YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gen V (2025) S02 E06 1080p HEVC WEB-DL 5.1 [RMC].mp4

580 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Emancipation
7.9

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကို ကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့ ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊ အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။ File size…2.89GB  / 1.15GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX & Thet Hnin Hsu

Action • Adventure • Comedy • Crime • Thriller
7.9 2022 132 mins
Emancipation
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
My Southern Family Christmas
6.5

Campbell ဟာ သူအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမှာ ခရစ္စမတ်ကာလ အထိမ်းအမှတ် ဆောင်းပါးတွေ ရေးစရာ ဇာတ်လမ်းမကျန်တော့လို့ ခေါင်းစားနေသူပါ။ ဒါပေမဲ့ အဲနေ့မှာပဲ Jennifer ဆိုသူ အမျိုးသမီးက သူ့ဆီ သူ့ရဲ့အဖေအရင်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူပါလို့ပြောထားတဲ့ အသံမက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပါတယ်။ Campbell ကဖုန်းပြန်ခေါပြီး မေးတော့ သူ့အဖေက သူတို့နေတဲ့မြို့လေးရဲ့ Pere Noel ( Santa version တစ်မျိုး ) အဖြစ်အရွေးခံရကြောင်း၊ မိသားစုအတွက် ဂုဏ်ယူစရာကိစ္ စတစ်ခုဖြစ်လို့ လှမ်းအသိပေးတာဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။ အဲမှာပဲ Campbell ဟာ သူတစ်သက်လုံးမသိခဲ့တဲ့ အဖေတူ အမေကွဲ ညီမ တွေရှိတာ သိလိုက်ရပါတယ်။ အဲဒါနဲ့ Campbell ဟာ အဲမြို့က ခရစ္စမတ်ရိုးရာဓလေ့တွေ၊ သူ့အဖေ Pere Noel အရွေးခံရတဲ့ အကြောင်းတွေကို အဲမြို့တွင်းသတင်းစာမှာ ဖတ်ထား တာကို သူ့အယ်ဒီတာကတွေ့သွားပြီး အဲမြို့ရဲ့ ခရစ္စမတ်ထုံးစံတွေကို ဆောင်း ပါးရေးဖို့ ပြောပါတော့တယ်။ အဲလိုနဲ့ပဲ Campbell ဟာ သူ့အဖေအိမ်ကို သွားပြီး ရောက်လို့ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်မိခါမှ ဆွံ့အသွားပြီး သူ့သမီးပါ ဆိုတာ မပြောပြနိုင်လိုက်ပါဘူး။ အဲအပြင် သူ့ကိုဘာလို့ထားသွားခဲ့တဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့လုပ်တာ ပေါ့။ ကဲ ပရိသတ်ကြီးရေ Campbell က သူ့အဖေသူ့ကို ထားသွားတဲ့အကြောင်း ရင်းကို သိလာရမလား။ သူ့သမီးဆိုတာရော ပြောပြဖြစ်မှာလား။ နောက်တော့ မြို့ရဲ့ မှတ်တမ်းမှတ်ရာသိမ်းဆည်းသူနဲ့ Campbell တို့နှစ်ယောက်ကြားက romance ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho ဖြစ်ပါတယ်) File Size..........(2.10 GB) / (758 MB) / (446 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 24mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Myat Noe Cho Encoder..........SWM

Action • Crime • Thriller
6.5 2022 84 mins
My Southern Family Christmas
Star Wars: The Last Jedi
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်- Star Wars IV : A New Hope 1977 ဒေါင်းရန် Link Star Wars V  : The Empire Strikes back 1980 ဒေါင်းရန် Link Star Wars VI  :  Return Of The Jedi 1983 ဒေါင်းရန် Link Star Wars I  : The Phantom Menace 1999 ဒေါင်းရန် Link Star Wars II  :  Attack of the Clones 2002 ဒေါင်းရန် Link Star Wars III  :  Revenge of the Sith 2005 ဒေါင်းရန် Link Star Wars VII  :  The Force Awakens 2015 ဒေါင်းရန် Link Rogue One : A Star Wars Story 2016 ဒေါင်းရန် Link  ဆိုပြီးတော့ ကြည့်ကြရမှာဖြစ်ပါတယ် အခုနောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းလေးကတော့ StarWars VIII ဖြစ်ပြီး ၉ ကားမြောက် ရုပ်ရှင်လည်းဖြစ်ပါတယ်။ The Force Awakens ကနေ ဆက်ထားတာပါ။ နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖါ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။ စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။ ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။ အစဉ်လိုက်ကြည့်ချင်ရင်တော့ Star Wars 451236 rogue one 7 8 ဆိုပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။ အခု ထပ်မံပြီးတော့ Star war ရဲ့ အဌမမြောက်ကားဖြစ်တဲ့ The Last Jedi ကိုလဲမြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File Size : (1.3 GB) and (555 MB) Quality : Blu-Ray 720p Running Time : 2hr 32min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Little Neo Encoded by Thanhtike Zaw

