YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Return (2018)Ep31.WEB-DL.1080P(CM).mp4

725.57 MB 1080p video/mp4 100 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
Rosaline
7.2

(1080p ရပါပြီ) အားလုံးပဲ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ရဲ့ အချစ်ဇာတ်လမ်းကို ကြားဖူကြမှာပါ။ ဒီကားကတော့ ကျွန်တော်တို့မြင်ဖူးနေကျအတိုင်း ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ကိုဖော်ညွှန်းထားတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းနေရာက ခံစားတင်ပြထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ကြောင်းအနေနဲ့ကတော့ ရိုမီယိုအနေနဲ့ ရိုဆာလင်းကို ချစ်လှ ကြိုက်လှပါချည်ရဲ့ ဆိုပြီး ကဗျာတွေစာတွေနဲ့ ပိုးပန်းလာခဲ့သမျှ တစ်နေ့မှာတော့ ရိုမီယိုဟာ ပျောက်သွားပါတော့တယ်။ တစ်ရက်တော့ ရိုမီယို့နောက် လိုက်ချောင်းရင်း သူ့ကိုပိုးပန်းတဲ့နည်းတွေအတိုင်း ချစ်သူအသစ်ကို ပိုးပန်းနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ ရိုဆာလင်းအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ကာ သစ်စိမ်းချိုး ချိုးသွားသူ ရိုမီယိုကို ပြန်ရဖို့အရေး အကြံတွေထုတ်ပါတော့တယ်။ ဝမ်းကွဲညီမဖြစ်သူကိုလည်း ရိုမီယိုနဲ့ဝေးဖို့အရေး တွန်းပို့တော့တာပေါ့။ ရိုဆာလင်းရဲ့အကြံတွေ အောင်မြင်ပါ့မလား? ဒါမဟုတ် ဝတ္ထုရဲ့ မူရင်းအတိုင်းပဲ ရိုမီယိုတို့ အဆုံးသတ်မလား? ဆိုတာ ခံစားကြည့်ရှူလိုက်ပါဦးနော်။ တစ်ဖက်သတ်အချစ်ဇာတ်လမ်းဆိုပေမဲ့ ဒရမ်မာတွေချိုးပြီး ပူလောင်နေရတာမျိုးမဟုတ်ဘဲ ဟာသလေးနှောပြီး ရိုက်ကူးထားတာမို့လို့ ပေါ့ပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size          : 1.5GB, 620MB, 332MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 37mins Genre              : Comedy, Romance Translated by Jane Encoded by Kinnov

Action • Drama • Thriller
7.2 2022 97 mins
Rosaline
Row 19
5.7

Katerina ဟာ ခြောက်နှစ်အရွယ်သမီးလေးရှိတဲ့ ဆရာ၀န်တစ်ယောက်ပါ။သူငယ်စဉ်က ‌သူ့အမေနဲ့လေယာဉ်စီးခဲ့ရာမှာ လေယာဉ်ပျက်ကျသွားပြီး သူကလွဲရင် သူ့အမေအပါအ၀င်ခရီးသည်အားလုံးအသက်ပျောက်ခဲ့ရပါတယ်။ဒါကြောင့် Katerina ဟာတစ်သက်လုံးလေယာဉ်စီးဖို့ကိုကြောက်နေခဲ့ပေမယ့် အခုတော့သူ့သမီးလေးနဲ့အတူလေကြောင်းခရီးသွားဖို့ဖြစ်လာရပါတယ်။ လေယာဉ်ပေါ်မှာတော့ Katerina တစ်ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံရပြီး ခရီးသည်တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားချိန်မှာတော့ Katerina ရဲ့ငယ်စဉ်ကမတော်တဆမှုကထင်သလောက် မရိုးရှင်းတာ ကိုသဘောပေါက်လာရပါတော့တယ်။ Katerina နဲ့သူ့သမီးလေးတို့ လေယာဉ်ပေါ်မှာအသက်ရှင်ဖို့ ရုန်းကန်ကြပုံကိုကြည့်ရှုရမှာပါ။ File size…(1.28GB) / (674MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:17:00 Genre...Horror / Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Horror • Thriller
5.7 2021 77 mins
Row 19
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
{21+}Double D Dude Ranch
4.4

