ့်ကို ချစ် တဲ့လူတွေကို တန်ဖိုးထား မြတ်နိုးဖို့ သတိပေးနိုင်တဲ့ ကား ကောင်းလေးတစ်ကားပါဗျာ။ heart-warmingတော်တော်လေး ဖြစ်စေပါတယ်။ အချိန်ရရင် ကိုယ့်ဘေးနားက ချစ်ရသူတွေနဲ့ အတူကြည့်ကိုကြည့်သင့်တဲ့ ကြည်နူးစရာဇာတ်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size……….(2.0 GB) / (796 MB) / (481 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy Translator…….Paul Encoder……….SWM

Drama
4.8 2022
A Not So Merry Christmas
Vidocq
6.4

ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံက သမိုင်းဝင်စုံထောက်ကြီးဖြစ်တဲ့ဗီဒေါခ့်ကို စိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီးဗီဒေါ့ခ်ကို ရဲတပ်ဖွဲ့ကအမှုတစ်ခုစုံးစမ်းခိုင်းတာဖြစ်ပါတယ်။ အကြောင်းကတော့ ပြင်သစ်နိုင်ငံကိုကြီးကြီးမားမားကူညီပေးတဲ့ ဘယ်မွ့န် နဲ့ ဘရာဒီတို့သေဆုံးသွားရတာကြောင့်ပါ။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလို့ထင်တဲ့အတွက် ပဲရစ်မြို့အင်စပတ်ကြီး ဗီဒေါ့ကိုခပ်မြန်မြန်စုံးစမ်းဖို့အမိန့်ပေးလိုက်တယ်။ ဘယ်မွန့် နဲ့ ဘရာဒီတို့နှစ်ယောက်သာ မိုးကြိုးပစ်ခံရပြီးမီးလောင်သေဆုံးသွားတဲ့အတွက် သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိပြီး လိုက်လံစုံစမ်းတဲ့အခါ မထင်ထားတဲ့ အကြောင်းအရာတွေပေါ်ထွက်လာပါတော့တယ်။ File size…2.37 GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.4 2001
Vidocq
Delibal
6.7

“သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာ သိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့” CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့ သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့ ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်း ဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက် ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့ ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေး ဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့ အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီး ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့ ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့ ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။ ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့ အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအန မကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့……. ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ် တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်း သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက တစ်ယောက်အပေါ် တစ်ယောက် ချစ်တတ်ပုံလေးတွေ ကြင်နာတတ်ပုံလေးတွေနဲ့ အကြင်လင်မယားဘဝကို နှစ်ကိုယ်တူဖြတ်သန်းကြပုံလေးကို စောင်ကိုက်ရင်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…1.95 GB / 0.99 GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 57m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.7 2015
