YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Marvels.Hit-Monkey.S02E05.Akiko.1080p.(CM).mp4

349.2 MB 1080p video/mp4 234 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
Velvet Goldmine
7

မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း လိုက်စုံစမ်းဖို့ လန်ဒန်ကိုပြန်လာခဲ့ပြီးတော့ ဘရိုင်ယန်စလိတ်ဒ်နဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကို အင်တာဗျူးရင်း စလိတ်ဒ်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အလုပ်အကြောင်းတွေသိလာရပြီး နောက်ဆုံး စလိတ်ဒ်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်တဲ့အကြောင်းအရာတွေအကုန်လုံး ရှင်းလင်းသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(3.3 GB)/(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Fantasy • History • Romance
7 1998 123 mins
Velvet Goldmine
The Witch: Part 1. The Subversion
7.8

ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ အက်ရှင်ခန်းအမိုက်စားတွေကြောင့် ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီး Part 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ... ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။ အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ.... File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Action • Drama • Thriller
7.8 2018 125 mins
The Witch: Part 1. The Subversion
Blood: The Last Vampire
5.7

ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ် ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ... ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ ( အညွှန်းရေးသားထားသူကတော့ Zero ပါ ) File Size__(1.6GB) / (760MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Shwe Yil Linn Encoded by Naing Aung Latt

Horror • Thriller
5.7 2009 91 mins
Blood: The Last Vampire
To Live
8

~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~ " Directed by Zhang Yimou " အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။ ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို " မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်" ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။ ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။ To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။ To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.21GB Quality - Blu-ray 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 13Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Thriller
8 1994 133 mins
To Live
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
Working Boys 2: Choose Your Papa

Working Boys 2 : Meet Your Papa (2023) အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့် အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။ ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့ အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်း ရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်း အစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင် အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ် ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေ ဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ… စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့ အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ဒီလူ ၆ ယောက်ရဲ့ အလုပ်ရှာမယ့်ခရီးစဉ်မှာ ဘယ်လိုအလွဲအချော်တွေနဲ့ခွီရမလဲဆိုတာ အားလုံးအတူ ကြည့်လိုက်ရအောင်ပါ။ အညွှန်း န့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.2GB | 549MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

0 2023
Working Boys 2: Choose Your Papa
You, I Love
4.8

We love (2018) IMDb – 4.8 My Drama List – 6.6 ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။ တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင် File size… 1.96 GB / 849 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

4.8 2018 100 mins
You, I Love
The Cursed

ကျိန်စာသင့် ရိုးရာ (၂၀၂၄) ဒီတစ်ခါမှာတော့ ထိုင်းဟော်ရာဖန်တွေရဲ့အကြိုက် ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မျိုးရိုးစဉ်ဆက် ဆက်ခံလာခဲ့တဲ့ နိုရာအကဆိုတဲ့ ဓလေ့ထုံးတမ်းအကတစ်ခုကို ဆက်ခံသူမရှိတဲ့အချိန်မှာ ချာထရီဟာ သူ့မှာသာ သားယောက်ျားလေးမွေးဖွားလာခဲ့ရင် နိုရာအက အမွေကို ဆက်ခံခိုင်းမယ်ဆိုပြီးတော့ နိုရာဘိုးဘေးတွေဆီမှာ ကတိကဝတ်ပြုခဲ့ပါတယ်။ သူတောင်းဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဩဂတ်ကို ဖွားမြင်လာတဲ့အခါမှာ သားလေးကို ဓလေ့ထုံးတမ်းအတိုင်းထားခဲ့ရာကနေ မိန်းမဖြစ်သူက ချာထရီ့ကို အစွဲအလမ်းကြီးသူအဖြစ် သတ်မှတ်ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏရန်ဖြစ်ရာကနေ ကွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ ချာထရီတစ်ယောက် နေမကောင်းဖြစ်ကာ ကွယ်လွန်ခါနီးအချိန်မှာ သားဖြစ်သူကို မိုအီထုံးတမ်းကို လမ်ပမ်အိမ်မှာ လုပ်ဖြစ်အောင်လုပ်ဖို့ မှာကြားနေရင်းကနေ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဆုံးပါးသွားတဲ့နောက် ဩဂတ်နဲ့ သူ့အမေဟာ လမ်ပမ်အိမ်ကို သွားဖို့ ဖြစ်လာရာကနေ …….. ဘယ်လို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ …. သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကရော ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ …….. မိုအီဓလေ့ကိုရော လုပ်နိုင်လိုက်မှာလား ….. ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 808MB | 449MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

