YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mia.and.Me.The.Hero.of.Centopia.2022.1080p.WEB-DL.DD5.1.CM.mp4

1.59 GB 1080p video/mp4 2547 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
[18+] Pabuya
5

Pepe နဲ့ Jojo တို့ဟာ နယ်မြေတစ်ခုစီကိုအပိုင်စားယူထားတဲ့ ဂန်းစတားတွေပါ။ အခုတလောတော့ Pepe ရဲ့ပိုင်နက်တွေကို တစ်ခုပြီးတစ်ခု Jojo က သိမ်းယူလာပြီးတော့ Pepe ဆီကလူတွေပါ တစ်ဖက်ကိုရောက်ကုန်ပါတယ်။ သူတို့ဂိုဏ်းတွေကြားက ရန်စကိုဖြေရှင်းဖို့ အထက်က သူတို့ကို လက်နက်မပါပဲအနိုင်တိုက်ကြေး၊ နိုင်တဲ့အဖွဲ့က နယ်မြေယူဖို့ ပွဲတည်ပေးလိုက်တဲ့အချိန်မှာတော့ Pepe လက်လွန်ပြီး တစ်ဖက်က လက်ရုံးတစ်ယောက်ကို သတ်မိသွားပါတော့တယ်။ တကယ်တော့ အဲ့ဒီလက်ရုံးဟာ Jojo ရဲ့လက်ရုံးတင်မကပဲ ရဲတပ်ဖွဲ့ကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လည်း ဖြစ်နေတဲ့အတွက် Pepe တစ်ယောက်သေပြေးရှင်ပြေး ပြေးရင်း အချစ်ဟောင်းဖြစ်တဲ့ အလှပဂေးလေး Bella နဲ့တစ်ဖန်ပြန်ဆုံဆည်းရချိန်မှာတော့... ဒီဇာတ်ကားမှာတော့ Vivamax ကားတွေမှာတစ်ခါမှမတွေ့ရဖူးတဲ့ မျက်နှာသစ်မင်းသမီးလေးတစ်လက်ဖြစ်တဲ့ Franki Russell ကိုပွဲထုတ်ထားပါတယ်။ ကြွေရုပ်ဖယောင်းရုပ်လေးလို ဖူးမွတ်နေအောင်လှတဲ့အနောက်တိုင်းသူ မျက်နှာပေါက်လေးနဲ့ဆိုတော့အားလုံးအကြိုက်တွေ့ကြမှာပါ။ သူ့ IG လေးပါ အဆစ်ထည့်ပေးလိုက်ပါတယ်။ Instagram Link (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 580MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Action, Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Science Fiction • Thriller
5 2022 81 mins
[18+] Pabuya
Machine Gun Kelly's Life In Pink
7.6

Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10 Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ Rock Star ဖြစ်နေပါပြီ။ ဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ အစုံအလင်ပါပါတယ် သူ ဘာလို့ လိုင်းပြောင်းသွားရတယ်တို့၊ လူတွေက သူ့ဆို အရမ်းမုန်းကြတဲ့အကြောင်း ဥပမာဆို UFC ဖိုက်တာကြီး Conor McGregor က ပွဲထဲ လှမ်းထိုးဖို့ လုပ်တာတို့၊ နာမည်ကျော် Metal အဖွဲ့ Slipknot က Vocal သမား Corey Taylor နဲ့ ညှိကြတာတို့ (ပြဿနာနဲ့ ပွဲတော့ အတော်ရှာတဲ့ကောင်ပါ)။ ပြီးတော့ သူ့ အယ်ဘမ်တွေကို နံပါတ် ၁ ဖြစ်အောင် ကြိုးစားကြတာ Blink-182 က ဒရမ်မာကြီး Travis Baker တို့ ဘယ်လိုတွေ ပံ့ပိုးပေးတာမျိုး သမီးတစ်ယောက်ကိုလည်း နာမည်မကြီးခင်ကတည်းက ရထားပြီး ဖခင်အဖြစ်လည်း နေထိုင်ရပုံတွေ ဘာညာနဲ့ အစုံ ပြထားတာပေါ့လေ။ ဆိုတော့ ဂီတမှတ်တမ်း ရုပ်ရှင်တွေ ထုံးစံအတိုင်း အနိမ့်အမြင့် အတက်အကျ အခက်အခဲ အောင်မြင်မှုတွေ သီချင်း ဖန်တီးကြတာတွေ ပြင်ပ နေထိုင်မှု ဘဝက ပျော်စရာ ဝမ်းနည်းစရာ စသဖြင့် အနုပညာရှင်ဆိုပေမဲ့ လူသားပါဆိုတာမျိုး အမြင်တွေကို ချပြထားတဲ့ ဂီတ မှတ်တမ်းရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ် File size…2.8GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 41mins Subtitle….Myanmar Subtilte(Hard Sub) Encoder….YK Translated by ThuRa Aung

