YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Modern.Farmer.S01E11.720p.CM.mp4

430.7 MB N/A video/mp4 316 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Naked Killer
5.5

IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:33:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by TTP Encoded by RGB

Action • Drama • History
5.5 1992 100 mins
(18+) Naked Killer
Love at First Stream
5

ကျွန်တော်တို့ အခုလက်ရှိမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ pandemic ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေ ဖြစ်ခဲ့ ဖြစ်နေဆဲ ဖြစ်ပေမယ့် ဒီကာလမှာ အရင်ကထက် ပိုလို့ အသုံးကျယ်ပြန့်လာတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အင်တာနက်ပါပဲ။ ရောဂါတွေကြောင့် homestay ကာလမှာ အင်တာနက်ကတစ်ဆင့် စာသင်တယ်၊ အင်တာနက်ကတစ်ဆင့် စီးပွားရှာတယ်၊ အင်တာနက်ကနေ ဆက်သွယ်ကြတယ်။ အင်တာနက်ဟာ အရာရာဖြစ်လာပါတယ်။ လူငယ်တွေလည်း ဒီအင်တာနက်ကို အသုံးချပြီး ဘ၀တက်လမ်းတွေရှာကြ၊ ဝါသနာပါရာ အလုပ်တွေကို လုပ်လာကြပါတယ်။ ဒီလိုပဲ ဗီလ်မာဆိုတဲ့ Vlogger ရူးမလေးကလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် V-logဆိုတဲ့ channel လေးတစ်ခုထောင်ရင်း ရှိစုမဲ့စု fan လေးတွေနဲ့ pandemic ကာလမှာ သူ ဝါသနာပါရာကို ရှေးရှူနေသူပေါ့။ တစ်နေ့တစ်နေ့ လူစိတ်၀င်စားမယ့် vlog ideaတွေ စဉ်းစားပြီး ကြိုးစားပမ်းစားရိုက်ရတယ်။ Like တွေ Views တွေက သူ့ဘ၀ပါပဲ။ ဗီကတော့ ဒီအလုပ်ကို career တစ်ခုအနေနဲ့ အတည်တကျဆက်လုပ်ချင်ပေမယ့် သားသမီးရဲ့ ဝါသနာကို ဂရုမစိုက် သူတို့လျှောက်စေချင်တဲ့ လမ်းကြောင်းကသာ အမှန်လို့ထင်တဲ့ အာရှမေမေတို့ရဲ့ ထုံးစံအတိုင်း ဗီ့ရဲ့ အမေဟာလည်း vlogger အလုပ်ကို တစ်စက်လေးမှ အားမပေးဘဲ မိသားစုအလုပ်ကိုသာ လုပ်ဖို့ တပျစ်တောက်တောက် ပြောသူပါ။ သိုပေမဲ့ ဗီကလည်း မိဘက ဒါဆို ဟိုဟာလုပ်တဲ့ သားသမီးတို့ရဲ့ ထုံးစံအတိုင်း မိခင်စကားကို တစ်စက်မှ နားမထောင် သူ့ဝါသနာကိုသာ ဆက်လုပ်ပါတယ်။ တစ်နေ့တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အချေအတင်ဖြစ်ရာမှ "အိမ်ပေါ်က ဆင်း" ဆိုတဲ့ စကားလုံးထိ ပါလာခဲ့ရာ ဗီတစ်ယောက် သူ့အမေကို သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ Vlogger အလုပ်ကို အပတ်တကုတ်ကြိုးစားရင်းနဲ့မှ အွန်လိုင်း‌ပေါ်က friendship တွေ၊ အွန်လိုင်းပေါ်က အတွေ့အကြုံသစ်တွေ၊ ချစ်မှုရေးရာလေးတွေပါ ကပ်ချိတ်ပါလာပါတော့တယ် .... လူငယ်အချစ် ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့ မစိမ်းတဲ့ အင်တာနက်ပေါ်က အဖြစ်အပျက်တွေ၊ ဟာသလေးတွေ၊ လူငယ်တို့ရဲ့ ဖြစ်တတ်တဲ့ သဘာ၀လေးတွေနဲ့ ရင်ခုန်စရာ ဇာတ်လမ်းလေးဖြစ်တာကြောင့် စိတ်ညစ်စရာတွေဆီက ခဏတာပြေးထွက်ဖို့ဆို Love at First Stream လေးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ... အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.59GB and 826MB and 263MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Drama
5 2021 110 mins
Love at First Stream
To The North
6.4

