YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Royal Rumours E23 CM.mp4

392.56 MB N/A video/mp4 167 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Finding You
7

Genre - Romance, Drama IMDB – 6.4/10 စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတ တွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လို စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကို အစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေး တစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့ နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့ တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန် မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာ တစ်နေရာတည်းဖြစ်နေကြသောအခါ.... ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား... စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ.... တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့် ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်... ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေ မျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေ ဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံ ခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီး ဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ.... (  အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် ) File size…1.99GB / 797MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 59m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Mystery • Thriller
7 2021 119 mins
Finding You
Spider-Man: Into the Spider-Verse
8.4

ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spider man movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spider man ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into the spiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ် ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ် အခြား comic game reference တွေယူပြီး သူ့ဘာသူတည်ဆောက်သွားတယ် spider man 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်း multiverse တွေကလာတဲ့ အခြားspider man တွေပါလာတယ် ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့် အခြားuniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality တွေပျက်စီးပြီး မြို့ပျက်တော့မှာသိလို့ ပီတာပါကာက ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်က ပင့်ကူကိုက်ခံရပြီး spider man အစွမ်းတွေရခါစ ဒီလိုနဲ့ multiverse တွေက portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့ universe ကို အခြား universe တွေက Peter Parker, Spider Gwen, Peni Parker, Spider man Noir နဲ့ PeterPorker တို့ရောက်လာပါတယ် အတော်လေးကိုပြီးပြည့်စုံတဲ့ story lineလို့မြင်မိပါတယ် Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူးPeni Parker တို့ Peter Porker (SpiderHam) တို့ပါထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ် အကောင်းဆုံးလို့ဆိုရမှာက theme song နဲ့ background music ပဲ theme song တွေက unique ဖြစ်တယ် ဥပမာ Prowler လာတဲ့အခန်းတွေမှာဆို သူလာမှန်းသိရတဲ့ theme song မျိုးတွေ Spider man ဇာတ်ရုပ်တိုင်းမြူ းမြူ းကြွကြွ theme song တွေက ကြည့်ရတာ တကယ်မိုက်တယ် အားတက်စရာကောင်းတယ် plot ကလဲအတော်လေးကိုကွဲထွက်တယ် ပြီးတော့အခြား spider man game တွေ ထဲက villain တွေပါတွဲမြင်ရတာအားရစရာပါ ကျွန်တော် Marvel ရော DC fan ပါ ဒါပေမယ့်အဲ့ထဲမှာ အသနားမိဆုံးက spider man ပဲ အခြား superhero တွေလိုမချမ်းသာဘူး နာမည်မကြီးဘူး သာမန်ဓာတ်ပုံဆရာလေးတစ်ယောက် နေ့စဉ်အလုပ်တွေနဲ့ ရုန်းကန်နေတဲ့ကြားက အသက်ကယ်ဖို့ နှစ်ခါပြန်မစဉ်းစားတဲ့ Super strength နဲ့သာမညလူသား သူ့အတွေးကရိုးစင်းတယ်ဒါပေမယ့် သူ့အပြုအမူနဲ့ဆုံးဖြတ်ချက်ကအောချရတယ် ဘယ်အခြေနေမှာဖြစ်ဖြစ် spider manဆိုတာစိတ်ဓာတ်ကျတတ်တဲ့ hero မဟုတ်ဘူး သူ့ကြည့်လိုက်ရင်အမြဲပျော်ရွှင်နေတတ်တဲ့ကျွန်တော်တို့ရဲ့ friendly neighbourhood spider man Animation ကားလို့ဆိုပေမယ့် Tobey ရဲ့ spider man တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး ပြန်ခံစားလိုက်ရတယ် ကြည့်ရတာတော်တော်တန်ပါတယ် Spider man ကို ကလေးဘဝကတည်းကကြိုက်ခဲ့တာခုချိန်ထိပဲ

Action • Crime • Drama • Thriller
8.4 2018 117 mins
Spider-Man: Into the Spider-Verse
Satyaprem Ki Katha
6

Satyaprem Ki Katha (2023) IMDb-7/10 Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။ တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။ သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni

Comedy • Music • Romance
6 2023 146 mins
Satyaprem Ki Katha
Furious 7
7.2

Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါ တယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။ Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။ ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည်း ဒီလို ဇာတ်ရုပ်မျိုးတွေပဲ သရုပ်ဆောင် လေ့ရှိတာဖြစ်ပြီး၊ သူရဲ့ Martial Art Skill ကို သူနဲ့တွဲရိုက်သမျှထဲမှာ ယှဉ်နိုင်တာ Jet Li တစ်ယောက်ပဲရှိပါတယ်။ ဒီကားမှာဆိုလည်း သူက Vin Diesel တို့ The Rock တို့ ကိုအသာလေး အနိုင်ယူနိုင်ပေမယ့်၊ ဇာတ်လမ်းအရ သူက တော်တော်နှေးပေးထားရပါတယ်။ နောက်ထပ်တစ်ဦးဖြစ်တဲ့ Ong Bak မင်းသား Tony Jaa ကတော့ ဇာတ်လမ်းမှာသိပ်မပါရပေမယ့် ပါရတဲ့အခန်းမှာတော့ သရုပ်ဆောင်မဆိုးဘူးလို့ဆိုရပါမယ်။ ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအကြောင်း ပြောရင်တော့ Spoiler လို့ပြောလို့ရပေမယ့်၊ ရုပ်ရှင် မထွက်ခင်ကတည်းက ဒါရိုက်တာ James Wan က Paul Walker ရဲ့ ဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ သေခိုင်းမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ Studio က ဇာတ်လမ်းထဲမှာပါ ဇာတ်ကောင်ကို သေခိုင်းဖို့ လုပ်ထားပေမယ့်၊ James Wan ရဲ့ ဇာတ်သိမ်းလေးက ပိုကောင်းပါတယ်။ ဟုတ်ပါတယ် Brian O'Conner (Paul Walker) က နောက်ဆုံးမှာ မိသားစုနဲ့အတူ ကမ်းစပ်မှာ ရေကစားနေပြီး၊ သူတို့နှစ်ယောက်ကို Dom (Vin Diesel), Letty (Michelle Rodriguez), Roman (Tyrese Gibson), Tej (Ludacris) နဲ့ Ramsy တို့က နောက်ကနေ ကြည့်နေကြပြီး၊ ဒါနောက်ဆုံးပဲဆိုတဲ့ ခံစားချက်တွေ သူတို့မျက်နှာ်မှာပေါ်လွင်ပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ဝမ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်ပြောတာနဲ့တင်မလုံလောက်ပဲ ဇာတ်ကားကို ရုံမှာသွားကြည့်သင့်ပါတယ်။ No Sex, No Nudity ဆိုပေမယ့် ထုံးစံအတိုင်း ဘီကီနီ နဲ့မိန်းကလေးတွေ တော့ ပါပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ဒီကားထဲမှာ နောက်ဆုံး ဇာတ်ဝင်ခန်းက အကောင်းဆုံး လို့ပြောလို့ရသလို၊ ပထမဆုံး Jason Statham နဲ့ The Rock ရဲ့ Fight Scene ကလည်း တစ်ကားလုံးမှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ အဲ့ဒီအခန်းမှာ The Rock က Jason ကို Smack Down သုံးပြီး ချတာ လည်းပါပြီး၊ ရုံမှာကြည့်ရတာပိုမိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Page မှ ကူးယူတင်ပြပါသည်) File Size : (2.6 GB) / (1.4 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 17min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Thar Htet Encoded by Thanhtike Zaw

Crime • Drama
7.2 2015 137 mins
Furious 7
Ingrid Goes West
6.4

Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Drama
6.4 2017 97 mins
Ingrid Goes West
Suite Francaise
7

Suite Francaise (2014) ******************** Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2014 103 mins
Suite Francaise
V/H/S/85

V/H/S ဇာတ်ကားတွေထဲက ၆ ကားမြောက်ဖြစ်ပြီး IMDb 5.8 ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေဆက်တိုက်မြင့်တက်လာနေတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ V/H/S ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ၁၉၈၀ ခုနှစ်လောက်ကဗီဒီယိုတိတ်ခွေတွေထဲကနေ တွေ့ရှိလာတဲ့ သည်းထိုက်ရင်ဖိုစရာ၊ ‌ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကိုရိုက်ပြထားတာပါ။ ဒီဇာတ်ကားမှာတော့ horror ဇာတ်လမ်း ငါးခုပါဝင်ပြီး တစ်ခုစီကမတူညီတဲ့ ခြောက်ခြားဖွယ်ရသတွေကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ။ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေကအစ ထူးဆန်းဖွယ် ထိတ်လန့်စရာတွေအဆုံး horror ရသမျိုးစုံကိုခံစားရမှာဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror • Thriller
0 2023
V/H/S/85
The Disappearance of Alice Creed

