YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Return (2018)Ep33.WEB-DL.1080P(CM).mp4

657.93 MB N/A video/mp4 102 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Da Vinci Code
6.7

The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။ ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။ မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။ ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု … 13-3-2-21-1-1-8-5 ..… နောက်တစ်ခုက စာသားတွေ … O,Draconian Devil Oh, Lame Saint တဲ့ …… ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။ လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။ သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။ ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။ ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။ ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။ တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။ စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။ Leonardo Da vinci The Mona Lisa တဲ့။ သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့် Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖွဲ့ခဲ့တယ်။ ဒါပေမယ့် DAN BROWN ရဲ့ စာအုပ်ထဲမှာတော့ ၎င်းက အဆိုပါတပ်ဖွဲ့ဟာ မြို့တော်နဲ့လားလားမှမဆိုင်ဘဲ Holy Grail ခွက်ကို ရှာပုံတော်ဖွင့်ဖို့လို့ဆိုထားပါတယ်။ Holy Grail ကရော ပြတိုက်မှူးကြီး အသတ်ခံရာမှာ ဘယ်လိုပတ်သက်လဲ ? ဟို နှစ်ရာပေါင်းများစွာက Leonardo Da Vinci ကရော ဘယ်လိုပက်သက်လဲ ? ကြားထဲက လန်ဂ်ဒန်ကရော ? ၁၇၄ မိနစ်တိတိကြာတဲ့ ဒီဇာတ်ကားဟာ သမိုင်းမှန်ကိုနောက်ခံထားပြီး စိတ်ကူးယဉ်ထားတာမို့ ဘယ်လိုကြည့်ကြည့်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ Secret Order တွေ Secret Treasure တွေအကြောင်းကို စိတ်ဝင်စားသူတွေက ရုပ်ရှင်ကြည့်လိုက် သမိုင်းအစစ်အမှန်ကိုရှာဖတ်လိုက်နဲ့ ရုပ်ရှင်တကားကြည့်ဖို့ရာ လေး ငါးနာရီလောက် အချိန်ပေးရပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ စာအုပ်ရဲ့အရသာကိုလုံးဝပေါ့မသွားစေတဲ့အပြင် လန်ဂ်ဒန်အဖြစ်သရုပ်ဆောင်တဲ့ Tom Hanks ရဲ့ဇာတ်ကောင်အားနဲ့ တချို့ဇာတ်ဝင်ခန်းတွေဆို စာအုပ်ထက်တောင် ပို Dark သလိုခံစားမိတယ်လို့ဆိုရမယ်။ (ရာရာ) (ရုပ်ရှင်အညွှန်းကို The Silver Screen FB Page မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားကို Extended Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ အခန်းတချို့ ရိုက်ကွက်တချို့တွေကိုပါ အပြည့်အစုံရှုမြင်ကြရမှာဖြစ်ပါတယ်။ အဆက်အနေနဲ့ဆက်ထွက်လာခဲ့တဲ့ Angels & Demon (2009) နဲ့ Inferno (2016) ကိုလဲ ထပ်မံတင်ဆက်ထားပါတယ်။ File size…(2.9 GB)/ (1.2 GB) Quality….BluRay Extended 1080p HEVC/720p Format…mkv/mp4 Duration….02:54:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Action • Drama • Science Fiction • Thriller
6.7 2006 149 mins
The Da Vinci Code
Evil Dead Rise
7

