YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Precious The Series S01E09 1080p CM.mp4

483.96 MB N/A video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How About Adolf?
6.8

ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Adventure • Animation • Comedy • Family
6.8 2018 91 mins
How About Adolf?
Meet the Spartans
4

ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။ အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ တစ်စွန်းတစ်စမီခဲ့လောက်မယ့်ကိစ္စမျိုးတွေ အများစုပါပါလိမ့်မယ်။ နိဂုံးချုပ်ရရင်တော့ အပျင်းပြေရုံဆိုရင်တောင် တစ်နာရီခွဲအချိန်ပေးရတာတန်တဲ့ Parody တစ်ကားလို့ပဲဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 951MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Drama • History
4 2008 84 mins
Meet the Spartans
Folk Legends: The Water Monkeys

ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့... ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေ​ကြောင်းသိလိုက်ရတဲ့အခါ... ရေသရဲကိုဘယ်လိုရင်ဆိုင်​ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy , Thriller Runtime : 1h 11min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Chu Chu Encoded by LK

Drama • Thriller
0 2022 71 mins
Folk Legends: The Water Monkeys
The Wolf of Wall Street
8.2

The Wolf of Wall Street (2013) IMDb Rating (8.2) / Rotten Tomatoes (80%) The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ… အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ… အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ… ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ… မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။ မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။ သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။ မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.. Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး… လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။ မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်… အဲ့ဒါပိုက်ဆံပဲ။ ” ပိုက်ဆံသာ အလုံအလောက်ရှိလာရင် မင်း ဘာမဆိုလုပ်နိုင်လိမ့်မယ် ကမ္ဘာကြီးကိုလည်းသိမ်းပိုက်နိုင်လိမ့်မယ်..မင်းရန်သူတွေကိုလည်းဖျက်ဆီးပစ်နိုင်လိမ့်မယ် ပိုက်ဆံက မင်းကိုဘဝကောင်းကောင်းတစ်ခု ဝယ်ပေးရုံမဟုတ်ဘူး အစားကောင်းကောင်းရော ကားကောင်းကောင်းရော မိန်းမကောင်းကောင်းရောဝယ်ပေးတာ မင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတယ် မင်းကြိုက်တဲ့ဘုရားကျောင်း၊နိုင်ငံရေးပါတီ ကြိုက်တာကိုမင်းလှူလို့ရတယ် စိတ်ပါရင် ဇီးကွက်မျိူးစိတ်တစ်ခုလုံးကိုတောင် ပိုက်ဆံပေးပြီးကာကွယ်ထားလို့ရသေးတယ်။” ဒီလိုခံယူချက်တွေနဲ့ Jordan Belfort ဟာ ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာဖို့ အားထုတ်ပါတော့တယ်… ပွဲစားတစ်ယောက် ဈေးရောင်းသူတစ်ယောက် Marketing သမားတစ်ယောက် ဈေးဘယ်လိုရောင်းရမယ်ဆိုတာ Jordan Belfort က ဒီရုပ်ရှင်မှာပြလိမ့်မယ်… လီယိုနာဒိုရဲ့တွဲဖက်က ဟာသမင်းသား Jonah Hill တဲ့…ပွဲကိုသိမ်းရော…နှစ်ယောက်သား တစ်ကားလုံး ဆဲလိုက် မူးလိုက် ပေါက်ကရတွေချည်းဆော်တာ။ မိသားစုနဲ့ကြည့်လို့မပြေအောင်ထိ ဇာတ်ကကြမ်းတယ်…ဒါရိုက်တာက နာမည်ကျော် Martin Scorsese ။ တခါတလေ စိတ်ညစ်လို့ Moti ပျောက်နေပြီဆိုရင် ဒီရုပ်ရှင်ကားက အမြင်တစ်မျိုးနဲ့ Moti ပေးနေပါလိမ့်မယ်။ ၃ နာရီကျော်ကြာပေမယ့် လုံးဝစွဲသွားမှာမလို့ ကြည့်ကြည့်ပါ။ (4K ကိုတော့ HDR Version နဲ့ လုပ်ထားတာမလို့ ခေတ်ပေါ် ဖုန်း pc tv တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်…1080p နဲ့ 720p ကတော့ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။)

