YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Murder.Mystery.2.2023.480p.NF.WEB-DL.DDP5.1.Atmos.(CM).mp4

485.66 MB N/A video/mp4 283 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Deepwater Horizon
6.9

သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ချီးကျူးခံရပါတယ်။ ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက် တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊ ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့ test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့ Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့ Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့ လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။ နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။ ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး (John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့ အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊ kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။ ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်................... Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။ The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။ အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့် ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။ လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့ action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊ ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့ သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား မှပြန်တွေးရင်းသဘောကျမိတယ်။ သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။ နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့ ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊ news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။ ဘာသာပြန်ပေးထားတဲ့သူကတော့ အမကြီး Poe Thinzar Kyaw ဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းကိုတော့ Movies We Watch We Feel ကနေကူးယူဖော်ပြခဲ့တာပါ)

Adventure • Comedy • Family • Fantasy
6.9 2016 107 mins
Deepwater Horizon
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
From Me to You (or) Kimi ni Todoke
6.9

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating – 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ “Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(2.32 GB) / (905 MB) / (532 MB) Quality…………WEB-DL 1080p / 720p / 480p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….Zin Phyo Aung

6.9 2010 128 mins
From Me to You (or) Kimi ni Todoke
Dragon Gate Posthouse 8: Pavillion of Life and Death
5.9

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ပစ္စည်းတွေကို အပေးအယူလုပ်ပြီး လူတွေအတွက် စိတ်ညစ်စရာတွေကို ကူညီပေးနေတဲ့ သိုင်းလောကလူဆန်းကြီး စုန့်ဖေးချန်ဟာ သူ့ရဲ့ ရှန်းရှီကယ်ထဲမှာ လူတွေ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့အတွက် လဲလှယ်ခဲ့တဲ့ မျက်လုံး၊ လက်၊ လက်မောင်းနှင့် ဝိညာဉ်တွေကို သိမ်းဆည်းထားပါတယ်။ မာတာ့လုဟာ ဟူညိုရုတ်တရက်ပျောက်သွားပြီးနောက် ရှန်းရှီကယ်ကို အကူအညီတောင်းရန် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့မတွေ့ရတာ ကြာပြီဖြစ်တဲ့ ချူအာနဲ့ တွေ့ခဲ့ပါတယ်။ တာ့လုနဲ့ ချူအာဟာ မေတ္တာရှိနေပေမဲ့လဲ ချူအာနဲ့ ဟူညိုတို့နှစ်ယောက်မှ တစ်ယောက်ပဲ အသက်ရှင်ရမယ်ဆိုတာ သိလိုက်ရပါတယ်။ စုန့်ဖေးချန်ဟာ ချူအာတို့ ညီအစ်မရဲ့ အသက်ကို ကယ်တင်ချင်လျှင် တာ့လုကို နင်ဝမ်အိမ်တော်မှာ မင်းသမီးကို သွားဖမ်းရန် တောင်းဆိုခဲ့ပါတယ်။ တာ့လုကလည်း ရွေးချယ်စရာမရှိသဖြင့် သဘောတူခဲ့ပါတယ်။ သဘောကောင်းတဲ့ မင်းသမီးကလည်း တာ့လုနဲ့အတူ စုန့်ဖေးချန်ကို တွေ့ရန် သဘောတူခဲ့ပါတယ်။ စုန့်ဖေးချန်မှာ တခြားအစီအစဉ်တစ်ခု ရှိနေပါတယ်။ သူလုပ်သမျှအရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က အမှားကို ပြန်ပြင်ဖို့ပဲဖြစ်ပါတယ် လွန်ခဲ့တဲ့ နှစ် ၃၀ က ဘယ်လို အမှားတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Thriller
5.9 2018
Dragon Gate Posthouse 8: Pavillion of Life and Death
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
The Strange Story of Miao Ling
5.8

မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။ သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့… သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး

Documentary
5.8 2024
The Strange Story of Miao Ling
Family Drama
6.5

Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေး အနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီး မြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊ သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့ လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

6.5 2024
Family Drama
Kang Mak from Pee Mak

Kang Mak (2024) **************** Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ… အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း ————- ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်… ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ…သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး… ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်… အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း… မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး… မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီဆိုရင်ကို… နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိ… ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက်မူရ်တစ်ယောက်… မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် … ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ် File Size : 1.64GB / 628MB Quality : WEB-DL 1080p 5.1ch / 720p Duration : 2 hr 2min Genre : Comedy, Horror, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Encoded by Heather Oo