ဒီတစ်ခါမှာတော့ The Disapperance Of Alice Creed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဗစ်တာနဲ့ဒန်နီဆိုတဲ့ ထောင်ထွက်နှစ်ယောက်ဟာ တစ်ဦးတည်းသောသမီးဖြစ်သူ သူဌေးသမီးအဲလစ်ခရိဒ်ကိုပြန်ပေးဆွဲပြီး သူဖခင်သူဌေးကြီးဆီက ပိုက်ဆံနှစ်သန်းနဲ့ပြန်ရွေးခိုင်းပါတယ်။ သူမကိုပြန်ပေးဆွဲလာပြီး အခန်းတစ်ခုထဲမှာ ခြေတွေလက်တွေကိုကြိုးတုပ်ပြီးဖမ်းထားပါတယ် ဗစ်တာနဲ့ဒန်နီတို့ဟာ ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးကြဖို့ စီစဥ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ဗစ်တာတစ်ယောက်မသိလိုက်တာက ဒန်နီနဲ့အဲလစ်တို့ဟာ အရင်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြပြီး ဒန်နီဟာ ဗစ်တာကို သစ္စာဖောက်ပြီး ပိုက်ဆံတွေကို တစ်ယောက်တည်းယူပြီး အဲလစ်နဲ့ထွက်ပြေးဖို့ ကြိုတင်စီစဥ်ထားခဲ့တာပါ ဗစ်တာတစ်ယောက် ထိုအစီစဥ်ကိုသိသွားမလား ဒန်နီနဲ့အဲလစ်ကပဲ ပိုက်ဆံတွေယူပြီးထွက်သွားကြမလား နောက်ဆုံးမှာပိုက်ဆံတွေကို ဘယ်သူကရယူသွားနိုင်မလဲဆိုတာ ကြည့်ရှုရမှာပါ ထူးခြားတာတစ်ခုက ဇာတ်ကားတစ်ကားလုံးထဲမှာ ဇာတ်ကောင်သုံးယောက်တည်းပါဝင်ပြီး ထိုသုံးယောက်တည်းနဲ့ပဲ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.5 GB)/(686 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

TV Movie • Comedy • Romance
0 2009
The Disappearance of Alice Creed
SHARE?
5.5

Share? (2023) ~ IMDb – 5.5/10, Rotten Tomatoes – 70% ~ ဒီတစ်​ခေါက်ကား​လေးက​တော့ Fixed Camera တလုံးတည်းကို အသုံးပြုထားပြီး ရှု​ထောင့်တစ်ခုတည်းက​နေရိုက်ပြထားတဲ့ Share? ဆိုတဲ့ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ #000000014 ဆိုတဲ့နံပါတ်နဲ့ လူတစ်​ယောက် ရုတ်တရက် အလုံပိတ်ခန်းထဲမှာ ​​ခေတ်​ဟောင်းကွန်ပြူတာတစ်လုံးနဲ့ တစ်​ယောက်တည်းနိုးလာခဲ့ပါတယ်။ စားဖို့​သောက်ဖို့အတွက် သုံးရတဲ့​တစ်ခုတည်း​​သော ​ငွေ​ကြေးကို လူ​တွေကို​​ဖျော်​ဖြေရတဲ့နည်းတစ်ခုတည်းနဲ့သာ​ ရှာလို့ရတဲ့စနစ်မှာ ​ငွေ​တွေရှာရင်း ​ရေ​နွေးအိုးထဲက ဖား​တွေလို ပူမှန်းမသိ လွတ်​မြောက်ဖို့မကြိုးစားဘဲ ​နေသားကျ​နေတုန်း #038491828 ဆိုတဲ့နံပါတ်နဲ့​ကောင်မ​လေး​ရောက်လာပြီး​နောက် ဘယ်လို​တွေအ​ပြောင်းအလဲ​တွေဖြစ်ကုန်မလဲ… ဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကား​လေးလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 720MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 20Min Genre – Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2023 80 mins
SHARE?
The Illusionist

မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Fantasy, Drama, Thriller, Roamce Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2006
The Illusionist
Ship of the Damned
5

ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာ အပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာ Horror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကို ဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကို လိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီး မကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလို လူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲ ထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေ ရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲ ဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့် လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုး လူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ ….။ File size…944MB / 370MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 28m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Crime • Drama • Thriller
5 2024 85 mins
Ship of the Damned
Braddock: Missing in Action III

Missing in Action Trilogy ရဲ့နောက်ဆုံးကားဖြစ်ပြီး MIA II ရဲ့ Sequel ရုပ်ရှင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း အတော်လေးကိုကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး အက်ရှင် ပြကွက်မျိုးစုံကိုခံစားမိမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ကာနယ် ဂျိမ်းစ်ဘရက်ဒေါ့ခ် ဟာ စစ်ပွဲကြီးအပြီး ၁၉၇၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ပြန်လာခဲ့ပါတယ်။ သူဟာ စစ်ပွဲထဲမှာ အမေရိကန်သံရုံးမှာအလုပ်လုပ်နေတဲ့ ဗီယက်နမ်မလေး လင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ထိမ်းမြားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကံမကောင်းစွာနဲ့ လင်းကတော့အသက်ရှင်လျက်နဲ့ ဗီယက်နမ်ကနေမထွက်နိုင်ခဲ့ပါဘူး။ ဒါကတော့ ဘရက်ဒေါ့ခ်ရဲ့အမြင်ပေါ့လေ။ တစ်ရက်မှာတော့ ဖာသာကြီးတစ်ယောက်ရောက်လာပြီး ဘရက်ဒေါ့ဒ်ကို သူ့မိန်းမ လင်း မသေသေးကြောင်းနှင့် ကလေးတစ်ယောက်ပါရှိနေကြောင်းလာပြောခဲ့ပါတယ်။ ဒါပေမယ့် မျက်စိနှင့်တပ်အပ်မြင်ခဲ့တဲ့ ဘရက်ဒေါ့ခ် ဟာ အဆိုပါအကြောင်းအရာကိုယုံကြည်ခြင်းမရှိခဲ့ပဲ ဖာသာကြီးကိုမောင်းထုတ်ခဲ့ပါတယ်။ သို့သော်လည်း သိပ်မကြာခင်မှာ အမှန်တရားကိုသိရှိသွားခဲ့ပြီး ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်ကို တရားမဝင်ပြန်ဝင်လာပြီး မိန်းမနဲ့ သားလေးကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဘယ်လိုမျိုး အတားအဆီးတွေနဲ့ ကြုံရမယ် ဘယ်လိုကြမ်းမလဲဆိုတာကို တော့ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါ။ File Size : 3.5 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 43min Format : Mp4 Genre : Action, Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