Drama • Family
0 2024
The Cursed
Tuck Everlasting

ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာမ Natalie Babbit ရဲ့ Tuck Everlasting ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Tuck Family လို့ခေါ်တဲ့ မိသားစုလေးယောက်ဟာ မှော်ရေအိုင်ကလေးထဲကရေတွေကိုသောက်မိပြီး မသေမျိုးတွေဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုမသေမျိုးတွေဖြစ်သွားတဲ့အတွက်သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့သလို လူမြင်ကွင်းကနေပုန်းရှောင်ပြီးတောထဲမှာသာနေကြရပါတယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက် မင်းသမီးလေးဖြစ်တဲ့ Winifred ဆိုတဲ့ သူဌေးသမီးလေးဟာ အိမ်ကအရမ်းချုပ်ချယ်တဲ့အတွက် တောထဲထွက်ပြေးလာရင်း Tuck မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူ Jessie နဲ့တွေ့ဆုံကာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာဆက်လက်ရှု့စားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ vibe ကတော့ Twilight တို့ Snow-white တို့လို Romance vibe လေးဖြစ်တဲ့အတွက် Disney ကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်တဲ့ကားလေးပါပဲ။ IMDbမှာလည်း 6.6 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(841 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2002
Tuck Everlasting
Teasing Master Takagi-san
6.7

Teasing Master Takagi-san (2024) *********************************** သူငယ်ချင်းအချစ်ဦးလေးနဲ့ ပြန်ဆုံတွေ့ကြတဲ့ Teasing Master Takagi San ဆိုတဲ့ ဂျပန်ကားလေးက ငယ်စဉ်ဘဝအပြင် လက်ရှိကာလကိုပါ ပိုပြီးသက်ဝင် ကြည်နူးဖွယ် ခံစားမှုပေးနိုင်တဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ရယ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ စနောက်မှုတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************* အလယ်တန်းကျောင်းသား နီရှီခတာဟာ သူ့ဘေးနားကထိုင်တဲ့ တာခဂိဆိုတဲ့ မိန်းကလေးသူငယ်ချင်းဆီက အမြဲလိုလို စနောက်ခံရပါတယ်။ နည်းမျိုးစုံနဲ့ အမြဲစနောက်တတ်တဲ့ တာခဂိကို နီရှီခတာက လက်စားချေပစ်မယ်လို့ ကြုံးဝါးခဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ တာခဂိကို အနိုင်ချင်ပေမယ့် နီရှီခတာဟာ တာခဂိဆိုတဲ့နဲ့တင် အလိုလို ရှုံးခဲ့ရသူပါ။ အလယ်တန်းတတိယနှစ်မှာ ပါရီကို တာခဂိပြောင်းသွားခဲ့ပေမယ့် သူတို့နှစ်ယောက်ဟာ အဆက်အသယ်မပြတ်ခဲ့ကြပါဘူး။ ၁၀ နှစ်အကြာမှာ နီရှီခတာက သူတို့ကျောင်းမှာပဲ ကာယဆရာအဖြစ် လုပ်နေချိန် တာခဂိက တန်းပြဆရာမအနေနဲ့ ၃ပတ်ကြာအလုပ်သင်လာရောက်ခဲ့ချိန်မှာ အတူတူနီးစပ်ဖို့ ဖြစ်လာပါတယ်။ ဆရာတွေအဖြစ်နဲ့ပြန်ဆုံတဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေကို ဘယ်လိုမျိုး စဉ်းစားဖြေရှင်းကြမလဲ။ ရိုးအတဲ့နီရှီခတာက တာခဂိဆိုတဲ့ အစနောက်သန်တဲ့ မိန်းကလေးကို အနိုင်ရယူပြီး ပြန်စနောက်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.61GB / 670MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou, Dao Phyo & Mary Christ Encoded by AHtet