Horror
7.6 2022 102 mins
Machine Gun Kelly's Life In Pink
After the Pandemic
3.2

CM ရဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ After the Pandemic ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Virus outbreak ဖြစ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်းသန်းချီသေဆုံးခဲ့ရာမှ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ လူငယ်တွေကိုတော့ ရောဂါပိုးဟာ သက်ရောက်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီတော့ Elite အလွှာ လူတန်းစားများဟာ လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကိုရယူချင်တဲ့အတွက် လူငယ်တွေကို Lab ခန်းထဲမှာ analysis လုပ်ဖို့ ကြံစည်လာပါတယ်။ လူငယ်တွေအတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ အဲ့တော့ ထွက်​ပြေးပုန်းရှောင် ကြတဲ့အတွက် လူငယ်တွေမရှိသလောက်နီးပါးဖြစ်သွားပါတယ်။ အယ်လီဟာလည်း ထိုအထဲမှတစ်ယောက်အ​ပါအဝင်ဖြစ်ပါတယ်။ နောက်ကနေလိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်ကလွတ်အောင် ကြိုးစားရင်းနဲ့ ကွင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးဟာ virus outbreak ဖြစ်တဲ့အခြေအနေကိုရိုက်ကူးထားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ရဲ့ survival အတွက်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုဖို့တန်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုတာကို ညွှန်းပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (1.35 GB) / (644 MB) / (424 MB) Quality – WEB-RIP 1080p / 720p/480p Duration - 1h 24mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Drama Translator – Yoonwahwah Theint Encoder – SWM

Drama • Romance
3.2 2022 84 mins
After the Pandemic
Treeless Mountain
6.9

"သစ်ပင်မရှိတဲ့ တောင်" ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ အမေမရှိတဲ့ ကလေးတွေရဲ့ဘဝဟာ သစ်ပင်မရှိတဲ့ တောင်လို အကာအကွယ်မဲ့ဖြစ်ရတတ်ကြောင်းကို ဒီကားလေးထဲမှာ တင်ဆက်ပြသထားပါတယ်... ဂျင် နဲ့ ဘင် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူ ဟောင်းနွမ်းနေတဲ့တိုက်ခန်းကျဥ်းလေးထဲမှာ နေထိုင်ကြပါတယ်။ တစ်ရက် ကလေးတွေရဲ့အမေဟာ အဝေးရောက်နေတဲ့ ခင်ပွန်းကိုသွားရှာဖို့အတွက် လူမမည်ကလေးနှစ်ယောက်ကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ သွားအပ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကလေးတွေအတွက် ဝက်ရုပ်စုဘူးလေးပေးခဲ့ပြီး အဲ့ဒီစုဘူးလေးပြည့်တဲ့နေ့ ပြန်လာခဲ့မယ်ကတိပေးပြီး ထွက်သွားပါတယ်။ အဒေါ်ဖြစ်သူဟာ အရက်စွဲနေတဲ့သူဖြစ်ပြီး ကလေးတွေကို သေချာဂရုမစိုက်နိုင်လို့ ဂျင် နဲ့ ဘင် ဟာ သူတို့ဘာသာပဲ နှံကောင်လေးတွေလိုက်ဖမ်းလိုက်၊ ကင်ပြီးရောင်းလိုက်နဲ့ ရသမျှငွေလေးတွေကို စုဘူးလေးထဲဖြည့်ရင်း အမေပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်ချိန် ဝက်ရုပ်စုဘူးလေးပြည့်သွားတဲ့နေ့ ကတိအတိုင်း အမေဖြစ်သူ ပြန်လာခေါ်ပါ့မလား...အမေပြန်မလာခဲ့ရင်ရော ကလေးနှစ်ယောက် ရှေ့ဆက်ဘာဖြစ်သွားကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ရအောင်နော်~ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ei Phyu Khin ပါ) File Size          :  (1.1GB) & (370MB) Quality            : 720p HDTV & 480p Format            : mp4 Duration         : 1hr & 29mins Genre              : Drama Translated by  Ei Phyu Khin Encoded by Kinnov

