YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ned.Kelly.2003.1080p.BluRay.(CM).mp4

1.67 GB N/A video/mp4 235 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nix
7.2

Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ... ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။ အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ.... ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.6 GB) / (650 MB) / (400 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Comedy • Drama • Thriller
7.2 2022 94 mins
Nix
Crying Fist
7.2

မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလို Rating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင် ကားဖြစ်ပါတယ်... ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။ File Size :(3.6GB)(1.2GB) and (462 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:14:00 Genre : Action,Sport , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae

Comedy • Drama • Romance
7.2 2005 121 mins
Crying Fist
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
Interceptor
6.2

ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက် ၂၀၂၂ ထွက် Intercepter လာပါပြီ။ ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက် စီနင်းကြတယ်။ သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။ ဒီဇာတ်လမ်းဟာ သာမာန် အက်ရှင်ကား အများစုနဲ့ ကွဲထွက်နေတဲ့အချက်က social issue ( လူအသိုင်းအဝိုင်းတွင်းက မမျှတမှု) တွေကို ထည့်စဉ်းစားမိအောင် အများကြီး ထည့်ရိုက်ပြသွားပါတယ်။ လက်ယာစွန်းရောက်နေတဲ့ မျိုးချစ် အမေရိကန်တွေရဲ့ ရူးမိုက်မှု၊ အမျိုးသမီးတွေကို နိုင့်ထက်စီးနင်းလုပ်မှု ၊ ရွှေ့ပြောင်းအခြေချလာတဲ့ အမေရိကန်မဟုတ်သူတွေကို ခွဲခြားဆက်ဆံမှု ဒါတွေကို တစ်လွှာချင်း တူးဖော်ပြီး ကြည့်နိုင်ပါတယ်။ သေချာတာကတော့ သဘာဝလွန် လက်တွေ့မဆန်တဲ့ အက်ရှင်မျိုးထက် လူမှု ပြဿနာတွေအကြောင်း တစ်ရစ်ချင်း ပါးပါးလေးထည့်ရိုက်ပြထားတဲ့ကားပါ။ ဒီအက်ရှင်ကားဟာ တစ်ကားလုံး ဇာတ်လမ်းဇာတ်အိမ်မရှိ စွတ်ချချင်ရာချနေတဲ့ အက်ရှင်မျိုးထက် ဒိုင်ယာလေ့ာတွေ အသားပေး မလွတ်တမ်းကြည့်ရတဲ့ အက်ရှင်ကားမျိုးပါ။ ဒီအချက်ကြောင့်ပဲ ဒီကားဟာ ဇာတ်အိမ်ခိုင်တဲ့ တန်းမြင့် အက်ရှင်ကားကောင်းတစ်ခု ဖြစ်လာရတာပါ WEB DL AAC5.12CH / 720p  Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Action • Animation • Fantasy
6.2 2022 98 mins
Interceptor
Suicide for Beginners
4.4

ကိုယ့်ကိုယ်ကို သေကြောင်းကြံရတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းက အကောင်းဆုံးဖြစ်မလဲ.. ဆေးတွေသောက်မလား.. ကြိုးဆွဲချမလား.. ဒါမှမဟုတ် ဘဝမှာမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အရာတစ်ခုခုကို သတ်ပစ်လိုက်ရင်း ကိုယ့်ဘဝပါ အတူလိုက်သေမလား.. ဒီဇာတ်ကားမှာတော့ အပေါ်ကပြောထားတဲ့ သတ်သေဖို့နည်းလမ်းတွေကို အလွဲအမျိုးမျိုးနဲ့ ကြိုးစားခဲ့တဲ့ ဇာတ်ကောင် Garrettကို တွေ့ရမှာပါ။ တစ်ဖက်သတ်ချစ်ရတဲ့ မီယာရဲ့ လျစ်လျူရှုမှုတွေကို suicideနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ထွက်ပေါက်မရှိအောင် ရှုပ်ထွေးလာတဲ့ ဇာတ်ရဲ့ အရှိန်ကောင်းတဲ့ အနိမ့်အမြင့်တွေကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဖောင်းပွခြင်းမရှိဘဲ ရှိပြီးသား ဇာတ်ကောင်အနည်းငယ်နဲ့ Garrettတို့ကြားက ပြဿနာတွေ၊ twists and turnsတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ.. Comedy, Horrorအမျိုးအစားဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ၊ ထိန်လန့်စရာ ဇာတ်ကြောင်းကို လေးပင်ဖျင်းတွဲမနေအောင် ဟာသမြောက်တဲ့ dialogueတွေ၊ ဇာတ်ကောင်တွေရဲ့ ဟန်ပန်တွေနဲ့ ထိန်းသွားတာဖြစ်ပါတယ်..။ ဒါကြောင့် pure horror မကြည့်ရဲသူတွေအတွက် အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Age ratingမပေးရသေးတာကြောင့် ကလေးငယ်များကို ပြသမယ်ဆိုရင်တော့ အုပ်ထိန်းသူများက အရင်သုံးသပ်စေလိုပါတယ်..။ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khu ပါ ) File Size__(1.7GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:34:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded by Naing Aung Latt

