YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Rally.Road.Racers.2023.1080p.AMZN.WEB-DL.DDP5.1.CM.mp4

1.63 GB N/A video/mp4 3531 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Aan: Men at Work
5.3

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။ အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။ အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB / 1.5GB Quality…1080p ZEE5 HDRIP  / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor

Mystery • Thriller
5.3 2004 149 mins
Aan: Men at Work
Mad God
6.9

Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။ CGI ခေတ်လို့ ဘယ်လောက်ပြောပြော stop-motion နည်းပညာကိုလည်း ခေါက်ထားလို့ မရသေးကြောင်း သက်သေပြနိုင်တဲ့ နောက်ထပ် အမိုက်စား Animation ကားလေးပေ့ါဗျာ။ ဇာတ်လမ်းအညွှန်းကတော့ ... ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ... လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ... သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ? သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား? ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDb မှာကော Rotten Tomatoes မှာပါ rating တွေ ကောင်းတဲ့အပြင် critic review တွေလည်း ရှယ်ရထားတာမို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Lwin Lwin Aung က ရေးပေးထားတာပါ။) File Size : 2.2GB, 922MGB, 417MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 23mins Genre : Animation, Fantasy, Horror Encoded by Kinnov

Action • Crime
6.9 2022 84 mins
Mad God
Valerian and the City of a Thousand Planets
6.6

IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။   ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 million အထိ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ဘတ်ဂျက်အမြင့်ဆုံး အသုံးပြုထားတဲ့ဇာတ်ကားပါ။ အဓိကဇာတ်ဆောင် အာကာသစစ်တပ်ရဲ့ ဗိုလ်မှူး ဗဲလ်လာရီယမ် အဖြစ် Amazing spider man-2 မင်းသား Dane DeHaan နဲ့ တပ်ကြပ်ရင်းလော်ရင်းအဖြစ် Suside squid မင်းသမီးလေး Cara Delevingne ပါဝင်ထားပြီး တခြားနာမည်ကျော်တွေဖြစ်တဲ့ Clive Owen, Rihanna တို့ပါဝင်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကိုးရီးယားအဆိုတော်- Exo Kris Wu လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။ ၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကိုလာရောက်ပူးပေါင်းပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို စကြာဝဠာထဲမှာရှိတဲ့ တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ကမ္ဘာ့ဆွဲအားနဲ့ နီးလာတာကြောင့် ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတော့တယ်။ ဒါကြောင့် ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီ အဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေ မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့  နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။ အေးဂျင့် ဗဲလ်လာရီယမ် နဲ့ အေးဂျင့်လော်ရင်းတို့ကတော့ အင်ထရူဒါးလို့ခေါ်တဲ့ ယာဉ်ပျံကြီးပေါ်မှာ အတူတွဲတာဝန်ထမ်းဆောင်နေကြတဲ့ တွဲဖက်တွေပါ။ … အေးဂျင့် ဗဲလ်လာရီယမ်နဲ့ အေးဂျင့်လော်ရင်းတို့ အတူလက်တွဲရင်း ဘာတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Little Twinlay ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 17min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Twinlay Encoded by Thanhtike Zaw

Comedy • Thriller
6.6 2017 136 mins
Valerian and the City of a Thousand Planets
Absentia
5.8

Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ဖြစ်လာပြီး ဖြေသိမ့်နိုင်ဖို့ နည်းလမ်းတွေ ရှာပါတော့တယ်။ အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အမျိုးသားကို ပြန်ရှာတွေ့မလား.. ဘာလို့ ပျောက်သွားရတယ်ဆိုတဲ့အကြောင်းရင်းကို သိသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေတင်မဟုက်ဘဲ ကြည့်ရှူသူ ပရိတ်သတ်တွေပါ လိုက်ပြီး တွေးတောကြရမှာပါ။ ဒီဇာတ်ကားဟာ Fangoria Chainsaw Award ၊ Sonoma Valley Film Festival Award တို့အပါအဝင် winner ဆု ၁၄ ခု ၊ တင်သွင်းခံရတဲ့အဆင့် တစ်ခါ( Fright Meter Awards) စတဲ့ ဆုတွေ တစ်သီကြီးကို ရရှိထားပြီး horror စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတင် ဆုရတာမဟုက်ဘဲ ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းရေးသူလည်း ဖြစ်တဲ့ Mike Flanagan က အကောင်းဆုံးဇာတ်ကားဆု ၊ ဇာတ်ညွှန်းဆု စတာတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Katie Parker ကလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ၊ Dave Levine ကလည်း အကောင်းဆုံးသရုပ်ဆောင်မင်းသာဆု ၊ Morgan Peter Brown က အကောင်းဆုံး ဇာတ်ပို့ဆု စသဖြင့်ဆုတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ IMDb rating 5.8 ကိုလည်း ရရှိထားပါတယ်။ ဒါကြောင့် Horror ပရိတ်သတ်တွေအနေနဲ့ ဖြစ်စေ ၊ စဥ်းစားရတဲ့ ဇာတ်လမ်းတွေသဘောကျ ကြတဲ့သူတွေအနေနဲ့ ဖြစ်စေ ဒီဇာတ်ကားကိုတော့ ကြည့်ဖူးသင့်တယ်လို့ ဆိုချင်ပါတယ်။ File size…(1.5 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thy Santa