Action • Mystery • Thriller
6.9 2009 89 mins
Treeless Mountain
Fear Street: 1994
6.7

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။ Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက် လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့ နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာက မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့... သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။ July 9 , July 16 တို့မှာ Part 2, Part 3 ထွက်ရှိဦးမှာမို့ cm ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

Horror • Music • Science Fiction
6.7 2021 107 mins
Fear Street: 1994
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
4.4

China Scandal Exotic Dance (1983) စီးပွါးရေးလောကမှာ နာမည်ကြီးပြီး လိုတရဖြစ်နေတဲ့ ဖရန့်စ်… သူ့သီဝရီက ရှင်းတယ် ဘယ်မိန်းမဖြစ်ဖြစ် ပိုက်ဆံနဲ့လဲရင် ရတယ်တဲ့လေ…. ဂျပန်အဆိုလောကမှာ နာမည်ကြီးနေတဲ့ ရာမာဇကီ… သူက ဟောင်မှာပါ လက်ရှိနာမည်ရနေသူ သူမရဲ့ အလှပနဲ့ အဆိုကောင်းမှုတွေကြောင့် နာမည် တစတစ ကြီးလာနေသူ အခုလည်း ဟောင်ကောင်ကို ဖျော်ဖြေပွဲ တခုအတွက် ရောက်လာ ချိန်မှာ ဖရန့်နဲ့ တွေ့ပါတော့တယ် ဖရန့်စ်ကလည်း ရာမာဇကီ ကိုမြင်မြင်ချင်းပဲ စိတ်ဝင်စားသွားရာမှ…. မာနခဲ ရာမာဇကီ လေးနဲ့ ဖရန့်စ်တို့ရဲ့ အပြိုင်အဆိုင် အားပြိုင်မှုတွေက DS Fans တွေအကြိုက်တွေဖြစ်နေလို့ တင်ဆက်ပေးလိုက်ပါတယ်

4.4 1900 89 mins
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
Juang
7

ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ပြန်လိုက်ပါလာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ကိုဗစ်ကာလတုန်းက လမ်းတွေပိတ်၊ ကားတွေစစ်၊ ဖြတ်သန်းခွင့်မရှိရင် မသွားရဆိုပြီး တားမြစ်မိန့်တွေလည်း ထုတ်ခဲ့တာမို့ အဲဒါအမိန့်ကို ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေနဲ့ အဲဒီအမိန့်ကို မလွှဲမရှောင်သာ ဖောက်ဖျက်ရတဲ့သူတွေ၊ ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတ္တသမားတွေ၊ ကိုယ်အဆင်ပြေဖို့ပဲအရေးကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေရဲ့ အတ္တလောဘတွေ၊ ပစ္စည်းမလောက် လူအင်အားမရှိဘဲ ရှေ့တန်းက တိုက်ခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ အရေးကြုံရင် ရှိတဲ့ပစ္စည်း ရှိတဲ့လူအင်အားနဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဗဟုသုတတွေ၊ ကိုဗစ်ကာလရဲ့ နာကျင်ဖွယ်၊ သံဝေဂရဖွယ် ဒုက္ခမျိုးစုံကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထည့်သွင်းရိုက်ကူးထားတာမို့ ခံစားချက်မျိုးစုံရရှိစေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာအမှန်ပါ။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller • TV Movie
7 2022
Juang
Annabelle
5.4

