YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My.Bubble.Tea.720p.Ep1-7.zip

3.54 GB N/A application/zip 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Rite
6.1

Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။ သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။ မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ဆင်းသက်လာတဲ့ လူပျိုပေါက်လေး မိုက်ကယ် ကိုဗက် က ဖခင်နဲ့ဝေးရာလမ်းအဖြစ် ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖခင်နဲ့ အတူမရှိချင်လို့ ဘာသာရေးကျောင်းတက်ခဲ့ရာမှ ဆရာသမားရဲ့မျက်စိကျခြင်းခံရပြီး မကောင်းဆိုးဝါးနှင်သင်တန်းကို ဖိအားပေး တက်ရောက်ခိုင်းခံရပါတယ်။ သိပ္ပံဘက်ကို ယုံကြည်မှုကဲတဲ့ မိုက်ကယ် ကို ချွတ်နိုင်ဖို့အတွက် နာမည်ရဆရာတော် လူးကပ်စ် ဆီကို မကောင်းဆိုးဝါးနှင်သင်ခန်းစာတွေ လေ့လာခိုင်းလိုက်ရာမှ၊ လူးကပ်စ် ကို ဝင်ပူးလာတဲ့ ဘာရန် (ဘာရ်) မကောင်းဆိုးဝါးကြီးကို မိုက်ကယ် တစ်ယောက် နှင်ထုတ်ဖို့ဖြစ်လာတဲ့အခါ... သရုပ်ဆောင်တွေကတော့ မသိသူမရှိအောင် နာမည်ကျော်တဲ့ အော်စကာဆုရှင် ဗြိတိန်သရုပ်ဆောင် အန်သိုနီဟော့ကင်းကြီးနဲ့ Once Upon a Time စီးရီးတွဲကြီးထဲမှာ ကပ္ပတိန်ဟု အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Colin O'Donoghue တို့အပြင် အီတလီမင်းသမီးအလှလေး Marta Gastini နဲ့ ဘရာဇီးမင်းသမီးအချောလေး Alice Braga တို့လည်း ပါပါသေးတယ်။ နောက် စပီးဘာ့ဂ်ရဲ့မြူးနစ်၊ ပေါ်လ်သောမတ်အန်ဒါဆန်ရဲ့ There Will Be Blood, မနှစ်က နာမည်ကျော်ခဲ့တဲ့ Belfast တို့ထဲက အိုင်းရစ်သရုပ်ဆောင် Ciarán Hinds ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 990GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 54Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama
6.1 2011 114 mins
The Rite
Fifty Shades Freed
6.7

Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ Ana Steele အနေနဲ့ ပဲ ဆက်အလုပ်လုပ်ချင်ပေမယ့် Christian ရဲ့ မရမကတောင်းဆိုမှုကြောင့် Ana Grey နာမည်နဲ့ အလုပ်လုပ်ခဲ့တယ်။ Trailer နောက်တစ်ကွက်မှာတော့ Christian တစေ်ယာက် Ana ကို အင်မတန်လှတဲ့ အိမ်တစ်အိမ်ဆီခေါ်သွားခဲ့တယ်။ Ana ကိုယ်တိုင်လည်း အလွန်နှစ်သက်တဲ့ ထိုအိမ်ကို အသစ်ပြန်ဆောက်ရာမှာ အဓိကကျသူကတော့ နာမည်ကြီး ဗိသုကာပညာရှင် Gia Matteo…. ရွှေရောင်ဆံပင်နဲ့ အလန်းစား Gia Matteo ကသူမမျက်စိရှေ့မှာတင် Christian ကို ကလူ၏သို့မြှူ ၏သို့ လုပ်လာတဲ့အခါ Ana တစ်ယောက် Gia ကို သတိပေးဖို့ဖြစ်လာပါတော့တယ်။ ဒါတင်မကသေးပါဘူး… Gia ဟာ Christian ရဲ့ အစ်ကိုElliot (Ana အချစ်ဆုံးသူငယ်ချင်း Kate ရဲ့ချစ်သူ) ကိုလည်း ချဉ်းကပ်နေသူဖြစ်ပါတယ်။ [??သိတယ်မှလား? အချစ်ဆုံးသူငယ်ချင်း (2) ယောက် လူတစ်ယောက်တည်းကို ပြိုင်တူကြည့်မရဖြစ်ပြီဆိုရင် အဲ့ဒိလူသတိထားပြီးနေမှတော်ကာကျမယ်ဆိုတာ ???] နောက်တစ်ခန်းမှာတော့ Ana မောင်းလာတဲ့ကားကို နောက်ကကားတစ်စီးက ဝင်တိုက်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ။ Ana နဲ့ Christian တို့ အိမ်အသစ်ကိုကြည့်ပြီးအပြန်လမ်းမှာ ဘယ်ကမှန်းမသိတဲ့ကားတစီးရဲ့ အသည်းအသန် ရန်ရှာအန္တရာယ်ပြု ခြင်းကိုခံခဲ့ရတယ်။ Christian ဟာ Ana တစ်ခုခုဖြစ်သွားမှာစိုးရိမ်တာကြောင့် ဘယ်သောအခါမှ သူမကို ကိုယ်တိုင်ကားမောင်းခွင့်မပေးခဲ့သူဖြစ်ပြီး ပထမဆုံး ခွင့်ပြုလိုက်တဲ့အချိန်မှာ ထိုပြသနာမျိုးကြုံခဲ့ရတာပါ။ ဒါပေမယ့်လည်း Ana ရဲ့ကားမောင်းကျွမ်းကျင်မှုအရည်အချင်းဟာ Christian ကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ Trailer မှာ စိတ်ဝင်စားဖို့အကောင်းဆုံးဇာတ်ဝင်ခန်း (2) ခုထဲက ပထမတစ်ခုကတော့ Christian က သူ့ရဲ့ အဆက်ဟောင်းလဲဖြစ် လုပ်ဖော်ကိုင်ဖက်လဲဖြစ်တဲ့ Mrs. Robinson တစ်ဖြစ်လဲ Elena ကိုသွားတွေ့ခဲ့တာပါပဲ. Fifty Shades Darker မှာ Christian ဟာ Mrs.Robinson နဲ့ သူရဲ့ဆက်ဆံရေးပြီးဆုံးသွားတဲ့အကြောင်း Ana ကို အတိအလင်းပြောခဲ့ပြီးမှ ဘာအတွက်ကြောင့်သွားတွေ့ခဲ့သလဲဆိုတာက စဉ်းစားချင်စရာပါ။ Ana က “Did you sleep with her?” လို့မေးလိုက်တဲ့အချိန်မှာလဲ ပြန်မဖြေနိုင်ဖြစ်နေတဲ့ Christian နဲ့ Mrs.Robinson ကို လုံးဝမနှစ်မြို့တဲ့ Ana တို့ကြားက ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ 2018 Valentine Day မှာ အဖြေရှာကြည့်ရမှာပါ။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇာတ်ဝင်ခန်းတစ်ခုကတော့Jack Hyde က Christian ရဲ့ ညီမဖြစ်သူ Mia (Rita Ora) ကိုဖမ်းဆီးထားပြီး Ana ကိုချိန်းခြောက်နေတာပါ။ ဆိုတော့ကာ Ana နဲ့ Mia နှစ်ယောက်စလုံး Jack ရဲ့ လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလား? ဒါမှမဟုတ် Mia ကိုတော့လွှတ်ပေးပြီး Christian ကို မုန်းတီးတဲ့ ရန်ငြှိုးကြောင့် Ana အသက်ကို ရန်မူမှာလား? Ana ကရော Jack Hyde တောင်းဆိုတဲ့ တောင်းဆိုချက်တွေကိုလိုက်လျှောနိုင်မှာလား? စတဲမေးခွန်းတွကိုတော့ 2018 မှပဲသိရမှာပါ။ စာအုပ်ကတော့ သေသပ်တဲ့ဇာတ်ကွက်တွေနဲ့ စာဖတ်သူကို လက်ကမချနိုင်အောင်ဖမ်းစားထားခဲ့ပါတယ်။ James Foley ကရော စာအုပ်ထဲကအတိုင်း ရိုက်ကူးပါ့မလားဆိုတာကလည်း လူကိုမရိုးမရွဖြစ်စေပြန်ပါတယ်။ Red Room ထဲက အခန်းတွေကိုလည်း ကြည့်ရမှာဖြစ်ပြီး Fifty Shades Darker ထဲက