To the North (2022) ~ IMDb rating – 6.4/10 ~ 1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ… ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ဘုရားသခင်က ကြည့်ရှုစောင်မ,မလား၊ အန္တရာယ်တောထဲပဲ ရောက်မလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 860MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 3Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.4 2022
To The North
The Breach

The Breach (2022) ~ Rotten Tomatoes – 82% ~ မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။ Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ဒေါင်းလိုက်ကြပါဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 745MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2022 93 mins
The Breach
Christmas Island
7

ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….. File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2023
Christmas Island
My Year of Dicks

The Warrant , Lucky Hank , We have a ghost , V/H/S 99 အစရှိတဲ့ ရုပ်ရှင်ကားတွေထဲ မင်းသားငယ်လေး Jackson Kelly နဲ့ Our Last summer , See me , The Diary of Emily , Cyborg အစရှိတဲ့ ရုပ်ရှင်ထဲက ကောင်မလေး Brie Tiltonက အခု ဇာတ်လမ်းတိုလေးမှာ အသံသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ပယ်မလာလို့ခေါ်တဲ့ ကောင်မလေးက သူ့ရဲ့အပျိုစင်ဘဝကို ဆုံးရှုံးခံဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ အဲဒါနဲ့ သူ့သူငယ်ချင်းတွေက သူနဲ့တွဲမယ့် ရည်းစားတွေနဲ့ချိတ်ပေး ပါတီတွေ ခေါ်သွားနဲ့ လုပ်ကြတာပေါ့။ ဇာတ်လမ်းက Never have I ever series နဲ့ ရည်ရွယ်ချက်ချင်းဆင်ပါတယ်။ ပယ်မလာ တစ်ယောက် သူ့ရဲ့အပျိုစင်ဘဝကို ဘယ်သူနဲ့ကုန်ဆုံးမလဲ …. သူ့ရဲ့လိုအင်ဆန္ဒက ပြည့်ဝသွားမလား …. သူလိုချင်တာကို လိုက်ရှာရင်း အချစ်ကိုပါ ရှာတွေ့သွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(495 MB)/(228 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:26:00 Genre…Animation , Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
My Year of Dicks
We (Wij
5.6

We (Wij 2018) IMDb – 5.6/10 Genre – Drama (ပွင့်လင်းမြင်သာတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်များ ကိုယ်လုံးတီးခန်းများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်လူငယ်တွေ အတတ်ကျူးပြီး ပဲ့ကိုင်ဆုံးမပေးမယ့်လူ မရှိရင် ဘယ်လောက်ထိ လမ်းချော် သွားနိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဘယ်ဂျီယံကားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆယ်ကျော်သက်တစ်ယောက် အလွန်ဆုံး ဆိုးသွမ်းနိုင်ရင် လောင်းကစားလုပ် ဆေးချ အရက်သောက် ဒီလောက်ပဲ ဆိုပေမဲ့ သူတို့လို ပွင့်လင်းမြင်သာတဲ့ ဥရောပဖက်က ဆယ်ကျော်သက်တွေ တကယ်ကြမ်းလာရင် လိုက်မမှီတာကို မြင်ရမှာပါ။ ဇာတ်လမ်းလေး တည်ဆောက်ထားတဲ့ပုံက သူငယ်ချင်း ၈ ယောက် (ကျား ၄ မ ၄) မြို့လေးတစ်မြို့မှာ အတူတူပေါင်းသင်းကြပြီး လုပ်စရာမရှိ ပျင်းလာတဲ့အခါမှာ လောကကြီးကို စူးစမ်းလေ့လာကြမယ်ဆိုပြီး မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားမလည်ပဲ အကုန်လျှောက်လုပ်ကြပါတယ်။ အစပိုင်းတော့ အချင်းချင်းပဲ ပွင့်လင်းစွာ လိင်ဆက်ဆံရာကနေ ငွေပိုရချင်ရင် အပြာကားရိုက်ပြီး လိုင်းပေါ်တင်ကြမယ် ဘာညာနဲ့ လုပ်ကြပြုကြရင်း ငွေတွေအများကြီးရတော့ ထိန်းမရ သိမ်းမရပဲ သောင်းကျန်းနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ဖြစ်ပျက်နေတာကို အားမရပဲနဲ့ တော်တော်ကို ဆိုးရွားတဲ့ နောက်တစ်ဆင့်ကို တက်လာပြီး ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့အခါမှာတော့….။ သူငယ်ချင်း ၈ ယောက်ထဲက ၄ ယောက်ဖြစ်သူရဲ့ တရားခွင်မှာ ထွက်ဆိုချက်ပေးတာကို နောက်ကြောင်းပြန်ပြတဲ့အနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးမှာ မထင်မှတ်ထားတာတွေ ပါပါတယ်။ ထင်ရာစိုင်းပြီး ခေတ်မှီနေကြတဲ့ ဆယ်ကျော်သက်လေးတွေ နဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေ သွန်သင်ဆုံးမဖို့အတွက် ပညာရစရာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 642 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

