YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Reuan Rom Ngiw.(2021) EP23.mp4

479.69 MB N/A video/mp4 834 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My One True Love
6.8

Review- မိတ်ဆွေတို့ရဲ့ဘဝမှာအဆင်မပြေတာတို့ ခက်ခဲတဲ့အချိန်တို့ကြုံတွေ့ရတဲ့အချိန်တွေမှာ တသ်နေရာမှာတစ်ယောက်တည်းနေပြီး ဒီအခက်အခဲတွေအကြောင်းစဉ်းစားကြည့်ဖူးမယ်ထင်ပါတယ်, ဒါမှမဟုတ် အခြားသူတစ်ယောက်အခက်အခဲြစ်နေတာတွေကိုကြည့်ပြီးတော့ သူ့နေရာကိုခဏဝင်ကြည့်ပြီး စဉ်းစားဖြစ်လားဗျ, လူတိုင်းကတော့ ရှင်းပြလို့မရတဲ့ကိုယ်အခက်အခဲနဲ့ကိုယ်ပါ, ဒီကားကတော့ Nightclub က အပျော်မယ်လေး Aoi ရဲ့ခက်ခဲတဲ့ဘဝအကြောင်းပါ, Aoi ဟာ ဘဝပေးအခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ အသက်မပြည့်သေးဘဲ ဒီအလုပ်တွေနဲ့ရှာဖွေစားသောက်လျက်ရှိပါတယ်, ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ပြီး ဘာမှလက်လုပ်လက်စားမရှိ ရှိသမျှပိုက်ဆံကိုသုံးဖြုန်းတတ်တဲ့ ယောကျာ်းMasaya နဲ့ 2နှစ်အရွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်, ပိုက်ဆံမပေးနိုင်ရင်လည်း ယောကျာ်းဆီမှာထိုးကြိတ်ခြင်းခံရပါသေးတယ် တစ်နေ့မှာ အသက်မပြည့်သေးတဲ့လူတွေနဲ့လုပ်ကိုင်စားသောက်တဲ့ Club တွေကို ရဲတွေကဝင်ဖမ်းပြီးပိတ်သိမ်းလိုက်တာကြောင့် Aoi တစ်ယောက်အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး အခြားကလပ်တွေပါအလုပ်မခံ့ကြတော့ပါဘူး, ဒီကြားထဲ Masaya တစ်ယောက်ရန်ဖြစ်ပြီး အချုပ်ထဲရောက်သွားလို့ လျော်ကြေးပေးရမယ်အခြေအနေတွေဖြစ်လာတာကြောင့် Aoi မှာပိုက်ဆံလိုလာခဲ့ပြီး သူ့မှာရွေးချယ်စရာတစ်ခုပဲရှိလာပါတော့တယ်, ဒါကတော့ ဒိတ်လိုက်တဲ့ဝန်ဆောင်မှုပါ, သာမန်နေ့ပိုင်းအလုပ်ကလည်း လစာပိုက်ဆံနည်းပါးလွန်းတာကြောင့် Aoi ဟာ ဒိတ်လုက်တဲ့ဝန်ဆောင်မှုနဲ့ ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းရမလဲ အကျိုးဆက်တွေဘယ်လိုတွေဖြစ်လာမလဲဆိုတာကြည့်ရှုရမှာပါ (မင်းသမီးကတော်တော်လှတယ်) ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__7/10 Format__mp4 Duration__02:04:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama • Mystery • Thriller
6.8 2022 88 mins
My One True Love
Peter Pan
7.2

Peter Pan (1953) ============= အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.62 GB) / (759 MB) / (501 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama
7.2 1953 77 mins
Peter Pan
Coast Guard Malaysia: Ops Helang
2

မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူ ဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင် မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီး ဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာ ရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ.... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။ File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
2 2023 90 mins
Coast Guard Malaysia: Ops Helang
Ali Wong: Don Wong
7.3