နာမည်ကြီး Ben & Jerry Ice-cream ဇာတ်ဝင်ခန်းကလည်း Freed မှာပါဝင်လာနိုင်ပါတယ်။ Red Room ထဲက အခန်းတွေနဲ့အပြိုင် Ana နဲ့ Christian ရဲ့ Romantic ဇာတ်ဝင်ခန်းတွေကိုကြည့်ရမှာပါ။ ဟန်းနီးမွန်းဇာတ်ဝင်ခန်းတွေကို ပြင်သစ်နိုင်ငံရဲ့လှပလွန်းတဲ့ နာမည်ကြီးနေရာတွေနဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်းက ကမ်းခြေမှာ အဓိကထားရိုက်ကူးခဲ့ပြီး အမိုက်စားမြင်ကွင်းတွေနဲ့ အမိုက်စားစုံတွဲလေးကို ကြည့်ရှုခံစားရမှာအသေအချာပါ။ ပြင်သစ်ကမ်းခြေက ဇာတ်ဝင်ခန်းမှှာတော့ Dakota ကို Bikini အဝါလေးနဲ့မြင်တွေ့ရမှာဖြစ်ပြီး ထိုဇာတ်ဝင်ခန်းရိုက်ကူးချိန်ကတည်းက Dakota ရဲ့ Body ဟာ သောသောညံအောင် ချီးကျူးခံခဲ့ရပါတယ်။ ( comment မှာ ပုံတင်ပေးထားပါတယ်) Mrs.Grey လို့ပါးစပ်ဖျားကမချအောင်ခေါ်ပြီး Ana အမှတ်တမဲ့ပြောဖူးတဲ့အရာသေးသေးလေးတွေကအစဖြစ်အောင်လုပ်ပေးတတ်တဲ့Christian , Ana အလုပ်လုပ်နေတဲ့ SIP Publushing ကို မင်္ဂလာလက်ဆောင်အဖြစ်ပေးခဲ့တဲ့ Christian , သဘောင်္စီးရင်းနဲ့ “အဲ့ဒိအိမ်ကနေကြည့်ရတဲ့မြင်ကွင်းကသိပ်လှမှာပဲ” လို့ရေရွတ်မိလို့ ထိုအိမ်ကိုမရရအောင်ဝယ်ပေးခဲ့တဲ့ Christian , ဇနီးသည်ရဲ့ လုံခြုံမှုကို အရာအားလုံးထက်ဦးစားပေးတဲ့ Christian ဟာ ဆွဲဆောင်မှုအတော်ရှိသလို အတော်ကြီးကို Romantic ဆန်ပါတယ်။ ပထမဆုံးရုပ်ရှင် Fifty Shades of Grey ထဲက Christian Grey နဲ့ ယှဉ်ရင် အများကြီး နူးညံ့ လူသားဆန်လာတဲ့ Christian Grey ကိုတွေ့ရမှာပါ။ Christian အတွက်ဆိုရင် သူ့မိသားစုဝင်တွေကိုပါ ချစ်ခင်ကာကွယ်တတ်တဲ့ Ana ရဲ့ ချစ်ခြင်းကလည်း ရေးပြလို့ဆုံးမယ်မထင်ပါဘူး။ James Foley ဟာ စာအုပ်ထဲမှာမပါတဲ့ဇာတ်ဝင်ခန်းတစ်ခန်းကိုထည့်သွင်းထားပြီး ထိုဇာတ်ဝင်ခန်းဟာ Ana ရဲ့ နားချဖျောင်းဖျမှုကြောင့် Christian တစ်ယောက် သူ့မိခင်ရင်းရဲ့ အုပ်ဂူကို သွားရောက်လည်ပတ်တဲ့အခန်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ Admin ကတော့ James Foley တစ်ယောက် ဘယ်ဇာတ်ဝင်ခန်းတွေကိုများထပ်ပြောင်းလိုက်ဦးမလဲလို့ စိတ်ဝင်စားနေမိပါတယ်။ (Fifty Shades Freed ရုပ်ရှင်အညွန်းကို Nucleon FB Page မှ ကူးယူဖော်ပြပါသည်။) အားလုံးသိကြတဲ့အတိုင်းပါပဲ....Fifty Shades of Grey တဖြစ်လဲ မောင်ဂရေးရဲ့အကွက်ငါးဆယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဖိုမသဘာဝချစ်ကြကြိုက်ကြရာမှာ တခါတလေ ဘာတွေလိုအပ်လဲဆိုတာ မကွယ်မဝှက် ချပြထားတဲ့ ဇာတ်ကားပါ။ ပိုက်ဆံရှိယုံနဲ့လဲ အချစ်ကိုကျေနပ်စေမှာမျိုးမဟုတ်... ရုပ်ချော ရုပ်ဖြောင့်နေယုံနဲ့လဲ အချစ်က တင်းတိမ်နေမှာမျိုးမဟုတ်... အလိုလိုက်အကြိုက်ဆောင်တိုင်းလဲ အချစ်က တည်မြဲနေမှာမျိုးမဟုတ်... အချစ်ဆိုတာ တစ်ယောက်စိတ်ရူးပေါက်တာကို တစ်ယောက်ကနားလည်ပေးနိုင်ပြီး နှစ်ယောက်တူတူစခန်းသွားရတာမျိုးပါ။ ကဲ...မောင်ဂရေးနဲ့ မစတီးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Fifty Shades ဇာတ်ကားက ၃ ကားထွက်ရှိခဲ့ပြီး ၃ ကားလုံးကို https://channelmyanmar.org/?s=fifty+shades+of+grey  မှာကြည့်ရှုနိုင်ပါတယ်။ 4K BluRay Unrated Version နဲ့ တင်ဆက်ထားတာမို့ ရုံတင်ဗားရှင်းထက် ပိုပြည့်ပြည့်စုံစုံရှုစားရမှာဖြစ်ပါတယ်။ File size…(5.9 GB)/(1.2 GB) Quality….Unrated BluRay 4K HEVC/1080p Format…mkv/mp4 Duration….01:50:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin

Romance
6.7 2018 105 mins
Fifty Shades Freed
Your World Without Me

Your World Without Me ဆိုတဲ့ဇာတ်ကားလေးကတော့ တောသားလေးနဲ့ မြို့သူမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်တစ်နေ့မှာ မြို့သူမလေး လော့ယောင်က တောသားလေး အားပုနေတဲ့မြို့ငယ်လေးကို ခရီးထွက်ရင်ရောက်လာပါတယ် အားပုကမီးပုံပွဲတော်သွားမဲ့လမ်းတစ်‌ဝက်မှာ လော့ယောင်နဲ့တွေ့ဆုံမိပြီး မြင်မြင်ချင်းမှာပဲ ချစ်မိသွားပါတော့တယ် ချစ်မိသွားတယ်ဆိုတဲ့အတိုင်း လော့ယောင်ကိုနေရာတကာလိုက်ကာကွယ်ပြီး ကူညီတာပေါ့နော်ဒီလိုနဲ့ပဲ လော့ယောင်နဲ့အချိန်ကြာကြာတူတူရှိချင်လို့ သူတို့မြို့ငယ်လေးကိုလည်ပတ်ဖို့ လမ်းညွှန်ခရီးထွက်ကြပါတယ် ဒီလိုနဲ့ပဲ သူတို့သစ်သားအိမ်လေးမှာ မသိစိတ်က ချစ်ခြင်းမေတ္တာလေးတွေပြင်းထန်သွားပြန်ရော ခရီးထွက်လာတဲ့ဧည့်သည် လော့ယောင်လေးက သူမြို့လေးကိုပြန်ရတော့မဲ့အချိန်ကိုရောက်လာတော့ အားပုကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ် နောက်ပိုင်းမှာ အားပုကို လော့ယောင်ရှိတဲ့နေရာကိုလိုက်သွားပြီး သူတို့ ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Quality : WEB-DL 1080p Format : mp4 Genres : Drama , Romance Duration : 96 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Drama • Sci-Fi & Fantasy
0 2021
Your World Without Me
Funny Pages
6.3