တစ်ချိန်ကဆွဲဆောင်မှုအရှိဆုံး အလှပဂေးတွေ အပြိုင်ကြဲထားတဲ့ အရှုပ်တော်ပုံ လူကြီးကြည့်စရာဇာတ်ကားလေးဖြစ်ပါတယ် လောကမှာ သူများပစ္စည်း မတရားလိုချင်သူတွေ နောက်ဆုံးရသွားတဲ့ အရာတွေကဘာတွေဖြစ်မယ်ထင်လဲဒိုင်ယာနာဟာ သူ့မိသားစု အစဉ်အဆက်က ပိုင်ဆိုင်လာတဲ့ ဒါဘယ်ဒီ လို့ခေါ်တဲ့ အနားယူအပန်းဖြေ စံအိမ်ကို ဦးစီးနေသူတစ်ယောက်ပါ နေရာကလဲသန်ပြန့်ပြီး ကျယ်ဝန်းလှတာမို့ အနောက်ပိုင်းမှာ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ အပန်းဖြေနေရာလေးဖြစ်ပါတယ် အဲဒီနေရာကို ဝိသမလောဘနဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိလာပါတယ် သူကကြိုက်ဈေးပေးပေမဲ့ ဒိုင်ယာနာက မရောင်းပါဘူး ဒါပေမဲ့ လူယုတ်မာတို့ထုံးစံအတိုင်း မရမကမကောင်းတဲ့စိတ်တွေနဲ့ရယူဖို့ဆုံးဖြတ်လိုက်ကြပါတယ် ဒီလို မတရားမှုတွေကို ဒိုင်ယာနာ နဲ့ လာလည်တဲ့ဧည့်သည်တွေဘယ်လိုစုပေါင်းပြီး ခုခံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်အနု အလှ အကြွ အရွ တွေအစုံနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…2.13GB / 990MB Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki  Mu Chi

