YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Riverdale.S06E08.Chapter.One.Hundred.and.Three.The.Town..720p.(CM).mp4

302.42 MB N/A video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mechanic
6.5

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။ မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။ Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Comedy • Family • Fantasy • Music • TV Movie
6.5 2011 93 mins
The Mechanic
Yuni
7.4

"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ အဘွားနဲ့နေရတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ခရမ်းရောင်ရှိတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်တယ်။ ကျောင်းတွင်းဘာသာရပ်တွေမှာ ထူးချွန်တယ်။ ကြိုးစားမယ်ဆိုရင် ဆက်ပြီးပညာသင်ဖို့ အခွင့်အလမ်းတွေပြည့်နေတဲ့ သာမန်ကျောင်းသူတစ်ယောက်ပဲ။ ဒီအတွက်လည်း သူ မနားမနေကြိုးစားတယ်။ ဒါပေမဲ့လည်း ဘဝဆိုတာ သမားရိုးကျပဲ ဖြစ်နေတာမဟုတ်တော့ အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့တယ်။ ပထမအကြိမ်လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီးလို့ မကြာခင်မှာ နောက်တစ်ကြိမ်လာတောင်းတာကို ခံရတဲ့အခါ၊ တစ်ဖက်မှာလည်း စကောလားရှစ်ရဖို့ အိမ်ထောင်မရှိရလို့ သတ်မှတ်ချက်ရှိနေတဲ့အခါ ယူနီရဲ့စိတ်ထဲမှာ လွန်ဆွဲလာရတယ်။ "ငါ ဘာမဆိုလုပ်နိုင်မှာပဲလို့ အရင်ကတော့တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့လည်း ငါ တကယ်ဘာလိုချင်မှန်းမသိတော့ဘူး" လို့ပြောတဲ့ စကားတွေမှာ သူ ဘယ်လောက်ထိ လမ်းပျောက်နေသလဲဆိုတာ မြင်တွေ့ရနိုင်တယ်။ ဘာသာရေးနဲ့ကန့်သတ်မှုတွေများလှတဲ့ သူ့ဘဝ၊ ရိုးရာထုံးတမ်းတွေကိုလိုက်နာဖို့ အဆင်သင့်မဖြစ်သေးတဲ့သူ့စိတ်၊ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ပညာသင်ချင်သေးတဲ့သူ့ဆန္ဒ ... ဒီအရာတွေကြားမှာ တစ်စုံတစ်ခုကိုတော့ သူ ရွေးချယ်မှဖြစ်တော့မယ်လို့ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်စိတ်အပြောင်းအလဲ၊ ဆယ်ကျော်သက်ကိုယ်ဝန်၊ ပညာဆက်လက်သင်ယူခွင့်ဆုံးရှုံးရပုံတွေ အစရှိသဖြင့် မီးမောင်းထိုးပြထားတဲ့အချက်တွေများပါတယ်။ ဒါကြောင့်လည်း Toronto International Film festival မှာ ပြသခြင်းခံခဲ့ရပြီး Platform Prize ဆိုတဲ့ဆုကို ရရှိခဲ့တာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားလုံးက အရောင်အသွေးစုံလင်လှပြီး ဇာတ်ကောင်ရဲ့ favourite colour ဖြစ်တဲ့ ခရမ်းရောင်ကို များစွာအသုံးပြုထားတာဖြစ်လို့ ထူးဆန်းသလိုရှိနေပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူ လိုက်ဖက်နေတော့တယ်။ ဒါရိုက်တာကတော့ 2020 ခုနှစ်က ဆုံးပါးခဲ့တဲ့ အင်ဒိုနီးရှားကဗျာဆရာကြီး Sapardi Djoko Damono ကို အောက်မေ့သတိရမှုနဲ့ ရိုက်ကူးထားတယ်လို့ ဆိုထားပြီး ဒီဆရာကြီးရဲ့ " Rain In June" ဆိုတဲ့ ကဗျာအပါအဝင် တခြားကဗျာများစွာကိုလည်း ထည့်သွင်းထားတယ်။ အညွှန်းကိုတော့ အဲဒီလွမ်းဆွတ်ဖွယ်ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ " ပန်းပင်တွေအပေါ်မှာ မိုးဖွဲတွေအဖြစ် ကာလရှည်ကြာ ရွာသွန်းချင်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ စိတ်ပြတ်သားနိုင်မှာလဲ။ လမ်းမကြီးပေါ်က မသေချာမထင်ရှားတဲ့ ချီတုံချတုံခြေလှမ်းတွေကို ဖယ်ရှားပစ်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ ဉာဏ်ပညာကြီးမားနိုင်မှာလဲ။ ပန်းပင်တွေရဲ့အမြစ်တွေက စုပ်ယူစားသုံးခြင်းခံလိုက်ရတာကို မပြောဘဲ ချန်ထားရစ်တဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ လိမ္မာပါးနပ်နိုင်မှာလဲ။ " (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Encoder - August Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 788MB and 274MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Comedy • Crime • Mystery
7.4 2021 95 mins
Yuni
Raven Song
10

IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Comedy • Family • Romance
10 2022 109 mins
Raven Song
You Should Have Left
6

ဒီနှစ်ထဲ Horror ကား ကောင်းကောင်း မျှော်နေခဲ့တာ ဒီကားလေးလဲ မဆိုးဘူး ပြောရမယ် IMdb တော့ 5 လောက်ပဲ ရတယ် Dear John ထဲက မင်းသမီး Amanda Seyfried နဲ့ Hollow Man လိုနေရာ ကောင်းကောင်း သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး Kevin Bacon တို့ ပါဝင် သရုပ်ဆောင်ထားတယ် ဇတ်လမ်း ပုံစံ ကတော့ သီအို ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ ဘဲကြီးက ဆူဆန် ဆိုတဲ့ ငယ်ငယ်ချောချော မင်းသမီး တစ်ယောက်ကို ယူထားတယ် သူတို့မှာ အယ်လာ ဆိုတဲ့ သမီးလေး တစ်ယောက်လဲ ရှိတယ် တစ်ရက်မှာတော့ မြို့ပြနဲ့ ဝေးတဲ့ အိမ်ကြီးတစ်ခုကို ဝယ်ပြီး မိသားစု ခရီးထွက်လာခဲ့တယ် အတော်လေး စိတ်ငြိမ်တဲ့နေရာ အိမ်ကြီးကလဲ လှပပြီး ပြည့်စုံလွန်းတယ်ပေါ့ ဒါပေမဲ့ သီအိုကတော့ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေခဲ့သလို အိမ်ထဲမှာလဲ တစ်ခါတစ်ရံ အရိပ်တွေက ပြေးနေတက်တယ် ပိုထူးဆန်းတာက အဲ့ဒီအိမ်ပိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးလိုက်ပဲ အီးမေးလ်ကနေ အဆက်အသွယ်လုပ်ပြီး အေးဂျင့်တွေကနေ တဆင့် ငွေချေ ဆောင်ရွတ်ခဲ့ကြတာပါပဲ အိမ်က ကြီးလေလေ ခြောက်ခြားစရာ ဖြစ်လေလေ ဇတ်ကား တစ်ခုလုံးက ပြီးပြည့်စုံတယ် ပြောမရ ပေမဲ့ ကြည့်မယ်ဆို ကြည့်ပျော် ကြောက်ပျော်ပါတယ် Reviewed by Thit San Khant Quality – 720p  WebRip Duration - 1 hr 33 min Subtitle – Myanmar Hardsub Format – Mp4 Genre : horror, Mystery Translator – Littleneo Encoder – Littleneo

Fantasy • Horror • Science Fiction • Thriller
6 2020 93 mins
You Should Have Left
A New Breed of Criminal
4

A New Breed of Criminal (2023) ======================= ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာ ရအောင်လားဗျာ…စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာ ဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ် ထင်ပါတယ်။ လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေ ယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါ ဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အ စွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့ နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေ က သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲ ထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။ လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှ မဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကို တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Jo Jo Va Encoder……….SWM

4 2023 87 mins
A New Breed of Criminal
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
The Heartbreak Kid
5.8

The Heartbreak Kid (2007) ==================== လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ သူနဲ့စေ့စပ်ခဲ့ဖူးတဲ့သူရဲ့မင်္ဂလာပွဲကအ ပြန်မှာ လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ဆုံတယ်။ သူ့ဖခင်နဲ့ သူ့သူငယ်ချင်းရဲ့ တိုက်တွန်းမှု တွေကြောင့်ပဲ လိုင်လာနဲ့လက်ထပ်ဖြစ်သွားပြီး ပျားရည်ဆမ်းခရီးကိုတော့ ဘာဘိုကမ်း ခြေကို သွားကြတယ်။ သူနဲ့ သင့်တော်တဲ့ right person နဲ့ပဲ လက်ထပ်ဖို့ စိတ်ကူးထားတဲ့ အက်ဒီတစ်ယောက် သူ့ဇနီးလေးရဲ့အကြောင်းကို ပျားရည်ဆမ်းခရီးထွက်တဲ့အချိန်မှ သိရပါတော့တယ်။ အဲဒီ အချိန်ကျမှ မရန်ဒါဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီး အက်ဒီတစ်ယောက် တကယ်ချစ်မိသွား ပါတယ်။ အဲဒီတော့ အက်ဒီ ဘယ်လိုဆက်လုပ်မလဲပေါ့၊ လိုင်လာနဲ့ လက်ထပ်ပြီးကာစ အချိန်ပဲရှိသေး အဆင်မပြေတာတွေ ကြုံရတဲ့အချိန်လည်းဖြစ်၊ မရန်ဒါကိုလည်း ချစ်မိဆို တော့… ကဲ သူ့အဖြစ် အကြောင်းစုံကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။ “Meet the Fockers”၊ “Meet the prents” တို့လို ဟာသဇာတ်လမ်းတွေရဲ့ အဓိသသရုပ် ဆောင် ဟာသမင်းသားကြီး Ben stiller က အက်ဒီအဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ Ben stillerကို မြင်ရင်ကို ရယ်ရတော့မှာသိနေသလိုမျိုး ဟာသဇာတ်လမ်းလေးမို့ တင်ဆက် ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Orika ဖြစ်ပါတယ်) File Size……….(1.75 GB) / (657 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Orika Encoder……….SWM