Comedy
5.6 2018
We (Wij
Give Me A Ride
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဟာသ အမောပြေဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ရွာမှာကလေးတွေစာဖတ်တတ်ဖို့အတွက် လုပ်အားပေးဆရာမ အနေနဲ့ အမေကိုအတိုက်အခံလုပ်ပြီးဆင်းသွားတဲ့ ယွီရှောင်း၊ အခွေဆိုင်လေးဖွင့်ထားပြီး အသက် (၃၂) ထိမိဘလုပ်စာထိုင်စားနေတဲ့အစ်ကိုဖြစ်သူ ယွီလျန်ရှန်း။ အမေဖြစ်သူက သမီးကိုပြန်ခေါ်လာဖို့အတွက် သားကိုမျိုးစုံခြိမ်းခြောက်တဲ့အခါ သားဖြစ်သူကယွီရှောင်းကိုရှာဖို့ခရီးစထွက်ပါတော့တယ်။ အဲ့အချိန်မှာပဲရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုသွင်းရောင်းချနေတဲ့ ယုခါမိန်းကလေး၊တရုတ်ပြည်မိန်းကလေးတွေကို M နိုင်ငံအထိလူကုန်ကူးရောင်းချနေရာကနေ မှောင်ခိုဂိုဏ်းကို အပြစ်လုပ်မိလို့ တရုတ်ပြည်ဘက်ထွက်ပြေးလာပြီး တရုတ်ပြည်မှာလည်း ဆက်လက်လူကုန်ကူးနေတဲ့ အစ်ကိုဟေး။ ဒီအမှုနှစ်ခုကို ရဲစခန်းမှဖြေရှင်းနေတဲ့အချိန် ယွီလျန်ရှန်းကလည်းညီမဖြစ်သူကိုရှာဖို့ ထွက်လာတဲ့အချိန် လမ်းမှာဓါးပြအဖွဲ့ ကုရှောင်မန့်ကောင်မလေးနဲ့ တွေ့ဆုံခဲ့တာပေါ့။ကုရှောင်မန့်က ယွီလျန်ရှန်းကိုသိမ်းသွင်းပြီ းလုယက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ သူရဲ့ကြင်နာမှုကြောင့် မလုယက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ထန်ခေတ်မှာတိဘက်ဘုန်းကြီးကိုင်ဆောင်ရာ ပုတီးကို မှောင်ခိုတင်သွင်းနေတဲ့ ယုခါမိန်းကလေးတို့အဖွဲ့နဲ့တွေ့နေတဲ့အချိန်မှာ ယွီရှောင်းကအစ်ကိုဟေးနဲ့တွေ့ပြီး တျောက်မျိုးနွယ်ညီအစ်ကိုနှစ်ယောက်က ထောင်ထဲကထွက်လာလို့ မိန်းမ မယူနိုင်ဖြစ်နေတာကြောင့် ယွီရှောင်းကိုအတင်းအဓမ္မလက်ထပ်ဝယ်ယူဖို့ အစ်ကိုဟေးနဲ့တွေ့ဆုံရန်ထွက်လာချိန်၊ ယွီလျန်ရှန်းကလည်းညီမဖြစ်သူရှာဖို့ထွက်လာတဲ့အချိန်၊ ကုရှောင်မန့်တို့ကလည်းလုယက်ဖို့ဂွင်ဖမ်းနေတဲ့အချိန် ဒီလိုတွေ တိုက်ဆိုင်သွားတဲ့အချိန်မှာတော့ အလွဲလွဲ အချော်ချော်များနှင့်ဟာသလေးတွေ ရောနှောပြီးတင်ဆက်ပြသထားတာကြောင့် ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

