YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Marco Polo_S01E04720p(CM).mp4

485.89 MB N/A video/mp4 3382 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wolf Mountain
2.7

~ Rotten Tomatoes - 83% ~ လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။ Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ဒုက္ခပေးနေတဲ့ ဒီအိပ်မက်ဆိုးတွေပပျောက်အောင် Wolf Mountain ဆီကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အစ်ကိုဖြစ်သူ Max ကရော မိန်းမဖြစ်သူ Sam ကပါ သူတို့လည်းလိုက်မယ်ဆိုတာကြောင့် ဒီ ဝံပုလွေတောင်ခရီးစဉ်ဟာ Aj, Sam, အစ်ကိုဖြစ်တဲ့ Max နဲ့ သူ့မိန်းမ၊ ညီမဖြစ်တဲ့ Emma နဲ့ သူ့ကောင်လေးတို့ခြောက်ယောက်သား ဒီခရီးစဉ်ကိုထွက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့ တောင်ပေါ်မှာ Aj တို့ အဆင်ပြေ‌ပြေဖြတ်သန်းနိုင်ခဲ့ကြလား... Aj ရဲ့ အိပ်မက်ဆိုးတွေထဲက ဝံပုလွေလူသားဟာ တကယ်ရောရှိနေတာလား... ဘာတွေဆက်ဖြစ်လာမလဲ... Aj တို့တစ်သိုက် ဘယ်လိုအခက်အခဲတွေပေါ်လာမလဲ... ဒါတွေကို သူတို့ ရုန်းထွက်နိုင်ခဲ့ကြလား... ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါပြီခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Thriller
2.7 2022 94 mins
Wolf Mountain
Enna Solla Pogirai
8

ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။ - အောင်ချိမ့် " Love and Life is all about timing.'' လူတွေက ပြောကြတယ်။ အချစ်နဲ့ဘဝဆိုတာ အချိန်ကိုက်လည်ပတ်နေမှုတစ်ခုပဲတဲ့။ အချစ်ကိုပဲဖြစ်ဖြစ် ဘဝကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်မှန် ဖမ်းဆုပ်နိုင်ခဲ့ကြရဲ့လား။ ကျွန်တော်တို့ ဘာတွေကို လက်လွှတ်လိုက်ရလဲ။ " ကိုယ့်ဘဝထဲကို Right Person ဆိုတဲ့ဖြစ်တည်မှုတစ်ခု ဝင်ရောက်လာခဲ့ရင်တောင် Wrong Time ဖြစ်နေခဲ့ရင်။ အချစ်စစ်ဖြစ်နေပါစေဦး ငါတို့ လွဲချော်ကြရတာပဲ။ '' - ဗစ်ကရမ် " ဗစ်ကရမ် ရှင့်အတွက် ကျွန်မက ရွေးချယ်စရာတစ်ခုဆိုတာမျိုး မဖြစ်ချင်ဘူး '' - အမ်ဂျလီ " အတုအယောင်ဇာတ်လမ်းထဲက အချစ်စစ်ဖြစ်နေပါစေဦး ကျွန်မတို့ ဒါကို မပိုင်ဆိုင်နိုင်ဘူး။ '' - ပရီသီ သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ထဲမှာ ဘယ်သူတွေကများ အချစ်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလဲ။ ဘယ်သူတွေက လက်လွှတ်ဆုံးရှုံးလိုက်ရသလဲဆိုတာ ဒီ Rom-Comedy ရုပ်ရှင်ကောင်းလေးမှာ ခံစားလိုက်ပါဦးနော်။ File size…2.48GB / 1GB / 350MB Quality…1080p True Web DL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Poe

Action • Drama • History • Western
8 2022 146 mins
Enna Solla Pogirai
To All the Boys: Always and Forever
7.6

လာရာဂျိန်းဟာ ချစ်သူနဲ့ စတန်ဖိုဒ့်တက္ကသိုလ်မှာအတူတူတက်ရင်း အနာဂါတ်အတွက် အိပ်မက်တွေအများကြီးမက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးပါ။ ဒါပေမဲ့ လာရာဟာ အားကစားသမားတစ်ဦးဖြစ်တဲ့ ချစ်သူ ပီတာနဲ့ စတန်ဖို့ဒ်တက္ကသိုလ်အတူတက်ဖို့ စိတ်ကူးထားပေမယ့် ဘဝဟာ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒါ့အပြင် လေ့လာရေးခရီးသွားရင်း နယူးယော့ခ်မြို့ကိုချစ်မိသွားတဲ့ လာရာတစ်ယောက် နောက်ဆုံးမှာတော့ နယူးယော့ခ်တက္ကသိုလ်ဟာ သူတက်ချင်တဲ့တက္ကသိုလ်ဖြစ်တာကို နားလည်သွားခဲ့ပါတယ်။ ချစ်သူနဲ့အတူတူ အနာဂါတ်ခရီးကိုဖြတ်သန်းချင်ပေမယ့် ဘဝခရီးအတွက် ရွေးချယ်ဖို့ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်မှာတော့ လာရာတစ်ယောက် သူ့ရည်ရွယ်ချက်ကိုလည်း လက်မလွှတ်ချင်ခဲ့ပါဘူး။ ဒီဇာတ်လမ်းလေးထဲမှာတော့ အချစ်နဲ့ အနာဂါတ်ဘဝရည်ရွယ်ချက်တွေကြား ဒွိဟဖြစ်နေတဲ့ဆယ်ကျော်သက်တစ်ယောက်.. ချစ်သူနဲ့နီးစပ်ဖို့ကိုပဲရွေးချယ်မလား သူဖြစ်ချင်တဲ့လမ်းကိုပဲ ဆက်လျှောက်သွားမလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် အထက်တန်းကျောင်းသားတွေရဲ့လူငယ်ဘဝနဲ့ အနာဂါတ်အတွက်ရွေးချယ်မှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ် File size… 1.7GB and 750MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Lwin Aung Encoder ..... August

