YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Running.Man.E552.210425.1080p.CM.mp4

1.15 GB N/A video/mp4 2478 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fight Machine
6

ဒီတစ်ခါတော့ Boxing ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Boxing ဆိုတဲ့အတိုင်း အတိုက်အခိုက် အသတ်အပုတ် Scene တွေအမိုက်စားနဲ့ဇာတ်ကားတစ်ကားပါ Boxing သမားတစ်ယောက်ဖြစ်လာဖို့ မလွယ်သလို Fighter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့မလွယ်ပါဘူး တရားမဝင်ကြေးစား လက်ဗလာနဲ့ ထိုးသတ်ကြတယ်ဆိုရင်ရော.......... ဇာတ်ကားလေးကတော့ နောက်ခံ Background မတူတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ Boxing ကို ဘယ်လို သဘောထားပြီးတော့ဘဝအတွက် ဘယ်လိုတွေရုန်ကန်ကြသလဲဆိုတာနဲ့ Fighter တွေအဖြစ်နဲ့ ကြိုးဝိုင်းထဲမှာဘယ်လိုတွေ ယှဉ်ပြိုင်သတ်ပုတ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Action • Adventure • Comedy • Drama
6 2022 104 mins
The Fight Machine
Argantara
1.8

Argantara (2022) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Action & Adventure • Sci-Fi & Fantasy
1.8 2022 105 mins
Argantara
The Deer Hunter
8.1

The Deer Hunter (1978) =================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ….။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ….။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်….။ File size…2.97GB / 1.06GB Quality…WEB-DL 1080p5.1CH/ 720p Format…mp4 Duration….3h 3m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

8.1 1987 183 mins
The Deer Hunter
The Silent Forest
5.3

The Silent Forest (2022) ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ဘာတွေဖြစ်နေလဲ ရင်တမမနဲ့ ကြည့်ရမယ့် ရသစုံကားလေးပါပဲ။ အမှန်ပြောရရင် ဒီဇာတ်လမ်းက သူ့နောက်က သမိုင်းကိုပါ ထည့်ပြောပြရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာပါ။ ဒါပေမဲ့ Thriller ကားတစ်ကားရဲ့သော့ချက်ကိုက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားအောင်လုပ်နိုင်ခြင်း (ဝါ) အဖြေကို သိချင်လာအောင်လုပ်နိုင်ခြင်းဖြစ်နေတော့ ဒီသမိုင်းကို ပြောပြလို့တော့ အဆင်မပြေပါဘူး။ ကြည့်ကြည့်ကြပါ… ကြည့်လို့တန်တဲ့ ကားကောင်းလေးပါပဲ။ သို့လောသို့လောဖြစ်နေရင်း တစ်ကားလုံးကို ထိုင်ရာမထ ကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ Thriller ကားဆိုတာတော့ အာမခံလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 740MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Crime, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Romance • Drama
5.3 2022
The Silent Forest
No Dogs or Italians Allowed
7.2

၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ် အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကို မြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Rating ကလည်းကောင်းကောင်းနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(930 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre…Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Action • Comedy • Thriller
7.2 2022
No Dogs or Italians Allowed
The Wind Rises in Luoyang
5.5

လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ် ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ လုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာ ထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလို့နေတာကိုတွေ့ရှိခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား ‌ မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။ အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီး လုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။ သူ့ကိုကူညီဖို့ ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့ စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ? ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါရစေ

