YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rapid.Eye.Movement.2019.720p.WEBRip.x264-[Movie.Man].mp4

867.5 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Journey Of East

နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊ သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး... မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ.... တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ် သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့ လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်း ဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ် -ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ... ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Horror • Thriller
0 2022 77 mins
Journey Of East
Raquel 1:1
3.3

~ IMDb - 6.8/10, Rotten Tomatoes - 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 680MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by M Encoded by Y

Action • Horror • Thriller
3.3 2023 90 mins
Raquel 1:1
See How They Run
6.5

ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။ အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ ) File Size__(GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:33:00 Type__Comedy, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing Aung Latt

Action • Fantasy • TV Movie
6.5 2022 98 mins
See How They Run
The Hand of God
7.6

94 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက် submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5, Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။  သူကြုံရတဲ့ အဖြစ်အပျက်တွေကို coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli အသင်းက ဒီရေဂို မာရာဒိုနာကို သူအားပေးတယ်။ လူပျိုဖော်၀င်ခါစ ကောင်လေးတစ်ယောက်ရဲ့ စိတ်ကစားပုံတွေ၊ ဝါသနာတွေနဲ့ မိသားစုရေးရာတွေကို ဇာတ်အေးအေးလေးနဲ့ ရိုက်ပြထားတယ်။ ဒီလောက်ပါပဲ ဒါပေမဲ့ သေချာတာကတော့ ခင်ဗျားတို့ကို open ending တစ်ခုနဲ့ အတွေးတွေပေးခဲ့ဦးမယ့် ဇာတ်လမ်းတစ်ပုဒ်လေးပေါ့ဗျာ ။     ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aungမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, JoJoVa တို့ဖြစ်ပါတယ်။ File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – WebDL - (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Yoon Sandi Aung, JoJoVa Encoder – San Win Maung

Crime • Drama
7.6 2021 130 mins
The Hand of God
The Gentlemen
7.7

သူ့နာမည်က မစ်ကီပီရာဆန်.....ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်...သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး...ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်... လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်.... ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ...ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ... လည်သူစားစတမ်းတွေ....လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်... The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ...The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်...အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ...အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။

Comedy
7.7 2020 113 mins
The Gentlemen
Justice League
6.1

ဒါရိုက်တာ ဇက်ခ်စနိုင်ဒါရဲ့ လက်ရာဖြစ်ပြီး DC Comics စူပါဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့ ပရိသတ်တွေ တပျော်ကြီး ရှုစား ရာမှာပါ စူပါမန်း သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေ ချိန်မှာ စူပါဗီလိန် Steppenwolf နဲ့  သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။ Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့ ဝန်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။ အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။ Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေ ချိန်မှာ Batman ဦးဆောင်တဲ့ Justice League က စူပါဟီးရိုး တွေ ကမ္ဘာကို ဘယ်လိုကာကွယ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဗီလိန်ဇာတ်ရုပ်၊ စူပါဟီးရိုး ဇာတ်ရုပ်တွေကိုပေါ်လွင်အောင် ချပြသလို Justice League ရဲ့ ဖြစ်တည်မှုကို အက်ရှင်ဇာတ်ကွက် အမိုက်စားတွေနဲ့အတူ ရှုစားရမှာ ပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နိုင်ငံတကာရော၊ ပြည်တွင်းရော အကောင်းအဆိုးဝေဖန်မှုတွေက အပြိုင်အဆိုင်ထွက်လာပေမယ့် အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံကြောင့် စူပါဟီးရိုးပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ အဓိကဇာတ်ဆောင်တွေက တော့ ဘရုစ်ဝိန်း (Batman) အဖြစ် ဘန်အက်ဖလက်၊ ကလပ်ကန့် (Superman) အဖြစ် ဟန်နရီကာ ဗီလ်၊ ဒိုင်ယာနာပရင့်စ် (Wonder Woman) အဖြစ် ဂဲလ်ဂါဒေါ့၊ ဘယ်ရီအယ်လန် (Flash) အဖြစ် အက်ဇ်ရာမစ်လာ၊ အာသာကာရီ (Aquaman) အဖြစ် ဂျေဆင်မိုမို ရာ၊ ဗစ်တာစတုန်း (Cyborg) အဖြစ် ရေးဖစ်ရှာတို့ ပါဝင်ထား ကြပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) (ဘာသာပြန်သူကတော့ Littleneo ဖြစ်ပါတယ်) File Size : (2.05 GB) , (1.10 GB) and (480 MB) Quality : Blu-Ray (1080p 5.1,720p,360p) Running Time : 2hr 00min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Drama • Mystery
6.1 2017 120 mins
Justice League
La Haine
8.1

Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။ အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Crime • Mystery • Thriller
8.1 1995 98 mins
La Haine
Neighbors 2: Sorority Rising
5.7

Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကို ဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက် နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီး မြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာ သူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ် အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက် နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့ သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်း တက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရော သူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
5.7 2016 92 mins
Neighbors 2: Sorority Rising
The Sweet East
6.8

IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။ လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။ Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

6.8 2023
The Sweet East
Molli and Max in the Future

ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။ တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ခါးခါးသီးသီးကိုငြင်းဆန်နေကြတဲ့နောက်မှာတော့ ဇာတ်မြောကြီးဖြစ်သွားပြီး သူတို့တွေ ဝေးကွာသွားကြမလား၊ နောက်ဆုံးမှာပေါင်းဖက်နိုင်သွားကြမလားဆိုတာကို‌တော့ ဂလက်ဆီထဲက အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စိတ်လှုပ်ရှားစရာ ထူးခြားဆန်းပြားရိုက်ချက်တွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(654 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy, Romance, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Drama
0 2024
Molli and Max in the Future
Toxic
6.5

Toxic (2022) ************ ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံမှာ စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးကြောင့် လူအများအပြားရောဂါခံစားရပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. ဒီဇာတ်လမ်းထဲမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေး Work later drink now ထဲမှ Lee Sun-Bin နဲ့အတူ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Racket boys မှ Kim Sang-kyung, all of us are dead, vigilante က Yoon Kyung-ho နဲ့ vagabond, taxi driver မှ Jang Hyuk-jin အပြင် တခြားသော ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါဝင်အားဖြည့်ထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း ************ Jung Tae-Hun (Kim Sang-Kyung) ရဲ့ သားဖြစ်သူက အဆုတ်ရောဂါကို ခံစားနေရပြီး အဲဒီရောဂါကြောင့်ပဲ ဇနီးဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ် .. အဆုတ်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို လိုက်ရှာရင်း နောက်ဆုံးမှာတော့ စိုထိန်းမှုထိန်းစက်မှာပါဝင်တဲ့ PHMG ဆိုတဲ့ အဆိပ်ဓါတ်ငွေ့ကြောင့်ဆိုတာကို သိလိုက်ရပါတယ် .. Jung Tae-Hun (Kim Sang-Kyung)ရဲ့ ခယ်မဖြစ်သူ Han Young-Ju (Lee Sun-Bin) က အရင်က အစိုးရရှေ့နေတစ်ယောက်ဖြစ်ခဲ့ပြီး အစ်မဖြစ်သူသေဆုံးပြီးနောက်မှာတော့ စိုထိုင်းမှုထိန်းစက်ကြောင့် နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက် ခဲအိုဖြစ်သူနဲ့အတူတူ အမှန်တရားကို ဖော်ထုတ်ပေးတဲ့ ဥပဒေအကျိုးဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ် .. တစ်ဖက်မှာလည်း ပြည်သူတွေ ထိခိုက်ခံစားရမယ်ဆိုတာကို သိလျက်နဲ့ စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုပဲ ကြည့်ခဲ့တဲ့ စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးလုပ်ငန်း O2ကလည်း အမှန်တရားကို ဖုံးကွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ် .. အဲဒီလိုနဲ့ အစ်မနဲ့တူဖြစ်သူ အပါအဝင် နစ်နာသူတွေဘက်က ရပ်တည်ပေးတဲ့ ရှေ့နေမလေးက O2ကို နောက်ဆုံးမှာ ပြစ်ဒဏ်ခံရအောင် လုပ်နိုင်မလား o2က ရော ဘယ်လိုနည်းလမ်းတွေနဲ့ ပြစ်ဒဏ်ကို ရှောင်တိမ်းသွားမလဲဆိုတာကို ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားပေးထားပါတယ်) File size…1.29GB / 554MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Khaing & Zuri Htoo Encoded by AHtet

6.5 2022 108 mins
Toxic
Gone Baby Gone
7.7

Gone Baby Gone (2007) *********************** IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်။ (Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ။) ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး။ (၁) ဘယ်သူက မှန်လဲ။ (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား။ ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချို့ခံစားရှုမြင်ခဲ့တဲ့အပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်… (A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့… အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ…. ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။ (B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိတော့မဲ့အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို… တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။ Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ… ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။ ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်။ “ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမယ်လို့ ပြောတာလား” “မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ ရသွားတဲ့ အကျိုးကျေးဇူးကိုကြည့်ပြီး ပြောမှာလား” (C) ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး…တစ်ဆက်တည်းမှာပဲ.. ဘဝရဲ့အလှတရားတွေကို ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊ မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင် ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်…. File size : 1.87GB/ 800MB Quality : 1080p / 720p Genres : Mystery, Crime, Drama Duration : 1 hr 54 mins Subtitle : Myanmar Subtitle (Hard Sub) Translated By Sherlock Encoded By Heather Oo

7.7 2007 113 mins
Gone Baby Gone
Aashiqui 2
7.1

Aashiqui 2 (2013) IMDb Rating (7.1) ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

7.1 2013 132 mins
Aashiqui 2
Bonhoeffer: Pastor. Spy. Assassin
6.3

Bonhoeffer: Pastor. Spy. Assassin (2024) IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ——————— ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။ စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။ အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.8 GB) / (850 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History,War Duration….02:13:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

Fantasy • Family • Adventure • Drama
6.3 2024 132 mins
Bonhoeffer: Pastor. Spy. Assassin