Romance • Drama
0 2024 122 mins
Kang Mak from Pee Mak
Hisaab Barabar
6.1

Hisaab Barabar (2025)”အကြွေ” ========================= Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။ ၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊ စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊ အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင် လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။ ၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ နောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Crime • Drama • Mystery
6.1 2025 112 mins
Hisaab Barabar
Salut d’Amour
7.2

Salut d’Amour (2015) ************************ IMDb….7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့ Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊ မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့ မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။ -ဇာတ်လမ်းအကျဉ်း- ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာ ဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ မားကတ်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ဆောင်ချီးရဲ့ ဘေးအိမ်ကို ပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ အင်မ်ဂွန်နင်း (Youn Yuh Jung) တစ်ယောက် အိမ်ပြောင်းလာခဲ့ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ ဒေါသအိုးဆောင်ချီးတစ်ယောက် နူးညံ့တဲ့အင်မ်ဂွန်နင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာပြီး ခံစားချက်တွေ အရောင်ဆိုးလာတဲ့အခါ အသက်ကြီးစုံတွဲဖြစ်တဲ့အလျောက် ဂင်ဆောင်ချီးနဲ့ အင်မ်ဂွန်နင်းတို့ နှစ်ယောက် သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ကြမလဲ.. သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အင်မ်ဂွန်နင်းရဲ့ သမီးဖြစ်သူ ဂင်မင်ဂျောင်း (Han Ji Min) က ကန့်ကွက်လာတဲ့အခါမှာရော ထိုအခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုတော့ နွေးထွေးပြီး နှလုံးသားအရည်ပျော်ကျမတတ် ကြည့်လို့ကောင်းတဲ့ Salut D’ Amour ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ‌ရေးသားထားပါတယ်။) File Size : 1.93GB/ 930MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:51:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Hazelle & Esth Encoded by Tiff

Action
7.2 2015 112 mins
Salut d’Amour
Fussclass Dabhade
6.1

Fussclass Dabhade (2025) “ချစ်ခြင်းမေတ္တာအပိုင်းအစများ” မာရသီစကားပြော အိန္ဒိယမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခုနောက်ပိုင်း မာရသီစကားပြောရုပ်ရှင်တွေ ဆက်တိုက်တင်ဆက်ပေးခဲ့တာမှာ တွေ့ရသလောက် ဇာတ်ကြောင်းက မင်သက်ရလောက်အောင်ထိမဖြစ်တောင် ဇာတ်လမ်းကို အငြိမ့်လေးနဲ့ ခံစားမှုတစ်ခုခုရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်မှာဆိုလည်း မိသားစုညီကိုမောင်နှမတွေကြား၊ သူငယ်ချင်းတွေကြား၊ အမျိုးတွေကြားက သံယောဇဉ်အနှောင်အဖွဲလေးတွေနဲ့ အထင်လွဲမှားမှုတွေကို သဘာ၀ကျကျ ဖန်တီးရိုက်ကူးထားပါတယ်။ ဒါဘာဒေမိသားစုက အငယ်ဆုံးသားမင်္ဂလာဆောင်မှာ မောင်နှမတွေ ဆွေမျိုးတွေ ပြန်ဆုံစည်းကြတာကစ သားလတ်ရဲ့ မိသားစုအပေါ်ရှိခဲ့ဖူးတဲ့ စိတ်အစာမကြေမှုလေးတွေ၊ အငယ်ဆုံးကောင်ရဲ့ ဇနီးလောင်းနဲ့ တလွဲဖြစ်ကြတာလေးတွေကို ဟာသတစ်လှည့် အတည်တစ်လှည့်နဲ့ မပျင်းရအောင်ရိုက်ကူးတင်ဆက်ထားတာမို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ဖြစ်ပါတယ်)