5.5 2023
The Wind Rises in Luoyang
Godzilla x Kong: The New Empire
6.5

MonsterVerse Timeline MonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။ – 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ကမ္ဘာမျက်နှာပြင်ပေါ်မှာနေကြတယ်။ ဒီမှာ Shinomura ဆိုတဲ့ နှစ်ကောင်ပေါင်းပြီး တစ်ကောင်ဖြစ်နိုင်တဲ့ Titan နဲ့ Godzilla တို့ ချနေကြတဲ့အချိန် ဘေးကိုဥက္ကာခဲကြီးကျလာပြီး ဖြစ်လာတဲ့ ကျင်းကြီးထဲကို Shinomura ပြုတ်ကျသွားတယ်။ ဥက္ကာခဲကျပြီး ပေါက်ကွဲမှုကြီးကြောင့် ကမ္ဘာ့ မျက်နှာပြင် radiation ပမာဏ ကျဆင်းသွားတဲ့အတွက် Godzilla နဲ့ တခြားအကောင်ကြီးတွေ နေစရာ စားစရာရှားလာတာမို့လို့ radiation ရှိသေးတဲ့ ကမ္ဘာ့အတွင်းပိုင်း၊ ပင်လယ်ရေအောက်ကြမ်းပြင် တွေကို ပြောင်းရွှေ့သွားကြသလို မြေအောက်မှာ နှစ်တေတွအကြာကြီး hibernate လုပ်ကိန်းအောင်းနေကြတာတွေလည်း ဖြစ်ကုန်ကြတယ်။ – Hollow Earth နဲ့ Skull Island ကမ္ဘာ့ မျက်နှာပြင်အောက်မှာ အခေါ်င်းကြီးဖြစ်နေပြီး Godzilla လို တခြား titan ကြီးတွေ နေထိုင်ကြတဲ့ Hollow Earth ဆိုတာရှိတယ်။ ဒီ Hollow Earth နဲ့ ချိတ်ဆက်နေတဲ့ တစ်နေရာကတော့ ပင်လယ်ထဲက ပြင်ပလောကနဲ့ အဆက်အသွယ်မရှိတဲ့ Skull Island ဆိုတဲ့ ကျွန်းကြီးတစ်ကျွန်း။ ဒီကျွန်းကို Kong ရဲ့ မျိုးနွယ် ape ကြီးတွေရောက်လာပြီး နေကြတယ်။ ဒါပေမယ့် နောက်တော့ Skullcrawler ဆိုတဲ့ကောင်တွေပေါ်လာလို့ Kong တို့အမျိုးတွေနဲ့ နှစ်ပေါင်းများစွာ စစ်ခင်းကြတယ်။ Iwi လူမျိုးတွေ ကျွန်းပေါ်စရောက်လာတဲ့အချိန်မှာတော့ Skull Island မှာ Kong ရဲ့ မိဘနှစ်ပါးပဲ ကျန်တော့တယ်။ Skullcrawler တွေလက်ချက်ကြောင့် Kong မွေးပြီးပြီးချင်း သူ့မိဘတွေ ဆုံးသွားခဲ့တယ်။ – Early 20th Century 1926 မှာ အမည်မသိလူတစ်ယောက် ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က ဒီ hollow earth ကို စူးစမ်းလေ့လာဖို့ထွက်သွားခဲ့ပေမယ့် ပြန်ပေါ်မလာခဲ့ဘူး။ 1938 မှာတော့ ပြင်သင်နိုင်ငံက ဂူကြီးတစ်ခုက Hollow Earth ရဲ့ ဝင်ပေါက်တစ်ပေါက်ဖြစ်ပြီး ဒီကသွားရင် Titan ကြီးတွေဆီရောက်လိမ့်မယ်လို့ ပုံတွေဘာတွေ ထွက်ရှိလာခဲ့တယ်။ 1943 မှာလည်း U.S.S Lawton ဆိုတဲ့ အမေရိကန် စစ်ရေယာဥ်တစ်စင်းဟာ အမည်မသိအကောင်တစ်ကောင် တိုက်ခိုက်ခံခဲ့ရပြီး William Randa တစ်ယောက်ကလွဲလို့ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ဘူး။ US အစိုးရကတော့ ဒါကို ဖုံးကွယ်ခဲ့တယ်။ – WWII and Hiroshima ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တိုက်လေယာဥ်တစ်စင်းနဲ့ ဂျပန်တိုက်လေယာဥ်တစ်စင်းတို့ ရင်ဆိုင်တိုက်ခိုက်ရင်း ကျွန်းတစ်ကျွန်းပေါ်ကိုပျက်ကျတယ်။ ဒီကျွန်းက Kong နေတဲ့ Skull Island ဖြစ်နေသလို ဒါကိုသိသွားခဲ့ကြတဲ့ pilot ၂ ယောက်ဟာ ရန်သူတွေကနေ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေဖြစ်သွားခဲ့ကြပြီး ကျွန်းကလွတ်မြောက်ဖို့ အတူတူကြိုးစားခဲ့ကြတယ်။ 1945 မှာ Hiroshima ကို nuclear bomb ဖေါက်ခွဲခဲ့တဲ့အခါမှာတော့ ကြီးမား များပြားတဲ့ radiation တွေပေါ်ထွက်လာခဲ့ပြီမို့လို့ အရင် တိမ်မြုပ်နေတဲ့ titan တချို့ ပြန်လည်နိုးထလာတယ်။ အရင်ဆုံး ပေါ်လာတာကတော့ Godzilla နဲ့ ရင်ဆိုင်ရင်း ချောက်ထဲကျသွားတဲ့ Shinomura ဖြစ်ပြီး သူ့ကိုမျက်မြင်တွေ့ခဲ့သူတွေထဲမှာ “Let them fight” ဆိုပြီးပြောခဲ့တဲ့ Dr. Serizawa ရဲ့ အဖေ Eiji လည်းပါပါတယ်။ – 1946 – Monarch 1946 မှာတော့ Monarch ကိုတည်ထောင်တယ်။ ဒီ “အကောင်ကြီးတွေ” ကိုရှာဖွေ လေ့လာ စူးစမ်းဖို့အတွက်ပေါ့။ နောက်တော့ Monarch အဖွဲ့ထဲမှာ Eii Serizawa လည်း ပါဝင်လာခဲ့တယ်။ Monarch အဖွဲ့ကို ဦးဆောင်ခဲ့သူတွေထဲမှာ Keiko Miura, Lee Shaw နဲ့ Bill Randa တို့လည်း ပါဝင်လာခဲ့တယ်။ Keiko က single mother တစ်ယောက်ဖြစ်ပြီး အစပိုင်းမှာ Lee Shaw