Western • Drama • Adventure
6.7 2024 119 mins
Teasing Master Takagi-san
Tin Soldier
4

Tin Soldier (2025) Robert De Niro ၊Scott Eastwood နဲ့ Jamie Foxx တို့လို ဒိတ်ဒိတ်ကြဲမင်းသားတွေ Cast အဖြစ်ပါဝင်ထားတဲ့ အသစ်ထွက် Action, Thriller ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဘိုကူရှီ(Jamie Foxx)ဟာ အမေရိကန်စစ်ပြန်တွေကို စုဆောင်းပြီး ဂရိုဂရမ်လို့ ခေါ်တဲ့အဖွဲ့တစ်ခု တည်ထောင်ထားပါတယ်။ အစပိုင်းမှာ ပရိုဂရမ်ရဲ့ရည်ရွယ်ချက်ဟာ PTSD ဝေဒနာခံစားနေရတဲ့ စစ်ပြန်တွေကို ကူညီဖို့ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘိုကူရှီဟာ အစွန်းရောက်သွားပြီး စစ်ပြန်တွေကို အစိုးရကဂရုမစိုက်ဘူးဆိုပြီး ပရိုဂရမ်အဖွဲ့ကို ဦးနှောက်ဆေးကာ အစိုးရကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ နက်ရှ်ကာဗန်နာ့ (Scott Eastwood)ကတော့ အမေရိကန်စစ်ပြန်တစ်ယောက်ဖြစ်ပြီး PTSD ဝေ‌‌ဒနာကို ခံစား နေရသလို ကားမတော်တဆမှုတစ်ခုမှာ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် လေလွင့်ပြီး ဘဝကိုဖြစ်သလိုနေထိုင်နေသူဖြစ်ပါတယ် ။ တစ်ရက်မှာတော့ သူ့ကို အီမန်နျူရယ်အက်ရှဘန်း(Robert De Niro)ဆိုသူက ချဉ်းကပ်လာပြီး ဘိုကူရှီရဲ့ခြံဝန်းကို ဝင်စီးမယ့်အစီအစဉ်မှာ ပါဝင်ဖို့ စည်းရုံးလာပါတယ်။ အစပိုင်းမှာ နက်ရှ်ကငြင်းဆိုခဲ့ပမယ့် သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်ဟာ ဘိုကူရှီရဲ့ခြံဝန်းထဲမှာ အသက်ရှင်လျက်ရှိ‌နေနိုင်ကြောင်း အက်ရှ်ဘန်းကပြောလာတဲ့အခါမှာတော့.. အက်ရှ်ဘန်းက ဘာလို့ဘိုကူရှီကို ဖမ်းချင်နေရတာလဲ.. ဘာလို့ သူ့အစီအစဉ်မှာ နက်ရှ်လို လေ့လွင့်နေတဲ့စစ်ပြန်တစ်ယာက်ကို ပါစေချင်ရတာလဲ .. နက်ရှ်ရဲ့သေသွားပြီဖြစ်တဲ့ဇနီးကကော တကယ်ပဲ အသက်ရှင်နေတာလား.. နက်ရှ်နဲ့ ဘိုကူရှီ၊ အက်ရှ်ဘန်းနဲ့ ဘိုကူရှီတို့ရဲ့ဆက်နွယ်မှုတွေကကော ဘယ်လိုဖြစ်နေမလဲ..ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။) File size… (1.9 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Thriller Duration…. 01:28:59 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