Drama
6.1 2025 154 mins
Fussclass Dabhade
Tinker Ticker
6.4

Tinker Ticker (2014) ******************** IMDb… 6.4 ဒီကားလေးကတော့ Black Out, Uncle Samsik, Following, Mr. Sunshine စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Byun Yo Han နဲ့ Newtopia, The 8 Show, Harbin, Keys to the heart စတဲ့ ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားဟောင်းလေးဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသားတွေကို အနိုင်ကျင့်ခဲ့တဲ့ ဆရာတစ်ယောက်ကို ကိုယ်တိုင်လုပ် လက်လုပ်ဗုံးနဲ့ဖောက်ခွဲပြီး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ “ဘတ်ဂျောင်းဂူ” ဟာ လက်ရှိအရွယ်မှာတော့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့။ တတ်စွမ်းသလောက်ကြိုးစားပေမဲ့လည်း ရှိခဲ့ဖူးတဲ့အတိတ်ကြောင့် တက္ကသိုလ်မှာလည်း ဘွဲ့လွန် ဆက်တက်ရောက်ခွင့်မရသလို အလုပ်အင်တာဗျူးတွေမှာ အငြင်းခံရတာ စတဲ့ စိတ်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပေါ့။ အဲဒီစိတ်ဒုက္ခတွေ ပင်ပန်းမှုတွေကို စိတ်ပြန်ဖြေတဲ့အနေနဲ့ “ဘတ်ဂျောင်းဂူ” က သူတတ်ကျွမ်းတဲ့ လက်လုပ်ဖောက်ခွဲရေးဗုံးတွေလုပ်ပြီး အသုံးလိုမယ်လို့ထင်တဲ့လူတွေဆီကို ပို့ဆောင်ပေးရင်း စိတ်ကျေနပ်မှုရယူနေပါတော့တယ်။ ဒါပေမဲ့ သူ့ဗုံးကို လက်ခံရရှိတဲ့လူတွေထဲမှာ တစ်ယောက်ကမှ တကယ် လက်တွေ့အသုံးချတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ “အီဟျိုမင်း” ဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး “အီဟျိုမင်း” က ဗုံးဖေါက်ခွဲရတာကို ပျော်မွေ့တဲ့သူဖြစ်နေတဲ့အခါ .. “ဘတ်ဂျောင်းဂူ” တစ်ယောက် “အီဟျိုမင်း” နဲ့ ဘယ်လိုရှေ့ဆက်မလဲ .. ဒီလိုမကောင်းတဲ့အလုပ်ကိုလုပ်ပြီး သူ့ဆန္ဒအတိုင်း လူမှုအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆံ့နိုင်ပါ့မလား.. ဘာတွေဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 1.31GB/ 580MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:42:02 Genre : Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

6.4 2014 102 mins
Tinker Ticker
Who Do I Belong To
6.7

IMDb rating 6.7 နဲ့ ခရမ်းချဉ်သီးပုပ် rating 69% ရှိတဲ့ Who Do I Belong To ဆိုတဲ့တူနီရှားရုပ်ရှင်ကတော့ လက်တွေ့နဲ့ ချောက်ချားမှုကြား ခွဲခြားလို့မရလောက်အောင် ပုံပြင်ဆန်ဆန်ရိုက်ကူးတင်ဆက်ပြထားတဲ့ Drama အမျိုး အစားရုပ်ရှင်ကားဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ပြီး ဘဝကိုရိုးရိုး ရှင်းရှင်းဖြတ်ကျော်နေကြတဲ့အေရှာတို့မိသားစုမှာ သား သုံးယောက်ရှိပါတယ်။ တစ်ရက်မှာတော့ သားကြီးနှစ်ယောက်ဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့စည်းရုံးမှုကိုယုံမှားပြီး ဆီးရီးယားကို ထွက်သွားခဲ့ကြပါတယ်။ သားတွေကိုဆုံးရှုံးရတဲ့သောကကို ထွေးပိုက်ရင်း အေရှာဟာ ခင်ပွန်းသည်၊ သားငယ်တို့နဲ့ အတူနေထိုင်ရင်း နှစ်အနည်းငယ်အကြာမှာ အိုက်အက်စ် အဖွဲ့မှာလေ့ကျင့်ပေးခံခဲ့ရတဲ့သားကြီးမတ်ဒ်ဟာ သူ့ဇနီးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုပါခေါ်ပြီး အိမ်ပြန်ရောက်လာ ခဲ့ပါတယ်။ သားတစ်ယောက်ပြန်ရလိုက်လို့ မပျော်နိုင် သေးခင်မှာပဲ မတ်ဒ်မိန်းမက ညဘက်တွေဆိုရင် ထူးဆန်း နေတာကို အေရှာသတိထားမိခဲ့ပါတယ်။ တစ်ဖြည်းဖြည်း ရွာထဲကလူတွေလည်းပျောက်ဆုံး လာကြတဲ့အချိန်မှာတော့ အေရှာဟာ သားကိုချစ်စိတ်နဲ့ အမှန်တရားကြားမှာ လွန်ဆွဲရင်း သောကပင်လယ်ဝေရ ပါတော့တယ်။ File size… (1.13GB) / (578MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
6.7 2024 117 mins
Who Do I Belong To
Soul of A Sister
3.8