နဲ့ ကြိုက်မလိုဖြစ်ခဲ့ပေမယ့် နောက်တော့ သူနဲ့ စိတ်တူကိုယ်တူ Bill Randa နဲ့ပဲ လက်ထပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ၃ ယောက်သားက အခင်မင်မပျက်ခဲ့ဘူး။ ဒီကြားထဲ Shinomura ပေါ်လာပြီး နေရာစုံ လိုက်တိုက်ခိုက် ရန်ရှာနေတာကို Godzilla က လိုက်ရန်တွေ့မောင်းထုတ်နေရင်း 1954 ခုနစ် Castle Bravo nuclear “စမ်းသပ်မှု” မှာ Monarch နဲ့ US အစိုးရက Godzilla နဲ့ Shinomura ကို မျှားခေါ်ပြီး ဖေါက်ခွဲခဲ့တာမှာ Godzilla တော့ မသေဘဲ Shinomura အလုံးစုံ ပျက်စီးသွားခဲ့တယ်။ 1959 မှာတော့ Keiko Miura တို့ ၃ ယောက် Kazakhstan မှာ သွားရောက် စူးစမ်းရှာဖွေတုန်း အကောင်တွေထွက်လာလို့ Keiko ပါသွားတယ်။ 1962 မှာ Lee Shaw ဦးဆောင်ပြီး Operation Hourglass ဆိုတဲ့ Hollow Earth ကို စူးစမ်းလေ့လာတဲ့ခရီးထွက်ခဲ့တယ်။ ဒါပေမယ့် အဆက်အသွယ်ပြတ်တောက်သွားခဲ့လို့ Bill Randa တစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ – 1973 – Kong: Skull Island 1973 ခုနစ် US အစိုးရက Vietnam စစ်ပွဲက ဆုတ်ခွာလာတဲ့အချိန် Bill Randa နဲ့ Monarch အဖွဲ့ဟာ လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့တကွ Skull Island ကိုသွားပြီး စူးစမ်းလေ့လာခဲ့တယ်။ ဒီမှာ Skull crawler တွေလက်ချက်နဲ့ Brill Randa အပါအဝင် အများအပြား သေခဲ့ကြတယ်။ James Conrad, Brooks, San နဲ့ WWII pilot Marlow တို့ပဲ လွတ်မြောက်ခဲ့တယ်။ Bill က မသေခင် သူ့မှတ်တမ်းတွေကို ရေထဲမျှောပစ်ခဲ့တယ်။ – 1982 – Lee Shaw 1982 ခုနစ်မှာ Shaw တစ်ယောက် Monarch ဆေးရုံတစ်ရုံမှာ ပြန်လည်နိုးထလာတယ်။ သူ့အတွက် Hollow Earth ထဲမှာ ရက်အနည်းငယ်ပဲကြာသေးပေမယ့် ခုသူပြန်ရောက်လာတဲ့အခါမှာတော့ Keiko ရဲ့သား Hiroshi ကပါ Monarch မှာ လူကြီးတစ်ယောက်ဖြစ်နေပြီ။ Bill ရဲ့ recording တွေကို ပြန်ဆယ်တွေ့ထားလို့ ဒီကြားထဲ Bill ဆုံးသွားမှန်း သိခဲ့ရတယ်။ – 1973- Aaron Brooks 1973 ခုနစ် Skull Island က ပြန်လွတ်လာခဲ့တဲ့ Huston Brooks ရဲ့ သား Aaron Brooks ကလည်း Monarch ဆီရောက်နေပြီ။ ဒီမှာ Skull Island လိုအရေးကြီးတဲ့နေရာကို Kong တစ်ကောင်တည်းလက်ထဲ ထားလို့ရမရ သွားကြည့်မယ်ဆိုပြီး သူ့အဖွဲ့တွေနဲ့အတူ Skull Island ကိုသွားတယ်။ ဟိုမှာအကောင်တွေလက်ချက်ကြောင့် တစ်ဖွဲ့လုံးနီးပါးသေတဲ့အပြင် Aaron တို့အဖွဲ့သားတစ်ယောက်ကြောင့် Iwi တွေရဲ့ တံတိုင်းတွေပါ ပျက်ကုန်တဲ့အခါ Aaron လည်း ပြန်မလာဖြစ်တော့ဘဲ Randa တုန်းကလိုပဲ recording တွေလုပ်ပြီး ရေထဲပြန်မျှောပေးလိုက်တယ်။ ဒီ recording တွေကို 2012 မှာ Huston Brooks ရရှိခဲ့တယ်။ – 1999 – MUTO 1999 မှာတော့ ဖလစ်ပိုင်က Titan လိုအကောင်ကြီးတစ်ကောင်ရဲ့ အရိုးစုတွေထဲမှာ ကပ်ပါးကောင်ဥ တွေရှာတွေ့ကြတယ်။ ကောင်းနေပြီး မြုံနေတဲ့ ဥတစ်လုံးကိုတော့ Nevada ကိုပြန်ယူသွားနိုင်ခဲ့ပေမယ့် နောက်တစ်ဥကတော့ ပေါက်သွားခဲ့ပြီ။ သိပ်မကြာခင်မှာပဲ ဂျပန်နိုင်ငံက Janjira nuclear power plant ကို ခုနက ဥကပေါက်ပြီးထွက်သွားတဲ့ဆိုတဲ့ MUTO ဝင်မွှေတယ်။ ဓာတ်ပေါင်းဖိုပျက်စီးတာကြောင့် Joe Brody ရဲ့ ဇနီးဆုံးသွားခဲ့တယ်။ ဒီမှာ MUTO က ဓာတ်ပေါင်းဖိုက radiation တွေကို စုပ်ယူနေပြီး နောက်ထပ် ၁၅ နှစ်လောက် မလှုပ်ရှား အိပ်စက်နေခဲ့တယ်။ Joe က ဇနီးဆုံးသွားတာ ဒီတိုင်း ငလျင်လှုပ်လို့ စခန်းပြိုတာကြောင့်မဟုတ်ဘူးဆိုပြီး တောက်လျှောက်တွေးနေ လေ့လာနေလို့ သူ့ reputation တင်မက သားဖြစ်သူနဲ့ပါ ဆက်ဆံရေးထိလာခဲ့တယ်။ – 2005 – Orca Technology Emma နဲ့ Mark Russell တို့ ဇနီးမောင်နှံပေါင်းပြီး Orca နည်းပညာကို စမ်းသပ်တီထွင်ခဲ့တယ်။ ဒီဟာကိုသုံးပြီး Titan တွေကို စကားပြောလို့ရ (သို့မဟုတ်) ဒီစက်ကြောင့် Titan တွေ အမူအကျင့် ပြောင်းနိုင်လိမ့်မလားဆိုပြီး ဖြစ်လာတယ်။ နှစ်ယောက် အိမ်ထောင်ကွဲသွားခဲ့ပြီးနောက် Monarch