Drama
7.6 2021 115 mins
To All the Boys: Always and Forever
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
The Nice Guys
7.1

ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ကျွန်တော်ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်တစ်ခုကတော့ အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဟာသလို့ပြောရမယ်ဆိုရင် "Lethal Weapon" နဲ့ "Boogie Nights" တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာ ဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။ Action ခန်းတွေကိုလည်း များနိုင်သမျှများ၊ ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ ဒီကြားတည်း ဟာသခန်းလေးတွေလည်း ကြည့်ချင်သေးတယ်ဆိုရင်တော့ 2016 အတွက် ရှားရှားပါးပါး ယခု The Nice Guys ဆိုတဲ့ တစ်ကားလေးပဲ ထွက်ပေါ်လာခဲ့တယ်။ နောက်ထပ် တစ်ချက်က ဇာတ်သိမ်း၊ အားမရခဲ့ပေမဲ့ ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အပြင် လက်တွေ့လောကကြီးတွေထဲမှာလည်း ယခုအတိုင်းပင် ငွေကြေးရှိရင် ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ။ ဒီဇာတ်ကားကို Director Shane Black က ကိုယ်တိုင်ရေးသားကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည်။ ဒါကြောင့် Lethal Weapon နဲ့ဆင်တူတယ်လို့ခံစားရတာကိုး။ သရုပ်ဆောင်တွေအဖြစ်ကတော့ Ryan Gosling နဲ့ Russell Crowe။ ဟာသမဟုတ်တဲ့ ဟာသကောင်နှစ်ယောက်ပါဗျာ။ အခုချိန်ထိ သူတို့နှစ်ယောက်ပုံတွေ မျက်လုံးထဲမှာ ပြန်မြင်လာပြီး ရယ်ချင်မိသေးတယ်။ The Nice Guys ဟာ ကျွန်တော့်အတွက်တော့ The Nicest Movie of 2016 ပါပဲ။ ~WH~ (ရုပ်ရှင်အညွှန်းကို  Movies-we watch,we feel. FB Page  မှကူးယူဖော်ပြပါသည်။) File size…(999MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Reality
7.1 2016 116 mins
The Nice Guys
The Matrix
8.2

Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size…(4.9 GB)/(1.3 GB)/(700 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:16:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Thet Naing,Little Neo

Drama • Fantasy • Romance
8.2 1999 136 mins
The Matrix
Spiritual Kung Fu
5.7

ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။ အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ ဒီလိုနဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

5.7 1978 99 mins
Spiritual Kung Fu
Freddy’s Fridays

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ Horror Thriller ကြိုက်သူတွေ အတွက် အကြိုက်တွေ့စေမယ့် Freddy’s Friday လို့ ခေါ်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ လန်ဒန်မှာ သောကြာနေ့တိုင်း မိန်းကလေးတွေ ပျောက်ပျောက်နေတဲ့ အကြောင်းပါပဲ ။ ပျောက်သွားတဲ့မိန်းကလေးတွေက အလောင်းပဲ ပြန်ပြန်တွေ့ရတတ်ပြီး ဘာနောက်ကြောင်းမှလည်း စုံစမ်းလို့ မရတာကြောင့် စုံထောက်ဖြစ်တဲ့ လေလာက အခက်တွေ့နေတာပါ ။ အဲဒီလိုကနေ ခြောက်ယောက်မြောက် ပျောက်ဆုံးသူဖြစ်တဲ့ အန်နာစတေးရှား ပျောက်ဆုံးပြီးတဲ့နောက်မှာတော့ လေလာဟာ သဲလွန်စကို ဆွဲမိခဲ့ပါတယ် ။ သဲလွန်စကတော့ အန်နာစတေးရှားနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ တို့ဒ်ဖစ်ရှာ လို့ခေါ်တဲ့ လူပါပဲ ။ အဲဒီလူနောက်ကို နောက်ယောင်ခံလိုက်ရင်းကနေ လေလာတစ်ယောက် ဘယ်လို ထူးဆန်းတာတွေကို တွေ့ရမလဲ ။ ဘာတွေနဲ့ ကြုံရမလဲ ။ မိန်းကလေးတွေကို သောကြာနေ့တိုင်း ဖမ်းဖမ်းပြီးသတ်နေတဲ့ အရာကိုရော သူတားဆီးနိုင်မလဲဆိုတာ Freddy’s Friday လို့ ခေါ်တဲ့ ရုပ်ရှင်မှာ ဆက်ကြည့်လိုက်ကြရအောင် ။ File size…1.14GB /506MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 17m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