စင်ဂယ်ဘဝကို ပြန်အားကျနေကြတဲ့ အိမ်ထောင်သည်တွေ အိမ်ထောင်သည်ဘဝကို မျှော်လင့်နေကြတဲ့ စင်ဂယ်တွေအတွက် ချစ်သူများနေ့အမှတ်တရဆိုပြီး Netflix အထူး တင်ဆက်ပေးထားတဲ့ show လေးကတော့ Ali Wong ရဲ့ Don Wong ပဲဖြစ်ပါတယ်။ ဒီရှိုးလေးမှာတော့ Ali တစ်ယောက် စင်ဂယ်တွေကို ဘာလို့အားကျတာလဲဆိုတာတွေ အမေတို့ခေတ်နဲ့မတူတော့တဲ့ ၂၁ရာစုကြီးမှာ မိန်းမတွေရဲ့ဖောက်ပြန်ချင်စိတ်နဲ့ အလိုဆန္ဒ အကြောင်းတွေ သတ်လတ်ပိုင်းအိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ ဆန္ဒမပြည့်ဝခြင်းလေး တွေကို ဘွင်းဘွင်းရှင်းရှင်းကြီး ဟာသနှောပြီးတင်ဆက်ထားတဲ့ comedian Ali Wong ရဲ့ အထူးရှိုးလေးမို့ စိတ်ဝင်တစားသိရှိလိုသူအပေါင်းတို့ လက်မလွတ်တမ်းကြည့်ရှုနိုင်ကြပါပြီနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.25 GB) /(441 MB) / (273 MB) Quality – WebRip 1080p / 720p/480p Duration - 50mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy Translator – Lwin Lwin Aung Encoder – SWM

Comedy • Drama
7.3 2022 59 mins
Ali Wong: Don Wong
Crazy Rich Asians
7.1

ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။ အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူး ဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။ စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ လို့ အရမ်းကိုအံ့အားသင့်ခဲ့ရပါ တယ်။ ရေချယ်က ပိတ်လင်ရဲ့ မိသားစုနဲ့ စကားပြောဆိုရင်း သူသွားတွေ့ရမယ့် သူ့ချစ်သူနစ်ခ် ရန်းရဲ့ မိသားစုဟာ ဂိုမိသားစုထက်အဆပေါင်း များစွာချမ်းသာ သလို သြဇာလည်းကြီးတဲ့မိသားစု ဆိုတာ ရုတ်တရက်သိခဲ့ရတဲ့အ တွက် စိုးရွံ့သွားခဲ့ပါတယ်။ ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကိုနစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိ ပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါ တယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။ ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။ တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။ ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ Constance Wu , Henry Golding , Michelle Yeoh,Gemma Chan , Lisa Lu၊ Nico Santos, Ronny Chieng စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) ***သတိပေးချင်တာက အချို.ဇာတ်ဝင်ခန်း ၂ ခန်းလောက်က တရုတ်လိုပြောတဲ့အတွက် စာတန်းထိုးဖိုင်မှာ ပါမလာပါဘူး မူဗီမှာတော့ Eng sub ပါပါတယ်။စကားပြောလွယ်တာရယ် မအားလပ်တာရယ်ကြောင့် ထိုအခန်းတွေကို စာမဖြည့်ထားပါဘူး*** File Size : (950 MB) Quality : Blu-Ray 720p Running Time : 2h 00min Format : Mp4 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Mystery • Sci-Fi & Fantasy
7.1 2018 121 mins
Crazy Rich Asians
Cars 3
6.9

