YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Riverdale.S03E15.Chapter.Fifty.American.Dreams.1080p.(CM).mp4

544.17 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not A Dionysian
5

ဒီတစ်ခေါက်မှာတော့ I Am Not A Dionysian ( 2022 ) ဟာသရုပ်ရှင်လေးကို ဘာသာပြန်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့.... အရှေ့မြောက်ပိုင်း ဝိုင်အရက်စက်ရုံက ဝန်ထမ်း စုန့်ဟိုင်လျန် က စက်ရုံမှူး ရဲ့ လှည့်စားမှုကြောင့် သူ့ရဲ့အလုပ်သမားတွေဆီမှာ အကြွေးတင်နေခဲ့ပါတယ်.... တောင်ပိုင်းရှိ ဝိုင်အရက်စပ်သမား ရှုံချူမော့ကလည်း အလုပ်မှာ ပေါ့ဆမှုကြောင့် အလုပ်ပြုတ်သွားခဲ့တယ်.... အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ နှစ်ယောက်ရဲ့ မတော်တဆ ဖုန်းခေါ်ဆိုမှုကဆင့်တွေ့ဆုံခဲ့ကြပြီး သူဌေးအယောင်ဆောင်ပြီးတော့ ဝိုင်အရက်စက်ရုံကြီးရဲ့ စီးပွားရေးအကြောင်း ပြောဖြစ်ကြရင်းတာပေါ့ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်လှည့်စားနေရင်းကနေ နောက်ပိုင်းမှာတော့ရိုးသားစွာ အသက်ရှင်နေထိုင်ခြင်းဟာ ဘဝရဲ့ အဓိပ္ပါယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုမျိုး သိရှိလာခဲ့လဲဆိုတာကိုပုံဖေါ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK

Drama
5 2022 79 mins
I Am Not A Dionysian
Blurr
4

တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ... ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ် တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ် ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူး အဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူး တဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation
4 2022 126 mins
Blurr
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
Bombshell
6.8

ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက် တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။ Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီး တခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့ Fox News ရုပ်မြင်သံကြားချန်နယ်အတွင်း အမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်း ဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။ အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။ တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။ နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့ တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။ မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • History
6.8 2019 109 mins
Bombshell
Never Back Down 2: The Beatdown
5.7

IMDb – 5.7 တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။ File size…2.36 GB / 999.8 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

5.7 2011
Never Back Down 2: The Beatdown
Blind Willow, Sleeping Woman
7.1

Blind Willow, Sleeping Woman (2022) ~ IMDb – 7.1/10, Rotten Tomatoes – 78% ~ မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။ တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။ ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။ အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 48Min Genre – Animation, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance • Comedy • Drama
7.1 2022 105 mins
Blind Willow, Sleeping Woman
Bajrangi Bhaijaan
8.1

Bajrangi Bhaijaan (2015) —————————— မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက် ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။ (ရုပ်ရှင်အညွှန်းကို လင်းခယံ မှရေးသားထားပြီး ရုပ်ရှင်ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Horror • Science Fiction
8.1 2015 159 mins
Bajrangi Bhaijaan
Lantrani
5.3

Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ… လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.3 2024
Lantrani
Vinveli Devathai
6

Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင် ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့ အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ…. တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲ‌ဆိုတာ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