Action • Comedy • Romance
6.8 2017 152 mins
Star Wars: The Last Jedi
In The Quarry
5.6

In the Quarry (2019) =============== ဇာတ်လမ်းအစ သူငယ်ချင်းနှစ်ယောက်နဲ့ အတွဲတစ်တွဲက စွန့်ပစ်ထားတဲ့ ကျောက်မိုင်းကျင်းတစ်နေရာကို အပန်းဖြေခရီးထွက်ကြပါတယ်…… မြို့နဲ့ ၁၀ ကီလိုမီတာကျော်ဝေးပြီး ဘယ်သူမှမလာကြတဲ့အတွက် သူတို့ လေးယောက်အတွက်တော့ အေးဆေးအပန်းဖြေလို့ရတဲ့ နေရာပါပဲ။ အာလီနဲ့ ဘရူနိုတို့က ချစ်သူတွေဖြစ်ကြပြီး အာလီက သူ့ရဲ့ငယ်သူငယ်ချင်း မာတင်နဲ့ နောက်ကွယ်မှာ ဖောက်ပြန်နေကြတာပါ။ ဒီကိစ္စကို ဘရူနိုသိသွားတဲ့ အချိန်မှာတော့….အာလီနဲ့ ဘရူနိုတို့ ပြန်အဆင်ပြေပါ့မလား၊ မာတင်နဲ့ ဘရူနို တို့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။ Drama, Thriller ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူများအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Drama
5.6 2019
In The Quarry
It’s All My Fault

It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

0 2022
It’s All My Fault
The Proposal Spot
6

(function(f,b,n,j,x,e){})(); CM ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ချစ်စရာ rom-com လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ထရီနာဆိုတဲ့ကောင်မလေးက “အချစ်ကဖေး” ဆိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ပါ ချစ်သူတွေအတွက် အထူးစပါယ်ရှယ်စီစဥ်ပေးထားတဲ့ လော့အိန်ဂျလိစ်ရဲ့ ရိုမန့်တစ်အဆန်ဆုံး ပန်းဥယျာဥ်လေးဖြစ်တဲ့ “Lover Café” လေးမှာ သူ့ရဲ့ သူငယ်ချင်း ပေါ်လိုနဲ့အတူတူ တစ်နေ့တစ်နေ့ နားမနေနိုင်ဘဲ တောင်းဆိုမှုတွေများပြားလှတဲ့ စုံတွဲတွေအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို ကြိုးကြိုးစားစားလုပ်ပေးရတာပေါ့ တနေ့ ပေါ်လိုရဲ့သူငယ်ချင်း ဟာသပညာရှင် Pete နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ အာရှသူလေး ရောက်လာတယ် Pete တစ်ယောက် အာရှသူလေးကို ရုတ်တရက်လက်ထပ်ခွင့်တောင်းလေတော့ “ကျွန်မ ရှင်နဲ့ လက်မထပ်ချင်ဘူး” ဆိုတဲ့ အဖြေပဲ ပြန်ရလို့ Pete တစ်ယောက် ကြေကွဲသွားတယ် တစ်ဖက်မှာလည်း ထရီနာရဲ့ဆိုင်က တိုက်ခန်းပိုင်ရှင်က တိုက်ကိုရောင်းတော့မယ်အလုပ်… ထရီနာတစ်ယောက် သူမရဲ့ ဘုံကမ္ဘာလေးကို မစွန့်လွှတ်ချင်တော့ ပိုင်ရှင်ဆီက တိုက်ကိုပြန်ဝယ်ဖို့ ကြံတယ် ဒါပေမဲ့ တိုက်ခန်းဝယ်ဖို့အထိ ပိုက်ဆံတော့ မရှိဘူးပေါ့လေ ဒီတော့… Pete က ရန်ပုံငွေဟာသရှိုးပွဲလုပ်ပေးပြီး ထရီနာကို တိုက်ခန်းဝယ်ဖို့ ပိုက်ဆံရှာပေးမယ် ချစ်သူတွေကို အောင်သွယ်ပေးတတ်တဲ့ ထရီနာကတော့ Pete နဲ့ အာရှသူလေးတို့ ပြန်အဆင်ပြေအောင် လုပ်ပေးရမယ် ဆိုပြီး သဘောတူလိုက်ကြတယ် တကယ်တမ်း လက်တွေ့မှာ ဘယ်နှစ်ယောက် ကြိုက်သွားကြမလဲဆိုတာ ပရိသတ်ကြီးလည်း အစောကတည်းက ခန့်မှန်းမိလောက်ရောပေါ့ ဒီလို တွေ့နေကျဇာတ်လမ်းမျိုးကိုပဲ ထရီနာရဲ့ ချစ်စရာ သဘောမနောကောင်းတဲ့ ကောင်မလေး character က တစ်နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ ပရိသတ်ကြီးကို ဘယ်လိုဆွဲဆောင်မှုပေးနိုင်မလဲဆိုတာကို မယုံရင် ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့လို့ ပြောရင်းနဲ့ပဲ …. File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:07 Genre… TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6 2023
The Proposal Spot
Once Upon a Forest
6.4

