YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rising with the Win E36 720p WEB-DL CM.mp4

330.36 MB N/A video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Love Mocktail 2
5.5

ဘဝမှာအချစ်ရဆုံးလူတွေနဲ့ကွေကွင်းခဲ့ရတဲ့လူတွေရှိကြမယ်ထင်ပါတယ် ဒါက ဘုရားသခင်ရဲ့ကစားပွဲလား ဘဝရဲ့သင်ခန်းစာလား အချစ်စစ် နဲ့‌ ဆုံတွေ့ခဲ့ရပေမယ့်ထင်မထားတဲ့ဘဝရဲ့အဆစ်အပြောင်းကြောင့် အချစ်ရဆုံးလူကိုဆုံးရှုံးခဲ့ရတဲ့ အာဒီတစ်ယောက် လောကဓံရိုက်ချက်တွေကြားမှာ အလူးအလဲခံစားနေရပါတယ် ဒါပေမယ့်တစ်နေ့မှာ ချစ်ရတဲ့နစ်ဒီ့ရဲ့ဝိဉာဉ်နဲ့ မထင်မှတ်ဘဲ စကားပြောနိုင်လာပြီး ဘဝကိုတစ်ဖန်ပြန်စလာနိုင်ခဲ့ပါတယ် နစ်ဒီက အာဒီတစ်ယောက်ခံစားနေရတာ မကြည့်ရက်လို့သာ ခေတ္တပြန်လာခဲ့ရပေမယ့် သူ့မှာလည်းအချိန်ကအများကြီးမရှိနေတော့ အာဒီရှေ့ လျှောက်ပျော်ဖို့အရေး နစ်ဒီဘာတွေလုပ်မလဲ နစ်ဒီ့ဝိဉာဉ်ကလွဲရင်ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်တဲ့အာဒီကရော ဘာတွေဆက်ဖြစ်သွားမလဲ ဇာတ်လမ်းကိုအဓိက support ပေးတဲ့ လွမ်းမောဖွယ်သီချင်းတွေဟာဆိုရင်လည်း အဆွေး mood ဝင်နေတဲ့ ကြည့်ရှုသူတွေအတွက်‌တော့လုံးဝအကြိုက်တွေ့စေမှာမို့ လွမ်းမောကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…2.1GB / 1GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Sutbtitle (hard sub) Encoder….YK Translated by Yunni & Haruko & Poe & Yate

Action • Adventure • Crime • Drama • Thriller • Western
5.5 2022 140 mins
Love Mocktail 2
Revealer
5.4