Funny Pages (2022) ———————- ဒီရုပ်ရှင်ကပြောရရင် ကောမစ်တွေအကြောင်း။ ဇာတ်လိုက်‌ကောင်လေးက ကောမစ်တွေစုသလို ကောမစ်ရေးတဲ့သူဖြစ်ချင်လို ငယ်ငယ်လေးကတည်းက ကောမစ်တွေထိုင်ဆွဲနေတဲ့ကလေး။ ဒီကားဇာတ်အိမ်တည်ရာ အချိန်မှာလည်း သူက ၁၇နှစ်ပဲရှိသေးတယ်။ သူက မာဗယ် ဒီစီတိုလို ကောမစ်တွေလည်းစုတယ်။ ငယ်ငယ်က ကစ်ဇုန်ထဲ ကျွန်တော်တိုရင်းနှီးပြီးသားဖြစ်တဲ့ ငပြောင်ကောင် ဂျက်သတ်ကောမစ်တွေလည်းစုတယ်။ သိုပေမဲ့ သူက အဲဒီငပြောင်ကောမစ်တွေကို ပိုသဘောကျတဲ့သူ။ သူဆွဲတာကလည်း အဲဒီလိုကောမစ်မျိုးပဲ။ သမိန်ပေါသွပ်တို ဂျက်ဟတ်တို ဘာတိုကို ပြန်လွမ်းလိုရမယ့် Nostalgia vibeလေး အပြည့်ရတယ်။ ထူးတာက ဒီရုပ်ရှင်တစ်ခုလုံးက ကောမစ်တွေကို ချစ်တဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောမစ်တွေအကြောင်းသက်သက်ပဲ။ နာမည်ကိုကလည်း Funny Pages. , Genreကလည်း Comedyပေမဲ့ ဟာသကွက်လည်းမပါသလို။ ဒီပျက်ရှင်၀င်လောက်စရာ ဇာတ်၀င်ခန်းတွေအပြည့်နဲ့ပြသွားတယ်။ ရုပ်ပြကာတွန်းကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ရုပ်ပြကာတွန်းဆွဲဖို ကြိုးစားတာကို သေချာပြသွားတာဆိုတော့ တော်တော်တော့ စိတ်၀င်စားစရာကောင်းပါတယ်။ နာမည်နဲ့လိုက်ဖက်တဲ့ ပျော်စရာတစ်ခုမှ မပါပေမဲ့ တော်တော်စိတ်၀င်စားစရာကောင်းတဲ့ ထူးထူးခြားခြားဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘာရယ်မဟုတ် မြင်နေကြုံနေကျဇာတ်မဟုတ်လို ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ File Size__(2.7GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:26:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Crime • Drama • History
6.3 2022
Funny Pages
[21+] Reijo niku-dorei
6.8

မပွင့်လင်းတာက မိန်းကလေးတွေရဲ့ပြယုဒ်တစ်ခုလား မိန်းကလေးတွေအတွက် အချစ်ဆိုတာ ထွက်ပေါက်တစ်ခုလား သူ့တို့အတွက် အချစ်ဆိုတာရောရှိလား ခံရောခံစားဖူးလား ဒီဇာတ်ကားလေးကိုကြည့်ကြည့်ပါ ပြည့်စုံပေမဲ့ မပြည့်စုံတဲ့ လှပချောမောတဲ့ သူဌေးသမီးလေး သူအဖေရဲ့ဆန္ဒတစ်ခုကြောင့် ကောင်လေးတစ်ယောက်နဲ့ စေ့စပ်ထားလိုက်တယ် ပြီးတော့ သူဝါသနာပါတဲ့ ပန်ချီဆွဲတဲ့အလုပ်ထဲနှစ်ထားပြီး နာမည်ကြီးတဲ့တစ်နေ့မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားလိုက်တယ် သူ့မှာလည်းသူ့ခံစားချက်နဲ့သူလေ သူကမွေးစားသမီး သူဌေးမှာက သမီးရင်းတစ်ယောက်ရှိနေတာ သူ့ကိုယ်သူ သိမ်ငယ်နေတယ်လေ သူက အိမ်ကြီးတစ်လုံးထဲမှာတစ်ယောက်တည်းနေပြီး အစေခံ တစ်ယောက်လည်းရှိပါတယ် တစ်နေ့ ညီမဖြစ်သူက အစေခံကောင်လေးကို တီးတိုးကပ်ပြီးအကူညီတောင်းပါတယ် ဇာတ်လမ်းလေးက အချစ်ရဲ့သဘောသဘာဝ တွေကို ဖေါ်ကြူးထားပြီး လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမငြင်းနိုင်ဘူးဆိုတာကို ခဏခဏပြထားတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်

6.8 1985 67 mins
[21+] Reijo niku-dorei
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
The Devil’s Rejects
6.7

Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့ တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်က ရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့် အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကို ရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကို ဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကို လိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီး အလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်း နတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2005 111 mins
The Devil’s Rejects
Life, Animated
7.4

ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
7.4 2016 91 mins
Life, Animated
Abbé Pierre – A Century of Devotion
6.6

IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက “ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ” အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။) ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ အိုးမဲ့အိမ်မဲ့တွေအတွက် အေမာရုဆိုတဲ့ နားခိုရာကိုဖွင့်လှစ်ပြီး အားလုံးကို နွေးထွေးစွာ ကြိုဆိုခဲ့တာပါ။ သူက နောက်ခံတောင့်တင်းပြီး လူချမ်းသာအသိုင်းအဝိုင်းကမို့ အစပိုင်းမှာတော့ သူ့မိသားစုဝင်တွေရဲ့ အင်အားနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ အချိန်ကာလကြာလာတော့ သူရဲ့ အေမာရုနားခိုရာမှာ လူတွေများလာပြီး ပတ်ဝန်းကျင်က တိုင်ကြားမှုတွေ၊ ထောက်ပံ့ငွေမလုံလောက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အာဘစ်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လောကဓံက ဒါတင်မကသေးပါဘူး။ ဆောင်းရာသီမှာ အိုးမဲ့အိမ်မဲ့လူတွေက နေစရာမရှိ၊ စားစရာမဲ့စွာနဲ့ လမ်းဘေးမှာအေးခဲပြီး သေနေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ယူကြုံးမရဖြစ်ခဲ့ရတာမျိုးလည်း ရှိပါသေးတယ်။ မေတ္တာတရားကြီးမားပြီး လူသားအားလုံးကို ကူညီချင်သူ အာဘစ်တစ်ယောက် အားလုံးကို ကယ်ဆယ်ကူညီခဲ့ပေမဲ့ လူသားဆိုတဲ့အမျိုးက တကယ်ရော ကယ်ဆယ်ပေးတဲ့အတိုင်း ကျေးဇူးသိတတ်စွာနဲ့ တုံ့ပြန်ကူညီပေးတတ်သူလား၊ သူနိမ့်ကျလာတဲ့အခါ လူသားရဲ့သဘာဝက ဘယ်လိုတွေ ထွက်ပေါ်လာမှာလဲ၊ အာဘစ်ရဲ့ဆန္ဒအတိုင်း တကယ်ပဲ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲကရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ သူ့ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျ အစုံစုံကို ဇာတ်ကားထဲမှာ ဗဟုသုတရဖွယ်၊ သံဝေဂယူဖွယ် ရှုစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(1.8 GB)/(915 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.6 2023 138 mins
Abbé Pierre – A Century of Devotion
Marrowbone
6.7

Marrowbone (2017) IMDb Rating (6.7) ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ်

Drama
6.7 2017
Marrowbone
Hostile Dimensions

Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်‌ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။ Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Found Footage Horror, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2023 77 mins
Hostile Dimensions
Crispy
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံ‌တော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။‌ ‌‌‌‌မွေးရာပါ‌‌ဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အ‌ကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ ‌မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… ‌‌တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Animation • Family • TV Movie • Mystery • Fantasy
5 2024 75 mins
Crispy
Kadhalikka Neramillai
6.7

Kadhalikka Neramillai 2025 (ပျောက်ဆုံးနေသောအချစ် ) ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့ သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက် ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရော သူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း) ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲ IVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။ သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့ လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။ ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။ စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေ သုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီ စီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။ ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား …….. ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား … ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)

Comedy
6.7 2025 143 mins
Kadhalikka Neramillai
Bolehkah Sekali Saja Kumenangis
7.3

Bolehkah Sekali Saja Kumenangis (2024) IMDb Rating (7.3) ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။ Tari ဆိုတဲ့ မိန်းမငယ်လေးက အကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။ Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်‌နေပေမဲ့ Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ ‌အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီက ရလာတဲ့စိတ်ဒဏ်ရာနာကျည်းမှုတွေနဲ့ သားသမီးတွေမျက်နှာငဲ့ပြီး အိမ်ထောင်မကွဲချင်လို့ မကောင်းတဲ့ယောက်ျားကို ငြိမ်ခံပြီးဆက်ပေါင်းနေရတဲ့ အမျိုးသမီးတွေ စတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်မှန်တွေကို ပေါ်လွင်အောင် ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
7.3 2024 101 mins
Bolehkah Sekali Saja Kumenangis