Action • Thriller
4.4 2016 75 mins
{21+}Double D Dude Ranch
Moonlight Shadow
6.1

J drama fan အများစုသိကြတဲ့ မင်းသမီးလေး Nana Komatsuနဲ့ မင်းသား Hio Miyazawaတို့သရုပ်ဆောင်ထားတဲ့Psycho-Cinematography film ရုပ်ရှင်ဖြစ်ပါတယ်။ အတိတ်ကိုမစွန့်လွှတ်နိုင်ဘဲနစ်မွန်းနေပြီး လက်ရှိအခြေအနေကို လက်မခံနိုင် ရှေ့မဆက်နိုင်ဖြစ်တတ်တဲ့လူ့စိတ်ကို လှစ်ဟပြထားတဲ့ရုပ်ရှင်တစ်ကားပါ။ ဂျပန်လူမျိုးတို့ရဲ့ တနဘတပွဲတော်ကို အနည်းငယ်မှီငြမ်းပြီးဖန်တီးထားတဲ့ Banana Yoshimotoရဲ့Short storyကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးထားတဲ့ဇာတ်ကားပါ။ "လရိပ်ဖြစ်စဉ်"ဆိုတာကတော့ "အကြောင်းအရာတွေအားလုံးတိုက်ဆိုင်မှုရှိတဲ့အခါ လပြည့်ပြီးနောက်နေ့မနက်မှာ သေသူတွေနဲ့ပြန်လည်ဆုံတွေ့နိုင်တယ်"ဆိုတဲ့ သိပ်ကိုရှားပါးတဲ့ miracleတစ်ခုလို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညနေခင်းတစ်ခုမှာ စဆုကိတစ်ယောက် မြစ်ကမ်းဘေးမှာလမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူ့ကြောင်လေးလည်ပင်းမှာဆွဲပေးထားတဲ့ ချူလုံးလေးပျောက်သွားလို့ အနားကကိုင်းပင်တွေထဲမှာ ရှာနေချိန်မှာပဲ နောက်ဘက်က ဓာတ်မီးရောင်ကြောင့် လှည့်ကြည့်လိုက်ပါတယ်။ သူပျောက်နေတဲ့ချူလုံးလေးကတော့ ဟိတိုရှိလက်ထဲမှာပါ။ တိုက်ဆိုင်မှုတစ်ခုနဲ့စတင်ဆုံတွေ့ခဲ့တဲ့သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကသိပ်ကိုအဆင်ပြေနေခဲ့ပါတယ်။ ဟိတိုရှိက သူ့ရဲ့ညီဖြစ်သူ "ဟိအိရဂိ"နဲ့စဆုကိတို့ဆုံဖို့အတွက် ခေါ်သွားပေးခဲ့ပါတယ်။ အတူထမင်းစားကြရင်းနဲ့ ဟိအိရဂိရဲ့ရည်းစား"ယုမိကို"က လရိပ်ဖြစ်စဉ် အကြောင်းကို ပြောပြခဲ့ပေမဲ့ သူအတွေ့ချင်ဆုံးဖြစ်တဲ့သူ့ချစ်သူက ဘေးမှာရှိခဲ့တဲ့အတွက် မလိုအပ်ဘူးလို့ပြောခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်က အခန်းငှားဖို့အတွက်သွားကြည့်ပြီးနောက် တံတားတစ်ခုပေါ်မှာ နှုတ်ဆက်စကားပြောပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်။ ညသန်းခေါင်ရောက်တော့ စဆုကိဆီကိုဖုန်းဝင်လာခဲ့ပါပြီ။ ဟိတိုရှိနဲ့ ယုမိကိုတို့နှစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့သတင်းပါပဲ။ အဆင်ပြေနေတဲ့အခြေအနေကနေ ခုလိုခွဲခွာရတာကို စဆုကိတစ်ယောက် ဘယ်လိုမှလက်မခံနိုင်ခဲ့ပါဘူး။ တံတားပေါ်မှာတုန်းကသာ ငါသူ့ကိုတားခဲ့လိုက်ရင်ဆိုပြီး အပြစ်ရှိတဲ့စိတ်နဲ့ အိပ်မက်ဆိုးတွေညတိုင်းမက်တဲ့အနေအထားရောက်လာပါတယ်။ အတိတ်မှာပဲ နစ်မွန်းနေပြီး ချစ်သူကိုမစွန့်လွှတ်နိုင်တဲ့စဆုကိက "လရိပ်ဖြစ်စဉ်"အကြောင်းကိုသတိရသွားခဲ့ပါတယ်။ "လရိပ်ဖြစ်စဉ်"အတိုင်းလုပ်နိုင်ခဲ့ရင် ချစ်သူတွေကိုပြန်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့လိုက်ပြီးစုံစမ်းကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Mystery • Thriller
6.1 2021 92 mins
Moonlight Shadow
Geocentric Crisis
4

ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသက်ဆက်လက်ရှင်သန်နိုင်ဖို့ အရေး ကြိုးစားခဲ့ကြတဲ့ မြေအောက်ကမ္ဘာနေထိုင်သူတစ်ချို့...! ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးလာရင် ဆက်လက်ရှင်သန်လို့မရနိုင်မှာ စိုးသည့်အတွက် မြေအောက်ကမ္ဘာနေထိုင်သူ ပါရဂူ တွေဟာ စမ်းသပ်တီထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒီစမ်းသပ်မှုတွေဟာ မအောင်မြင်သည့်အပြင် အမှားမှား အယွင်းယွင်းတွေဖြစ်ပြီး ဧရာမ မကောင်းဆိုးဝါးတွေပါ ဖြစ်ပေါ်စေခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ မူကွဲအစီအစဥ်နဲ့ ရထားတစ်စင်းစီစဥ်ကာ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို သွားရောက်ဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီလိုမျိုး ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်သွားရာလမ်းကြောင်းမှာပဲ ပဋိပက္ခတွေနဲ့အတူတူ မကောင်းဆိုးဝါး အကောင်ကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရင်း...? မြေအောက်ကမ္ဘာနေထိုင်သူတွေ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါ့မလား? အရာအားလုံးရဲ့ ဖြစ်စဥ် နောက်ကွယ်အမှန်တရားကရော ဘာဖြစ်မလဲ? အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရအောင်ပါလားရှင်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Reality
4 2023 70 mins
Geocentric Crisis
World War III
7