~ IMDb - 7.1/10, RT - 84%, Meta - 69% ~ Evil Dead ဆိုတာ ဟော်ရာရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ ဟောဒီရုပ်ရှင်ကတော့ Evil Dead ရဲ့ ၅ ကားမြောက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ကျန်တဲ့လေးကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ ဒါရိုက်တာ Lee Cronin ဟာ အရင်က The Hole in the Ground ဆိုတဲ့ဟော်ရာကားတစ်ကားလောက်ပဲ ကြီးကြီးမားမားရိုက်ဖူးပေမဲ့ ဒီ Evil Dead ရုပ်ရှင်မှာတော့ ရှားရှားပါးပါး IMDb - 7.1/10 ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ The Hole in the Ground ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်က အစတုန်းက HBO Max ကနေ ပြဖို့လောက်ပဲ စီစဉ်ထားပေမဲ့ အကြိုပွဲတွေမှာအရမ်းကို လူကြိုက်များလွန်းတာကြောင့် ရုံတင်ဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ဖြစ်သွားတာပါ။ မူရင်းသုံးကားမှာအဓိကပါဝင်ခဲ့တဲ့ မင်းသား ဘရုစ်ကမ်းဘဲ မပါဝင်တော့ပေမဲ့ သူ့အသံကိုတော့ အသံဖမ်းတိတ်ခွေတစ်နေရာမှာ ထည့်သွင်းအသုံးပြုပေးထားသလို အရင်ရုပ်ရှင်တွေထဲက ကြောက်စရာအကောင်းဆုံး စကားလုံးတွေကိုလည်း ပြန်လည်ထည့်သွင်းပေးထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူးပညာရှင် တစ်ကိုယ်ရည်မိခင် ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကိုလာလည်တဲ့အချိန်မှာပဲ Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ်ကြီးကို ကလေးတစ်ယောက် မတော်တဆတွေ့သွားပြီး မိစ္ဆာတွေလွတ်မြောက်လာတဲ့အခါ... ဒီမိသားစု ၅ ယောက်ဘယ်သူတွေသေပြီး ဘယ်သူတွေဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ရမလဲ တွေ့ရပါလိမ့်မယ်... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 560MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 36Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Thit San Khant, Y

Action • Drama
7 2023 96 mins
Evil Dead Rise
Twilight Dinner
3.5

အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။ မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်.... File size…200MB Quality…HD DVD RIP Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Dark V

Comedy • Drama • Fantasy
3.5 1998 64 mins
Twilight Dinner
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Merise Merise
8

၈လအတွင်းမှာ လက်ထပ်ရတော့မယ့် ဗနီလာဆိုတဲ့ နယ်မြို့က မိန်းကလေးတစ်ယောက်- သူ့ရဲ့အိမ်မက်ကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ပါ သူမရဲ့သတို့သားလောင်း ဟာရစ်ရှ် ရဲ့မျက်လုံးထဲမှာတော့ ဗနီလာရဲ့အိမ်မက်ဟာ သုံးစားမရတဲ့ အပိုအလုပ်တစ်ခုပါ ဒါ့အပြင် ဗနီလာရဲ့ယောက္ခမလောင်းကြီးကလည်း အရမ်းပညာပြပြီး ချုပ်ချယ်တတ်တဲ့သူပါ စီတူဆိုတဲ့ ကောင်လေးကတော့ လွတ်လပ်ပြီးပွင့်လင်းတဲ့ မိသားစုက သူဌေးသားလေးတစ်ယောက်ပေါ့ သူ့အိမ်မက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ပါ ဒါပေမဲ့ သူ့ရဲ့ပထမဆုံးအလုပ်က ဖြုတ်ချခံလိုက်ရတာကြောင့် စိတ်လွတ်ကိုယ်လွတ်ပျော်မယ်ဆိုပြီး ဟိုင်ဒရာဘတ်မြို့ကိုအလည်ထွက်လာရင်း ဗနီလာနဲ့ဆုံခဲ့တာပေါ့ လက်မထပ်ခင်မှာ ဗနီလာဟာ စီတူအကူအညီနဲ့ ဟာရစ်ရှ်မသိအောင် ဒီဇိုင်နာအိမ်မက်ကို အကောင်ထည်ဖော်ခဲ့ပါတယ် သူ့အနေနဲ့လည်း စီတူရဲအိမ်မက်အတွက် အများကြီးကူညီပေးနိုင်ခဲ့တယ် ဒီလိုနဲ့ခံစားချက်တွေပိုလာကြတာပေါ့ ကဲ ဟာရစ်ရှ်တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ အဖေတစ်ခုသမီးတစ်ခုနဲ့ ဗနီလာကရော သူ့အဖေကိုဝမ်းသာစေတဲ့ ဒီမင်္ဂလာပွဲကို ဘယ်လိုဆက်လုပ်မှာလဲ စီတူဖက်ကရော ဗနီလာကို လက်လွတ်ရမှာလား..... ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင် အိမ်မက်နောက်ကို ရအောင်လိုက်တဲ့ မိန်းကလေးတစ်ယောက် အကြောင်းကိုပုံဖော်ထားတာဖြစ်တဲ့အတွက် လက်မလွတ်တမ်းကြည့်ရှုအားပေးလိုက်ကြပါဦးနော် File size…1.4GB / 700MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yate & Eliza