0 2023 77 mins
Freddy’s Fridays
Neighbors 2: Sorority Rising
5.7

Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကို ဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက် နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီး မြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာ သူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ် အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက် နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့ သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်း တက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရော သူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
5.7 2016 92 mins
Neighbors 2: Sorority Rising
Aftermath

Mystery, Sci-fi အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့ တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။ သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။ အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင် နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Animation • Family • TV Movie
0 2024 78 mins
Aftermath
Bourek
6.2

Bourek (2015) Comedy Drama IMDB Rating: 6.2/10 အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ သင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလား ဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလား အခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင် ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး လွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့် ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲ ရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာ အဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင် ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာ အဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။ တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကို ဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာ အီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ အရွေးချယ်ခံခဲ့ရပါတယ်။ File size… 1.3 GB / 637 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Boomer

Crime • Horror
6.2 2015 90 mins
Bourek
Batman vs. Robin
7.1

Batman Vs Robin (2015) IMDb: 7.1/10 Rotten Tomatoes: 100% Genre: Animation/Action/Adventure Batman Vs Robin ဟာ “Batman: The Court of Owls” ကိုအသက်သွင်းထားတဲ့ DC Universe Animated Original Movies ရဲ့ ၂၃ ခုမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ DC Animation ထဲက အတော်လေးလူသိများတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ ပြောရရင်တော့ အဇာတသတ် လက်သစ်လေးအကြောင်းပေါ့ဗျာ။ ဇာတ်ညွှန်း အတိတ်မှာ ဘရုစ်ဝန်းသိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့ဂေါ့သမ်မြို့မှာ လူချမ်းသာတွေနဲ့ အာဏာရှိတဲ့လူတွေစုပြီးဖွဲ့ထားတဲ့ ဇီးကွက်အဖွဲ့အစည်းဆိုတာရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှမမြင်ဖူးတော့ ပုံပြင်သာသာပဲဖြစ်နေပါတယ်။ ကြီးလာတော့ဒေမီယမ်ဝန်းဟာ ရော်ဘင်အဖြစ် ဘတ်မန်းဘေးကနေ အမှုတွေကိုကူလိုက်နေခဲ့ပါတယ်။ ဒါပေမယ့် ဒေမီယမ်ဟာအတော်လေးငယ်သေးတဲ့အတွက် ဒစ်ဂရေဆန်(Nightwing) လိုမျိုး မရင့်ကျက်သေးပါဘူး။ အားလုံးသိတဲ့အတိုင်း ဂေါ့သမ်မြို့ကြီး ကအရမ်းကိုအန္တရာယ်များလှပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် ကာကွယ်တဲ့အနေနဲ့ ဒေမီယမ်ကို အိမ်ထဲကနေအိမ်ပြင်မထွက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းခိုးထွက်ခဲ့တာပါပဲ။ ထွက်ရင်းနဲ့မှ ဇီးကွက်အဖွဲ့အစည်းက တာလွန်တစ်ယောက်နဲ့သွားတွေ့ခဲ့ပါတယ်။ ငယ်သေးတဲ့ ရော်ဘင်လေးဟာအမှန်နဲ့အမှားကိုဆင်ခြင်နိုင်စွမ်းနည်းပါးပြီး ဘက်မှားခဲ့ပါတယ်။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြပါ။ အချိန်ပေးကြည့်ရတာ တန်မယ့်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size… 1 GB / 440 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maxmimoff

7.1 2015 80 mins
Batman vs. Robin
Kingdom of the Planet of the Apes
7.5

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့ လေးကားမြောက်ပါ။ ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။ Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်။ 1. Rise of the Planet of the Apes 2011 2. Dawn of the Planet of the Apes 2014 3. War for the Planet of the Apes 2017 4. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင် ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့ Website မှာ တင်ပေးထားပါသေးတယ်။ Planet of the Apes (1968) … Beneath the Planet of the Apes (1970) … Escape From the Planet of the Apes (1971) … Conquest of the Planet of the Apes (1972) … Battle for the Planet of the Apes (1973) … ဇာတ်လမ်းအကျဉ်း ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက် နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။ သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… (6.3 GB)/ (2.83GB) / (1.36GB) Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mkv/mp4 Duration….2h 25m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.5 2024 145 mins
Kingdom of the Planet of the Apes
Evidence
5.1

ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

5.1 2012 78 mins
Evidence