World War III (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ အီရန်က အော်စကာအတွက် ဝင်ပြိုင်ဖို့ရွေးခဲ့တဲ့ အီရန်ကားပါပဲ။ ဆန်ခါတင်ထဲတော့ မဝင်သွားပေမဲ့ ခရမ်းချဉ်သီး ၁၀၀ ရာခိုင်နှုန်းရထားတဲ့ ကားကောင်းလို့တော့ ပြောလို့ရပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာတော့ ဆုရခဲ့ပါတယ်။ အီရန်ရုပ်ရှင်ကိုမှ Drama Thriller အမျိုးအစားမို့ ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်က ဒီလိုပါ။ လူတစ်ယောက်ရှိတယ်။ စာလည်းမတတ်ဘူး။ မိသားစုတွေကလည်း ငလျင်ကာလမှာ သေသွားလို့ ဘဝကို ထီးတည်းရှင်သန်နေတဲ့လူပေါ့။ အိမ်ရယ်လည်းမရှိဘူး။ သူငယ်ချင်းဆီ ကပ်နေနေရင်း တစ်နေ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆက်တင်ပြင်တဲ့ဆီ အလုပ်သွားလုပ်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီကားက ဒုတိယကမ္ဘာစစ်အကြောင်းရိုက်တာ။ ဟစ်တလာနေရာက သရုပ်ဆောင်တဲ့ သရုပ်ဆောင်က နှလုံးဖောက်ပြီး ဆေးရုံရောက်သွားရော။ ဒီတော့ ရိုက်ကွင်းအလုပ်သမားတွေထဲကပဲ အော်ဒီးရှင်းဝင်ခိုင်းပြီး လူရွေးတယ်။ ဒီမှာ ခုနလူက ဟစ်တလာနေရာက သရုပ်ဆောင်ရမယ့် မင်းသားဖြစ်လာရော။ ဘာမှမရှိတဲ့ဘဝကနေ အခွင့်အလမ်းလေးတစ်ခုပေါ်လာတယ်ပေါ့။ အဲဒီအခွင့်အလမ်းနောက်မှာ ဘယ်လိုနတ်ဆိုးတွေ စောင့်စားနေမလဲ ရင်တမမနဲ့ ဆက်ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 57Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Family • Comedy
7 2022 108 mins
World War III
Herd

Herd (2023) ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ… တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ… ​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ… သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p Format – mp4 Duration – 1H 37Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Romance • Comedy
0 2023
Herd
Son of Sardaar
4.2

Son of Sardaar (2012) မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော “Maryada Ramanna” ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့… (အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Drama • Thriller
4.2 2012 141 mins
Son of Sardaar
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
A Good Year
7

A Good Year (2006) IMDb Rating (6.9) ဒါရိုက်တာကြီး Ridley Scott ရဲ့ ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။ မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိ အလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်း ငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေ က ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…..။ အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။