Action • Adventure • Thriller
8 2021 119 mins
Merise Merise
A Bad Moms Christmas
6.3

ခရစ်စမတ်လဲနီးပြီဆိုတော့အားလုံးနဲ့မစိမ်းတဲ့ ဒရမ်မာဟာသခရစ်စမတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ် ရုသ်ဆိုတာကတော့ သမီးဘာလုပ်လုပ်အကောင်းမမြင်ပဲ အမြဲတမ်းပြီးပြည့်စုံတာကိုပဲလိုချင်တဲ့ အမေ ခရစ်စမတ်ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တဲ့သမီးအေမီ သူတို့နှစ်ယောက်ခရစ်စမတ်ပွဲတော်အတွက်ပြင်ဆင်ကျတဲ့အခါ..... ဆန်ဒီဆိုတာကတော့ သမီးကိုမျက်လုံးထဲမှာကလေးတစ်ယောက်အဖြစ်သာမြင်နေပြီး အရာရာအကုန်သမီးနဲ့ဆင်တူတွေလိုက်လုပ်တဲ့အမေ အိမ်ထောင်ကျပြီးကလေးတွေနဲ့နေနေတဲ့ကိကိကတော့ သူ့အမေအဲဒီလိုလုပ်တာကိုသဘောမကျတဲ့အချိန် ခရစ်စမတ်ကိုသူနဲ့အတူနေဖို့သူ့အမေရောက်လာတဲ့အခါ.... အိုင်းစက်ဆိုတဲ့အမေကတော့ သူ့သမီးဆီပိုက်ဆံလိုမှပြန်ပြန်လာတောင်းတက်တဲ့အမေပေါ့ သူ့သမီးကတော့အမေနဲ့အတူအချိန်တွေအတူတူကုန်ဆုံးချင်ပြီး အတူနေဖို့ဆန္ဒရှိတဲ့သမီးတစ်ယောက် ဒီနှစ်ခရစ်စမတ်မှာလဲသူ့သမီးဆီပိုက်ဆံပြန်လာတောင်းတဲ့အခါ..... သမီးနဲ့အမေကြားက ဖွင့်မပြောဖြစ်ကျတဲ့စကားတွေနဲ့ပေါက်ကွဲထွက်လာကျတဲ့အခါမှာ.... မိသားစုသုံးစုရဲ့မတူညီတဲ့ပြဿနာတွေကို ဟာသတွေနဲ့ရိုက်ကူးထားတဲ့ခရစ်စမတ်ကားကောင်းလေးတစ်ကားပါ File Size : ( 980 MB , 367 MB ) Quality :  Web-DL 720p Running Time : 1 hr 44 min Format : Mp4 Genre :   Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin

Comedy • Drama
6.3 2017 104 mins
A Bad Moms Christmas
The Grandmother
6

The Grandmother (2021) ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size – 1.24GB, 591MB Quality – 1080p, 720p Format – mp4 Duration – 1H 40Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Crime • Drama • Thriller
6 2021
The Grandmother
Montana Story
6.4

Montana Story (2022) ~ IMDb – 6.4/10, RT – 87%, Meta – 73% ~ ၂၀၂၁ ထွက် Drama ဇာတ်ကားကောင်းလေးပါ။ ရိုးရှင်းသလောက် တိကျသေသပ်တဲ့ ဇာတ်လမ်းဇာတ်ကွက် ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားပျော်ဝင် သွားနိုင်စေမယ့် ဒရာမာကားကောင်းတစ်ကားပေါ့။ Cinematography ကလည်း Western Theme ဆန်ဆန် ရိုက်ထားတာဆိုတော့ ရှုခင်းတွေက အသက်ရှုမှားချင်စရာတွေပါပဲ။ Dialogue ပါးပါးလေးတွေနဲ့ ထောက်ပံ့ထားတဲ့ အချိန်အကြာကြီးကွဲကွာနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြသွားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အံ့မခန်းပါပဲ။ ဇာတ်လမ်းကို အေးအေးလှလှလေးနဲ့ ဖြည်းဖြည်းချင်း တည်ဆောက်သွားပြီး ပြောင်မြောက်တဲ့ ဇာတ်သိမ်းနဲ့ ခံစားချက်တွေ တလှေကြီး ခံစားလိုက်ရပါလိမ့်မယ်။ ဇာတ်သိမ်းက မျှော်လင့်ထားသလိုမဟုတ်နိုင်ပေမဲ့လည်း သာမန်ရိုးစင်းတဲ့ ပုံမှန် ဒရာမာကားတစ်ကားရဲ့ ဇာတ်သိမ်းမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ ကောင်းကင်ကျယ်ကြီးအောက်က မထူးပေမဲ့ ဆန်းတဲ့ နောက်ထပ် မိသားစု ဇာတ်လမ်းလေးတစ်ပုဒ်ထဲကို ဝင်ပြီး ခံစားကြည့်လိုက်ကြပါဦး… ဇာတ်လမ်းအကျဉ်းကတော့ ဝေးကွာနေကြတဲ့ မောင်နှမနှစ်ယောက် အဖေဆုံးခါနီးမှာ နယ်မြို့လေးက မိသားစုအိမ်ကို ပြန်လာပြီး ပြန်တွေ့ဖြစ်ကြပါတယ်။ သူတို့တွေ ၇ နှစ်တိုင်တိုင် မတွေ့ဖြစ်ကြတဲ့အကြောင်းကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 740MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6.4 2021
Montana Story
It’s Complicated
6.5