Romance • Comedy
6 2023
Vinveli Devathai
The Thousand Faces of Feijia
5.8

အေးချမ်းတဲ့ ရွာငယ်လေးတစ်ရွာမှာ ခြင်းတောင်း‌တွေကိုယ်တိုင်ယက်ပြီးရောင်းတဲ့ သားအဖနှစ်ယောက်ရှိပါတယ်။ အဖေဖြစ်သူက မျက်စိမမြင်ရတော့ခြင်းတွေသေချာယက်ပြီး အေးအေးဆေးဆေးစီးပွားရှာနေပေမယ့် သားဖြစ်သူက သူ့ကိုယ်သူ တစ်ရက်ကြ စွမ်းအားရှင် ကယ်တင်ရှင်ကြီးဖြစ်ရမယ်ဆိုတဲ့အိမ်မက်ရှိနေပါတယ် သူ့အဖေကတော့ သားဖြစ်သူဒုက္ခမရောက်အောင်လို့အမြဲတမ်း သစ်ပင်ကြီးတစ်ပင်ဆီမှာ ဆုတောင်းပေးရင်း သားဖြစ်သူပေါက်ကရတွေမလုပ်ဖို့တားနေရပါတယ် အဲ့ဒီ့လူစွမ်း‌ ကောင်းဖြစ်ချင်တဲ့အိမ်မက်က‌လည်း အလကားရှိနေတာတော့မဟုတ်ပါဘူး သူ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ဖျောက်နိုင်တဲ့စွမ်းအင်တစ်မျိုးရှိနေတာကြောင့် ဒီစွမ်းအားကနေတဆင့် သူ့ကိုယ်သူလူစွမ်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်နေရင်းပေါ်လာတဲ့ အိမ်မက်ပါ ဒါပေမယ့် ကိုယ်ယောင်ဖျောက်တာတောင် တစ်ခါတစ်လေရလိုက် တစ်ခါတစ်လေမရလိုက်ဖြစ်နေတဲ့အခြေအနေမှာ သူဘယ်လိုလူစွမ်းကောင်းလုပ်မလဲ အဲ့စွမ်းအင်ကရော လူသားဖြစ်တဲ့သူ့ဆီဘယ်လိုရောက်နေတာလဲ ဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်လိုက်ကြရအောင်

5.8 2023
The Thousand Faces of Feijia
Snow White and the 7 Samurai

ဇာတ်လမ်းအကျဉ်းကတော့ … အန်ညာဟာ လော့စ်အိန်ဂျယ်လိစ်က ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ သမီးပါ။ သူ့အဖေဟာလည်း လေးဦးအဖွဲ့ဆိုတဲ့ အဖွဲ့နဲ့ မြို့ကြီးကို လက်ဝါးကြီး အုပ်ထားတာပါ။ သူ့ကို စနှိုးဝှိုက် ဆိုပြီးနာမည်ပြောင်ခေါ်ကြပါတယ်။ ဘယ်ကမှန်းမသိတဲ့ လုပ်ကြံရေးသမားတစ်ယောက်က လုံခြုံရေးတွေကို ဘယ်လိုကျော်လာတယ်မသိ အန်ညာ့အဖေကို လုပ်ကြံသွားပါတယ်။ သူ့အဖေ သေတော့ အမွေတွေအားလုံးကို အန်ညာ့ကို ပေးထားခဲ့ပြီး မိထွေးဖြစ်သူ ကွင်းစ်က နည်းနည်းလေးပဲ ရလို့ မကျေနပ်ပါဘူး။ ဒါနဲ့ပဲ မိထွေးက အန်ညာ့ကို လုပ်ကြံခိုင်းတာ အန်ညာက မသေဘဲ လွတ်မြောက်သွားပြီး အိုနာမူရှာဆိုတဲ့ အမျိုးသမီး ဆာမူရိုင်း ၇ ယောက်နဲ့ တွေ့ပါတယ်။ အန်ညာလည်း ဆာမူရိုင်း ၇ ယောက်နဲ့ပေါင်းပြီး သူ့မိထွေး ကွင်းစ်ကို ပြန်လည်တိုက်ခိုက်ပြီး သူ့အမွေတွေ ပြန်လုပါတော့တယ်…… အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ် Genre…..Action Quality…. 1080p WEB-DL | 720p WEB-DL File size… 1GB | 540MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Snow White and the 7 Samurai
The Mattachine Family
6

