YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mumbai.Diaries.S01E05.1080p.AMZN.WEB-DL.YK(CM).mp4

717.74 MB 1080p video/mp4 92 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
Emancipation
7.9

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကို ကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့ ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊ အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။ File size…2.89GB  / 1.15GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX & Thet Hnin Hsu

Action • Adventure • Comedy • Crime • Thriller
7.9 2022 132 mins
Emancipation
Till
7.4

၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။) အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲလိုအဖြစ်အပျက်တွေ ကြီးစိုးနေတဲ့ ၁၉၅၅ ခုနှစ်မှာ အန်မက် ‌တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ချီကာဂိုမြို့ကနေ သူ့ဆွေမျိုးတွေရှိရာ မန်းနီးမြို့၊ မစ္စစ္စပီပြည်နယ်ကို အလည်အပတ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်မက် တစ်ယောက် ကြမ္မာဆိုးငင်ချင်တော့ စတိုးဆိုင်တစ်ခုက လူဖြူမတစ်ယောက်ကို စကားပြောရင်း စနောက်မိပါတော့တယ်။ ထိုနေ့ညမှာပဲ အန်းမက်ကို လူတစ်စုကို အိမ်အတွင်း ဝင်ပြီး ဖမ်းခေါ်သွားပါတော့တယ်။ မကြာခင်မှာပဲ အန်မက်ရဲ့အလောင်းကို မြစ်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး အလောင်းမှာ ရစရာမရှိအောင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတာပဲဖြစ်ပါတယ်။ အန်မက်ရဲ့ အမေဖြစ်သူ မေမီ တေးလ် မော်လီလည်း သားဖြစ်သူဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ကာ သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ မေမီ့ကို ဆွေမျိုးတွေ၊ NAACP လို အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုမှာ မေမီတစ်ယောက် သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, History Quality…. 1080p | 720p | 480p File size… 1.4GB | 802MB | 427MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Fantasy
7.4 2022 131 mins
Till
Hitman's Wife's Bodyguard
6.7

မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အဆက် ထွက်လာပါပြီ။ ၂၀၁၇ က အပိုင်း ၁ လေးကို ကြည့်ထားရင် ပိုကောင်းပါတယ်။ တင်ပေးထားပါတယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတယ်..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File size… 1.49 GB and 862 MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Crime • Drama
6.7 2021 117 mins
Hitman's Wife's Bodyguard
Sound of Metal
7.7

ဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။ ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့် Music Industry ထဲကလူဖြစ်နေတဲ့အပြင် Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။ စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့် မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။ ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီး ဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့……… ============================ “Much like heavy metal music, Sound of Metal isn't trying to give us warm, pleasant feelings.” -Emily Clark(plugged in) ဒီကားကိုကြည့်ပြီး ခံစားချက်တွေ စုံနေအောင် ရတယ်။ နားမကြားတဲ့သူတစ်ယောက်ဖြစ်လာတာနဲ့ ရူဘင်ဆီကနေ အကြောက်တရား၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေ ခံစားလာရတယ်။ Emily Clarkပြောထားခဲ့တဲ့အတိုင်းပဲ ဒီဇာတ်ကားက Heavy Metal သီချင်းတစ်ပုဒ်နားထောင်နေရတာနဲ့တူတယ်။ နွေးထွေးမှုတွေမပါတာ မဟုတ်ပေမယ့် ဒါတွေကို ပြချင်တာ မဟုတ်ဘူး။ လူတစ်ယောက် သူ့ရဲ့ စွဲလမ်းမှုကို ကျော်ဖြတ်ရပုံတွေ၊ လုံးဝပြောင်းလဲသွားတဲ့ ဘဝအသစ်နေထိုင်မှုအသစ်မှာ ကြိုးစားနေကြည့်ရပုံတွေကို ပြသွားတာ။ Drummer ဘဝက ဆူညံသံတွေနဲ့ Deafဘဝက တိတ်ဆိတ်မှုတွေကို ယှဉ်ပြသွားတယ်။ Deaf Communityကြီးလည်း ချပြသွားပြီး Community ထဲကလူတွေအချင်းချင်း ဖေးမတာတွေ၊ Deafဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာကိုပါ လှလှပပပြသွားတယ်။ ဒီဇာတ်ကားမှာတော့ Deaf Personတစ်ယောက်ရဲ့ခံစားချက်တွေကို ကြည့်ရှုသူတွေပါ ခံစားမိအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ Riz Ahmedကို ချီးကျူးရမှာပါ။ အော်စကာစုနဲ့ လွဲခဲ့ပေမယ့် သူ့သရုပ်ဆောင်ချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။ Sound of Metalဇာတ်ကားဟာ အော်စကာဆန်ခါတင်ခြောက်ဆုဝင်ခဲ့ပြီး နှစ်ဆု(Best Sound & Best Editing)ရရှိခဲ့ပါတယ်။ အခြား ဆုပေါင်း ၈၀ နဲ့ အခြားရုပ်ရှင်ပွဲတော်တွေရဲ့ ဆန်ကာတင်စာရင်းမှာ ၁၆၃ ခါ ဝင်ခဲ့ပါတယ်။ Reviewed and Translated by Daniel Lawwai Encoded by : August File Size : 2,3 GB and 1.4GB Quality : 1080p and 720p Subtitle : Myanmar (Hard Sub) Genre : Drama, Music Duration : 2h