Mystery • Drama
8.2 2013 180 mins
The Wolf of Wall Street
White Blood
6

ဒီဇာတ်ကားလေးကတော့ မင်းသားမင်းသမီးလင်မယားနှစ်ယောက်တည်းနဲ့ တစ်ကားလုံးပြီးသွားတာဖြစ်ပြီး လွယ်မလိုလိုနဲ့ခက် ရိုးရှင်းမလိုလိုနဲ့ရှုပ် ထွေးပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ White Blood ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 ရရှိထားပြီး အက်ကြောင်းထပ်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုရိုးအီနေတဲ့လူတွေအတွက် ဦးနှောက်စားပြီး ကြည့်ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ မာ့ခ်နဲ့ဘက်တီတို့လင်မယားကဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဘက်တီက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပါတယ်။ ဒီကြားထဲ ကင်ဆာနဲ့တင်မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ လို့ဆိုပြီးအသည်းအသန်တွေဖြစ်လို့ ဆေးရုံကတက်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ ဆေးရုံကဆင်းပြီးနောက်မှာ လင်မယားနှစ်ယောက်သားကျေးလက်ဘက်မှာရှိတဲ့ အိမ်လေးတစ်လုံးမှာသွားအနားယူခဲ့ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ကြားမှာပဋိပက္ခတွေ ဖြစ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန် ဒရာမာဆန်ဆန်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်.. File size…1.25 GB / 836 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Drama • Romance • Family
6 2023
White Blood
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
Dumbo
7.3

1921မှာ ထုတ်ခဲ့တဲ့ Mickey Mouse ကာတွန်း ကနေစပြီး ဒီနေ့ထိထက်တိုင် တစ်ရှိန်ထိုးအောင်မြင်ခဲ့တဲ့ Walt Disneyကုမ္ပဏီရဲ့ လေးကားမြောက်ကာတွန်းရုပ်ရှင် ဖြစ်ပြီး Disneyရယ်လို့ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့….. ကလေးလိုချင်တဲ့ ဆင်မကြီး ဂျမ်ဘိုဟာ ဂျမ်ဘိုဂျူနီယာဆိုတဲ့ သားကလေးတစ်ကောင်ရခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှလေသလားတော့မသိ..ဂျမ်ဘိုကလေးမှာ အဆမတန်ကြီးမားတဲ့ နားရွက်တွေ ရှိနေခဲ့လို့ သူ့မျိူးနွယ် ဆင်တွေကတောင် သူ့ကို ဆင်လို့မသတ်မှတ်ချင်ကြပါဘူး။ နားရွက်ကြီးလွန်းပါတဲ့ ဂျမ်ဘိုကလေးကို ဘယ်သူမှ မနှစ်မြို့ကြလို့ ဒမ်ဘိုလို့ပြောင်းခေါ်ကြတဲ့အပြင် သူ့ကို အနိုင်ကျင့်ကြလို့ ကာကွယ်ပေးတဲ့ သူ့မိခင်ကိုပါ ဆင်ရူးလို့ သတ်မှတ်ခံခဲ့ရပြီး အချုပ်ခံခဲ့ရပါတယ်။ ထုံးစံအတိုင်း Disneyကာတွန်းရဲ့ ဝသီအတိုင်း အထူးဆန်းဆုံး အရာတွေဖြစ်တတ်ပါသတဲ့လေ။ သူ့ရဲ့ တစ်ယောက်တည်းသော မိတ်ဆွေကတော့ ဆင်တွေ သေမတတ်ကြောက်ရပါတဲ့ ကြွက်မျိုးနွယ်ထဲက တင်မိုးသီလို့ ခေါ်တဲ့ကြွက်တစ်ကောင်ပါ။ လူအသိအမှတ်ပြုခံချင်ပါတဲ့ ဒမ်ဘိုကလေးကို လူအသိအမှတ်ပြုလာအောင် တင်မိုးသီဟာ ကူညီပေးခဲ့ပါတယ်။ တင်မိုးသီဟာ အကောင်အသေးဆုံးပေမဲ့ နှလုံးသားအကြီးဆုံး ကြွက်တစ်ကောင်ပါပဲ အားလုံးပစ်ပယ်ထားပါတဲ့ မိဘမဲ့ဆင်ကလေးကို စာနာပေးနိုင်တဲ့သူကလည်း ဒီပုံပြင်မှာ သူပဲရှိခဲ့ပါတယ်။ IMDB Rating…7.3ရထားပြီး 90Borns တွေရဲ့ Childhood Nostalgia Animationရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး 2019 မတ်လ မှာတော့ တင်ပြဟန် တစ်မျိူးဆန်းတတ်တဲ့ ဒါရိုက်တာ Tim Burtonက Live action ပြန်ရိုက်ကူးထားတယ်။ File Size : 1.2 GB, 600 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.3 1941 64 mins
Dumbo
Nokturno
5

