YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mantra.Takiang.Kaeo.S01E20.1080p.CM.mp4

1.04 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
To Catch a Killer
6.8

ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။ နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။ အယ်လနောကတော့ သာမန်ရဲတပ်သား။ မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။ သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။ အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။ တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။ မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။ လက်သည်ကတော့ တစ်ယောက်တည်းပဲ။ သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ သေနတ်သမားကတော့လွတ်နေတုန်းပေါ့။ သူတို့ကလည်း ငါ‌ဘာကောင်လဲပြရသေးတာပေါ့ဆိုပြီး ၂ ယောက်တည်းအမှုကိုဆက်လိုက်တယ်။ သဲလွန်စကတော့ လုံးလုံးကိုမ‌တွေ့ရတာ။ ဒါပေမယ့် သဲလွန်စ မရှိတာတော့မဟုတ်ဘူး။ အပိုင်းလေးတွေပြန့်ကျဲနေတာ။ အဲဒီအပိုင်းလေးတွေကို သူတို့၂ယောက် ဘယ်လိုပြန်ချိတ်ကြမလဲ... သေနတ်သမားကကောဘယ်သူဖြစ်နေမလဲ... နောက်ဆုံးအချိန်ထိဖမ်းမိသွားရဲ့လား... ဆိုတာတွေကို လှည့်ကွက်တွေ အက်ရှင်ဇာတ်ခန်းတွေနဲ့ စုံထောက်ကားပုံစံအတိုင်း ရင်တမမကြည့်ရှုရမှာပါ။ Snowden နဲ့ The Fault in Our Stars ထဲက မင်းသမီး Shailene Woodley အပြင် The Outsider, Ready Player One နဲ့ တခြားရုပ်ရှင်တွေမှာပါဝင်ထားပြီး ကျွန်တော်တို့နဲ့မစိမ်းတဲ့မင်းသားကြီး Ben Mendelsohn တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။ လောလောလတ်လတ်ထွက်ရှိထားတဲ့ရုင်ရှင်ဖြစ်တဲ့အပြင် ရဗျူးကောင်းကောင်းလေးတွေပါရထား‌တာကြောင့် မှုခင်းစုံထောက်ကားစောင့်မျှော်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.35GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 59Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • History
6.8 2023 119 mins
To Catch a Killer
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
High School Girl's Diary
5.9

ရီကာက ၁၈နှစ်ပြည့်ပြီးတာမကြာသေးတဲ့ ကျောင်းသူလေး ကလေးဆန်ဆန်မျက်နှာပေါက် လှပကျော့ရှင်းတဲ့ခန္ဓာကိုယ်ကိုလဲ ပိုင်ဆိုင်ထားသူပေါ့ သူ့ရဲ့အိမ်မက်ကတော့ တနေ့မှာ မော်ဒယ်တစ်ယောက် ဖြစ်ဖို့ပါ....ကံကောင်းချင်တော့ စတူဒီယိုတခုရဲ့ဒါရိုက်တာက သူ့ကိုတွေ့သွားပြီး အလားအလာရှိတယ်လို့ထင်တာကြောင့် ခေါ်ယူမွေးစားရိုက်ကူးပြီး နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးပုံကို ကြည့်ရှုရမှာပါ.....တချို့ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူ မကြည့်ရှုသင့်တာကြောင့် 18+ဖြစ်ကြောင်း သတိပေးပါရစေ... File size…1.4GB / 700MB Quality…1080p / 720p Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder…X Cross Translated by  Dark