ဒီကားက ​​​ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာ​​ရေးပိုင်းနဲ့ စားတာဆို​တော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။ ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက ​နောက်ဆုံး ဖြစ်တဲ့ Revelationအ​ကြောင်းပါ။ ကမ္ဘာရဲ့​နောက်ဆုံး​နေ့ရက်များ အ​ကြောင်း​ပေါ့။ ဇာတ်လမ်းက စားသလို ​သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အ​ပြောအဆိုလည်း နည်းနည်း​လေးကြမ်းပါတယ်။ တစ်ကားလုံးမှာ အဓိကဇာတ်​ဆောင်က ​ကောင်မ​လေး၂​ယောက်ပဲပါတာပါ။ အန်ဂျီက ကလပ်က အ​ဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်​​ယောက်ကျ​တော့ ဘာသာ​ရေးအကိုင်းရှိုင်းလွန်း​နေသူ၊အန်ဂျီတို့လို မိန်းက​လေး​တွေ​ကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်​တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အ​ဖော်အချွတ်ကလပ်​တွေကို ဆန္ဒပြ​နေသူတစ်​ယောက်​ပေါ့။ တစ်​ရက်မှာ​တော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ​​​ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာ​တွေ မိုးရွာသလို တရဟောကျလာ​သတဲ့။ ကလပ် အပြင်မှာ ဆန္ဒပြ​နေသူတွေက​တော့ အဲဒါ​တွေအန္တရာယ်​ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်း​ဝင်ပြီး သတ်ကြပါ​လေ​ရော။ ဘာသာ​ရေးကိုင်းရှိူင်းသူ​လေး ဆယ်လီ​က​တော့ အဲဒါ​တွေရန်က​​နေ လွတ်ပြီး အ​ဖော်အချွတ်ကလပ်ထဲ​ ဝင်သွားနိုင်ပြီး အထဲမှာရှိ​နေတဲ့ အန်ဂျီနဲ့ ၂​ယောက်တည်း ၁ကမ္ဘာ ပိတ်မိ​သွားသတဲ့။ ကျမ်းစာ​တွေ ထုံးလို​မွှေ​ရေလို​နှောက် ဖတ်ထားတဲ့ ဆယ်လီက​ ဒီလက္ခကာ​တွေကကမ္ဘာကြီး​မှာ Sinner​တွေများလာလို့ ကပ်​ဆေးတာလို့ အတွင်တွင် ​ပြောသလို အန်ဂျီကလည်း စွာ​တေး ကလပ်မယ်ပီပီ ဘုနဲ့​ဘောက်နဲ့ပြန်​ပြောရင်း ကလပ်ထဲက​နေလွတ်​အောင်၊ မိုး​​ပေါ်က​နေ ကျလာတဲ့ အရာ​တွေ ရန်ကလည်းဝေး​အောင် ၂​ယောက်သားကြိုးစားကြရင်း ​နောက်ထပ်ပြဿနာ​တွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူက‌တော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:26:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Action • Comedy • Thriller
5.4 2022 86 mins
Revealer
Bill & Ted Face the Music
5.9

Bill and Ted: Face the Music (2020) IMDb 6.8/10 1989 တုန်းက Bill and Ted's Excellent Adventure အမည်နဲ့ ပထမဆုံး ထွက်ရှိခဲ့ပြီး 1991 မှာ Bill and Ted's Bogus Journey အမည်နဲ့ ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး အခု 2020 August 28 မှာ Bill and Ted: Face the Music ဆိုပြီး sequel ထပ်ပြီး ထွက်ရှိလာခဲ့ပါပြီ comedy science-fiction ဖြစ်ပြီး critics တွေရဲ့ positive review တွေလည်း ရရှိထားပါတယ်။ ဒီ sequel မှာတော့ Bill နဲ့ Ted တို့ဟာ ကမ္ဘာနဲ့ချီတဲ့ mission တစ်ခုကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးရဲ့ အနာဂတ်ဟာ သူတို့နှစ်ယောက်အပေါ်မှာ မူတည်နေပါတယ်။ ဒီ mission ကို မအောင်မြင်ရင်တော့ သူတို့အပါအ၀င် အားလုံး အနာဂတ်ဆိုတာ မရေရာမသေချာတွေ ဖြစ်ကုန်တော့မယ့် အခြေအနေပါ။ ဘယ်လို mission တွေကို ထမ်းဆောင်ပြီး ကမ္ဘာကို ဘယ်လိုကယ်တင်မယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲ ဇာတ်ကားလေးကို ရှုစားလိုက်ကြပါတော့.. Chris Matheson နဲ့ Ed Solomon တို့က ရေးသားထားပြီး ဒါရိုက်တာ Dean Parisot က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ Budget $ 25 million တောင် သုံးစွဲထားတဲ့ ဒီဇာတ်လမ်းမှာ John Wick မင်းသားကြီး Keanu Reeves နဲ့ မင်းသားကြီး Alex Winter တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပြီး တမူထူးခြားတဲ့ ဇာတ်ရုပ်အသွင်မျိုးတွေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File Size : 600mb and 300mb Quality : Webrip 720p/480p Format…mp4 Duration…1hr 28 min Genre :   Adventure, Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by Littleneo

Action • Crime • Drama • Thriller
5.9 2020 91 mins
Bill & Ted Face the Music
The House That Jack Built
7.2