Drama
5.8 2011
Absentia
[18+] Sugar Baby
7.4

Sugar Baby (2023) Azi Acosta လေးရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဂျနီဖာနဲ့ ရီကာတို့ဟာ အထက်တန်းကျောင်းတုန်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး အခုချိန်မှာတော့ ဂျနီဖာက ငယ်ချစ်ဦးဖြစ်သူနဲ့ယူပြီး လက်ကြောမတင်းတဲ့အိမ်ထောင်ဖက်ကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရပြီး ရီကာကတော့ ရူးဂါးဒိတ်တင်လောကထဲမှာ အကောင်ကြီးကြီးတစ်ကောင်ကို ဝင်အောင်းပြီး ချမ်းသာနေပါတယ်။ သူတို့နှစ်ယောက်ပြန်ဆုံချိန်မှာ ဂျနီဖာကိုသူ့သူဌေးက ခြေတော်တင်ဖို့ကြိုးစားပြီး မအောင်မြင်ချိန်မှာအလုပ်ဖြုတ်ခဲ့သလို သူ့ကလေးကလည်း သွေးကင်ဆာအစပျိုးနေတဲ့အချိန်ပါ။ အိမ်ထောင်ဖက်ကိုလည်းအားကိုးမရ လောလောဆည်ဝင်ငွေမရှိတဲ့ ဂျနီဖာတစ်ယောက် ရီကာကိုပဲ အားကိုးလိုက်ရပြီး ရီကာတို့ရဲ့ငွေရလွယ်တဲ့လောကထဲ တိုးဝင်လာခဲ့ရပါတယ်။ အဲဒီမှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုက ဂျနီဖာနဲ့ရီကာတို့ဟာ ကျောင်းတုန်းက အချစ်တော်ဆန်ဆန်တွဲခဲ့ကြပြီး အခုချိန်ကိုယ့်လမ်းကိုယ်လျှောက်နေပေမဲ့ ရီကာက ဂျနီဖာကို သံယောဇဉ်မကုန်သေးတာပါပဲ။ ရီကာအဖြစ် An/Na ထဲက ကံဆိုးသူအန်နာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမ Robb Guinto ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကြမ်းလည်းကြမ်းတဲ့ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 985MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 54Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

7.4 2023
[18+] Sugar Baby
The Battle For Justice
5.8

The Battle for justiceဆိုတဲ့ဇာတ်ကားကတော့ တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းက သတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက် မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ ချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား…… ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား…… နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

5.8 2023
The Battle For Justice
Adire
6.6

Adire (2023) ============ IMDb Rating – 6.6/10 မြို့ကြီးတစ်မြို့မှာ “နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့”ဆိုတဲ့ စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။ သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက် နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။ သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။ အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်း လိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုး သမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေ သလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက် ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ် မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ ‌သူ မသိတာကတော့ သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်း ထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.9 GB) / (682 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.6 2023
Adire
My Husband’s Seven Wives
5.1

My Husband’s Seven Wives (2024) ========================== ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။ နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

5.1 2024 88 mins
My Husband’s Seven Wives
White Lies, Black Lies
6

Suspense drama တွေကြိုက်တယ်ဆိုတဲ့သူတွေအတွက် ထိုင်ဝမ်ဇာတ်ကားကောင်းလေးတင်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေမှာ အဖြူရောင်မုသားတစ်ခုကိုဖုံးကွယ်ဖို့အတွက် မုသားတွေမဆုံးနိုင်အောင်ဆက်ပြောရတတ်တယ်။ မုသားတွေများလာတော့ တကယ့်အမှန်တရားဟာ ဘယ်လိုလဲဆိုတာဝေဝါးသွားတတ်တယ်။ ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကို လည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူက ဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။ အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါ အချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။ မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့် ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။ ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား…… နောက်ကွယ်မှာဘယ်လိုဇာတ်လမ်းတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာတွေနဲ့ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

6 2016
White Lies, Black Lies
Siapa Tutup Lampu?
6.2

Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်) Genre…..Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Thriller
6.2 2021
Siapa Tutup Lampu?
Penalty Loop
6.8

Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ… တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ… အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို… ကျေနပ်နိုင်မှာလား… လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ… ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး… အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက… သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

6.8 2024
Penalty Loop