2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.4 2014
Annabelle
Deep Fear
5

Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Crime • Action
5 2022
Deep Fear
Trapped

၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Crime/Thriller ရုပ်ရှင်ကားကို Cherlize Theron, Kevin Bacon, Courtney Love နဲ့ Dakota Fanning တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Karen နဲ့ Will Jennings တို့ စုံတွဲမှာ Abby ဆိုတဲ့ ကလေး တစ်ယောက်ရှိပါတယ်။ Willကတော့ နာမည်ကြီး မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပြီး အလုပ်အရမ်းများတတ်သူပါ။ Karen ကတော့ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ Will တစ်ယောက် ဆေးဘက်ဆိုင်ရာ ညီလာခံ သွားတက်နေတုန်း Karen နဲ့ Abby တို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ Abby လေးကို အိမ်ထဲထိဝင်ပြီး ပြန်ပေးသမားတွေက ပြန်ပေးဆွဲကာ Will နဲ့ Karenကိုလည်း ဖမ်းခေါ်ထားပါတယ်။ သူတို့ အစီအစဥ်အတိုင်း ၂၄နာရီ ပြည့်တဲ့အထိ မနေပေးရင် Abby လေးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ သူတို့ သမီးလေးကို ကယ်တင်ဖို့ ပြန်ပေးသမားတွေရဲ့ အကြံအတိုင်း လိုက်လုပ်ကြရပါတော့တယ်။ File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2002
Trapped
Sira
6.4

Sira (2024) ဒီကားက‌တော့ အာဖရိကရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Apolline Traoré က မကြာခဏ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိတဲ့ အာဖရိကမြောက်ပိုင်း Sahel ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝကို အခြေခံထားပါတယ်။ “မကြာခဏဆိုသလို အမျိုးသမီးတွေကို မျှော်လင့်ချက်မဲ့တဲ့ သားကောင်တွေအဖြစ် မြင်တတ်ကြတယ်” လို့ Apolline က Toronto မှာ ကျင်းပတဲ့ မြောက်အမေရိကရှိ ပထမဆုံးပြသပွဲမှာ ပြောကြားခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း မင်္ဂလာဆောင်မည့်အမျိုးသမီးဖြစ်သူ စီရာဟာ ချစ်သူနဲ့အတူရှိဖို့ မိတ်ဆွေများ၊ မိသားစုဝင်များနဲ့အတူ လူသူမနေတဲ့ ကျယ်ပြန့်တဲ့ ကန္တာရကြီးကို ဖြတ်သန်းနေစဉ်မှာ၊ မွတ်စ်လင်မ်ဘာသာဝင်မဟုတ်တဲ့သူနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားကြောင်း သတင်းက ပျံ့နှံ့သွားပါတယ်။ အဲ့တာကြောင့် လက်နက်ကိုင်အစွန်းရောက်သမားများက ရောက်ရှိလာပြီး သူတို့အုပ်စုကို တိုက်ခိုက်ကာ စီရာကို ရိုက်နှက်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒါပေမယ့် စီရာက မျှော်လင့်ချက်ကို လွယ်လွယ်မစွန့်လွှတ်တတ်တဲ့သူမို့ ဘယ်လိုစွန့်စားခန်း‌တွေထုတ်ပြီး လက်စားပြန်‌ချေမလဲဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်မှုနဲ့ စကားပြောဆိုမှုများ အားနည်းနေ‌ပေမယ့် ဒီရုပ်ရှင်လေးဟာ ဒေသခံ အမျိုးသမီး‌တွေရဲ့ ဖြစ်ရပ်နဲ့ သူတို့လေးတွေရဲ့ သတ္တိကိုအဓိကထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (1.6 GB) / (960 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:03:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe

Drama • Mystery
6.4 2024 122 mins
Sira