မှာ ဆက်ရှိနေရင်း ဒီနည်းပညာကို ဆက်လေ့လာနေခဲ့တယ်။ ဒီကြားထဲမှာလည်း MUTO စောင့်ကြည့်စခန်းတွေဆီ Alan Jonah ဆိုတဲ့လူ ခိုးဝင်တာမိရာက သူ့ပါ စောင့်ကြည့်စာရင်းထဲ ထည့်ခဲ့ကြတယ်။ – 2009 – Nathan Lind နဲ့ Mothra Nathan Lind ရဲ့ အစ်ကိုဖြစ်သူဟာ ၂၀၀၉ ခုနစ်မှာ Hollow Earth ကို စူးစမ်းလေ့လာဖို့ ခရီးထွက်ပေမယ့် ဝင်ဝင်ချင်းမှာပဲ မြေဆွဲအား ပြောင်းလဲမှုကြောင့် သေဆုံးခဲ့တယ်။ ဒီအချိန်မှာပဲ တရုတ်နိုင်ငံ Yunnan ပြည်နယ် တောအုပ်ကြီးထဲက သီးချင်းဆိုသံတွေ ကြားရတယ်ဆိုလို့ ရှာဖွေကြရာက Mothra ဖြစ်လာမယ့် ပိုးအိမ်ကိုတွေ့ခဲ့တယ်။ Outpost 61 ဆိုတာ ဆောက်လုပ်ခဲ့ကြပြီး Emma Russell ရဲ့ အဓိက တာဝန်ကျနေရာဖြစ်လာခဲ့တယ်။ – 2013 – Ford Brody Joe ရဲ့သားဖြစ်သူ Ford Brody ဟာ ဗုံးဖြုတ်စစ်သား EOD ပညာရှင်အနေနဲ့ ၁၄ လ ကြာ စစ်မှုထမ်းစထွက်ခဲ့တယ်။ – 2014 – Godzilla : G-Day Ford အိမ်ပြန်ရောက်ရောက်ချင်းပဲ အဖေဖြစ်သူ တားမြစ်နယ်မြေထဲဝင်လို့ဆိုပြီး သွားခေါ်ထုတ်ပေးရာက နှစ်ယောက်သား ပြန်ခိုးဝင်ရင်း MUTO ထွက်ပေါ်လာတယ်။ Brody ဆုံးတယ်။ ဒီမှာ MUTO နဲ့ Godzilla တို့လက်ချက်ကြောင့် မြို့တွေ ရွာတွေတော်တော်များများ ပျက်စီးကုန်ပြီး Godzilla နဲ့ တခြားကောင်တွေ ရှိနေသေးတယ်ဆိုတာ public က သိလာခဲ့တယ်။ San Francisco မှာဖြစ်ခဲ့တဲ့အတွက် ဒီနေ့ကို G-Day လို့ ခေါ်လာခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာ Mark Russell လည်း Monarch က ထွက်သွားခဲ့တယ်။ – 2015 – Legacy of the Monsters Keiko ရဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ Cate နဲ့ Kentaro တို့ အဖေတူ အမေကွဲမောင်နှမနှစ်ယောက်ဟာ ပျောက်သွားတဲ့ သူတို့အဖေ Hiroshi Randa ကိုလိုက်ရှာရင်း လူအိုရုံမှာ အသက်ကြီးသလောက် လျှင်မြန်ဖြတ်လတ်နေသေးတဲ့ Lee Shaw နဲ့တွေ့တယ်။ နေရာစုံ သွားလာရင်းနောက်ဆုံး Hiroshi နဲ့ပြန်တွေ့ပေမယ့် Shaw က Hollow Earth ကိုသွားလို့ရတဲ့ ဝင်ပေါက်ထွက်ပေါက်တွေအကုန်လုံးကို ပတ်ပစ်ဖို့ ကြိုးစားတယ်။ အကြောင်းအမျိုးမျိုးကြောင့် Cate, Shaw နဲ့ May တို့ ၃ ယောက် Hollow Earth ထဲရောက်သွားခဲ့တယ်။ ဒီမှာ Hollow Earth ထဲကိုရောက်တာ ရက်ပိုင်းပဲရှိသေးလို့ ကယ်မယ့်လူစောင့်နေတဲ့ Keiko နဲ့ ပြန်တွေ့ကြတယ်။ ရှိတဲ့စက်အပျက်တွေ ပြန်ပြင်သုံးရင်း လက်ရှိအချိန်ကို ပြန်လာဖို့ ကြိုးစားတာမှာ Shaw က အသေခံပြီး Hollow Earth မှာ ကျန်ခဲ့တယ်။ – 2016 – King Ghiorah Antarctica တိုက်က ရေခဲပြင်တွေအောက်မှာ မြုပ်နေတဲ့ ခေါင်းသုံးလုံးရှိတဲ့ Ghidorah ကို Monarch အဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်။ – 2017 – Apex Cybernetics Hollow Earth မှာ ခနလေးသောင်တင်ပြီး ထွက်ပြေးလာခဲ့တဲ့ Keiko, Cate နဲ့ May တို့ဟာ 2017 ခုနစ် Skull Island ပေါ်က Apex Cybernetics စခန်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ – 2019 – Godzilla: King of the Monsters Emma နဲ့ သူ့သမီး Madison တို့ကို Alan Jonah က ပြန်ပေးဆွဲခဲ့ပြီး တခြား အိပ်စက်နေတဲ့ Titan တွေကို လိုက်နှိုးခဲ့ကြတယ်။ Emma က Alan နဲ့ပေါင်းပြီး Titan တွေကို ပြန်လွှတ်ပေးချင်တာဖြစ်ပေမယ့် သူတို့လွှတ်ပေးလိုက်တဲ့ Ghidorah က ကမ္ဘာ့ပြင်ပကလာတဲ့ ဂြိုလ်သားတစ်ကောင်ဖြစ်နေပြီး သူ့စိတ်အရ တစ်ဂြိုလ်လုံးကို ပျက်စီးအောင်လုပ်မှာဖြစ်လို့ Godzilla ပြန်နိုင်အောင် ဝိုင်းကူကြရတယ်။ နောက်ဆုံး Godzilla နိုင်ပြီး King of the Monsters ဖြစ်လာတယ်။ Dr. Serizawa နဲ့ Emma တို့ ဆုံးပါးခဲ့တယ်။ – 2021 – Kingdom Kong 2021 ခုနစ်မှာတော့ Monarch အဖွဲ့ဟာ Skull Island မှာရှိတဲ့ Hollow Earth ဝင်ပေါက်ကို တူးဖေါ်စမ်းသပ်ဖို့ လုပ်ကြတယ်။ ဒီအချိန်မှာပဲ ကြီးမားပြင်းထန်တဲ့ မုန်တိုင်းကြီးတစ်ခုကလည်း Skull Island ဆီကို ဦးတည်လာနေတယ်။ ဝင်ပေါက်ကို ဖေါက်ကွဲလိုက်မိတဲ့အချိန်မှာပဲ အထဲက Titan Camaztoz ဆိုတဲ့ လင်းနို့လိုကောင်ကြီးနဲ့ သူ့လိုအကောင်သေးသေးလေးတွေ ထွက်လာပြီး Kong နဲ့ ရင်ဆိုင်တယ်။ Iwi တွေရဲ့ ဟောကိန်းအရ နေရောင်ပျောက်တဲ့အချိန် မြေအောက်က ဒီဘုရင်ကြီးနိုးထလာမယ်လို့ ရှိတာမို့လို့ မုန်တိုင်းတွေကြောင့် နေရောင်ပျောက်တာနဲ့ အံကိုက်ဖြစ်နေတယ်။ Kong ဘက်ကနေ Monarch တိုက်လေယာဥ်တွေ ဝိုင်းကူလို့ Camaztoz ရှုံးသွားတယ်။ ဒါပေမယ့် မုန်တိုင်းကြီးကြောင့် Skull Island ရဲ့ eco system ကို လုံးဝ ထိခိုက်လာနေပြီမို့လို့ ကျွန်းပေါ်က Iwi လူမျိုးစုကို ကယ်ထုတ်ရင်း Kong ကိုပါ ပြောင်းရွှေ့ဖို့ လုပ်ကြရတယ်။ – 2024 – Godzilla vs. Kong Apex Cybernetics ရဲ့ Mechagodzilla project ကို ဖျက်ဆီးဖို့လို့ရင်း လူသားတွေနဲ့ Godzilla တို့ ထိပ်တိုက်တွေ့သလိုဖြစ်လာခဲ့တယ်။ ဒီအချိန် Skull Island က ပြောင်းရွှေ့လာတဲ့ Kong နဲ့လည်း Godzilla တို့ တွေ့ကြပြန်တယ်။ Apex ကလည်း Hollow Earth က အင်အားကြီးမားတဲ့ energy source တွေကို လိုချင်လာတဲ့အတွက် Kong ကိုလမ်းပြခိုင်းပြီး အထူးပြုလုပ်ထားတဲ့ ယာဥ်တွေနဲ့တကွ Hollow Earth ကို လိုက်သွားကြတယ်။ ဒီက ရတဲ့ Energy signature ကို ပြန်ပွားပြီး Mechagodzilla ကို အသက်သွင်းတယ်။ Kong ကလည်း Hollow Earth မှာ ပုဆိန်ပြန်ရပြီး သိပ်မကြာဘူး Godzilla ရန်စလို့ Japan ကိုသွားပြီး ရင်ဆိုင်ရပြန်တယ်။ Ishiro Serizawa ရဲ့သား Ren Serizawa ဟာ Apex က ပညာရှင်တစ်ယောက်ဖြစ်ပြီး Mechagodzilla ကိုမောင်းနှင်ရတဲ့ pilot လည်းဖြစ်တယ်။ Ghidorah ရဲ့ ဦးခေါင်းခွံနဲ့ ဦးနောက်ကိုသုံးပြီး လှုပ်ရှားတာဖြစ်တာမှာ Ghidorah က Pilot ကိုပြန်အပိုင်စီးပြီး Mechagodzilla ကိုမောင်းနှင်ခဲ့လို့ တွေ့သမျှအကုန်ဖျက်ဆီးမဲ့ပုံစံ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် Godzilla နဲ့ Kong တို့နှစ်ယောက်ပေါင်းပြီး Mechagodzilla ကို ရင်ဆိုင် အနိုင်ယူခဲ့ရတယ်။ — (MonsterVerse Timeline ရှင်းတမ်းကို Movie Monster FB Page မှ ကူးယူဖော်ပြပါသည်။) ထွက်ရှိပြီးသမျှ MonsterVerse ရုပ်ရှင်တွေကို ဒီမှာ https://channelmyanmar.to/?s=monsterverse ကြည့်လို့ရပါတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++ Godzilla x Kong: The New Empire (2024) ============================== IMDb Rating – 6.5/10 Monsterverse ရဲ့ ၅ ကားမြောက်ရုပ်ရှင်သစ်လာပါပြီ။ ဒီပွဲကတော့ ဂေါ်ကြီးနဲ့ ကောင်ကြီး ပူးပေါင်းတဲ့ပွဲပါ။ ဇာတ်လမ်းအစမှာတော့ ဂေါ်ကြီးက မြေပေါ်ကမ္ဘာ မှာကြီးစိုးနေပြီး လူတွေကို တိုက်တန်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနေပါတယ်။ ကောင်ကြီးကတော့ အတွင်းခေါင်းကမ္ဘာထဲမှာပဲ နေရင်း မိသားစုလိုက်ရှာနေပါ တယ်။ ဒါပေမဲ့ ဂေါ်ကြီးက ရန်သူအကြီးကြီးတစ်ကောင်ကို အာရုံရပြီး သူ့ကိုယ် သူ အနုမြူစွမ်းအင်တွေရှာပြီး အင်အားအစွမ်းကုန်ဖြည့်လာတဲ့အတွက် မိုနာ့ခ် အဖွဲ့သားတွေကလည်း ဘယ်က‌နေ အန္တရာယ်ရောက်လာမလဲဆိုတာ စုံစမ်းရပါ တော့တယ်။ အဲဒီမှာပါ ကောင်ကလည်း သူ့မိသားစုဖြစ်လာနိုင်တဲ့ ကောင်မျိုးနွယ်တွေကို တွေ့ ပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်က ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ချင်တဲ့ စခါးကင်းဆို တဲ့ ကောင်ကြီးတစ်ကောင်ဖြစ်နေတော့ အတွင်းခေါင်းကမ္ဘာထဲမှာ စခါးကင်းနဲ့ ရင် ဆိုင်ရပါတော့တယ်။ ဒါပေမဲ့ မနိုင်တော့ မြေပြင်ပေါ်တက် ဂေါ်ကြီးကို စစ်ကူတောင်း ပြီး နှစ်ကောင်ပေါင်းပြီး တွယ်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size………(7.9 GB) / (2.17 GB) / (1.25 GB) Quality…………WEB-DL 4K HEVC / 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Fantasy Translator…….Mr.Anderson Encoder……….SWM,Ka Naung