ဇာတ်လမ်းပုံစံကတော့ မက်စ်ကွင်းစ် ရဲ့ ခြေကျချိန် ကို ရောက်လာပြီ ဆိုတဲ့ သတိပေးချက်နဲ့ အတူ ပြိုင်ကွင်းမှာပဲလူငယ် မုန်တိုင်းဂျက်ဆင် ကို ပိုးစိုးပက်စက် ရှုံးနိမ့်သွားခဲ့တာနဲ့ ဇတ်လမ်းကို ဇတ်ရှိန်စမြင့်ပေးလိုက်ပါတယ် မက်စ်ကွင်း ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာကြောင့်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှုတွေလိုအပ်နေတဲ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ အတွက် တဖန် ပြန်လည်ပြင်ဆင်ရာတွင် လေ့ကျင့်ပေးသူခရူးစ် နဲ့ စတင်တွေ့ဆုံခဲ့ရပြီး ခရူးစ် ရဲ့ စိတ်ဓါတ်မြင့်တင်ပေးမှု တွေနဲ့ မက်စ်ကွင်းစ် ဟာလူငယ်လေးတွေကြား ကားပြိုင်ကွင်းအတွင်း အပြေးလှမ်းဖို့ ရောက်ရှိလာတဲ့အခါမှာတော့... (ဘာသာပြန်သူကတော့ ကိုဝေယံမောင်ဖြစ်ပြီး အညွှန်းကိုတော့ ကိုသစ်ဆန်းခန့်မှရေးပေးထားတာပါ) File Size : (801 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encode by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2017 102 mins
Cars 3
High Ground
6.5

ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ သွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်း ကာလမှာအခြေတည်ထားပါတယ်….။ သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ Aboriginal Australiansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်း မြင်တွေ့ရဦးမှာပါ…။ ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိ ထားတဲ့ဇာတ်ကားပါ…။ ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက် မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ် လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။ လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေး ပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာ ငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။ ၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာ သူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်…။ လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့ မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အား အရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File size…2.29GB / 1.43GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.5 2020
High Ground
Hummus Full Trailer

အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါ ဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:32:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow

Horror • Comedy
0 2022
Hummus Full Trailer
The Rundown
6.7

2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7 ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ 2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ Dwayne (The Rock) Johnson အတွက်တော့ လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ …….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။ အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့ သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။ အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ မြန်မာစာတန်းထိုးဘာသာပြန်ကတော့ ကိုညီညီကျော်မြင့်မှ ရေးသားတင်ဆက် ထားပါတယ်။)

6.7 2003 104 mins
The Rundown
No Way To Spin It
5.6

ဒီဇာတ်ကားလေးကတော့ ကလယ်ယာ ဆိုတဲ့ နယူးယောက်မှာရှိတဲ့ အောင်မြင်သာယာနေတဲ့ မိန်းကလေးတစ်ယောက်က သာသာယာယာနေနေရင်း သူ့သတိုးသားလောင်းနဲ့ မင်္ဂလာဆောင်ခါနီးမှ သူ့ရဲ့ personal ပြဿနာတွေ တစ်ခုပြီးတစ်ခုပေါ်လာတာတွေကို သူဘယ်လိုဖြေးရှင်းလဲဆိုတာကို ရိုက်ပြထားတဲ့ Drama ကားလေးတစ်ကားပါ ပုံမှန်လက်တွေ့ဘဝမှာလည်း ကြုံရတတ်တဲ့ မထင်မှတ်ထားတာတွေပါ ဒီလို အခက်အခဲတွေနဲ့ကြုံလာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာလေးပါ ကြည့်ရှုလိုက်ကြပါဦးလို့…… File size…(1.5 GB)/(690 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama
5.6 2023
No Way To Spin It
Labyrinth
7.3