Delibal
Reign Over Me

အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။ တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ကြည့်ရှုသင့်ကြောင်း အကြံပြအပ်ပါတယ်ခင်ဗျာ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Romance • Drama
0 2007
Reign Over Me
A Holiday for Harmony
5.8

တစ်နှစ်တာလုံးရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ခရစ္စမတ်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေနဲ့ အတူတူကြည့်ဖို့ A Holiday For Harmony ဆိုတဲ့ခရစ္စမတ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။အိမ်နဲ့ဝေးနေတဲ့ မိသားစုနဲ့ဝေးကွာနေတဲ့သူတွေလည်း ဒီကားလေးကိုကြည့်ပြီး အလွမ်းတွေပြေနိုင်ပြီး ကိုယ်ချစ်တဲ့ လူတွေကိုပိုတန်ဖိုးထားမိလာမှာလည်းအမှန်ပါပဲ။လူ့ဘ၀ဆိုတာ တိုတိုလေးမလို့ ရရှိတဲ့အချိန်လေးအတွင်းမှာ ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဂျက်ဇ်နဲ့တီနာတို့ကမောင်နှမတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက မောင်နှမတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မတည့်အတူနေ အမြဲတမ်းကိုက်နေကြတာပါပဲ။ဂျက်ဇ်ကဗီဒီယိုဂိမ်းတွေကစားရတာကို သဘောကျသူဖြစ်ပြီး တီနာကတော့သီချင်းဆိုတာကိုအရမ်းဝါသနာပါတဲ့ အပြင် အသံလည်းအရမ်းကောင်းသူဖြစ်ပါတယ်။ ဒီလိုနဲ့အသက်တွေကြီးလာကြတဲ့အခါမှာတော့မောင်နှမနှစ်ယောက်လည်း တစ်ယောက်တစ်လမ်းသွားကြပြီး ဂျက်ဇ်ကဘားနဲ့ဂိမ်းဆိုင်လေးတွဲဖွင့် ထားခဲ့ကာ တီနာကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာ ခဲ့ပါတော့တယ်။ အကြောင်းတစ်ခုကြောင့် မောင်နှမနှစ်ယောက်စကားမပြောဖြစ်တာ ကြာပေမဲ့ တီဗီမှာတွေ့လိုက်ရတဲ့သတင်းတစ်ခုကြောင့်ဂျက်ဇ်ဘ၀ကြီး ပျက်သလိုဖြစ်သွားပါတော့တယ်။အဲ့ဒီသတင်းကတော့သူ့ညီမတီနာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ညီမဖြစ်သူရဲ့သမီး သူ့တူမရောက်ရှိလာပြီး သေတမ်းစာမှာသူ့ကိုအုပ်ထိန်းသူအဖြစ်လွှဲပြောင်းပေးထားခဲ့ကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူနဲ့သူ့တူမတို့နှစ်ယောက် ဒီနှစ်ခရစ္စမတ်ကို အတူတူဖြတ်သန်းကြရင်းနဲ့ လွမ်းမောစရာ ၅၂၈ ဒရာမာလေးတွေကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.36GB) / (570MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024
A Holiday for Harmony
La Cocina The Kitchen
7.2

La Cocina (2024) IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။ The Grillရဲ့ စားဖိုဆောင်ထဲ အလုပ်လုပ်တဲ့ စားဖိုမှူးတွေ ဟင်းချက်သမားတွေ အများစုက အမေရိကထဲကို တရားမဝင်ခိုးဝင်လာတဲ့ မက္ကဆီကန်တွေ။ သူတို့မှာ ဗီဇာမရှိသလို ဒီအမေရိကကိုရောက်လာဖို့ သူတို့ရဲ့အရာအားလုံးကို ရင်းထားရတဲ့လူတွေ။ ပြောရရင် ပြန်ဆုတ်စရာ လမ်းမရှိတဲ့လူတွေ။ ကြက်ပျံမကျလောက်အောင် ဝိုင်းအပြည့်နဲ့ စည်ကားတဲ့ စားသောက်ဆိုင်တွေမှာ တစ်ခါတလေတော့ ခင်ဗျားတို့ ကျွန်တော်တို့ ထိုင်ဖူးကြမှာပါပဲ။ တစ်ဝိုင်းကမှာလိုက် တစ်ဝိုင်းက ထသွားလိုက် နောက်တစ်ဝိုင်းက ပြန်ဝင်လိုက် ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ မိုးပေါ်ကကျသလို ကျလာနေတဲ့ လူကျတဲ့အချိန်တွေဆို စားပွဲထိုးတွေတောင် ခြေချင်းလိမ်နေရတဲ့ ဆိုင်တွေပေါ့။ အဲဒီမိုးပေါ်က ကျလာသလို ဇယ်ဆက်ကြီးကျလာတဲ့ ဟင်းပွဲတွေရဲ့ နောက်ကွယ်က စားဖိုခန်းဟာ ဒီလိုအချိန်တွေဆို ခုတ်ဟယ် ထစ်ဟယ် ပြေးဟယ် လွှားဟယ်နဲ့ ဇယ်ဆက်သလို ချက်နေပြုတ်နေရတဲ့ အချက်သမားတွေ , အော်ဒါကောက်လိုက် လာပြောလိုက် ပြန်လာယူလိုက် အချက်သမားနဲ့ ကတောက်ကဆတ်ဖြစ်လိုက် ဗျာများနေတဲ့ စားပွဲထိုးတွေရဲ့ စိတ်ပင်ပန်းလူပင်ပန်း အလုပ်ခွင်ကြီးကို La cocinaမှာ စိတ်ညစ်စရာကောင်းလောက်အောင်ကို ပြထားတယ်။ ဘယ်အလုပ်မဆို ပင်ပန်းကြတာချည်းပေမဲ့ ဘယ်နေရာက စားဖိုဆောင်မဆို ဒီလိုပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ဒီစားဖိုဆောင်မှာ အလုပ်လုပ်နေတဲ့လူတွေက တရားမဝင် အလုပ်သမားတွေပါ။ ပြောဆိုဆက်ဆံနေရတဲ့ ဘာသာစကားလည်းမတူသလို အလုပ်ပြုတ်သွားရင်လည်း ဘဝပျက်သွားနိုင်တဲ့ သူတို့အတွက် စိတ်ပင်ပန်းတဲ့ ဒဏ်က ပိုပြင်းတယ်။ မများလှတဲ့လခနဲ့ အထင်သေးတဲ့အကြည့်တွေရဲ့ ဒဏ်ကလည်း တစ်ပိုင်းပေါ့။ ဒီစားဖိုခန်းထဲက လူအများစုက ဒီလိုလူတွေပဲ။ ဒါကိုလည်း ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်မှုသက်သက်ထားထားတာမဟုတ်ဘဲ ကျန်တဲ့ဇာတ်ကောင်တွေရဲ့ အခြေအနေကိုလည်း ပြသင့်သလောက်ပြသွားတယ်။ ပြောရရင် François Truffautရဲ့ The Last Metroထဲက ပြဇာတ်ရုံကို ပြသလို Alonso Ruizpalaciosက စားဖိုဆောင်ကိုပြထားတယ်။ တူညီတဲ့အခြေအနေအောက်က မတူညီတဲ့ဒုက္ခတွေ, မတူညီတဲ့အခြေအနေအောက်က တူညီတဲ့ဒုက္ခတွေ အစုံပေါ့၊။ ဒီမှာပဲဖြစ်ဖြစ် ဒီမှာမဟုတ်တဲ့တခြားဆီမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်စပ်သက်ဆိုင်နေတဲ့လူတွေပဲဖြစ်ဖြစ်အတွက် ဒီလိုအလားတူလုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ အရှိတရားတွေပဲဆိုတော့ ဒီအခြေအနေတွေအားလုံးက ကျွန်တော်တို့ဝင်ခံစားပေးလို့ရတဲ့ အခြေအနေတွေချည်းပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ပြကွက်တိုင်းနီးပါးက ကျွန်တော့်ရင်ထဲတော့ တော်တော်ရောက်ခဲ့တယ်။ ပိုဆိုးတာက ဇာတ်လမ်းစကတည်းက The Grillမှာ ဆိုင်ငွေဒေါ်လာ၈၀၀ပျောက်သွားတယ်။ အဲဒီငွေ၈၀၀ကို ခိုးတဲ့လူကို ဆိုင်ပိုင်ရှင်က မန်နေဂျာကို ရအောင်ရှာခိုင်းလိုက်တယ်။ မန်နေဂျာက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးခဲ့တယ်။ မျက်နှာငယ်ရတဲ့အထဲ စွပ်စွဲခံရသလိုပါဖြစ်နေတော့ အကုန်အဆင်မပြေကြဘူးပေါ့။ ဒီဒဏ်ကို အဆိုးဆုံးခံရတာက အဓိကဇာတ်လိုက်ဖြစ်တဲ့ ပီဒရိုနဲ့ သူနဲ့ကြိုက်နေတဲ့ ဂျူလီယာ။ ဒီမတိုင်ခင်က ဂျူလီယာက ပီဒရိုနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ လိုတဲ့ငွေ ၈၀၀ကို လိုက်ချေးခဲ့တယ်။ အဲဒီငွေကို ပီဒရိုက ရအောင်ရှာကြံထုတ်ပေးလိုက်တယ်။ ပမာဏလည်း တူနေတော့ သံသယက သူတို့ခေါင်းပေါ်တည့်တည့်ကျလာတယ်။ ဒီကြားထဲ ဆိုင်ပိုင်ရှင်က ပီဒရို့ကို မင်းအလုပ်လုပ်နေတာ နှစ်လည်းကြာနေပြီ မင်းကို တရားဝင်နေထိုင်သူဖြစ်အောင် ဗီဆာလျှောက်ဖို့ကူပေးမယ်ဆိုပြီး မျှော်လင့်ချက်အတုတွေပေးထားသေးတော့ ပီဒရို့မှာ သူခိုးလို့လည်းအထင်ခံရ မျှော်လင့်ချက်လေးကလည်းပျက် ၂ခါမကနာရင်း မကနာတဲ့ကြားက တခြားအဖြစ်ပေါင်းစုံပါ ထပ်ပေါင်းလာတဲ့အချိန် ပြုတ်ကျသွားတဲ့ ပီဒရို့အခြေအနေကို La cocinaမှာ အဓိကမြင်ရလိမ့်မယ်။ ပီဒရို့ဇာတ်ကောင်ကို တည်ဆောက်ထားပုံက‌ တော်တော်လေး သဘောကျစရာကောင်းတယ်။ စစမှာ သူ့ကို မကောင်းတဲ့လူတစ်ယောက်နီးနီး ပုံဖော်ထားတယ်။ နောက်ပိုင်း သူ့ကောင်းခြင်းဆိုးခြင်းကို အကဲဖြတ်ဖို့ခက်လာတယ်။ နှစ်ခုလုံး ရောပြွမ်းနေတယ်ပေါ့။ အဆုံးသတ်မှာ သူ့ကို ကျွန်တော်တို့စာနာမိတဲ့အချိန်မှာ သူနဲ့အတူတူ ကျွန်တော်တို့ပါ ပြုတ်ကျတော့တာပါပဲ။ တစ်နည်းပြောရရင် ဒီဇာတ်လမ်းဟာ ကမ္ဘာပြိုသူတစ်ယောက်အကြောင်းပေါ့။ La cocina ကို တစ်ကားလုံး အဖြူအမည်းနဲ့ ပြထားပေမဲ့ အရောင်ပါတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းတော့ရှိခဲ့တယ်။ အရောင်ဆိုပေမဲ့လည်း တစ်ရောင်တည်းတွေပါပဲ။ တစ်ခန်းကတော့ အပြာရောင်တွေမှိုင်းနေတယ်။ အပြာဆိုတာ ရမ္မက်ရဲ့အပြစ်တွေကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်နေသလို ဒီအပြာကို ရမ္မက်တွေပြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပဲ သုံးထားတာဆိုတော့ ဒါတော့ရှင်းရှင်းလင်းလင်းပါပဲ။ အစိမ်းကိုတော့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စကားနဲ့တစ်ခါပြောပြီး , ဇာတ်ဝင်ခန်းတစ်ခန်းမှာ အရောင်နဲ့တစ်ခါပြခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းမှာ သူတို့အလုပ်သမားတစ်အုပ်ဟာ အလုပ်နားချိန်မှာ တိုက်နောက်ဘေးလမ်းထဲ ထိုင်နေခဲ့ကြတယ်။ နားချိန်အထိကို တောက်ပနေတဲ့ Times Squareကြီးက သူတို့နဲ့မသက်ဆိုင်ဘဲ ညစ်ပေမှုန်မှိုင်းနေတဲ့ နောက်ဖေးလမ်းကသာ သူတို့နဲ့သက်ဆိုင်ခဲ့ပုံပါပဲ။ ထိုင်နေရင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အိပ်မက်တွေအကြောင်း ပြောပြကြတယ်။ သူတို့မက်တဲ့အိပ်မက်တွေဟာ တစ်ခုမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရိုးရိုးကုတ်ကုတ်လေးတွေချည်းပဲ။ အိမ်လေးတစ်လုံး နေရာလေးတစ်ခု ဘဝလေးတစ်ခု ဒီလောက်လေးတွေပဲ။ နောက်ဆုံးတစ်ယောက်ပြောတဲ့ အိပ်မက်ကတော့ ထူးခြားတယ်။ သူ့အမြင်အိပ်မက်ဆိုတာ သိပ်ကံကောင်းတဲ့လူတွေပဲ မက်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပုံပါပဲ။ အိပ်မက်ဆိုတာကိုတောင် မမျှော်လင့်ရဲတဲ့ အဆိုးဆုံးအခြေအနေတစ်ခုကိုရောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို သူပြောပြခဲ့တယ်။ နောက်ဆုံး အစိမ်းရောင်အလင်းတန်းတစ်ခုက အဲဒီလူကို ကယ်တင်သွားတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူရဲ့ဘဝမှာ အဆိုးဆုံးအခြေအနေကိုမရောက်ခင်တုန်းက အိပ်မက်တစ်ခုရှိခဲ့ဖူးမှာ သေချာပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်သွားတဲ့နောက် အိပ်မက်ကို သူမမျှော်လင့်ရဲတော့တဲ့ အခြေအနေရောက်သွားခဲ့တယ်။ ဒီအချိန်မှာ ဒီအခြေအနေက လွတ်မြောက်ဖို့မျှော်လင့်ချက်က အိပ်မက်အသစ်တစ်ခုလို ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့တကယ့် အိပ်မက်တော့မဟုတ်တော့ဘူး။ အဲဒီအစိမ်းရောင်အလင်းတန်းဟာ အိပ်မက်ကို မမျှော်လင့်ရဲတော့တဲ့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ရှိကောင်းရှိလာလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:19:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Family • Animation • Comedy
7.2 2024 139 mins
La Cocina The Kitchen
Entangled
7.6

Entangled (2014) ***************** IMDb….. 7.6 မိသားစုကားလေးကိုမှ Mystery ဆန်ဆန်ကြည့်ချင်တဲ့ CM ပရိသတ်ကြီးတို့အတွက် ဂျူမုံမင်းသား Song Il-Kook၊ မင်းသမီးကြီး Do Ji-won၊ Kim Young-Ae နဲ့ Kim So-eun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း သမီးကြီးရယ် သမီးငယ်ရယ် သမက်ဆရာဝန်လေးရယ် မြေးလေးရယ်နဲ့ အတူတူနေထိုင်ရင်း ဘဝကြီးဟာ ဘာမှတောင့်တစရာမရှိတော့အောင် ပြီးပြည့်စုံနေတဲ့ မိခင်ဖြစ်သူဆွန်းအင်ရဲ့ဘဝ။ အသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူငယ်ပြန်ခြင်းဆိုတဲ့ရောဂါဆိုး စွဲကပ်လာတဲ့အခါမှာတော့ ပျော်ရွှင်စရာမိသားစုကို တစ်စစီဖျက်ဆီးပစ်လိုက်တဲ့ အမှားအကြီးကြီးတစ်ခုကို ဆွန်းအင်တစ်ယောက် ကျူးလွန်မိလိုက်ပါတော့တယ်။ အဲဒီအမှားကြောင့်ပဲ သမီးကြီးတို့လင်မယားကလည်း အိမ်ခွဲနေဖို့ထွက်သွားခဲ့ပြီး တစ်စစီပြိုကွဲသွားတဲ့ မိသားစုကြောင့်ရလာတဲ့ စိတ်ဒဏ်ရာဟာ သမီးငယ်ရဲ့ဘဝကိုပါ သက်ရောက်လာပါတော့တယ်။ တဖြည်းဖြည်း ရောဂါ အခြေအနေဆိုးရွားလာတဲ့ မိခင်ဖြစ်သူ ဆွန်းအင်ရယ်၊ မိခင်ဖြစ်သူရဲ့ အမှားကြီးကြောင့် အမုန်းကြီးမုန်းသွားခဲ့တဲ့ သမီးကြီးတို့ လင်မယားရယ် ကျောင်းမှာဆို အနိုင်ကျင့်ခံရ အိမ်မှာဆို ရောဂါသည် အမေကြီးကိုပါ လိုက်ထိန်းရနဲ့ မနိုင်ဝန်ထမ်းနေရတဲ့ သမီးငယ်တို့ရဲ့ မွန်းကျပ်စရာ အဖြစ်အပျက်တွေက ကိုယ်ပါ ဇာတ်ကားထဲရောက်သွားသလို စီးမျောခံစားစေရမဲ့ ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 1.07GB/ 520MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:34:15 Genre : Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

7.6 2014 94 mins
Entangled