Comedy • Romance
5.9 1981 64 mins
High School Girl's Diary
Fireheart
7.4

"မိန်းက​လေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူး​လေ" "အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး" အဲ့စကား​လေး​တွေက အ​ဖေတစ်​ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ​ပြောလိုက်တဲ့ စကားပါ။ ​ဘယ်လိုပဲ ကျားမတန်းတူအခွင့်အ​ရေးလို့ ​ပြော​နေကြပါ​စေ လူ​တွေရဲ့ စိတ်ထဲမှာ အမျိုးသမီး​တွေဆိုရင် အားနည်းတယ်လို့ ​မြင်​နေကြသလို အလုပ်ခွင်မှာလည်း တန်းတူအခွင့်အ​ရေး ရတာနည်းပါတယ်။ ဒီ ကာတွန်းကား​လေးက​တော့ မိန်းက​လေး​တွေလည်း မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်​တွေမှာ ရဲဝံ့စွာ လုပ်နိုင်​ကြောင်း မီး​မောင်းထိုး ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းအကျဥ်း​လေးက​တော့ ဖခင်ဖြစ်သူ မီးသတ်သမား​ဟောင်းကို အားကျတဲ့ သမီး​လေးက ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူ​တွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။ ဒါ​ပေမယ့် မိန်းက​လေးဖြစ်​နေခဲ့​တော့ သူ့အိပ်မက်​တွေကို ​ဘေးချိတ်ထားခဲ့ရပါတယ်။ ဒါ​ပေမယ့် တစ်ရက်မှာ​တော့ မြို့​တော်မှာ ထူးဆန်းတဲ့ မီး​လောင်မှု​တွေ​ ဆက်တိုက်ဖြစ်လာပြီး မီးသတ်သမား​​တွေ တစ်​ယောက်ပြီးတစ်​ယောက် ​​​ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ...... မင်းသမီးနဲ့ သူ့အ​ဖေတို့ ဘာ​တွေဆက်ဖြစ်ကြမလဲ..... အိပ်မက်​တွေက တကယ်ပဲခက်ခဲသလား.... အိပ်မက်​တွေ အ​ကောင်အထည်​​ပေါ်လာနိုင်မလား.....ဆိုတာ ဇာတ်ကား​လေးမှာပဲ ဆက်လက် ကြည့်ရှုအား​ပေးလိုက်ရ​အောင်.......။ ၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။ က​လေး​တွေပဲဖြစ်ဖြစ် မိဘ​တွေပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ ပညာ​ပေးကာတွန်းကား​လေးဖြစ်လို့ လက်လွတ်မခံဘဲ အား​ပေးကြပါဦးလို့ တိုက်တွန်းပါရ​စေ။ ဇာတ်လမ်းအညွှန်းကို Richard Wai က​ရေး​ပေးထားပြီး ဘာသာပြန်​ပေးထားတာက​တော့ Richard Wai, Thuu Thuu, Milkeux, Khaing Khin တို့ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Animation, Comedy Quality….WEB-DL 1080p and 720p File size…1.6GB, 806MB and 276MB Format…mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai, Thuu Thuu, Milkeux, Khaing Khin Encoder ..... August

Animation • Comedy • Family
7.4 2022 92 mins
Fireheart
Ex Machina
7.7

Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့ sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7 အထိရရှိထားတဲ့ ကားဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်….. စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ…….. ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်…. File size… 5.9 GB / 1.1 GB / 545 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

7.7 2015
Ex Machina
The Maiden Heist

ဒီတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိထားတဲ့ The Maiden Heist ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားထဲမှာ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman,Christopher Wlaken နဲ့ William H Macy တို့ကအဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ရော်ဂျာရယ် ချားလ်စ်ရယ် ဂျော့ဂျ်ရယ်ဆိုတဲ့ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့လူသုံးယောက်ဟာ ပြတိုက်တစ်ခုကလုံခြုံရေးဝန်ထားတွေပါ သူတို့တွေဟာ အဲ့ပြတိုက်မှာရှိတဲ့အနုပညာလက်ရာတစ်ခုစီကိုစွဲလမ်းနေကြတာကြောင့် အခုချိန်ထိအနားမယူပဲတာဝန်ထမ်းဆောင်နေကြတာပါ ရော်ဂျာနဲ့ချားလ်စ်က ပန်းချီကားတစ်ခုစီကိုစွဲလန်းနေကြပြီး ဂျော့ဂျ်ကတော့ ရုပ်ထုကြီးတစ်ခုကိုစွဲလမ်းနေပါတယ် ဒါပေမဲ့ တစ်ရက်မှာ သူတို့အလုပ်လုပ်နေတဲ့ပြတိုက်က ဒိန်းမတ်မှာရှိတဲ့ပြတိုက်တစ်ခုနဲ့သဘောတူညီမှုရသွားပြီ ဒီကအနုပညာလက်ရာအချို့ကို ဒိန်းမတ်ကိုရွှေ့ပြောင်းဖို့ဖြစ်လာပါတော့တယ် ကံဆိုးချင်တော့ သူတို့စွဲလမ်းနှစ်သက်နေတဲ့အနုပညာလက်ရာသုံးခုလုံးရွှေ့ပြောင်းမယ့်စာရင်းထဲပါလာတဲ့အခါ……….. သူတို့ရဲ့စွဲလမ်းမှုတွေကို အဝေးကိုရောက်မသွားအောင်သူတို့ဘာလုပ်ကြမလဲ အသက်အရွယ်ရလာမှ သူတို့နှစ်သက်တဲ့အနုပညာလက်ရာတွေတခြားနိုင်ငံကိုရောက်မသွားအောင် သူတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုကြည့်ရှုခံစားရမှာပါ ဒီဇာတ်ကားလေးမှာ ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်လမ်းလေးကလည်းကောင်း ဟာသနှောပြီးရိုက်ကူးထားတာကြောင့် အပျင်းပြေစေမယ့်ရုပ်ရှင်တစ်ကားပါ File size…(1.6 GB)/(850 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
The Maiden Heist
Patna Shuklla
5.6