Labyrinth (1986) IMDb Rating (7.3) / Rotten Tomatoes (77%) ” ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ ” ” အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ ” ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက ” မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ ” တဲ့။ ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ ဘုရင်ကြီးရဲ့ ရဲတိုက်ကိုရောက်ဖို့ ဝင်္ကပါတစ်ခုကို သူကျော်ဖြတ်ရတော့တဲ့အခါ ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ဘယ်လိုသူငယ်ချင်းတွေ ရမှာလဲ။ အကျဉ်းချုပ်အနေနဲ့ကတော့ မိန်းမငယ်လေးတစ်ယောက်အတွက် ကလေးဘ၀နဲ့ လူကြီးဘ၀ကြားက ကြားကာလလေးကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတာလေးပါပဲ။ Cast အနေနဲ့ကလည်း မှင်စာဘုရင်ကြီးဂျဲရက်အဖြစ် David Bowie နဲ့ ဆာရာအနေနဲ့ကတော့ လှတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ မင်းသမီး Jennifer Connelly ပါပဲနော်။ ဒီကားထဲမှာ ၁၅ နှစ်အရွယ်လေးပဲရှိ‌သေးလို့ မှော်ဆန်ဆန်ကားတွေမကြိုက်ရင်တောင် သူနဲ့တင် ကြည့်ဖို့တန်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Family, Fantasy Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