Comedy
7.7 2020 121 mins
Sound of Metal
Bloody Milk
7

ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre…Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Comedy
7 2017
Bloody Milk
Housebound
6.7

“Housebound”ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်း‌လေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Kelvin ဖြစ်ပါတယ်) File size…1.16GB / 493 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

6.7 2014 111 mins
Housebound
Crypto Boy

ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Crypto Boy
Love Birds
5.3

Love Birds (2023)”အချစ်ငှက်ကလေးတွေ” ================================= မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama
5.3 2023 132 mins
Love Birds
Mad Cats
5.3

ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဂျပန်အက်ရှင်ဟာသကားလေးပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့… တာကာဆိုသူဟာ ဘဝမှာဘာကိုမှမည်မည်ရရမလုပ်ဆောင်တတ်ဘဲ ဖြစ်ရင်ဖြစ်သလို ဆန်ကုန်မြေလေးတတ်သူပါ…။ ဘာမှသိပ်ထူးထူးခြားခြားမရှိတဲ့သူ့ဘဝထဲကို တစ်နေ့မှာတော့ တိတ်ခွေတစ်ခွေရောက်ရှိလာပါတယ်…။ တိတ်ခွေထဲမှာတော့ အမျိုးသမီးတစ်ယောက်အသံနဲ့ သူ့အစ်ကိုကို ဖမ်းခေါ်ထားကြောင်း၊ ဘယ်နားမှာသွားကယ်ရမည်ဖြစ်ကြောင်း၊ ကယ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုကြောင်း စတာတွေပါရှိပါတယ်။ ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ တာကာဟာ သူ့အစ်ကိုကို ကယ်ဖို့ဆိုပြီး ခရီးကြမ်းထွက်ခဲ့လိုက်ပါတော့တယ်…။ ဘယ်လို အန္တရာယ်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုကြောင်တွေနဲ့ရင်ဆိုင် တိုက်ခိုက်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.40 GB / 574 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.3 2023
Mad Cats
Yojimbo
8.2

IMDb rating – 8.2 ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။ Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein

8.2 1961
Yojimbo
[18+] Wanted: Girlfriend
5.5

အသီနာနဲ့အက်ဆယ်တို့ဟာ တစ်ချိန်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူတွေပါ။ ဒါပေမယ့်လည်း နေရာမရွေးအချိန်မရွေးထန်ချင်လွန်းတဲ့ အက်ဆယ်ကိုသည်းမခံနိုင်တဲ့အဆုံး အသီနာက အဆက်ဖြတ်သွားခဲ့ပါတယ်။ ကာလတစ်ခုကြာလာပြီး နှစ်ယောက်သားကိုယ့်ဘ၀နဲ့ကိုယ် move on စပြုနေတဲ့အချိန်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြရင်း အရင်လိုခံစားချက်တွေ အသစ်တဖန်ဖြစ်ပေါ်လာတဲ့အခါ..။ အရင်ဇာတ်ကားတွေမှာနေရာသိပ်မရခဲ့တဲ့ Shiena Yu ဆိုတဲ့မင်းသမီးအသစ်လေးနဲ့ Reina Castillo ဆိုတဲ့ တစ်ကားမှမရိုက်ဖူးသေးတဲ့အသစ်စက်စက်လေးကိုအဓိကဇာတ်ဆောင်အဖြစ်စင်တင်ပေးထားတဲ့ဇာတ်ကားပါပဲ။မြည်းစမ်းကြည့်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Action • Adventure
5.5 2024 48 mins
[18+] Wanted: Girlfriend
The Prince & Me 2: The Royal Wedding

The Prince & Me II : The Royal Wedding (2006) The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ……..။

0 2006 96 mins
The Prince & Me 2: The Royal Wedding
Traffic
6.8

ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ… ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့… (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်) Genre….. Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.89GB | 927MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

Crime • Drama
6.8 2016 104 mins
Traffic