Patna Shukla (2024) (ရှေ့နေမလေးရှုကလာ) IMDb – 5.4/10 ယခုတစ်ခါမှာတော့ အမျိုးသမီးရှေ့နေလေတစ်ယောက်ရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ တန်ဗီလိုခေါ်တဲ့ အမျိုးသမီးရှေ့နေတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ သားလေးအပေါ် မယားဝတ္တရား မိခင်ဝတ္တရားတို့နဲ့ အညီလုပ်ကိုင်ပေးရင်းနဲ့ ရှေ့နေအလုပ်ကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ တန်ဗီဟာ ကြိုးစားလုပ်ကိုင်ပေမဲ့ အမှုသေးသေးလေးတွေကိုပဲ ကိုင်တွယ်ရတဲ့အပြင် ခင်ပွန်းဖြစ်သူဟာလည်း ဒီအလုပ်နဲ့ပတ်သတ်ပြီး အရမ်းကြီးလေးစားမပြခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ရင်ကီကူမာရီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ တန်ဗီဆီကို အမှုတစ်ခုလာရောက်အပ်ပါတော့တယ်။ အဲဒီအမှုကတော့ သူဟာစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ပေမဲ့ အောင်စာရင်းထွက်လာတဲ့အခါမှာ စာမေးပွဲကျကြောင်းသိလိုက်ရတဲ့အခါမှာ ရလဒ်ကိုမကျေနပ်ပြီး သူ့ရဲ့အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ကျောင်းကိုပြန်ပြီးတော့ တရားစွဲချင်တာပဲဖြစ်ပါတယ်။ တန်ဗီဟာ ဒီအမှုကို ဖြေရှင်းပေးဖို့လက်ခံလိုက်ပြီးနောက်မှာတော့ ဒီအမှုဟာ အရင်အမှုတွေလို ရိုးရှင်းလွယ်ကူနေတာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ရှုပ်ထွေးမှုအပေါင်းသောင်းခြောက်ထောင်ရှိနေတဲ့နောက်မှာတော့ …….. တန်ဗီတစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းသွားမလဲ …… အမှုကိုဖြေရှင်းရင်း မိသားစုအပေါ်မှာရော တာဝန်ကျေနိင်ပါ့မလား….. ဆိုတာတွေကို ကြည့်ရှုရမဲ့ တရားရုံးဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~Alex~ToMo~Aditi~KKKZ တို့ပဲဖြစ်ပါတယ်)

5.6 2024
Patna Shuklla
The Bodyguard
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ် လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
The Bodyguard
The Secret Lair of the Tibetan Flower
5.8