Rating 7.2 နဲ့ ကြည့်ဖူးသမျှလူသတ်ကားတွေထဲမှာ အမိုက်ဆုံးလို့ပြောလို့ရတဲ့ လူသတ်ကားဖြစ်ပါတယ်... တချို့တွေက ကိုယ်တန်ဖိုးတဲ့အရာကိုဖန်တီးတာကို အနုပညာလို့ယူဆကြပါတယ်... ဒါပေမယ့် လူသတ်တာကို အနုပညာတစ်ခုလိုသဘောထားပြီး လုပ်တာကတော့ တော်တော်ကြီးကို ဆိုးဝါးတဲ့အလုပ်ပါ.... ဂျက်ဆိုတဲ့လူဟာ လူတွေကိုအကြောင်းမရှိဘဲနဲ့ လိုက်လံသတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ် သူဟာတခြားသောလူသတ်သမားတွေနဲ့မတူဘဲ လူသတ်ရသည်ကို ဂန္တဝင်အနုပညာရပ်တစ်ရပ်အနေနဲ့တွေးပြီး ကျူးလွန်တတ်တဲ့သူပါ သူ့အနေနဲ့ ဘယ်လိုဘယ်ပုံတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့... လူသတ်ကားတွေကိုမှကြိုက်တဲ့လူတွေအတွက် စနစ်တကျလူသတ်နည်းတွေနဲ့ များလှသောလူသတ်ခန်းတွေပါလို့ Rating လည်းးလန်းတယ် လူသတ်တာတွေလည်း ပက်စက်တယ်ဆိုတော့ .... ကဲ ကြည့်ကြမှာလား မကြည့်ကြဘူးလား...... File Size : (1 GB) and (304MB) Quality : WebDL 720p Running Time :2hr 32min Format : Mp4 Genre : Drama , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin

Action & Adventure • Drama • War & Politics
7.2 2018 151 mins
The House That Jack Built
The Haunting
5.4

The Haunting (1999) Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။ The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ ဇာတ်လမ်းကတော့ ပြောရလောက်အောင် ထူးခြားဆန်းကြယ်နေတာမျိုးမရှိပေမယ့် သရုပ်ဆောင်တွေက တကယ့်ဟဲဗီးဇာတ်ဆောင်ကြီးတွေပဲသုံးထားပါတယ်။ ဘာလို့ ဒီလောက် Rating နည်းရတာလဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ CGI ကြောင့်လို့ပဲ အပြစ်ပုံချချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဝတ္ထုကို သွေဖယ်တာမျိုးနည်းနည်းပဲရှိပေမဲ့ သရဲခြောက်တဲ့အပိုင်းတွေမှာ သရဲတွေ ကာတွန်းရုပ်ပေါက်နေတာက သိပ်ယုတ္တိရှိတယ်မခံစားရပါဘူး။ ၂၀၀၀ခုနှစ် မတိုင်ခင် CGI ဆိုတော့လည်း ဒီလောက်ပဲရမှာပေါ့ဗျာ။ သရုပ်ဆောင်တွေကိုလည်း အပြည့်အဝသရုပ်ဆောင်ခွင့်ပေးထားတယ်လို့ မခံစားရပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသလိုရှိပါတယ်။ ဒီရုပ်ရှင်မှာ ကြည့်ပျော်တဲ့အပိုင်း‌ဆိုရင်တော့ အိမ်ကြီးရယ် ဒါရိုက်တာရဲ့ရိုက်ချက်တွေရယ်ပါ။ သရဲကားတွေကိုကြည့်မယ်ဆိုရင် အတော်များများက ကြည့်တဲ့သူတွေခြောက်ခြားရအောင် ကိုယ်တိုင်ရောက်နေသလိုခံစားရအောင် သာမန်ထက်ပိုပြီး ရိုက်ကွက်ကို အသားပေးကြပါတယ်။ ဒီရုပ်ရှင်က The Conjuring လိုကားမျိုးတွေ ကြည့်နေကျလူတွေအတွက် ကြောက်ဖို့ကောင်းမှာမဟုတ်ပေမဲ့ နောက်ခံတီးလုံး၊ အလင်းအမှောင်နဲ့ ရိုက်ကွက်တွေက သရဲကားသာမန်ကြည့်‌တဲ့သူတွေအတွက် ကြည့်ပျော်တယ်လို့ပြောနိုင်ပါတယ်။ Liam Neeson, Catherine Zeta-Jones နဲ့ Owen Wilson တို့ရဲ့ ရှားရှားပါးပါး Horror ကားဖြစ်ပေမဲ့ ထင်သလောက်မအောင်မြင်ခဲ့တာကတော့ အတော်နှမျောစရာပါ။ ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီးကြီးတွေရဲ့ ငယ်ရုပ်ကိုပြန်မြင်ခွင့်ရချင်တယ်၊ သိပ်ကြောက်ရတာမျိုးလည်းမလိုချင်ဘူးဆိုရင်တော့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 820MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 53Min Genre - Fantasy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5.4 1999 113 mins
The Haunting
One Missed Call