Horror • Thriller
7.3 1986 102 mins
Labyrinth
Rules of Engagement
6.4

Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကားဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့.. စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shieldဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲသိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ်ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာမမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ်။ ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကားစကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေဖုံးကွယ်ထားတဲ့ မြုပ်ကွက်တွေ နဲ့ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ကိုနှိုးဆွပြီး ဇာတ်ကားဆုံးတဲ့အထိ ဆွဲဆောင်သွားတယ်ထူးထူးခြားခြားလို့ပြောရမလား အကြမ်းအရမ်းခန်းတွေနဲ့နာမည်ကြီး ဇာတ်ကောင် Samuel L. Jackon (Nick Fury) ကို တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့မြင်လိုက်ရတယ်။ ဇာတ်ကားအကြောင်းကိုအတိုချုပ်ပြောရရင် ကာနယ် Childers (Jackson) တစ်ယောက် ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးကသံအမတ်မိသားစုကို ဆန္ဒပြမှုတွေကြားကနေ သွားခေါ်ဖို့အမိန့်ပေးခံရတယ်။ သူရောက်တဲ့အချိန်မှာ အခြေအနေ ကတော်တော်ဆိုးနေပြီ ဆန္ဒပြလူအုပ်စုက ခဲတွေ မီးတုတ်တွေနဲ့ပစ်ခတ်နေသလို ခေါင်းမိုးပေါ်ကနေလည်း သေနတ်တွေနဲ့ပစ်ခတ်နေပြီကယ်ထုတ်မှရမယ့် အခြေအနေမှာမို့သံအမတ် လင်မယားကို ကယ်ထုတ်နေတဲ့အချိန်မှာတင် တပ်သားသုံးယောက် ကျသွားတယ်။ ကျည်ဆံတွေကြား တပ်ဖွဲ့ဝင်တွေ ခေါင်းမဖော်ရဲတဲ့ အခြေအနေမှာ Childers အနေနဲ့သူ့ရဲဘော်တွေကို ဆန္ဒပြ လူအုပ်ကြားပစ်မိန့်ပေးလိုက်တယ် ကလေးတွေ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြား ပစ်ခတ်အပြီးမှာ တစ်ဖက်ကသေနတ်သမားတွေ ရပ်သွားသလို သံရုံးလည်း စုတ်ပြတ်ကျန်နေခဲ့တယ်။ ပြသာနာက အဲ့မှာစတာပဲ အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးသွားသလို ဆန္ဓပြလူအုပ်ဘက်ကလည်း ၈၃ ယောက်သေဆုံးသွားတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေလည်း ပါလာခဲ့တယ်။ အဲ့ဖြစ်ရပ်အပြီးမှာတော့ နိုင်ငံတကာ သတင်းစာတွေကြား ခေါင်းကြီးပိုင်းမှာပါလာခဲ့ပြီး အမေရိကန်လုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ကာနယ် Childers တစ်ယောက်ကို စစ်ခုံရုံးတင်ဖို့လုပ်ပါတော့တယ်။ ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုဖြစ်ခဲ့လဲ သူမသိချင်ဘူး သူသိတာက နိုင်ငံတကာက ပေးလာမယ့် ဖိအားတွေ အားလုံးကို ကာနယ် Childers နဲ့ပဲ စတေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်မှာ ကာနယ် Childers အနေနဲ့လုံးဝ တုန်လှုပ်သွားတယ်။ တစ်သက်လုံး သူအသက်ပေးကာကွယ်လာတဲ့တာဝန်ထမ်းဆောင်လာတဲ့ သူ့အမိမြေက သူ့ကို ငြိမ်းချမ်းရေးပျက်ပြားစေမှု မလျော်ကန်သော ပြစ်မှုလုပ်ဆောင်မှုလူသတ်မှုစတာတွေနဲ့စွဲချက်တင်လာခဲ့တယ်။ သူအမှုနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမြတ်နိုးတဲ့ စစ်သားဘဝ ကနိထ္ထိ တံသွားပြီ သူသေဒဏ်ကျနိုင်တယ် နှစ်ရှည်လများ တစ်သက်လုံး ထောင်ထဲမှာ နေသွားရနိုင်တယ်။ ဆယ်ခုနှစ်များစွာတာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့သမျှ နေ့ချင်းညချင်း တရားခံ တစ်ယောက်လိုသတ်မှတ်ခံလိုက်ရတယ်.. ဒီအချိန်မှာသူဆွဲမိ ဆွဲရာ ဆွဲလိုက်တဲ့ကောက်ရိုး တစ်မျှင်က သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း လည်းဖြစ် ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်တဲ့ Hodges ဗီယက်နမ် စစ်ပွဲမှာ တိုက်ပွဲဝင်ပြီးကတည်းက ရုံးပိုင်းဆိုင်ရာ တွေနဲ့ပဲ ကျင်လည်နေခဲ့ရသူ စစ်ဘက်ရှေ့နေတစ်ယောက်ဆိုပေမယ့် အမှုတောင် ကောင်းကောင်းမလိုက်ခဲ့ဘူးသလို ရက်ပိုင်းအတွင်းမှာပဲ အငြိမ်းစားယူတော့မယ်သူ အသိုင်းအဝိုင်းတွေ မိဘတွေက တားတဲ့ကြားက သူ့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ် သူ့အသက်သခင်လည်း ဖြစ်တဲ့ Childersကို အမှုလိုက်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ရင်ဆိုင်ရမှာက စစ်ဘက်ရှေ့နေ့တွေထဲက အတော်ဆုံး ဆွဲချရှေ့နေတစ်ယောက် ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအကြံပေးရဲ့ဖိအားတွေနဲ့သက်သေခံတွေ သူကိုယ်တိုင် ကယ်တင်ပေးခဲ့တဲ့သံအမတ်ကိုယ်တိုင်က သူ့ဘက်မှာမရှိ သူတို့အဖြစ်က သတ်ကွင်းထဲက သိုးငယ်တွေလို.. ဒီလို အခြေအနေနဲ့ နှစ်ဦးသား တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှန်းလို့မရအောင် ရိုက်ပြသွားတာကိုက စိတ်ဝင်စားဖွယ်ကောင်းလွန်းလှတယ် ဒီအခြေအနေမှာ ဇာတ်လမ်းကိုအမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားသူတစ်ယောက်က Childers အဖြစ် သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Jackon ပါပဲ။ တစ်ခြားသော သူရိုက်ခဲ့သမျှ ဇာတ်ကောင်တွေနဲ့လုံးဝတစ်သီးတခြား သရုပ်ဆောင်သွားတယ် စစ်သည်တော်ကောင်းတစ်ယောက်ရဲဘော်ရဲဘက်တွေ အတွက်ဆို ဘာပဲလုပ်ရ လုပ်ရဆိုတဲ့ သူတစ်ယောက်အဖြစ်သရုပ်ဆောင်သွားတယ်.. ကျည်ဆံတွေ တစ်ဖွဲဖွဲကျနေတာတောင် နိင်ငံတောင် အလံကို ရအောင်ပြန်ယူတဲ့သူ မထင်မှတ်ထားတဲ့အချို့အကွေ့ သေဒဏ်ကျခံရနိုင်တဲ့ အခြေအနေမှာ ဝမ်းနည်းစိတ်နဲ့မျက်ရည်ကျမိပေမယ့် အထက်က အစောင့်တစ်ယောက်ချထားစရာမလိုအောင် ယုံကြည်ရတဲ့သူ ရန်သူဖြစ်တဲ့ ဗီယက်နမ် ဗိုလ်ချုပ်ဟောင်းကတောင် အလေးပြုရတဲ့သူ.. တော်လှပါတယ်ဆိုတဲ့ ရှေ့နေတွေကိုခေါက် အချစ်ဆုံး သူငယ်ချင်းကြီးကိုသာ အကူအညီတောင်းတဲ့သူ..သူပြောတဲ့စကားက တစ်ခွန်းတည်း တိုက်ပွဲဆိုတာကို လက်တွေ့မကြုံဘူးတဲ့သူတွေကို ငါ့ဘက်က မလိုက်စေချင်ဘူးတဲ့.. ယောကျ်ားရင့်မာ စစ်သားကြီးတစ်ယောက် ဝမ်းနည်းစိတ် တွေနဲ့မျက်ရည်ကျမိပုံက ပရိတ်သတ် ရင်ထဲ ကူးစက်လာအောင်သရုပ်ဆောင် ကောင်းလွန်းလှတယ်ကြည့်ကြည့်ပါ.. မြှုပ်ကွက်တွေ ဒိုင်ယာလော့တွေ လိုက်ဖက်ကောင်းမွန်တဲ့ ဇာတ်ရုပ်တွေက သင့်ကို ဇာတ်လမ်းပြီးဆုံးတဲ့အထိဆွဲဆောင်သွားမှာအသေအချာပါ.. Imdb 6.4 ရထားတဲ့ ဒီကားက သင့်ကို စိတ်မပျက်စေရုံမက သင့်ကို အမြင်အသစ်တွေ ခံစားချက်အသစ်တွေပေးစွမ်းနိုင်မှာပါ.. ဇာတ်လမ်းအရသာ ပျက်မှာဆိုးလို့ဇာတ်လမ်းကို အပျိုးလေးပဲ ရေးပေးထားပါတယ်..ဘာတွေ ဆက်ဖြစ်မလဲသေချာသိချင်ရင်တော့ ကြည့်ကြည့်လိုက်ပါ မိတ်ဆွေ.. (ရုပ်ရှင်အညွှန်းကို Waiyan Naung’s Facebook မှကူးယူဖော်ပြပါသည်။) File size…(9.7 GB) / (2.3 GB) / (1.5 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller, War Duration….02:07:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Hades