Once Upon a Forest (1993) ==================== IMDb Rating – 6.4/10 ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊ ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ် က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။ မစ်ရှယ်လ် ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေ ကြသတဲ့။ တစ်နေ့တော့ သူတို့နေတဲ့ဆီမှာ အဆိပ်ဓာတ်ငွေ့တွေရောက်လာပြီး တောကောင်လေးတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ မစ်ရှယ်လ် လည်း အဆိပ်ဓာတ်ငွေ့တွေရှူမိပြီး မေ့လဲသွားရှာတယ်။ အဲဒါကြောင့် သူတို့သူငယ်ချင်းကိုကယ်ဖို့ ရက်ဆယ်လ်တို့သုံးယောက် ဆေးပင်ရှာ တဲ့စွန့်စားခန်းကြီးဖွင့်ရတော့တာပေါ့။ လူသားတွေကြောင့် တောကောင် လေးတွေ ဒုက္ခရောက်ရပုံတွေ၊ ရက်ဆယ်လ်တို့သူငယ်ချင်းတစ်စုရဲ့ သတ္တိရှိရှိနဲ့ ဆေးပင်ရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.26 GB) / (630 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 11Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Darma Translator…….Ngwe Zin Encoder……….SWM

6.4 1993
Once Upon a Forest
Hostile Dimensions

Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်‌ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။ Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Found Footage Horror, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2023 77 mins
Hostile Dimensions
The Firing Squad
6

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Timothy A. Chey ရိုက်ကူးထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cuba Goodin Jr., Kevin Sorbo နဲ့ James Barrington တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်အိမ်ကို အင်ဒိုနီးရှားနိုင်ငံမှာတည်ထားပြီးတော့ သေဒဏ် ပေးခံရတော့မယ့် ခရစ်ယာန်အကျဉ်းသားသုံးယောက် အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရာဇဝတ်မှုတွေနဲ့ မကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့ သေဒဏ်ကျခံရတော့မယ့် ထောင်သားသုံးယောက်ဟာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ဖို့ အတွက် ဘာသာရေးကိုရှာတွေ့သွားပြီးတော့ သူတို့ရဲ့ဘဝတွေကို သာမကပဲ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်သွားပုံကို ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်အောင် ရိုက်ပြထားနိုင်ပြီးတော့ Motivation တွေရစေပါတယ်။ IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… (1.67GB) / (794MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austiin