Crime • Action • Thriller
7 2006 117 mins
A Good Year
Breaker Morant
7.8

IMDb – 7.8/10 ဒုတိယဗိုးဝါးစစ်ပွဲမှာ ဗိုလ်ကြီးမိုရန့်နဲ့ ဩစတေးလျသားဗိုလ်ကြီးနှစ်ယောက်တို့ စစ်ခုံရုံးတင်ခံရတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်းက ဗိုးဝါးပြည်နယ်တွေဖြစ်တဲ့ ဩရိန်းဖရီးပြည်နယ်၊ ထရန်စဗားပြည်နယ်တို့နဲ့ ဗြိတိသျှအစိုးရတို့ ၁၈၉၉ခုနှစ်ကနေ ၁၉၂ဝခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲကို ဗိုးဝါးစစ်ပွဲလို့ခေါ်ပါတယ်။ ဒီစစ်ပွဲကို တောင်အာဖရိကစစ်ပွဲလို့လည်း ခေါ်ကြတယ်။ ဗိုးဝါးဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ လယ်သမားကိုခေါ်တာပါ။ ၁၇၉၆ခုနှစ်မှာ အာဖရိကတိုက်ကဗိုးဝါးတွေရဲ့ ဒေသသစ်တွေကို အင်္ဂလိပ်တွေနယ်ချဲ့ကြတယ်။ ဒီမှာပဲ စစ်ပွဲဖြစ်တယ်ပေါ့။ စစ်ပွဲအတွင်း ဗိုလ်ကြီးမိုရန့်အပါအဝင် ဗိုလ်ကြီးသုံးယောက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရပါတယ်။ သူတို့တွေ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံရတာတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကို အချိုးညီညီရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.3 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

7.8 1980 107 mins
Breaker Morant
Princess Halle and the Jester
5

ဒီတစ်ခါတော့ သားသားမီးမီးတို့ အကြိုက်ဖြစ်မယ့် ဒဏ္ဍာရီ ပုံပြင်ဆန်ဆန် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဟိုးရှေးရှေးတုန်းက အက်စတိုရီးယန်းဆိုတဲ့ တိုင်းပြည်ကြီးမှာ ဘုရင်ကြီးဗစ်တာဆိုပြီး ရှိခဲ့ပါတယ်။ မိဖုရားကြီးက မင်းသမီးလေး ဟယ်လီကို မွေးဖွားပြီးတဲ့အခါမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ နှစ်သမီး အရွယ် ရောက်လာခဲ့တဲ့ မင်းသမီးလေးဟာ နန်းတော်ထဲမှာချည်းပဲ နေနေရတာ မကြိုက်သူမို့ ရုပ်ဖျက်ပြီး နန်းတော်ပြင်ကို တိတ်တိတ်လေး ခိုးထွက်လေ့ရှိပါတယ်။ တစ်နေ့ကျတော့ ဘုရင်ကြီးဟာ နောက်မိဖုရား မြှောက်ဖို့အတွက် စီစဉ်ပါတော့တယ်။ အဲဒီတော်ဝင်မင်္ဂလာပွဲ နေ့မှာပဲ မှင်စာတွေက သူတို့နန်းတွင်းထဲထိ ရောက်လာတိုက်ခိုက်ပြီးတော့ ဘုရင်ကြီးကို ဖမ်းခေါ်သွားပါတယ်။ မင်းသမီးလေးက ပွဲအတွက် ပျော်တော်ဆက်ဖို့ ရောက်နေတဲ့ လူရွှင်တော် ကောင်လေး ဟင်နရီ နဲ့ အတူ မှင်စာတွေ လက်ထဲကနေ လွတ်အောင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်ရင်း ဟင်နရီတို့ ရွာကို လိုက်သွားခဲ့တဲ့ မင်းသမီးလေး ဟယ်လီဟာ မင်းသမီးသရုပ်မှန်ကို ဖုံးကွယ်ရင်း မှင်စာတွေကို ဘယ်လို ပြန်ပြီး လက်တုံ့ပြန် တိုက်ခိုက်မလဲဆိုတာကိုတော့ အိပ်ရာဝင်ပုံပြင်လေး တစ်ခုလို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ File size… (877MB) / (436MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 11m Genre ….. Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 71 mins
Princess Halle and the Jester