6.5 2024 115 mins
Godzilla x Kong: The New Empire
A Quiet Place Part II
7.8

A Quiet Place Part 2 (2020) IMDb Rating (7.2) / Rotten Tomatoes (91%) Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်း လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….။ ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။ A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။

7.8 2020 96 mins
A Quiet Place Part II
Evidence
5.1

ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

5.1 2012 78 mins
Evidence
The Legend of Hawes
4.3

The Legend of Hawes (2022) ရက်စက်ယုတ်မာတဲ့ မသမာသူတွေလက်ချက်နဲ့ အိမ်ပြာကျပြီး မိဘတွေနဲ့မောင်လေးကို အသတ်ခံလိုက်ရပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာတတ်မိန်းမပျိုလေးက လက်စားချေဖိုအတွက် တောင်တွေဆီကို ခရီးထွက်လာခဲ့တယ်။ မိန်းမပျိုလေးက မသမာသူတွေကိုသတ်ပြီး လက်စားချေဖို Hawes ဆိုတဲ့ ကျွမ်းကျင်သေနတ်ပစ်သမားကို အလုပ်ခန့်ဖို လိုက်ရှာပါတော့တယ်။ Hawes ကလည်း အဲဒီမသမာသူတွေရဲ့လက်ချက်ကြောင့် ဇနီးနဲ့ သမီးငယ်လေးကို ဆုံးရှုးခဲ့ရတဲ့အမျိုးသားဖြစ်ပြီး သူတိုတွေရဲ့ လက်စားချေခရီးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီ Western, Horror ဇာတ်လမ်းသစ်မှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Western Duration….01:20:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