6 2024
The Firing Squad
The Investigator
7

The Investigator (2024) IMDb Rating (7.0) The Investigator အမည်ရတဲ့ Documentary ဇာတ်ကားဟာဆိုရင် Czech လူမျိုးလည်းဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပထမဆုံးစုံစမ်းစစ်ဆေးသူလည်းဖြစ်ခဲ့တဲ့ Vladimír Dzuro ရေးသားထားတဲ့ ယခင်ယူဂိုစလားဘီးယားက စစ်ရာဇဝတ်မှုတွေအကြောင်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နာမည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ရိုက်ကူးထားခြင်းမရှိသလို ဇာတ်ရံတွေကိုလည်း အသုံးပြုထားခြင်းမရှိပါဘူး။ ဇာတ်ကားမှာပါဝင်ခဲ့ကြသူတွေဟာ တကယ့်အဖြစ်မှန်ကြုံတွေ့ခဲ့သူတွေနဲ့ စာရေးသူကိုယ်တိုင်ဖြစ်ပြီး စစ်ပွဲကာလက မှတ်တမ်းဗွီဒီယိုတွေကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းရိုက်ကွက်တွေ၊ စကားပြောခန်းတွေကြောင့် ပျင်းစရာကောင်းတဲ့ဇာတ်ကားလို့ထင်ရပေမယ့် အဲဒီရိုးရိုးရှင်းရှင်းစကားပြောခန်းတွေကပဲ ကြောက်ရွံ့စက်ဆုပ်ဖွယ်၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကာလက စစ်ရာဇဝတ်ကျူးလွန်မှုအကြောင်းကို မျက်ဝါးထင်ထင်မြင်လာအောင် ဆွဲဆောင်နိုင်စွမ်းကောင်းနေတာလို့ပြောရမယ်ဆိုရင် မမှားပါဘူး။ စစ်ပွဲကာလဆိုးယုတ်မှုတွေနဲ့ရင်နာစရာအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တာမို့ ဗဟုသုတလည်းရ၊ Documentary Genre ကြိုက်သူတွေလည်းကြည့်ရတန်စေမယ့်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(900 MB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:13:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien

7 2024 73 mins
The Investigator
Blue Spring Ride
6.1

Blue Spring Ride (2014) ************************ IMDb…..6.1 “ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” “အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ” ဇာတ်လမ်းအကျဉ်း ယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာ ရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့ မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲ နေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီး နေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက် ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့ အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကို သူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။ အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာ သူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ… ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီး အမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား… Blue Spring Ride သည် ဘဝရဲ့ ပထမဆုံးအချစ်၊ သူငယ်ချင်းအချစ်၊ မိသားစုပြဿနာများနဲ့ ဆယ်ကျော်သက် လူငယ် ကျောင်းသား၊ ကျောင်းသူများရဲ့ ခံစားချက်အပေါ် ဖြေရှင်းကြပုံများ၊ လူငယ်ဘဝတွေကို တစ်သက်တာ အဖိုးတန်အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ကြိုးစားကြပုံများနဲ့ ဖန်တီးထားသည့် လူငယ်ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ “Ao Haru Ride” Manga ကို ရုပ်ရှင်အဖြစ် ဆန်းသစ်ဖန်တီးပေးထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားစီးမျောနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.83GB/ 840MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Comedy, Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Tiff

Thriller • Drama • Crime • Action
6.1 2014 122 mins
Blue Spring Ride
National Anthem
6.2