IMDb rating 6.2 ရထားတဲ့ဒီ horror အမျိုးအစားသရဲကားဟာ ရာရှူကီအကီမိုတိုရဲ့ ချာကူရှင်ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းအကျဉ်းက- ငယ်ရွယ်တဲ့စိတ်ပညာကျောင်းသူ ရူမီနာကာမူရာက သူ့သူငယ်ချင်း ရိုကို့ဖုန်းကနေ ထူးဆန်းတဲ့အသံနဲ့ voice message တခုရခဲ့တယ် ဒီမက်ဆေ့က နောက်လာမယ့်၂ရက် ရက်စွဲနဲ့ဖြစ်ပြီးတော့ မက်ဆေ့ရခဲ့တဲ့ ယိုကို ကိုယ်တိုင်ကြောက်လန့်နေခဲ့တယ်….. ယိုကိုရောဘာဖြစ်သွားမလဲ……. ဒီလိုအဖြစ်အပျက်တွေကအရင်တုန်းကရောရှိခဲ့လား…. နောက်ရောဆက်ရှိနေဦးမှာလား……….. ရှိခဲ့ရင်ရောဘယ်လိုများဖြေရှင်းကြမလဲ…. ဘယ်ကပို့လာမှန်းမသိတဲ့ဒီမက်ဆေ့က ဘယ်သူ့ဆီကလဲ… ဒီပြသနာကိုဘယ်လိုများဖြေရှင်းကြမလဲ ရင်တခုန်ခုန်နဲ့စောင့်ကြည့်ရမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ် သရဲကားကြိုက်သူတွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အက်ဒမင်ကြီး ကိုသစ်ဆန်းခန့်တောင်တယောက်ထဲထိုင်မကြည့်ရဲတဲ့ ဇာတ်ကားမျိုးဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားတကားဖြစ်ပါတယ်.. ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Yun Sandi ဖြစ်ပြီး အညွှန်းကိုတော့ မြန်မာကြီး မှ ရေးပေးထားပါတယ်..

Action • Adventure • Comedy
0 2003
One Missed Call
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
Klip Anker Baai

Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။ သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
Klip Anker Baai
Hell’s Angels
7.3

Hell’s Angels က ၁၉၃၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စစ်ပွဲ ကာလအတွင်း ကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ရိုင် မွန်တဲတို့ နှစ်ယောက် စစ်ပွဲကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေရတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့အတွေးအခေါ်စိတ်နေစိတ်ထားနဲ့ စစ်ပွဲတွင်းအခြေအနေတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဟယ်လန်ဆိုတဲ့ ကောင်မလေးနဲ့ သူတို့ကြားက ဆက်ဆံရေးကိုလည်း ခံစားကြည့်ရှုရမှာဖြစ်တဲ့အပြင် IMDB မှာလည်း rating 7.3 ရရှိထားတာမို့ စစ်ပွဲကာလကို ထင်ဟပ်ချင်ရင်တော့ ကြည့်ရှုသင့်တဲ့ အဖြူအမဲ ဇာတ်ကားကောင်းပါ File size…(2.9 GB)/(2.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Action • Science Fiction • Mystery • Thriller
7.3 1930 131 mins
Hell’s Angels
The Eye 2

ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။ အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2004
The Eye 2
Villain and Widow
6.3

Villain and Widow (2010) ************************** ဒီတစ်ခါမှာတော့ 2010 ခုနှစ်က ထွက်ရှိထားတဲ့ Comedy,Romance ရုပ်ရှင် Villain and Widow ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာ Main lead တွေအနေနဲ့ အားလုံး ရင်းနှီးကြတဲ့ A list သရုပ်ဆောင်တွေပဲ ပါဝင်ထားတာပါ။ Romantic Doctor Teacher Kim ရဲ့ ဂင်ဆာဘူလို့ လူသိများတဲ့ မင်းသားကြီး Han Seok Kyu အပြင် Under The Queen’s Umbrella ထဲက မင်းသမီးကြီး Kim Hye Soo တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* ယွန်းဂျူ (Kim Hye Soo) က ယောက်ျားဖြစ်သူ ဆုံးပါးပြီးနောက် Single Motherအဖြစ်နဲ့ အလယ်တန်း ကျောင်းသူ သမီးလေးကို ပျိုးထောင်ရင်း နေထိုင်နေသူပါ။ တစ်ယောက်တည်း ရုန်းကန်ရတာ ခက်ခဲတဲ့အပြင် ငွေကြေးကိစ္စတွေပါလာတဲ့အခါမှာ ယွန်းဂျူတစ်ယောက် စိတ်ကျရောဂါကိုပါ ခံစားလာရပါတယ်။ ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် အိမ်ရဲ့ဒုတိယထပ်ကို အိမ်ငှားထားဖို့ လုပ်ခဲ့ရာက ထူးဆန်းတဲ့ စာရေးဆရာတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ အိမ်ငှားအနေနဲ့ ရောက်လာတဲ့ ဂန်ချန်းအင်(Han Seok Kyu)ဟာ ယွန်းဂျူထင်သလို သာမန်စာရေးဆရာတစ်ယောက် မဟုတ်ဘဲ ဘယ်လို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေမလဲ .. အိမ်ရှင်ဖြစ်တဲ့ မုဆိုးမလေး ယွန်းဂျူနဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်လာမလဲ .. ဒီကားလေးမှာ သရုပ်ဆောင် Han Seok Kyu နဲ့ Kim Hye Soo တို့ရဲ့ နုပျိုစဉ်ပုံရိပ်တွေကိုပါ မြင်တွေ့နိုင်မှာဖြစ်ပြီး ဟာသလေးတွေပါ နှောထားတာကြောင့် စိတ်လက်ပေါ့ပါးစွာနဲ့ ကြည့်လို့ရမဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ် (အညွှန်းကို Milk မှ ရေးသားပေးထားပါတယ်) File size…1.71GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Milk & Htoo Pyae Pyae Aung Encoded by AHtet