Soul of A Sister (2025) ဒီကားကတော့ ဂီတနဲ့ပတ်သက်တဲ့ကားတွေ ရိုက်ကူးနေကျဖြစ်တဲ့ Dale Restighini ရိုက်ကူးထားတဲ့ ဂီတရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Grand Theft Autumn/Where Is Your Boy ဆိုတဲ့သီချင်းနဲ့ MTV Best Video Award နဲ့လဲ ဆုရထားဖူးပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ တစ်ခါက အသက်ငယ်ငယ်ရွယ်ရွယ်အချိန်မှာ တောက်ပတဲ့အနာဂတ်ရှိနေတဲ့ အဆိုတော်တစ်ယောက်ဟာ ဂီ‌‌တလောကကြီးရဲ့ သားကောင်အဖြစ် ဝါးမြိုခံလိုက်ရပါတယ်။ ဆယ်စုနှစ်တစ်စု ကြာတဲ့အခါမှာတော့ ဆေးစွဲ‌နေတာ နဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရာကနေသူ့အတွက် အရေးပါတဲ့သူငယ်ချင်းရဲ့ အကူအညီနဲ့ သူ့ကိုဘုရားက လက်ဆောင်အဖြစ် ကောင်းချီးပေးထားတဲ့ အသံကို အသုံးချပြီး တစ်ဖန်ပြန်လည်တောက်ပလာပုံကို ရိုက်ပြထားတဲ့ ဂီတဇာတ်လမ်းရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:37:52 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Drama
3.8 2025 98 mins
Soul of A Sister
Otryad Svetlyachkov
6.8

Otryad Svetlyachkov (2025) *************************** ကျွန်တော်တို့ကျောင်းမှာ ကျန်တဲ့ဘာသာတွေဆို စိတ်မဝင်စားသလောက် သမိုင်းဘာသာရပ်ဆိုရင်တော့… အင်မတန်ကောင်းကြတာပါ၊ ဘာကောင်းလဲဆိုတော့ အိပ်လို့ကောင်းတာပါ .. အီဗန်လေးကလည်း ကျွန်တော်တို့လို မထူးမခြားနားတဲ့ စာသင်ခန်းထဲက ငပျင်းလေးတစ်ယောက်။ ဒါပေမဲ့ သူကတော့ သမိုင်းချိန်ဆို အိပ်တာမဟုတ်ဘဲ စစ်တိုက်တဲ့ဂိမ်းတွေ ခိုးခိုးနှိပ်တာပါ။ ဒီတော့ သူကဖုန်းနှိပ်သလို သမိုင်းဆရာမကလည်း သူ့ကို ကောင်းကောင်းနှိပ်တော့တာပေါ့။ အဲဒါနဲ့ပဲ ဆရာမကို တစ်ခွန်းမကျန် ပြန်ခံပက်တဲ့ အီဗန်ကောင်းမှုကြောင့် တစ်တန်းလုံး စစ်ရေးပြတိုက်ကို လေ့လာရေးခရီးထွက်ရပြီး စာမေးပွဲဖြေရဖို့ ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့အီဗန်တစ်ယောက် ပြတိုက်ထဲလျှောက်ပြေးရင်း အချိန်ခရီးသွားစက်ကို ကလိကောင်းရာကနေ လွန်ခဲ့တဲ့ နှစ် ၈၀ အကြာက မဟာမျိုးချစ်စစ်ပွဲ (သို့) ရုရှား-ဂျာမန် စစ်ပွဲကာလတွင်းကို ရောက်ရှိသွားချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.68GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Adventure, SciFi, War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Comedy • Romance • Drama
6.8 2025
Otryad Svetlyachkov