ထူးခြားဆန်းပြားတဲ့အရပ်ကို မခေါ်သွားနိုင်ပေမယ့်… ထူးခြားဆန်းပြားတဲ့ ဇာတ်ကားကိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အလောင်းဖောက်တဲ့ ဇာတ်ကားတွေကို ကြည့်နေကြသူတိုင်းသိမှာပါ… ကျန်းမိသားစုက ထူးခြားတဲ့သွေးပိုင်ရှင်တွေ…. အဆိပ်မျိုး ၁ ထောင် မတိုးတဲ့ သွေးပိုင်ရှင်တွေမို့ အားလုံးက စမ်းသပ်ချင်နေတာ… ဒီကားလေးမှာလည်း ဒီအတိုင်းပဲ ကျန်းမိသားစုကိုမှ ဖမ်းပြီးတော့ သူတို့စမ်းသပ်ချင်တဲ့ အဆိပ်ရှိတဲ့ ပိုးကောင်ကို အရှာထွက်မယ့် ရှာပုံတော်ခရီးလမ်းအကြောင်းပေါ့… မတည့်အတူနေ ကြောင်နဲ့ ကြွက် ကျန်းညီအစ်ကို ၂ ယောက်က ရှေ့ဆင့်နောက်ဆင့် ပိုးကောင်အမဲလိုက်မုဆိုးတွေ ဖမ်းတာခံခဲ့ရပြီး… သူတို့မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ ကူလော့ရှေးဟောင်းဂူကို ပြန်လည် နည်းပြဖို့ဖြစ်လာခဲ့ပါတယ်… အဲ့မှာ သူတို့ဖမ်းချင်တဲ့ ပိုးကောင်ကတော့ ပါးစပ်ရာဇဝင်ထဲက လူအသွေးအသားအားလုံး စုပ်ယူစားသောက်တတ်တဲ့ အဆိပ်ရှိ အန္တရာယ်ကောင်ပါပဲ…. ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား… အရင်ခရီးလို ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား… နောက်ပြီး ဒီရာဇဝင်ထဲက ပိုးကောင်က တကယ်ရောရှိရဲ့လား…

5.8 2024
The Secret Lair of the Tibetan Flower
Kensuke’s Kingdom
7.2

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Adventure , Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
7.2 2023 84 mins
Kensuke’s Kingdom
The Good Thief
6.5

The Good Thief (2002) IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။ သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှု‌တွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်‌‌ယောက်ကို‌တောင် ကူညီလိုက်သေးတယ်။ သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။ အဲ့လိုကြံ‌နေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။ နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Romance, Thriller Duration….01:49:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

6.5 2002 108 mins
The Good Thief
Suffocating Love
6.2

ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. “ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ… အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ… ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့… ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်… တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်…. ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက… သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်… သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး… ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး… ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး… ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး… ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး… နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့…. မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်… ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား… နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ…. နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ…. ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ… ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

Thriller • Crime • Drama
6.2 2024
Suffocating Love
Scooby-Doo! Pirates Ahoy!
Andrei Rublev
8

Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 37Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
8 1966 183 mins
Andrei Rublev
The Deceased (aka) Almarhum
5.6

The Deceased (aka) Almarhum (2025) “မရဏကျိန်စာ” CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို့ တကယ်ကြည့်လို့ကောင်းပါတယ်။ ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တို့ဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေ‌သူပါ။ မိဘနဲ့သားသမီးကြား မပြောပလောက်တဲ့ အသေးအဖွဲကိစ္စလေးတွေကလွဲရင် ဘာကြီးကြီးမားမားပြဿနာမှမရှိဘဲ သာယာတဲ့ သာမန်မိသားစုလေးတစ်ခုပါပဲ။ တစ်နေ့တော့ အဲဒီမိသားစုလေးထဲ မုန်တိုင်းထန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူသေဆုံးသွားတာကြောင့်ပါပဲ။ သေဆုံးတာကလည်း ကံဆိုးတဲ့ရက်လို့ ယူဆကြတဲ့နေ့မှာပါ။ သူတို့ဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။ မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို တကယ်ပဲထိခိုက်စေမှာလား၊ ဘယ်လိုချောက်ချားစရာအဖြစ်တွေကြုံရမလဲ၊ မိသားစုက အဲဒီအဖြစ်ကိုတားဆီးနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Team ဖြစ်ပါတယ်။)

Romance • Comedy • Drama
5.6 2025 102 mins
The Deceased (aka) Almarhum