0 1988 103 mins
Braddock: Missing in Action III
One Day: Justice Delivered
5.1

One Day – Justice Delivered (2019) မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ IMDb 5.1/10 လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ စိတ်နေစိတ်ထား အမူအကျင့်မျိုးစုံ ရောနှောတည်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အမှုအခင်းတွေကလည်း ဖြစ်ပေါ်နေပါတယ်။ တရားမျှတမှုရရှိသွားတဲ့ အမှုတွေရှိပေမဲ့လည်း တရားခံတွေ လွတ်မြောက်သွားတဲ့၊ အမှုအမှန်မပေါ်ပေါက်တဲ့ ရာဇဝတ်မှုတွေဟာလည်း များစွာရှိခဲ့၊ ရှိနေဆဲပါပဲ။ ဒီဇာတ်ကားလေးထဲမှာလည်း တျာဂီဆိုတဲ့ တရားသူကြီးက အငြိမ်းစားယူတော့မှာပါ။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် တရားခံမပေါ်ဘဲ ပိတ်သိမ်းခဲ့တဲ့အမှုတွေကို ပြန်လည်တွေးတောမိလာပါတယ်။ ဗုံးပေါက်ကွဲမှုတစ်ခုရဲ့ မျက်မြင်သက်သေကောင်လေးတစ်ယောက်ကိုနှုတ်ပိတ်သတ်ဖို့ တာဝန်ကျဆရာဝန်တွေကို တရားခံတွေက လာဘ်ထိုးခဲ့ပါတယ်။ မြို့မျက်နှာဖုံးနာမည်ကြီးတွေမို့ အမှုမပေါ်ခဲ့ပါဘူး။ တရားသူကြီးတျာဂီရဲ့ သမီးမင်္ဂလာဆောင်မှစလို့ မြို့မှာလူတွေ ပျောက်ဆုံးလာပါတယ်။ စုံစမ်းရေးအဖွဲ့မှာလည်း ဘာသက်သေမှရှာမရဖြစ်လာချိန် သူတို့တွေ့ရှိလာရတာကတော့ ဒီပျောက်ဆုံးသွားတဲ့သူတွေဟာ အမှုတစ်ခုနဲ့ ဆက်စပ်‌နေတယ်ဆိုတာပါပဲ။ အမှုမှန်မ‌ပေါ်ခဲ့တဲ့အမှုတွေကို တစ်ခုပြီးတစ်ခုဖော်ထုတ်ပြီး တာဝန်ကျေပွန်ချင်သူ တရားသူကြီးရဲ့ ဆန္ဒပြည့်ဝမလား၊ တရားခံတွေ ဆက်လက်လွတ် မြောက်နေဆဲ ဖြစ်မလားဆိုတာ ကြည့်ရှုအဖြေထုတ်ရင်း မှုခင်း၊ သည်းထိတ်ရင်ဖိုပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Horror • Thriller
5.1 2019
One Day: Justice Delivered
Monkey Trouble
5.3

ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲ မျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။ သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ်က တိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။ အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့် မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေး ဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ် တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေ လက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။ နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့ အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကို သိသွားတဲ့အခါသူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင် ရှင်းရင်းအီဗာတစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 3.18 GB / 1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

Action • Crime • Drama
5.3 1994 96 mins
Monkey Trouble
Young Boxing King
5.7

တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့လူငယ်လက်ဝှေ့ဘုရင်ချန်ပီယံပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ဟာ လူငယ်လေးတွေရဲ့အိပ်မက်ဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်ဟာ လူငယ်လက်ဝှေ့ချန်ပီယံပြိုင်ပွဲမှာ ဝင်ပါချင်ပေမယ့် ငွေကြေးချို့တဲ့တာကြောင့် လက်ဝှေ့ရုံတွေက လက်မခံတဲ့အတွက် လေ့ကျင့်ပေးမယ့်နည်းပြမရှိဖြစ်နေပါတယ်။ အဲဒီအချိန်မှာဘဝကိုဖြစ်သလိုနေနေတဲ့လက်ဝှေ့နည်းပြဆရာတစ်ယောက်ဟာ ငွေလိုနေတာကြောင့် လူငယ်လေးရဲ့မဖြစ်စလောက်ပိုက်ဆံလေးကို လက်ခံပြီးတော့ လူငယ်လေးကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ လူငယ်လေးကတော့ကျေးဇူးတွေတင်နေပေမယ့် တကယ်ကတော့ နည်းပြဆရာကတကယ်စိတ်ရင်းနဲ့သင်ပေးချင်တာမဟုတ်ပဲ ပြီးစလွယ်သင်ပေးတဲ့အခါ လူငယ်လေးဟာ ဒေါသထွက်စိတ်ဓာတ်ကျရပါတယ်။ တစ်နေ့မှာတော့ နည်းပြဆရာက လူငယ်လေးရဲ့အဖေကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ လူငယ်လေးကလက်ဝှေ့ဘုရင်ပြိုင်ပွဲကိုဝင်ပြိုင်ချင်တာ သူ့အဖေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆိုတာသိလိုက်ရတဲ့အခါ လူငယ်လေးကိုအဆုံးထိကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ အဖေ့ရဲ့ဆန္ဒအတွက်ကြိုးစားနေတဲ့ လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့လူငယ်လေးနဲ့ အတိတ်ကနောင်တရစရာတွေကို ပြန်ဖြေဆယ်ချင်တဲ့နည်းပညာဆရာတို့ရဲ့ အခက်အခဲတွေကျော်ဖြတ်ပြီး အဆုံးထိကြိုးစားသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Action • Comedy
5.7 2025
Young Boxing King