ရှေးခေတ်က လက်မခံကြပေမဲ့ အခုခေတ်မှာတော့ လူအများ လက်ခံခြင်းကို ရရှိလာတဲ့ LGBTQ+ တွေနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုရိုက်ကူးသူ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတို့ရဲ့ ပြင်ပက အခြေအနေတချို့ကိုပါ အခြေခံပြီးရိုက်ကူးထားတာမလို့ Based on true story လို့ ပြောရမှာပါ။ ငယ်စဉ်အရွယ်ကတည်းက ဂေးဆိုတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို သိရှိလာပြီး မိဘတွေကပါ လက်ခံပေးခဲ့တဲ့ “သောမတ်စ် ရိဒ်” သူမိသားစုလေးပြိုကွဲသွားတဲ့အချိန်မှာပဲ တီဗီပေါ်မှာ မိသားစုရှိုးနဲ့ နာမည်ကြီးလာတဲ့ မွေးစားခံကောင်လေးတစ်ယောက် “အော်စကာ ရေးရက်စ်” ကြီးပြင်းလာတဲ့တစ်လျှောက် ကိုယ်စီအခက်အခဲတွေနဲ့ ကြုံခဲ့ရပေမဲ့ လမ်းဆုံတစ်ခုမှာ ဆုံတွေ့ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ အရမ်းချစ်ကြသူတွေဖြစ်ပြီး မကြာခင်မှာ လက်ထပ်လိုက်ကြပါတယ်။ စပြီး အိပ်ထောင်သည်ဘဝကို ဝင်လာကြချိန်မှာ ကလေးယူဖို့ အတွေးကို သောမတ်စ်ရဲ့ စိတ်ထဲမှာ တစ်ခါမှမတွေးဖူးခဲ့ပေမဲ့ အော်စကာကတော့ မွေးစားကလေးဖြစ်ခဲ့တဲ့အလျောက် ကလေး အရမ်းမွေးစားချင်ပြီး သောမတ်စ်ကို တဖွဖွပြောနေခဲ့ပါတယ်။ နောက်ဆုံး သောမတ်စ်ပါ လက်ခံပြီး “အာသာ” ဆိုတဲ့ ကလေး တစ်ယောက်ကို မွေးစားခဲ့ပေမဲ့လည်း မွေးရင်းမိဘတွေ မသေဆုံးသေးတဲ့ ကလေးဖြစ်တဲ့အတွက် မိခင်ဖြစ်သူက အချုပ်ကထွက်လာတဲ့အခါ အမေလက်ထဲကို ပြန်ပေးလိုက်ရပါတော့တယ်။ သူတို့နှစ်ယောက်ဟာ “အာသာ” ဆိုတဲ့ ကလေးနဲ့ တစ်နှစ်ပဲ နေလိုက်ရပေမဲ့ ကလေးနဲ့ လမ်းခွဲရပြီးနောက် နောက်ဆက်တွဲအနေနဲ့ ဝမ်းနည်းနေတဲ့သောမတ်စ်နဲ့ သူ့အနားမရှိပေးနိုင်ဘဲ ရိုက်ကူးရေး တွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ အော်စကာတို့ကြား ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ…”မိသားစု” ဆိုတဲ့စကားလုံးလေးကို ဆက်ပြီးအကောင် အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (LGBTQ+ အသုံးအနှုန်းတွေနဲ့ သိပ်မရင်းနှီးပေမဲ့ ကြိုးစားပြီး ဘာသာပြန်ထားပါတယ်။ အသုံးအနှုန်းမှားယွင်းခဲ့တာရှိရင် သည်းခံ ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်.) File size… (1.15GB) / (684MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Action • Crime • Drama • Thriller
6 2024 100 mins
The Mattachine Family
Cherry Bomb
5

ဒီကားလေးကတော့ Camille ဆိုတဲ့ကောင်မလေးတစ်ယောက်က သူဘဝအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ရိုက်ကူးဖော်ပြထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Camille ဟာ သူ့ရဲ့အကိုလိုရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့မိန်းမကို သတ်တဲ့အမှုနဲ့ထောင်ချခံခဲ့ရပါတယ်။ Camilleဟာသူအပြစ်မရှိကြောင်းကိုကြိုးစားဖော်ပြ ပြီး ထောင်ထဲကထွက်ဖို့ သူမရှေ့နေနဲ့အတူကြိုးစားခဲ့ပါတယ်။ သို့သော်လည်း သက်သေတွေအားလုံးဟာ သူ့ကိုပဲညွှန်ပြနေခဲ့ပါတယ်။ သူဟာတကယ်ပဲ လူသတ်မှုကိုကျူးလွန်ခဲ့တာလား။ စွပ်စွဲခံခဲ့ရတာလား။ သူထောင်ကလွတ်ဖို့ဘယ်လိုဆက်လုပ်မလဲ။ သူ့ကိုယ်သူရော သိမြင်လာမှာလားကို စိတ်ဝင်တစား ခန့်မှန်းရင်း ကြည့်ရှူနိုင်မဲ့ကားလေးဖြစ်ပါတယ်။ Cherryboom 2024 က စိတ်လှုပ်ရှားစရာ ကောင်းသော ရုပ်ရှင် တစ်ပုဒ်ဖြစ်ပြီး၊ ချစ်ခြင်း၊ ဆုံးဖြတ်ချက်များနှင့် ကိုယ်ပိုင်ခွင့်ကို ရှာဖွေရန် ကြိုးစားမှုတို့ကကြည့်ရှူသူတွေကို ပိုမိုစိတ်ဝင်စားစေမှာပါ။ File size… (1.84 GB) / (861 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Crime • Thriller
5 2024 97 mins
Cherry Bomb
Bone Face

ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ်ထဲမှာပဲပူပူနွေးနွေးထွက်ရှိထားတဲ့ horror thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Elena Sanchez,Jeremy London, Alli Hart စတဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားပြီးတော့ Michael Donovan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…. တိတ်ဆိတ်ငြိမ်သတ်နေတဲ့ မြို့လေးတစ်မြို့မှာရှိတဲ့ မြို့သူမြို့သားများဟာ Bone Face လို့ခေါ်တဲ့ လူသတ်သမားကြောင့် ထိတ်လန့်နေကြပါတယ်။ဒီတစ်ခါမှာတော့ နွေရာသီစခန်းတစ်ခုဟာ လူသတ်သမားရဲ့ ပစ်မှတ်ဖြစ်လာပြီးတော့ သန်းခေါင်ယံအချိန်မှာတော့ စခန်းမှာရှိနေတဲ့ သူတွေအကုန် အသတ်ခံလိုက်ရပါတော့တယ်။ နယ်ထိန်း Cronin နဲ့ ဒုအရာရှိ McCully တို့ဟာ ညတွင်းချင်းပဲ တရားခံကို ဖမ်းဆီးဖို့ ခြေရာခံခဲ့ကြပြီး လူသတ်သမားရှိနေနိုင်တဲ့ စားသောက်ဆိုင်တစ်ခုကို ရောက်ရှိသွားကြပါတယ်။ တရားခံကို နောက်ဆုံးမှာရှာဖွေတွေ့ရှိသွားမလား လွတ်မြောက်သွားမလားဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(1 GB)/(664 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Nay

0 2025
Bone Face
December 31st Express
6.7

December 31st Express (2024) IMDb Rating (6.7) ရထားပေါ်မှာပဲ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးစုံကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ ယူကရိန်းရုပ်ရှင်။ ဒီဇင်ဘာလ ၃၁ရက်နေ့ညမှာ အယ်လ်ဗစ်ကိုသွားမဲ့ အမြန်ရထားတစ်စီး။ ပတ်ဝန်းကျင်အသီးသီးကနေလိုက်ပါကြမဲ့ စရိုက်အသီးသီး အဖြစ်အပျက်အမျိုးမျိုးနဲ့ ခရီးသည်တွေ။ ဒီခရီးစဉ်ပြီးရင် အငြိမ်းစားယူတော့မယ့် တွဲစောင့်ကြီး၊ မယားငယ်နဲ့အတူ သွားဒိတ်ဖို့ စီစဉ်ပြီးမှ မယားကြီးပါလိုက်ချလာတဲ့ ကုမ္ပဏီပိုင်ရှင်လည်းပါရဲ့။ ရုရှားနဲ့စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်ချစ်သူနှစ်ယောက်၊ နှစ်ကူးတဲ့အချိန်မှာ မင်္ဂလာဆောင်ဖို့လုပ်ထားရင်းက ခင်ပွန်းလောင်းက မင်္ဂလာပွဲပြီးရင် သူ့ကို နောက်တန်းပြန်ပို့ဖို့ စီစဉ်ထားလို့ မင်္ဂလာပွဲဖျက်ပြီး ထွက်ပြေးလာတဲ့ သတို့သမီးလည်းပါရဲ့။ မွေးခါနီးဖွားခါနီး ကိုယ်ဝန်သည်လည်းပါရဲ့။ စသဖြင့် စသဖြင့် အကြောင်းအရာကိုယ်စီနဲ့ ခရီးသည်တွေကြားက အဖြစ်အပျက်တွေကို စိတ်ဝင်စားစရာ ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.6 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:25:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

6.7 2024 90 mins
December 31st Express