4.3 2022
The Legend of Hawes
Tee Yod 2 Death Whisperer 2
7.1

Tee Yod 2 (2024) IMDb Rating (7.1) ထိုင်းနာမည်ကြီး horror ရုပ်ရှင် Tee Yod (Death Whisperer) ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရပါပြီ။ 2023 ခုနှစ်ကထွက်ရှိခဲ့ပီး horror ဖန်တွေ ကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ Tee Yod (Death Whisperer) ဟာ မိသားစု တစ်စု အရမ်းကြမ်းတဲ့ စုန်းမနဲ့ ရင်ဆိုင်ရပုံကို ခြောက်ခြားဖွယ်ရာ ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Tee Yod 2 ထပ်မံ ထွက်ရှိလာခဲ့ပြီး October လထဲမှာ ရုံတင်ပြသခဲ့တာပါ။ ဒီလို ပြသချိန်မှာလဲ Tee Yod 2 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပီးတော့ 10 နှစ်အတွင်း ထိုင်းမှာ ဝင်ငွေ အကောင်းဆုံး horror ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်ထဲက ညီမဖြစ်သူ Yam သေဆုံးသွားပြီးနောက် သုံးနှစ်ကြာအချိန်ကို တွေ့ရမှာဖြစ်ပြီး Yam ရဲ့ အသက်ကို နုတ်ယူသွားခဲ့တဲ့ သရဲမကပဲ Yak တို့ မိသားစုကို ထပ်မံ ခြောက်လှန့်လာတဲ့အခါ Yak တို့ ဒီစုန်းမကြီးကို ဘယ်လိုအမြစ်ပြတ်အောင် နှိမ်နင်းသွားမလဲ ဆိုတာ ခြောက်ခြားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Channel Myanmar ရဲ့ Website နဲ့ App မှာ ဦးဦးဖျားဖျား ကြည့်ရှုနိုင်ပါပြီ။ (ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(1.4 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:52:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant,Ka Naung Translated by Thiha Yan Naing

Action • Crime • Thriller
7.1 2024 112 mins
Tee Yod 2 Death Whisperer 2
Faith of Angels
5.8

ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ် ယူတာပြည်နယ်က စွန့်ပစ်မိုင်းတွင်းထဲမှာပျောက်ဆုံးသွားတဲ့ ဆယ်နှစ် သားကလေး ဂျောရှူဝါဒန်းနစ်ကိုရှာဖွေကယ်ဆယ်တဲ့ အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဘုရှ်ကိုယ်တိုင် ဒီဖြစ်ရပ်ကို ထူးခြား ဆန်းကြယ်တာဖြစ်တယ်ဆိုတဲ့သက်သေပဲ လို့ပြော လောက်တဲ့အထိ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျော့ရှ်တိုသားအဖက ကျောင်းကလူပျိုပေါက်တွေ မိုင်းတွင်းဖက်ကိုစခန်းချခရီးထွက်တဲ့ ခရီးစဉ်ကို လိုက်လာခဲ့ပါတယ်။ စူးစမ်းချင်စိတ်ပြင်းလွန်းတဲ့ ဆယ်နှစ်သားလေးကိုအဖေဖြစ်သူကတယ်ရီက အဖော်လိုက်ပေးခဲ့တာပါ။ ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ အဖွဲ့ထဲကတစ်ချို့က မိုင်းတွင်းထဲကိုထွက်သွားပေမယ့် အဖွဲ့ထဲက လူငယ်တစ်ယောက်နဲ့ သူတို့သားအဖက တဲထိုးဖို့အတွက်ခဏနေခဲ့ပြီးနောက် ညနေပိုင်းလောက် အရောက်မှာ သုံးယောက်သားမိုင်းတွင်းဖက်ကို ထွက်လာကြပါတယ်။ မိုင်းတွင်းထဲကိုလည်းရောက်ရော ရှေ့ကအဖွဲ့ပြန်တွေ့ပါတယ်။ အဖွဲ့ထဲက ကိုင်လ်ဆိုတဲ့ လူငယ်တစ်ယောက်မိုင်းတွင်းထဲမှာ ဆက်မနေချင်တော့ တာနဲ့ တယ်ရီကစခန်းကိုပြန်ပို့ဖို့အကြောင်းဖန်လာ ပါတော့တယ်။ ဒါပေမယ့် ဂျော့ရှ်ကအဖွဲ့နဲ့ဆက်နေချင် တယ်လို့ပြောလို့ တယ်ရီကလည်း အဖွဲ့နားမှာပဲသေချာ ကပ်နေလို့ပြောပြီးထားခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့် သွားနေရင်းနဲ့ ဂျော့ရှ်ဟာလမ်းပျောက် သွားပြီးတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ အဖွဲ့ကလည်းစခန်းကိုပြန်ရောက်တော့မှဂျော့ရှ်ပါ မလာတာသိတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ကလေးပျောက်ရှာဖွေရေးကိုစတင်ပါ တော့တယ်။ File size… (1.14 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …..Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Thriller • Mystery • TV Movie
5.8 2025 98 mins
Faith of Angels
Tornado
6.2