Drama • Romance • Comedy
6 2024
Give Me A Ride
Pelikan Blue Kék Pelikan
8.1

Pelikan Blue (2024) Original title: Kék Pelikan IMDb Rating (8.1) ဒီ Animation Documentary လေးကတော့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံတင်ဆက်ထားတဲ့ ဟန်ဂေရီ Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံဟာ ဆိုဗီယက်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်သွားပြီးနောက် ၁၉၉၀ ခုနှစ်ကာလများမှာ လွတ်လပ်စွာခရီးသွားလာခွင့်တွေရရှိခဲ့ပေမယ့် လက်မှတ်ခတွေ အလွန်ဈေးကြီးတာကြောင့် ခရီးသွားဖို့မတတ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် လူငယ်များ နိုင်ငံပြင်ပ လောကကြီးအကြောင်းလေ့လာနိုင်စေဖို့ ဘူတာပတ်စ်မြို့က Ákos, Laci နဲ့ Petya ဆိုတဲ့ လူငယ်လေးသုံးယောက်ဟာ လက်မှတ်တုတွေလုပ်ပြီး ခရီးသွားကြဖို့ ကြိုးပမ်းကြပုံကို စိတ်ဝင်စားဖွယ် သမိုင်းဗဟုသုတအနေဖြင့်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zaw Mee ပဲဖြစ်ပါတယ်) File size…(1.4 GB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:19:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaw Mee

Adventure • Fantasy
8.1 2024 80 mins
Pelikan Blue Kék Pelikan
Kingsglaive: Final Fantasy XV

လောကကြီးမှာ… ဂိမ်းမဆော့ဘူးတဲ့လူဆိုတာမရှိနိုင်ပါဘူးလို့ ပြောရမလိုပါပဲ ၊ ဂိမ်းတွေဆိုတာလည်း တစ်ခေတ်ပြီး တစ်ခေတ် အဆင့်ဆင့်ကျော်လွှားခဲ့ပြီး လူတွေ နှလုံးသားထဲနေရာယူထားဆဲပါ။ ရာထောင် သောင်းချီတဲ့ ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးဂိမ်းတွေ ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်ပါတယ်။ အဲ့ဒီဂိမ်းတွေထဲကမှ Final Fantasy ဆိုတာလည်း အဲ့ဒီထဲက နာမည်ကြီးတစ်ခုမဟုတ်ပါလား . . . အခုဒီဇာတ်ကားလေးဟာ ၂၀၁၆ ထွက်ဖြစ်ပြီး IMDb rating 7.0/10 ထိရရှိထားပါတယ်။ Entertainment Weekend C+ တိုက်ပွဲတွေကြောင့် အသက်တွေ သွေးတွေ ချောင်းစီးခဲ့ရပြီးနောက်မှာ Kingsglaive အဖွဲ့ဟာ Lucis ကို အသက်ပေးပြီး လာရောက်တိုက်ခိုက်သမျှ ရန်သူတွေကောင်းဆိုးဝါးတွေကို ပြင်းပြင်းထန်ထန်တော်လှန်တိုက်ခိုက်နေခဲ့ပါတယ်။ နောက်တော့ ရန်သူ့တပ်မတော်က သူတို့ကဲ့သို့တပ်ဖွဲ့တွေကို မှော်အစွမ်းတွေနဲ့ စွမ်းရည်မြင့်မားလာအောင်လုပ်ဖို့အတွက် မှော်ဝင်သလင်းတုံးကို ရှာဖွေနေခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ …… ဒီကားဟာ Franchise တစ်ခုအနေနဲ့ အပိုင်းတွေ အများကြီးထွက်ရှိပြီးခဲ့တဲ့နောက် ဒါဟာ ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတာပါပဲ။ ဂျပန်က ထုတ်တာဖြစ်တဲ့အတွက် အန်နီမေးရှင်းပိုင်းမှာ ပြောစရာ လှည့်ကြည့်စရာမလိုလောက်အောင် သေသပ်ကျနမှု ရှိလှပါတယ်။ သရုပ်ဆောင် အပိုင်းလား စိတ်ပူစရာတောင် မလိုပါဘူး နာမည်ကြီးတွေဖြစ်တဲ့ Aaron Paul(Mission Impossible 3, Need For Speed), Sean Bean(The Lord Of The Rings Trilogy, Games Of Thrones), Lena Heady (300, 300:Rise Of The Empire, The Mortal Instruments) တို့တွေက အသံသရုပ်ဆောင်ထားတာပါ။ ဘာပဲဖြစ်ဖြစ်ပါ ဒီကားက Final Fantasy ဂိမ်းဖန်တစ်ယောက်အနေနဲ့တင်မကပဲ အန်နီမေးရှင်းဖန်တစ်ယောက်အနေနဲ့ပါ ကြည့်ရှုခံစားလို့ရနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်း… File Size : 5.2 GB, 2.1 GB, 1.08 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 50min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Action, Animation, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by : ငတုံးမျိုးကို Encode by : Thit San Khant