Action • Adventure • Thriller
4 2025 87 mins
Tin Soldier
Wristcutters: A Love Story
7.2

Wristcutters: A Love Story (2007) ******************************** သေဆုံးပြီးနောက် ဘယ်ကိုရောက်သွားသလဲဆိုတဲ့ မေးခွန်းဟာ ဘာသာတရား၊ ယုံကြည်မှုနဲ့ ဒဿနအမြင်ပေါ်မူတည်ပြီး အဖြေကွဲပြားပါတယ်။ ဗုဒ္ဓဘာသာအရ လူတစ်ယောက်သေဆုံးရင် သူ့ရဲ့ကံကြောင့် ဘဝသံသရာထဲမှာ ပြန်လည်မွေးဖွားလာပြီး နတ်ဘုံ၊ လူ့ဘုံ၊ ငရဲဘုံစတဲ့ ဘဝတစ်ခုခုမှာ ရောက်ရှိတတ်ပါတယ်။ ခရစ်ယာန်ဘာသာမှာတော့ ယုံကြည်သူတွေဟာ ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ ရောက်ရှိတယ်လို့ ယူဆပါတယ်။ အချို့ယုံကြည်မှုတွေမှာတော့ သေပြီးနောက် ဝိညာဉ်ဟာ အဆုံးမရှိတဲ့ အနားယူရာနေရာ ဒါမှမဟုတ် စကြဝဠာနဲ့ တစ်သားတည်းဖြစ်သွားတယ်လို့ ယူဆကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနဲ့ ပတ်သက်လာရင်တော့ ဘာသာတရားအများစုက ဒါဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒီလိုပါပဲ။ ဒီဇာတ်ကားလေးမှာတော့ အဲဒီအယူအဆတွေနဲ့ကွဲပြားနေပြီး လူတစ်ယောက်က ကိုယ်တိုင်သေကြောင်းကြံစည်လိုက်တဲ့အခါ ဘုံတစ်ခု ရောက်သွားတာပါ။ ဇီယာဆိုတဲ့ကောင်လေးက သူ့ကောင်မလေးနဲ့လမ်းခွဲပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ပြီးတဲ့နောက်မှာ သေကြောင်းကြံစည်သူတွေချည်း နေထိုင်တဲ့ ထူးဆန်းတဲ့ ဘဝတစ်ခုမှာ နိုးထလာပါတယ်။ အဲဒီဘဝမှာ လူတွေက ပြုံးရယ်တာမျိုးမရှိဘဲ သူ့အလုပ်သူလုပ်ပြီး ရှင်သန်ရတာပါ။ အသက်ရှင်စဥ်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့ဇီယာတစ်ယောက် သေဆုံးပြီးချိန်မှာလည်း ရောက်သွားတဲ့ဘုံမှာ သူဘာအတွက်ရှင်သန်မှာလဲဆိုတာ အဖြေရှာကြည့်ရင်း သူကြုံ့တွေ့လာရမယ့်အဖြစ်အပျက်တွေကို ကြည့်ရှုလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟာ မကောင်းတဲ့ကံကို ဖြစ်ပေါ်စေပြီး နောက်ဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားဖို့ အကူအညီရယူခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေက ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖို့ အင်အားပေးနိုင်ပါတယ်။ ဘဝဟာ အဖိုးတန်တဲ့အရာဖြစ်ပြီး ဘယ်လိုအခက်အခဲပဲရှိရှိ အသက်ရှင်နေထိုင်ဖို့ အကြောင်းတစ်ခုခုတော့ အမြဲရှိနေတတ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ ZWTက ရေးသားထားပါတယ်) File Size – 2.78 GB/ 1.37 GB Quality – WEB-DL 1080p/ 720p Duration – 1h 28m Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – ZWT Encoded by – Treasure Htet

Comedy • Drama • Romance
7.2 2007 88 mins
Wristcutters: A Love Story