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 2.2GB 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

6.5 2009 121 mins
It’s Complicated
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
Gerald’s Game
6.6

Gerald’s Game (2017) IMDb Rating (6.5) / Rotten Tomatoes (91%) အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ… ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Gerald ဟာ လိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်… ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ရဲ့ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်… Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး… ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်… သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ………။

Drama
6.6 2017 104 mins
Gerald’s Game
Vaazhai
7.5

Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်” =============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 134 mins
Vaazhai
The Piper
4.6

The Piper (2023) ဒီဇာတ်လမ်းကတော့ လက်တွေ့လောကမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ ဗြိတိသျှမင်းသားကြီး Julian Sands ရဲ့ နောက်ဆုံးသော ဇာတ်ကားတွေထဲကတစ်ခုပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကတော့ ဒီ horror ဇာတ်ကားထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းနောက်ခံ ကက်သရင်းလို့ ခေါ်တဲ့ နိုင်ငံကျော်ဂန္တဝင်တေးရေးဆရာမတစ်ယောက်ဟာ နောက်ဆုံးထွက်သက်ဖြစ်လုနီးနီးရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲနောက်ဆုံးဆန္ဒဖြစ်သွားခဲ့တာကတော့ တစ်ခုပါပဲ။ တစ်ချိန်က သူရေးခဲ့တဲ့ ပွဲဦးထွက်ဂန္တဝင်တေးတစ်ပုဒ်ကို ဘယ်တော့မှလူထုရှေ့ ထုတ်မတီးပြဖို့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံပြင်လေးထဲကအတိုင်း ဒီသီချင်းကို ကြားတဲ့လူတိုင်း အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမှာမလို့ပဲဖြစ်ပါတယ်။ ပုံအပြင်အကျဉ်း ပိုက်ပါဆိုတဲ့ပုံပြင်လေးထဲမှာ ပလွေမှုတ်ဆရာတစ်ဦးရှိသတဲ့။ ဒီလိုနဲ့ ရွာတစ်ရွာမှာ ကြွက်တွေအရမ်းသောင်းကျန်းလွန်းလို့ မထိန်းနိုင်ဖြစ်ပြီတော့ ပလွေဆရာက အဖိုးတစ်ခုတောင်းပြီး ပြဿနာကိုဖြေရှင်းပေးဖြစ်လာပါတယ်။ ဒါပေမဲ့ ဂတိစကားကို ပယ်ဖျက်ခဲ့တဲ့ရွာသားတွေဟာ ပလွေဆရာကို မထီမဲ့မြင်ပြုခဲ့ပါတယ်။ ဒီလိုနဲ့ ပလွေဆရာ (ပိုက်ပါ) ဟာ ရွာသားတွေကို “မင်းတို့အတွက် အဖိုးအတန်ဆုံးအရာကို ဆုံးရှုံးရလိမ့်မယ်” လို့ ကျိန်စာတိုက်ခဲ့ပါတယ်။ ကဲ…ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Music, Mystery Duration….01:37:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Thriller • Mystery
4.6 2023 95 mins
The Piper
Gladiator
8.5

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, 1080p, 720p Running Time : 2hr 32min Format : Mp4 Genre : Drama, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by El’ Moh Encoded by Ka Naung

8.5 2000 155 mins
Gladiator