ဆာမူရိုင်း ဖူဂျင်နဲ့ သမီးဖြစ်သူ တိုနေတိုးဟာ အင်္ဂလန်ပြည်တလျှောက် လှည်ကလေးတစ်စီးနဲ့ ဂျပန်ရိုးရာဆာမူရိုင်း ရုပ်သေးပြဇာတ်ကို လှည့်လည်ဖျော်ဖြေရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သားအဖတွေဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ ရုပ်သေးပြဇာတ်ဖျော်ဖြေနေရင်း ရာဇဝတ်သားသုံးယောက်က လမ်းကြုံတဲ့အတွက် သူတို့ဓားပြတိုက်လာတဲ့ရွှေထုပ်ကိုခဏချပြီး ပြဇာတ်ကို ဝင်ကြည့်နေခဲ့ပါတယ်။ ပြဇာတ်မှာ ဈာန်ဝင်ပြီး မျောသွားတဲ့ဓားပြသုံးယောက်ဟာ သတိလည်းဝင်လာရော ရွှေထုပ်ကြီးက မရှိတော့ပါဘူး။ အဲအချိန်မှာ တိုနေတိုးက ရွှေထုပ်ခိုးသွားတဲ့ကောင်လေးကို ဓားပြလက်ချက်နဲ့သေမှာစိုးလို့ ကူဖွက်ပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဓားပြသုံးယောက်က ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ ရှူးဂါမန်းနဲ့ လစ်တဲရှူးဂါးတို့ သားအဖ ဦးဆောင်တဲ့ဓားပြအုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လို့နေပါတယ်။ ဓားခုတ်ရာလက်ဝင်ရှိုမိတဲ့ တိုနေးတိုးကြောင့် သူမရဲ့အဖေဟာ ဓားပြအုပ်စုရဲ့လက်ချက်နဲ့ သေရတဲ့အတွက် သူမဟာ အဲဓားပြအုပ်စုကို ဘယ်လိုလက်စားလိုက်ချေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.74 GB) / ( 849 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

6.2 2025 91 mins
Tornado
Bring Her Back
7.5

Bring Her Back 2025 =============== A24 ရဲ့ကားဆိုတော့ အထူးတလည် ညွှန်းစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်း အန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီး အလင်းရောင်နဲ့ အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီက အဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။ တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက် သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာ ပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။ လော်ရာဆိုတဲ့အမျိုးသမီးက ခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။ လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။ သူတို့ လော်ရာ့အိမ်ကို ရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်း လော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်။ ဒီတော့ လော်ရာကရော ဘယ်လိုအကြံအစည်တွေရှိနေလဲ၊ အဲဒီထူးဆန်းတဲ့ကလေးကရော ဘယ်သူလဲ၊ သူတို့မောင်နှမ ဒီသုံးလအတွင်း ဘယ်လိုကျော်ဖြတ်ရမလဲ စသဖြင့် သို့လောသို့လော မေးခွန်းများစွာနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size… (5.3GB)/ (1.6 GB) / (710 MB) Quality… WEB-DL 4K/ 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Matteo & Act Molemy

7.5 2025 104 mins
Bring Her Back
Misericordia

Misericordia (2024) ဟာ ပြင်သစ်-စပိန်-ပေါ်တူဂီ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရာဇဝတ်မှုဒရာမာ ရုပ်ရှင်တစ်ခုပါ။ Alain Guiraudie ရဲ့ လက်ရာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု၊ တပ်မက်မှုနဲ့ ဒဿနိကအတွေးအခေါ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဇာတ်လမ်းကတော့ Jérémie ဆိုတဲ့ လူငယ်တစ်ယောက် (Félix Kysyl) က သူ့ဆရာဟောင်းရဲ့ ဈာပနအတွက် Saint-Martial ဆိုတဲ့ မွေးရပ်ရွာကို ပြန်လာရာက စတင်ပါတယ်။ ဈာပနပြီးနောက် ဆရာရဲ့မုဆိုးမ Martine (Catherine Frot) နဲ့ ရက်အနည်းငယ်နေရင်း လူပျောက်မှု၊ ထူးဆန်းတဲ့ အိမ်နီးချင်းနဲ့ ရည်ရွယ်ချက်မသဲကွဲတဲ့ ဘုန်းကြီးတစ်ပါး (Jacques Develay) တို့နဲ့ ရင်ဆိုင်ရပါတယ်။ ဇာတ်လမ်းဟာ တဖြည်းဖြည်း တင်းမာမှုတွေ တိုးလာပြီး လူ့သဘာဝ၊ အပြစ်ရှိစိတ်နဲ့ ခွင့်လွှတ်မှုအကြောင်း တင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ဟာ 2024 Cannes Film Festival မှာ ပြသခဲ့ပြီး Queer Palm အတွက် အမည်စာရင်းတင်သွင်းခံရသလို 2024 Louis Delluc Prize နဲ့ César Awards မှာ ဆုအမည်စာရင်း ၈ ခုရခဲ့ပါတယ်။ Cahiers du cinéma က 2024 ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ပြီး Valladolid Film Festival မှာ Golden Spike နဲ့ Miguel Delibes ဆုတွေ ရရှိခဲ့ပါတယ်။ Guiraudie ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံ၊ ပြင်သစ်ကျေးလက်ရှုခင်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက Misericordia ကို ထူးခြားတဲ့ ရုပ်ရှင်အတွေ့အကြုံဖြစ်စေပါတယ်။ သမားရိုးကျမဟုတ်တဲ့၊ တွေးစရာပေးတဲ့ ရုပ်ရှင်ကို ရှာနေတယ်ဆိုရင် ရွေးချယ်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(761 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Drama • Romance • Comedy
0 2024
Misericordia