Drama • Comedy
5.8 2007 116 mins
The Heartbreak Kid
Parallel

ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။ သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။ တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကို လမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်း အိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာ သူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။ မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့် ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
0 2024
Parallel
No Strings Attached
6.2

No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး…. အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး… တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်…. ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ….။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့….။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။

6.2 2011
No Strings Attached
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
The Way, My Way

The Way, My Way” (2024) က စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ Camino de Santiago လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Chris Haywood အဖြစ်သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။ လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ Bill Bennett နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြ ထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ ခရီးက ခက်တယ်၊ တစ်ခါတလေ မောပန်းပြီး စိတ်ပျက်သလို ခံစားရပေမယ့် သူက ဆက်လျှောက်တယ်။ ရုပ်ရှင်ကြည့်သူအချို့က ငြိမ်းချမ်းတဲ့ ခံစားမှုကို နှစ်သက်ကြပြီး အချို့ကတော့ နှေးကွေးပြီး စိတ်လှုပ်ရှားစရာမဟုတ်တဲ့ကားလို့ ထင်မြင်ချက်ပေးကြပါတယ်။ ကြီးမားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအစား၊ ဒီဇာတ်ကားက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဘယ်လိုပြောင်းလဲစေလဲဆိုတာကို အာရုံစိုက်ရိုက်ကူးထားပါတယ်။ သင်ယူခြင်း၊ တိုးတက်လာခြင်းနှင့် ငြိမ်းချမ်းမှုကို ရှာဖွေတာနဲ့ ဆိုင်တဲ့ ဇာတ်ကားပါ။တိတ်ဆိတ်စွာနဲ့ငြိမ်းချမ်းတဲ့ဇာတ်ကားကိုကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မှာပါ။ File size…(1.2 GB)/(775 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Drama

0 2024
The Way, My Way
The Greatest
6.6

The Greatest (2009) IMDb – 6.6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ကျန်ရစ်သူမိသားစုတွေ ဆောက်တည်ရာမရဖြစ်နေတဲ့အချိန်မှာ ရိုစ်ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားနက်တိုမိသားစုဆီကိုရောက်လာခဲ့ပြီး သူ့မှာ ဘားနက်နဲ့ရထားတဲ့ကိုယ်ဝန်လွယ်ထားရကြောင်းပြောလာပြီး အကူအညီတောင်းရှာပါတယ်။ ဘားနက်တိုမိသားစုလည်း တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ပြီး ကောင်မလေးကိုလည်း အိမ်ပေါ်မှာလက်ခံထားပြီး စောင့်ရှောက်ရပါတော့တယ်။ ဒီလိုသောကမီးတွေလောင်မြိုက်နေရတဲ့ မိသားစုဝင်အချင်းချင်းကတောက်ကဆတွေဖြစ်ကြရင်း သူတိုဘယ်လိုရှေ့ဆက်လိုမရနိုင် ဖြေဆည်လိုမရနိုင်ဖြစ်နေကြပါတယ်။ ဒီအခြေအနေကို သူမိသားစုကျော်လွှားနိုင်ပါ့မလား။ ရင်သွေးလေးကိုလွယ်ထားရတဲ့ ရိုစ်အနေနဲ့ရောဘယ်လိုမျိုးပြဿနာတွေရင်ဆိုင်ရဦးမှာလဲ။ ပူဆွေးသောကရောက်ခြင်း၊ လေးစားအားကျမှုနဲ့မနာလိုမှုကြားက အားပြိုင်မှု၊ ချစ်ခြင်းမေတ္တာနဲ့မိခင်မေတ္တာကိုဖော်ကျူးထားပုံတွေကို သေသေချာချာကိုမြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းကနေတစ်ဆင့် ကျွန်တော်တိုဟာ တစ်ခုခုကိုလက်လွှတ်ဆုံးရှုးလိုက်ရတဲ့အခါ ကြုံတွေ့ရမယ့် ပူဆွေးခြင်း ဝမ်းနည်းအားငယ်ခြင်း မခံမရပ်နိုင်ဖြစ်ခြင်းတွေကနေပြီး ရုန်းထွက်နိုင်ဖို မေတ္တာတရားနဲ့ မျှော်လင့်ချက်မပျောက်ပျက်ခြင်းတိုက ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို တွေ့ရမှာဖြစ်ပြီး CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်း အညွှန်းကိုတော့ Pyae Hein Kyaw မှရေးသားထားပါတယ်။) File Size – 1.38 GB/ 563 MB Quality – BluRay 1080p/ 720p Duration – 1:41:50 Format – mp4 Genre – Romance. Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Drama
6.6 2009 99 mins
The Greatest