National Anthem (2024) IMDb Rating (6.2) / Rotten Tomatoes (91%) ၂၀၂၀မှာ ဓာတ်ပုံဆရာ Luke Gilford ဟာ National Anthemဆိုတဲ့နာမည်နဲ့ အင်တာနေရှင်နယ်ဂေးနွားရိုင်းစီးသမားအစည်းအရုံးက queer တွေရဲ့ ပုံတွေကို ရိုက်ပြီး တင်ဆက်ခဲ့ဖူးတယ်။ တော်တော်အသက်ဝင်တဲ့ဓာတ်ပုံတွေလို့ဆိုကြတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Gilfordဟာ ဒီရုပ်ရှင်ဇာတ်အိမ်တည်တဲ့ ဒေသမှာပဲကြီးပျင်းလာခဲ့ပြီး နွားရိုင်းစီးပွဲတွေကိုလည်း ငယ်ငယ်ကတည်းက သဘောကျခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ Southwest ဒေသနဲ့ အဲဒီအရပ်က မိသားစုထဲက ကောင်လေးတစ်ယောက်နဲ့ နွားရိုင်းစီးသမား queerတွေရဲ့ ဆက်ဆံရေးကို အဓိကအခြေတည်ထားတယ်။ ကောင်လေးက queerဟုတ်မဟုတ်ကတော့ မပြောတတ်ဘူး။ ထူးခြားတာက ဒီရုပ်ရှင်တစ်ကားလုံး အဓိကဇာတ်ဆောင်ကောင်လေးရဲ့မိသားစုကလွဲလို့ ကျန်တာအကုန် queerတွေချည်းသုံးထားတယ်။ queerတွေကို အခြေတည်ပြီးဖြစ်လာတဲ့ဇာတ်ဆိုတော့လည်း queerတွေကို အသားပေးတာတော့မဆန်းပေမဲ့ တင်ဆက်ပုံကတော့ ဆန်းတယ်ပြောရပါမယ်။ အပျင်းပြေကြည့်ဖို့တော့ သိပ်အဆင်မပြေလောက်ပေမဲ့ ခံစားချက်တစ်ခုခုကိုလိုချင်ရင်တော့ ကြည့်လို့အရသာရှိမယ့်ဇာတ်လမ်းပါပဲ ။ Gilford ကတော့ ဒီqueerအသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး သူချစ်တဲ့တစ်ချက်က ခင်ဗျားသူတို့ဆီသွားလိုက်တာနဲ့ သူတို့ကလက်ခံပေးတာပဲ။ ဒါကတော်တော်ချစ်စရာကောင်းတဲ့အရာပါပဲ။ အမေရိကကလည်း ဒီလိုပဲဖြစ်နေသင့်တယ်လို့ ပြောခဲ့တယ်။ ဆိုတော့ ဒီရုပ်ရှင်ရဲ့နာမည် နိုင်ငံတော်သီချင်းဆိုတာ ဒီ queer အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.2 2024 99 mins
National Anthem
Shambhala
7.2

Shambhala (2024) ***************** IMDb RATING 7.2 ရရှိထားတဲ့ ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ် ။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုက အရေးအကြီးဆုံးဆိုတဲ့ စကားကို အတော်များများကြားဖူးကြမှာပါ။ အခုဇာတ်လမ်းလေးမှာတော့ ဒီစကားလေးရဲ့ အနက်အဓိပ္ပါယ်ကို သိရှိနိုင်မှာဖြစ်ပါတယ်။ ပယ်မာဆိုတဲ့ ကောင်မလေးက သူ့ယောက်ျားနဲ့ လက်ထပ်ပြီးမကြာခင်မှာပဲ သူ့ယောက်ျားက ကုန်သွယ်ဖို့ လနဲ့ချီခရီးသွားရဖို့ ဖြစ်လာပါတယ်။ သူမကလည်း သူ့ယောက်ျားပြန်အလာကို အိမ်မှာပဲ စောင့်ဆိုင်းနေရင်းကနေ ကုန်သည်တွေအားလုံး ပြန်လာတဲ့အချိန်မှာ သူ့ယောက်ျားပါမလာတာကို ‌သိလိုက်ရပြီး သူ့ယောက်ျားကို လိုက်ရှာဖို့အတွက် ကိုယ်ဝန်ကြီးနဲ့ တိဗက်ဒေသတစ်ခွင် ခရီးစတင်ခဲ့ပါတယ်။ သူ့ရဲ့ ‌မတ်ဖြစ်တဲ့ ကာမာဆိုတဲ့ ဘုန်းကြီးကလည်း သူမကိုစောင့်ရှောက်ဖို့ လိုက်ပါလာခဲ့ပါတယ်။ သူ့စကားကိုမယုံကြည်ဘဲ ဘေးစကားကိုယုံကြည်ပြီး ထွက်သွားခဲ့တဲ့ သူ့ယောက်ျားကိုရော ပယ်မာ ပြန်ရှာတွေ့သွားမလား…. ရှာတွေ့သွားရင်ရော ပယ်မာဘယ်လိုဆုံးဖြတ်မလဲ….ဆိုတာကို ကြည့်ရှုလိုက်ပါဦးနော် .. (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…2.12GB / 867MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Kim Encoded by AHtet

7.2 2024 150 mins
Shambhala