Crime • Horror • Thriller
0 2016
Kingsglaive: Final Fantasy XV
Enjoy Yourself
6

ဒီနေ့မှာတော့ ဇာတ်ကားဆန်းဆန်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖန်ပြွန်သန္ဓေသားဆိုတာကို ကြားဖူးမှာပါ…မျိုးအောင်ပြီးသား ဖန်ပြွန်သန္ဓေသားကို ဆေးရုံရဲ့ ပိုးသတ်အအေးခန်းထဲမှာ သိမ်းထားတဲ့အချိန်မှာပဲ… သန္ဓေသားပိုင်ရှင်လင်မယားက ယာဉ်မတော်တဆဖြစ်သွားပြီး… ယောက်ျားကသေ မိန်းမက ကုတင်ပေါ်မှာ ကိုမာဝင်သွားတယ်ဆိုရင်…. ဆေးရုံကလည်း သတ်မှတ်သက်တမ်း ၃ နှစ်ပြည့်တာနဲ့ သန္ဓေသားကို ဖျက်စီးမှာတဲ့…. ယောက်ျားလေးရှင်ဖက်က ပိုင်သင့်လား… မိန်းကလေးရှင်ဖက်က ပိုင်သင့်လား… တွေးကြည့်ရင် အဖြေအမျိုးမျိုးထွက်လာတယ်မလား… ဒီစဉ်းစားစရာကိစ္စက ဒီဇာတ်လမ်းလေးကို ဖန်တီးပေးလိုက်ပါပဲ… နှစ်ဖက်မိဘ ညှိနှိုင်းမရတော့လည်း တရားရုံးရင်ဆိုင်ဖို့အထိဖြစ်ခဲ့တာပေါ့… တိုက်ဆိုင်စွာနဲ့ပဲ… ဒီသန္ဓေသားကို တာဝန်ယူ ဖန်တီးပေးခဲ့တဲ့ ဆရာဝန်မနဲ့ ဒီအမှုကို တိုင်ကြားတဲ့ အမျိုးသားရှင်ဖက်က မိဘနှစ်ပါးရဲ့ ရှေ့နေက ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းကိုမထောက် ကွာရှင်းဖို့ ကြိုးစားနေတဲ့ လင်မယားတွေတဲ့… ကဲ… ဇာတ်လမ်းအဆုံးမှာ ဒီသန္ဓေသားကို ဘယ်သူပိုင်မှာလဲ… ၁၀ နှစ်တာ အိမ်ထောက်သက်တမ်းကို မငဲ့ကွက်ဘဲ ကွာရှင်းဖို့ထိ စိတ်ပြတ်သားစေခဲ့တဲ့ အကြောင်းအရင်းကရောဘာလဲ… စိတ်ဝင်စားတယ်ဆို CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

6 2024
Enjoy Yourself
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
Pay It Forward

Pay It Forward (2010) ********************* ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ… ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်… ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ…. ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို… သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်… ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ… ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး…ကျွန်တော်တို့နှလုံးသားတွေကို… ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ ဇာတ်လမ်းအကျဉ်း ————– အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ… ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ… သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ… ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ… ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ…ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ… ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်….. File Size : 2.54GB / 953MB Quality : WEB-DL 1080p 5.1ch / 720p Duration : 02:03:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Sherlock Encoded by Heather Oo

0 2000 122 mins
Pay It Forward
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam