YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Modern.Farmer.S01E13.720p.CM.mp4

593.16 MB 720p video/mp4 314 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Malikappuram
8

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni

Drama • War
8 2022 121 mins
Malikappuram
Runway 34
6.5

ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်" နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်" ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်... ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်... ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်... File size…5GB / 1.9GB / 900MB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Taylor

Drama
6.5 2022 141 mins
Runway 34
Good Burger
6

Teen Movie တွေသဘောကျတယ် ဇာတ်အိမ်အကြီးကြီးတွေ လှည့်ကွက်တွေမပါဘဲ ပေါ့ပေါ့ပါးပါးဟာသကားလေးတွေ ကြည့်ချင်တယ်ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Good Burger ဆိုတဲ့ movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီကားမှာက loveline တွေလည်းမပါဘဲ အက်ဒ်နဲ့ ဒက်စ်တာဆိုတဲ့ လူငယ်လေးနှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ဒ်က ဂွတ်ဘာဂါဆိုတဲ့ အသင့်စားသရေစာဆိုင်လေးက ခပ်အအဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဒက်စ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ နွေရာသီအားလပ်ရက်မှာ အေးအေးဆေးဆေးလေး chill ဖို့ အစီအစဉ်တွေဆွဲရင်း အပျော်ကြီးပျော်နေတဲ့ဒက်စ်ဟာ အက်ဒ်ရဲ့ပယောဂမကင်းတဲ့ ကားမတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးဖို့အတွက် ဂွတ်ဘာဂါမှာအလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဂွတ်ဘာဂါနဲ့မျက်နှာချင်းဆိုင်မှာ မွန်ဒိုဘာဂါဆို‌တဲ့ ဆိုင်အကြီးကြီးတစ်ဆိုင်လာဖွင့်ပြီး ဂွတ်ဘာဂါကိုအလဲထိုးဖို့ အဖက်ဖက်ကကြိုးစားလာတဲ့အခါမှာတော့ လူစွမ်းကောင်းလည်းမဟုတ် စွမ်းအားရှင်လည်းမဟုတ်တဲ့ ဒီလူငယ်လေးနှစ်ယောက် ဂွတ်ဘာဂါကိုကယ်တင်ဖို့ ကြိုးစားကြပုံကို ဟာသအဖုံဖုံနဲ့တွဲဖက်တင်ဆက်ပေးထားတာမို့ ကြည့်ရှုခံစားရင်း အပန်းဖြေလိုက်ကြပါဦးဗျာ။ File size…(2.49GB)  / (`1.52GB) / (819MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Comedy • Family • Romance
6 1997 95 mins
Good Burger
12th Man
6.7

IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီး မိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ.... ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့ သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့ အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်း အရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီ းကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်း ဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီး ကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး ၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ် ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့် မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲ လူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေ တစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင် (အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni

Horror
6.7 2022 163 mins
12th Man
Andhadhun
7.7

IMDb Rating - 9/10 Google Users - 97% Rotten Tomatoes - 100% Box office - ₹110 crore Genere - Comedy, Crime, Thriller အချစ်၊ဂီတ၊ပြစ်မှု၊သဲထိတ်ရင်ဖို စတာတွေကိုတစ်ကားထဲမှာ ကြည့်ရှု ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အထူးသဖြင့် 'သူများမကောင်းကြံကိုယ့်ဘေးရန်ထိ' ဆိုတဲ့ စကားကို အဓိကမြင်မိစေပါတယ်။ ထို့နောက် ဇာတ်ကားရဲ့ တင်ဆက်ပုံဖြစ်တဲ့ မြူးကြွတဲ့ သီချင်းသံစဉ်တွေနဲ့ အတူ ပျင်းရိစရာ ဇာတ်ဝင်ခန်းရယ်လို့ ရှာမတွေ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် ချီးကျူးမိမှာပါ။ မျက်မမြင်တစ်ယောက်အနေနဲ့လူသတ်မှုကို သိနေပါလျက် အမှုဖွင့်ချင်ပေမဲ့သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခွင့်မရှိတဲ့ အခါမှာ...... ဒီဇာတ်ကားဟာ နာမည်ကြီး ဇာတ်ကားတစ်ကား၊IMDb Rating ထဲမှာလည်း နေရာကောင်းရထားတဲ့ဇာတ်ကားတစ်ကားဆိုတာသိရင်"ဇာတ်လမ်းအကျဉ်း" ဆိုတဲ့အပိုင်းကို မဖတ်စေချင်ပါဘူး။ (ဇာတ်လမ်းအကျဉ်း ရေးရတာ တော်တော်ခက်ပါတယ်။တချို့ ဇာတ်ကွက်တွေ ပေါ်သွားမှာ ကြောက်ရပါတယ်) " ဇာတ်လမ်း အကျဉ်း " အာ့ကက်ချ်က မျက်ကန်း စန္နရားပညာရှင်ပါ။ မျက်မမြင်တွေဟာ အာရုံစူးစိုက်မှု ကောင်းတယ်တဲ့။ အနုပညာရှင်တွေအဖို့ အာရုံစူးစိုက်မှု ပိုကောင်းစေဖို့ပါတဲ့။ ဒီလိုနဲ့ သူဟာ တီးခတ်ဖျော်ဖြေမှု တစ်ခုမှာမင်းသားကြီး ပရာမော့ဒ်ဆင်းမဟာနဲ့ ဆုံတော့ပရာမော့ဒ်ဆင်းမဟာ သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့မှာသီးသန့်ဖျော်ဖြေပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီနေ့ အာကက်ချ် ပရာမော့ဒ်ရဲ့အိမ်ရောက်သွားတော့ပရာမို့ဆင်ဟာဟာ သေစက်စက်နဲ့ သေဆုံးနေပါပြီ။ ဒါကို အာကက်ချ်ဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ.....? လူသတ်မှု နံဘေးမှာ ရင်တထိတ်ထိတ်နဲ့တီးခတ်နေရတဲ့ အာကက်ပါ။ ဒါကို အာကက်ချ်ဟာ တိုင်ချက်တစ်ခုအတွက် ရဲစခန်းသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမြင်လိုက်ရတာက.....? ပရာမို့ဆင်ဟာ ဘာကြောင့် အသတ်ခံရတာလဲ? သူ ဘယ်လို ဖော်ထုတ်မလဲ? အမှန်တရားကို ဆက်လက်ဖုံးကွယ်ထားမလား။ အာကက်ချ်ဟာစိတ်မကောင်းစွာနဲ့ သူ ကြံမ္မာဆိုးတစ်ခုကို ထပ်ကြုံလိုက်ရပါတယ်။ ဘယ်လို ကြမ္မာဆိုးလဲ? သူ့ချစ်သူကောင်မလေး မြင်သွားတဲ့ ဗီဒီယိုဖိုင်ကဘယ်လို ဗီဒီယိုဖိုင်လဲ? အထင်လွဲသွားတဲ့ ချစ်သူကောင်မလေးကို ဘယ်လို သက်သေပြမလဲ? သက်သေခံ ပရာမော့ဒ်တို့ အိမ်နီးချင်းအဖွားကြီး ဘယ်လို အန္တရာယ်ကြုံမလဲ? ဒါတွေ အားလုံးကို အာကက်ချ်တစ်ယောက်ဘယ်လို ရင်ဆိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ {မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Eng မူရင်းစာဖိုင်မှာ English လိုစကားပြောတဲ့ဇာတ်ဝင်ခန်းအချို.တွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဖာသာအသစ်ထည့်ဖြည့်ရေးပေးထားပါတယ်။ထိုနေရာများမှာ လိုအပ်ချက်တစ်ချို.ရှိခဲ့ပါက သည်းခံပေးကြပါ။အတတ်နိုင်ဆုံးအကောင်းဆုံးနဲ့အဆင်ပြေအောင်လုပ်ထားပေးပါတယ်} (ဇာတ်လမ်းအညွှန်းကိုတော့ ညီကိုးမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ) File Size :(2.3 GB) / (900 MB ) Quality : BluRay 1080p / WEB-DL 720p Running Time : 2h 20min Format : Mp4 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Thanhtike Zaw & Nyeinsaeya Aung

Comedy • Drama
7.7 2018 139 mins
Andhadhun
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
You Are My Champion
6.2

CM ပရိသတ်ကြီးကို ဘဝအတွက်လမ်းပျောက်နေတဲ့အချိန်မှာ အိပ်မက်တွေကိုပြန်လည်အကောင်အထည်ဖော်ဖို့ အားဖြစ်စေမယ့်ကျောင်းသားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ Chen Xing ဆိုတဲ့ တိုက်ရိုက်တင်ဆက်မှုနဲ့အွန်လိုင်းမှာနာမည်ကြီးနေတဲ့ အထက်ကျောင်းသူလေးဟာ အရင်တုန်းက လက်ရွေးစင်ဒိုက်ဗင်အားကစားသမားဖြစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ လက်ရွေးစင်ရွေးချယ်ပွဲအချိန်မှာ မိဘတွေကွာရှင်းခဲ့တဲ့အတွက်ကြောင့် စိတ်ဒဏ်ရာရပြီးကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့အတွက် ဒိုက်ဗင်အားကစားကိုလက်လျော့ခဲ့လိုက်ရပါတယ်။ Chen Xing တို့အထက်တန်းကျောင်းက ကာယဆရာJiဟာ Chen Xingရဲ့စွမ်းရည်ကိုမထင်မှတ်ပဲသိသွားတဲ့အချိန်မှာ ကျောင်းကရေကူးကန်ကိုမဖျက်ရဖို့အတွက် သူ့အလုပ်တည်မြဲဖို့အတွက် Chen Xingကို ဒိုက်ဗင်အားကစားကိုပြန်ကြိုးစားဖို့နားချပါတော့တယ်။ ငယ်ကစိတ်ဒဏ်ရာကြောင့် လက်လျော့ခဲ့တဲ့Chen Xingဟာ အိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ အခက်အခဲအမျိုးမျိုးတွေကိုဆရာတပည့်၂ယောက်အတူကြိုးစားကျော်ဖြတ်ရင်း အိပ်မက်ကိုအကောင်အထည်ဖော်ကြတာကိုကြည့်ပြီး CMပရိသတ်ကြီးလဲ မိုတီတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Action • Adventure • Science Fiction • Thriller
6.2 2022
You Are My Champion
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
Snow Valley

Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။ နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦး ထပ်ရောက်လာခဲ့တဲ့ အခါ အိမ်ရဲ့ သဘာဝလွန် စွမ်းအားတွေ နိုးထလာခဲ့ပါတယ်။ Heath ရဲ့ အပန်းဖြေ အိမ်ကြီးမှာလည်း ရာဇဝင် ရှိနေခဲ့ပါတယ်။ Mystery/Horror ကြိုက်သူတွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားပါ။ File size…(1 GB)/(541 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Snow Valley
The Heretics
5

ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျ ပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းက ဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စု ပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီး စိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာ တွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်း တစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကို ပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့ အစီအရင်တွေက ဘာအတွက်လဲ။ ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့…. ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလို မရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Thriller • Action
5 2017 87 mins
The Heretics
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
[18+] A Good Day to Have an Affair
5.6

ဇာတ်လမ်းအညွှန်း ************* Dew နဲ့ Small bird ဆိုတဲ့ မိန်းကလေးနှစ်ယောက်က အိမ်ထောင်ရှိလျက်နဲ့ online မှာတွေ့တဲ့ ယောကျာ်းနှစ်ယောက်နဲ့ ဖောက်ပြန်နေကြတဲ့သူတွေပါ .. တစ်နေ့ သူတို့ဖောက်ပြန်နေတဲ့တွေနဲ့ မိုတယ်တစ်ခုမှာ ချိန်းဒိတ်ကြတုန်း Dew ရဲ့အမျိုးသားသိပြီး ရဲတွေနဲ့အတူ လက်ပူးလက်ကြပ်ဖမ်းမိဖို့ ရောက်လာပါတော့တယ် .. အဲဒီအချိန်ဘေးခန်းမှာရှိနေတဲ့ Small bird ဆိုတဲ့ မိန်းကလေးဟာလည်း အပူမီးတောက်နေပါပြီ… ဘာလို့လဲဆိုရင် ဘေးအခန်းကိုလာဖမ်းတဲ့ရဲက သူ့ရဲ့ယောကျာ်းဖြစ်နေလို့ပါပဲ .. မိန်းကလေးနှစ်ယောက် သူတို့ယောကျာ်းတွေမသိအောင် ဘယ်လိုဖောက်ပြန်ကြမလဲဆိုတာကို comedy ဆန်ဆန်ကြည့်ရမှာပဲဖြစ်ပါတယ် .. File Size : 2.35GB, 1 GB Quality : 1080p,720p Format…mp4 Duration…1 hr. 43 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • History
5.6 2007 103 mins
[18+] A Good Day to Have an Affair
Jessabelle
5.4

Jessabelle (2014) IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။ သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။) File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Documentary
5.4 2014 90 mins
Jessabelle
Conclave
7.4

IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေး ဝင်သွားပါပြီ။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါး တင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကို အသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီး တင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။ မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ ‌မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာ ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့ တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေ အမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူ ဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာ ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… (3.48) / (996MB) / (562MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy

Thriller • Romance
7.4 2024 120 mins
Conclave
We Girls
6.2

ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ… ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်… ဟုတ်ပါတယ်… ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်… ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား… ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ… အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ… ဘယ်သူကမြင်မှာလဲ… ဒီလိုမလုပ်သင့်ဘူး… ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်… တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့… ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို… မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့… ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ… ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့… ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်… သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့… ဆွံ့အနားမကြားလေးပေါ့… ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့… ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့… ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား… သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ အရာရှိကောင်းပေါ့… တစ်ချိန်တည်းမှာပဲ ထောင်ထဲ သူတို့ကိုအနိုင်ကျင့်နေတဲ့ ဆေးမှုနဲ့ ထောင်ကျတဲ့ သက်ကြီးသမား ဟူဖျင်ကလည်း ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အခန်းက ပါထားပြန်တယ်…

Horror • Thriller
6.2 2025
We Girls