Action
4.4 2022 94 mins
Suicide for Beginners
Taxi Drivers
5.8

IMDb - 7.1/10 သမရိုးကျ ရိုမေးနီးယားရုပ်ရှင်တွေနဲ့မတူပဲကွဲထွက်နေတဲ့ 2023 ထွက် ရိုမေးနီးယားရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဗူးခရက်မြို့မှာ တက္ကစီမောင်းနေတဲ့ ဒရိုင်ဘာသူငယ်ချင်းနှစ်ယောက်ကိုအခြေတည်ထားတာဖြစ်ပြီး၊ သူတို့တက္ကစီမောင်းတဲ့ ညလေးတညမှာဖြစ်ပျက်ခဲ့တာတွေကို သဘာဝကျကျရိုက်ပြထားတာပါ။ တစ်ညထဲမှာသူတို့ကြုံ တွေ့ခဲ့ရတဲ့ လူတွေရဲ့ အတွေးအမြင်နဲ့အပြုအမူ တွေအပြင်သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝမှာ ရုန်းကန်နေရပုံတွေနဲ့ လမ်းမပေါ်မှာတင် ပါးစပ်သွားဖွာမိတဲ့ အမျိုးသမီးက လူမိုက်ခေါင်းဆောင်ရဲ့ အမျိုးသမီးဖြစ်နေပြီး ပြဿနာတက်ရပုံတွေနဲ့ တစ်ညထဲမှာတင်သူတို့ဘဝ အကောင်း၊ အဆိုး ပြောင်းလဲသွားရပုံတွေကို တကယ့်လူမှုဘဝမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေအတိုင်း ရိုက်ပြထားတဲ့ ရိုမေးနီးယားဇာတ်ကားကောင်းလေးတကားဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama
5.8 2023 97 mins
Taxi Drivers
Fist Fight
6.1

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy  Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw

Crime • Drama • Mystery
6.1 2017 91 mins
Fist Fight
They Live
7.2

They Live (1988) ============= IMDb Rating – 7.2/10 နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။ တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ’လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့… ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ… ကျောင်းကရော ဘာတွေ လုပ်နေတာလဲ… နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating 7.2 ရရှိထားတဲ့အပြင် Top 1 အဖြစ် ၂ပတ်ဆက်တိုက် ရှိနေခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ ပူစရာမလိုပါဘူး… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Horror, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.2 1988 93 mins
They Live
Kushi
6.2

Kushi(2023) ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်း‌ရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။ နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Adventure • Horror • Comedy • Family
6.2 2023
Kushi
Two Blue Hearts aka Dua Hati Biru
7.8

Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီး မိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်း ရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက် ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုး တစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

7.8 2024 106 mins
Two Blue Hearts aka Dua Hati Biru
Dirty Politics

Dirty Politics 2015 Genre – Drama ဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)

0 2015 129 mins
Dirty Politics
Diary of a Wimpy Kid
6.2

Diary of a Wimpy Kid (2010) ~ IMDb – 6.2/10, Rotten Tomatoes – 54% ~ စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ “ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်” လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။ Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါကတော့ ငပိန်ကောင်လေးရဲ့ ၆ တန်းနှစ်က ဒိုင်ယာရီလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.15GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 2010 92 mins
Diary of a Wimpy Kid
Green Border
6.4

အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်း ကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာ ကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင် ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ ရပါတယ်။ Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာ Agnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာ ဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့် တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့ Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီး ထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲ အမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလို ရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။ Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲ အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… mp4 Duration….2h 32m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023 152 mins
Green Border
Cernak
7.1

IMDB Rating – 7.1 ဒီရုပ်ရှင်ကအပြင်မှာတကယ်ရှိခဲ့တဲ့ မာဖီးယားဂိုဏ်း ခေါင်းဆောင်မီကီချာနက်ခ်ရဲ့အကြောင်းကို ပြန်လည် ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ်။ ချာနက်ခ်က Horehron မာဖီးယားဂိုဏ်းခေါင်းဆောင် ဖြစ်ပြီးတော့ သူရဲ့အိမ်မက်က ဆလိုဗက်ကီးယားတစ်နိုင်ငံ လုံးရဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ဖြစ်ချင်တာ။ အဲလိုဖြစ်အောင်တကယ်လည်းကြိုးစားခဲ့တယ်။ အာဏာရှိလာအောင်ပြိုင်ဖက်ဂိုဏ်းခေါင်းဆောင်တွေကို ရှင်းပစ်တာတွေ၊သစ္စာဖောက်တွေကိုနှိမ်နှင်းတာတွေ စတာတွေလုပ်ပြီးနယ်မြေချဲ့တယ်။ ကိုယ်ကိုယ်ကိုကာကွယ်ဖို့ရော အာဏာကြီးထွားလာဖို့ အတွက်ရောအာဏာပိုင်တွေလာဘ်ထိုးပြီးပူးပေါင်းခဲ့တယ်။ အာဏာအပြိုင်လုတာကြောင့် ဂိုဏ်းအချင်းချင်းနေ့ခင် ကြောင်တောင်ကြီးသေနတ်နဲ့ပစ်တာတွေ ခေါင်းဖြတ် သတ်တာတွေ ဗုံးခွဲတိုက်ခိုက်တာတွေ စတဲ့ထင်တိုင်းကြဲ လုပ်ရပ်တွေကြောင့်ပြည်သူတွေဘဝကလည်း သိပ်မလုံ ခြုံတော့ဘူး။ ဒါအပြင် တကယ်ထိတ်ထတ်ကြဲ ထိပ်ပိုင်းအရာရှိတွေ အထိပေါင်းထားတော့တော်ရုံဖမ်းလို့မရဘူး။ ဒီလိုရာဇဝတ်သားကြီးကို ၁၉၉၈ ရွေးကောက်ပွဲအပြီးမှာ တက်လာတဲ့အစိုးရသစ်လက်ထက်မှာချာနက်ခ်နဲ့ သူ့အပေါင်းအပါအကုန်လုံးကိုဖမ်းပြီးတော့ပြစ်ဒဏ်စီရင်ခဲ့တယ်။ File size… (1.28 GB) / (863 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 49m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Comedy
7.1 2025 109 mins
Cernak