6.3 2010
Villain and Widow
Camp Crasher
5.5

ပတ်ထရီစီယာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြင်သူ သေဆုံးပြီး ခင်ပွန်းနဲ့လည်း ကွာရှင်းပြီးတဲ့အခါ မိမိဘဝထဲ ရာမီရိုဆိုတဲ့ သားလေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ အလုပ်နဲ့ သားက လွဲလို့ ဘာမှမသိတဲ့ ပတ်ထရီဟာ သားလေးကို တုန်အောင်ချစ်တဲ့အလျောက် မျက်စိအောက်ကအပျောက်မခံဘဲ သေးသေးလေးကအစ စွက်ဖက်တတ်တဲ့ အမေမျိုးပါ။ ဒီလိုတွေကြောင့် ကျောင်းမှာ မားမားဘွိုင်းလို့ အစခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး ရာမီကတော့ အမေ့ကို နည်းနည်းမှ ကြည့်မရပါဘူး။ ပုန်ကန်တဲ့အရွယ်လေး ရောက်လာတာကြောင့် ရာမီဟာ တစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ ဖခင်ဆီ သွားနေဖို့ ကြံစည်တော့တယ်။ ရာမီရဲ့အကြံကို တိတ်တခိုးသိသွားတဲ့ ပတ်ထရီဟာ ဘဝကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သားလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်သွားခဲ့တယ်။ ဒါကြောင့် သူမဟာ အမိုက်စားမေမေဖြစ်တယ်ဆိုတာ ရာမီကို ပြသဖို့အတွက် ရာမီရဲ့ ကျောင်းလေ့လာရေးခရီးမှာ ဒရိုင်ဘာအနေနဲ့ လိုက်လာပါတော့တယ်။ မိဘမေတ္တာကို ဖော်ကျူးတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တဲ့အလျောက် ကြည်နူးစရာ၊ စိတ်ဆိုးစရာ၊ ရယ်စရာတွေကို အလှည့်ကျ ရှူစားရမှာ ဖြစ်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးကြည့်နိုင်မဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.93GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Drama • Mystery • Thriller
5.5 2024 95 mins
Camp Crasher
Wish You Were Here
5.8

“လူတစ်ယောက်ကိုတကယ်ချစ်မိသွားဖို့က အချိန်အကြာကြီးမလိုအပ်ဘဲ တစ်ဒင်္ဂအတွင်းမှာလည်းဖြစ်ပျက်သွားနိုင်ပါတယ်” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ကျူးထားတဲ့ Wish You Are Here ကတော့ Romance အမျိုးအစား အချစ်ကာဖြစ်ပါတယ်။ စားပွဲထိုးမလေးရှားလော့တစ်ယောက် သူငယ်ချင်းနဲ့အပြင်ထွက်ရင်း မထင်မှတ်ဘဲ အဒမ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညတာအတူနေခဲ့ မိကြပါတယ်။ ရှားလော့ထင်မထားခဲ့မိတာက အဲဒီတစ်ညဟာ သူ့ဘဝ အတွက်အရေးပါဆုံးနဲ့အပျော်ရွှင်ဆုံးဖြစ်လာခဲ့တာပါပဲ။ ဒါပေမဲ့ အရာရာကိုမေ့တတ်လွန်းတဲ့အဒမ်ဟာ ရှားလော့ထင်သလို ရိုင်းစိုင်းတဲ့ကောင်လေးတစ်ယောက်မဟုတ်ဘဲ ကင်ဆာဝေဒနာတစ်ခုကြောင့် သေရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ ရှားလော့ဟာ အဒမ်ရဲ့နောက်ဆုံးအချိန်တွေမှာ အတူရှိနေပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဒမ်က သူမရှိတော့တဲ့အချိန်မှာ ရှားလော့တစ်ယောက် ဘဝကို ရှေ့ဆက်ပြီးလူကောင်းတစ်ယောက်နဲ့တွေ့ဖို့မျှော်လင့်ပေမယ့် လောကကြီးကနေ အဒမ်ထွက်ခွာသွားချိန်မှာ ရှားလော့ကတော့ ဖြေရာမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရှားလော့တစ်ယောက် မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ကူညီဖေးမမှုတွေကြောင့် အဒမ်ဖြစ်စေချင်ခဲ့သလို ဘဝကိုရှေ့ဆက်ပြီး လူကောင်းတစ်ယောက်နဲ့ လည်းဆုံစည်းနိုင်ခဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ File size… (1.29GB) / (728MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Science Fiction • Action
5.8 2025 99 mins
Wish You Were Here
The Return of the Sister-in-Law
6.1

ကြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ် အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ် နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ် ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ? ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ

Action • Crime • Drama • Thriller
6.1 2021
The Return of the Sister-in-Law