သဘာဝလွန် သည်းထိတ်ရင်ဖို Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင် Horror ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် ဖိလစ်ပိုင်မင်းသမီးချော Nadine Lustre, ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Eula Valdez, Ku Aquino တို့က ပါဝင်ထားပြီးတော့ ဒါရိုက်တာအဖြစ် Mikhail Red က ရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ပါးစပ်ပြော ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ညသန်းခေါင်ကျော်တဲ့အခါ တံခါးခေါက်သံ ကြားလို့ တံခါးဖွင့်ပေးလို့ရှိရင် အဲဒီတံခါးဖွင့်ပေးတဲ့သူဟာ Kumakatok ကျိန်စာသင့်သွားပြီးတော့ သုံးရက်အတွင်း ဝိညာဉ်တွေ လာခေါ်တာကိုခံရကာ သေသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျိန်စာကြောင့်သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ထူးခြားတဲ့သေဆုံးမှုကို အစ်မဖြစ်သူကစုံစမ်းရင်း သူပါကျိန်စာမိသွားပြီးတော့ အဲဒီကျိန်စာရဲ့ လက်ထဲကနေလွတ်မြောက်အောင် ကြိုးစားတဲ့ပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ Horror Genre ဖြစ်တာနဲ့အညီ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာ ဖြစ်ပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ File size… (1.06GB ) / (581MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
5 2024
Nokturno
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead
Andrea Gets a Divorce Andrea lässt sich scheiden
6.5

Andrea Gets a Divorce (2024) IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။ မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:34:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

6.5 2024 94 mins
Andrea Gets a Divorce Andrea lässt sich scheiden
The Unborn Child
6

The Unborn Child (2011) *********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်… File Size : 1.47GB / 482MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

Action • Adventure
6 2011 92 mins
The Unborn Child
Nonnas
7

ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့ မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ ခေါ်တာပါ။ ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်း လာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီ ဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာ ဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီး အီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲ အီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစု ဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။ သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုး‌ကြောင့် ချစ်ရတဲ့ မိသားစုဝင်‌တွေအနားမှာမရှိကြတော့တဲ့ သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊ အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင် တစ်ခုဖြစ်စေဖို့ပါပဲ။ ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက် ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ် ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာ အဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာ အသေအချာပါပဲ။ File size… (1.18GB) / ( 730 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 51m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7 2025 112 mins
Nonnas
The Book of Eli
6.8

The Book of Eli(2010) IMDb – 6.8 တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ ဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်.. မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်… ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်… ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်.. ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်.. ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့် The Book of Eli ကို တင်ဆက်ပေးလိုက်ပါသည်… စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက် အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ ဤမျှ စွမ်းပကားကြီးသည့် စာအုပ်သည် မည်သည့်စာအုပ်များ ဖြစ်ပေမည်နည်း…။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါသည်…. File Size – 1.41 GB/ 678 MB Quality -BluRay 1080p/ 720p Format – mp4 Duration – 1:58:30 Genre – Action, Science Fiction, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Treasure Htet

Crime • Comedy • Action
6.8 2010
The Book of Eli
Terror Firma
5.5

ပိတ်ရက်မှာ မိုးအေးအေးနဲ့ လမ်းမထွက်ဘဲ အပျင်းပြေ ကြည့်နိုင်ဖို့ Science Fiction Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းကို အစိုးရအာဏာပိုင်တွေက ဘာကြောင့်ဆိုတာ အကြောင်းရင်း မပြောဘဲ နေအိမ်တွင်းမှာပဲ နေထိုင်ဖို့ လော့ဒေါင်းချဖို့ ပြင်ဆင်နေပါတယ်။ လိုလာဆိုတဲ့ ကောင်မလေးက လော့ဒေါင်းမချခင် သူမရဲ့ အစ်ကို ဖြစ်သူ နေထိုင်တဲ့ အိမ်ကို အထုပ်အပိုးတွေနဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုမှာ သူ့အစ်ကိုနဲ့အတူ အခြားအခန်းဖော် ကေ့ချ်ဆိုတဲ့ အူကြောင်ကြောင် တစ်ယောက်လည်း အတူရှိနေတာပါ။ နေအိမ်ပြင်ပ ထွက်ခွင့်မပေးဘဲ တစ်ပတ်တစ်ခါ ရိက္ခာလာချသွားတဲ့ အထုပ်ကြီးထဲမှာ မျိုးစေ့တစ်ထုပ် ထူးဆန်းစွာနဲ့ ပါလာခဲ့ပါတယ်။ လိုလာဟာ အဲဒီမျိုးစေ့တွေကို ခြံထဲက မြေကွက်လပ်မှာ စိုက်လိုက်ပြီး နောက်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူမပျိုးစေ့ထည့်ခဲ့တဲ့ မြေဟာ အပေါက်ကြီး ဖြစ်နေပြီး အဲဒီအထဲမှာ စေးကပ်ကပ် မွှေးပျံ့တဲ့ အရည်တစ်မျိုး ရှိနေပါတယ်။ အဲဒီအရည်တွေကို သူတို့သုံးယောက် စမ်းသပ်သောက်ကြည့်လိုက်တဲ့ အခါမှာတော့…..။ File Size… (1.33 GB) / ( 569 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Crime • Thriller
5.5 2024 94 mins
Terror Firma