6.4 2000 128 mins
Rules of Engagement
Heavier Trip

ဖင်လန်နိုင်ငံကရိုက်တဲ့ ဟာသဇာတ်ကားလေးပါ။ ၂၀၁၈ခုနှစ်ထွက် Heavy Trip ရဲ့ နောက်ဆက်တွဲဇာတ်ကားပါ။ မတ်တယ်လ်ဂီတ (Metal music) ဆိုတာ ရော့ခ်ဂီတရဲ့ မျိုးခွဲတစ်မျိုးပါ။ သူ့ရဲ့ အဓိကလက္ခဏာတွေကတော့ ကျယ်လောင်အားပြင်းတဲ့အသံ၊ လျှပ်စစ်ဂစ်တာကို distortion effect တွေနဲ့ အသုံးပြုတာ၊ ရှုပ်ထွေးတဲ့ ဂစ်တာ riff တွေ၊ အားပါတဲ့ ဒရမ်သံနဲ့ ဘေ့စ်သံတွေ၊ ကျယ်လောင်ပြီး ပြင်းထန်တဲ့ အဆိုတော်ရဲ့ အသံတို့ပဲ ဖြစ်ပါတယ်။ မျိုးခွဲတွေလည်း အများကြီး ရှိပါတယ်။ နာမည်ကြီးတဲ့ မျိုးခွဲတွေကတော့: မက်တယ်လ်ဂီတဟာ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အများအပြားရှိတဲ့ ဂီတအမျိုးအစားတစ်ခုပါ။ သူ့ရဲ့ ပြင်းထန်တဲ့ အသံနဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ဖော်ပြတဲ့ ပုံစံကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Impaled Rektum “တံကျင်လျို” မတ်တယ်လ်တီးဝိုင်းဟာ ပထမဇာတ်ကားက ဖြစ်ရပ်တွေကြောင့် နော်ဝေထောင်တစ်ခုမှာ ထောင်ဒဏ်ကျခံနေရပါတယ်။ အဆိုတော် တိုရို (Johannes Holopainen)၊ ဘေ့စ်ဂစ်တာသမား ဇီထရပ်စ် (Max Ovaska)၊ ဂစ်တာသမား လော့ဗိုနန် (Samuli Jaskio) နဲ့ ဒရမ်သမား အိုလာ (Chike Ohanwe) တို့ကို ဂျာမနီနိုင်ငံ ဗက်ကမ်မှာကျင်းပမယ့် ဂီတပွဲတော်အတွက် ယူရို ၅၀၀၀၀ပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ဇီထရပ်စ်က မတ်တယ်လ်ဂီတပွဲမစစ်လို့ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မွေးမြူရေးခြံကိုအပေါင်ဆုံးတော့မယ့် လော့ဗိုနန်ရဲ့အဖေကို ကယ်တင်ဖို့ ‌‌‌‌‌ထောင်ဖောက်ပြေးပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပိုက်ဆံရှာဖို့အသည်းအသန်ကြိုးစားကြပုံများကို ဟာသတွေနှောပြီး ကြည့်ရမှာပါ။ တံကျင်လျိုအဖွဲ့ရဲ့ မက်တယ်လ်ဂီတပုံစံကတော့ “”symphonic post-apocalyptic reindeer-grinding Christ-abusing extreme war pagan Fennoscandian metal” ပါတဲ့။ ချစ်စရာ ဂျပန် Baby Metal အဖွဲ့က Cameo ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Juuso Laatio နဲ့ Jukka Vidgren ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.3 GB) / (837 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

Drama • Thriller
0 2024
Heavier Trip
Saint Catherine
5

Saint Catherine (2024) ဒီကားထဲမှာဆိုရင်တော့ အယ်လီဆိုတဲ့အမျိူးသမီးလေးဟာ တစ်အိမ်ပြီးတစ်အိမ်ပြောင်းနေနေရတဲ့ မိဘမဲ့လေးပါ။ တရက်ကျတော့ စိန့်ကယ်သရင်းဆိုတဲ့ ကျောင်းကိုရောက်သွားခဲ့တယ် အဲ့ကျောင်းမှာကျောင်းသူတွေကို မကောင်းဆိုးဝါးတွေကို ဘယ်လိုဆန့်ကျင့်ရမလဲ trainပေးကြတယ်။ အယ်လီတစ်ယောက်လည်း အဲ့ကျောင်းမှာ သူနောက်တကောက်ကောက်လောက်နေတဲ့ မကောင်းဆိုးဝါးကို ပြန်တွန်းလှန်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ သဲထိတ်ရင်ဖို ရင်ထဲတမျိုးကြီးကျန်ခဲ့ချင်တာမျိုးကြိုက်ရင်တော့ ဒီကားကြည့်ကြပါလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (840 MB) / (510 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:28:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw

Drama
5 2024 86 mins
Saint Catherine