YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Loving You E14 1080p WEB-DL CM.mp4

618.49 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Catherine Called Birdy
6.3

IMDb Rating - 6.5/10 "ရှင်တို့ယောကျ်ားတွေက နတ်ဘုရားတွေမဟုတ်ဘူး။ ကျွန်မတို့ဘယ်လိုလူလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လောက်တန်တယ်ဆိုတာ ရှင်တို့ဆုံးဖြတ်စရာမလိုပါဘူး။ ကျွန်မတို့ကအရာဝတ္ထုပစ္စည်းတွေမဟုတ်ဘူး လူတွေပါ..." အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ ‌ သူ့မှာ အက်ဒ၀ပ်နဲ့‌ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့‌ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။ လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ‌ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ‌ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ဘ၀အပြောင်းအလဲများစွာကို ရင်ဆိုင်ရတဲ့အခါ... ဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထားပါတယ်။ ခေတ်ဟောင်းနောက်ခံကားပေမဲ့ ဟာသလေးတွေနှော ထားတာမို့ ခပ်မြူးမြူးလေးနဲ့ တကယ်ကြည့်ကောင်းပါတယ်။ IMDb rating 6.5/10 နဲ့ Rotten Tomatoes 88% ရထားပြီး Bella Ramsey လေးရဲ့ ဘာဒီအဖြစ် သရုပ်ဆောင်ချက်တွေကလည်း အရမ်းချစ်စရာကောင်းသလို . ဒီကားထဲမှာ အားလုံးစိတ်ဝင်တစားစောင့်ကြည့်ဖူးခဲ့ကြတဲ့ ရှားလော့ဟုမ်းစီးရီးထဲက ဂျင်မ် မိုရီရာတီ (အန်ဒရူး စကော့)လည်း ပါဝင်တာမို့ ရုပ်ရှင်ချစ်သူတို့အကြိုက်တွေ့ကြမှာလည်း သေချာ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.17 GB) / (923 MB) / (521 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Adventure Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy
6.3 2022 108 mins
Catherine Called Birdy
Aadavaallu Meeku Johaarlu
3.6

အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ..... လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး မင်းသမီးချောလေး ရှက်ရ်မီး ပါဝင်သရုပ်ဆောင်ထားတဲ့ကားမလို့ အခုပဲ ဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော် File size…950MB / 1.6GB Quality…720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Shwe Pyae & Eliza & Yate & Myo Myo &Haruko

Comedy • Horror
3.6 2022 139 mins
Aadavaallu Meeku Johaarlu
Love at First Kiss
6.2

Love at First Kiss (2023) ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော..... မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 578MB | 287MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2023 96 mins
Love at First Kiss
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
The Cat Returns
7.1

The Cat Returns (2002) =================== Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။ အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။

7.1 2002
The Cat Returns
If You Were the Last
6.3

If You Were the Last (2023) ~ IMDb – 6.3/10, Rotten Tomatoes – 85% ~ အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။ နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ဝါးလုံးကွဲမဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 985MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 32Min Genre – Comedy, Romance. Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

TV Movie • Comedy • Romance
6.3 2023
If You Were the Last
Karen

Karen (2021) Genre – Crime, Drama, Thriller မာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့ လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့ မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေ ရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ် အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။ File size… 1.7 GB / 732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2021
Karen
Juni
8.6

Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10 ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ……. ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ ….. ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ…. ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်)

8.6 2024
Juni
The Sintern

Verity ဆိုတဲ့ အမျိုးသမီးငယ်လေးက ဘဝကို ဖြစ်သလို နေထိုင်ရင်း လမ်းပေါ်မှာ ခိုးဝှက် လုယက်မှုတွေကို Sam ဆိုတဲ့သူနဲ့ အတူ လုပ်နေတာပါ။ တစ်ရက် အမေဖြစ်သူဆီက အသံ message တစ်ခု လက်ခံရလာပါတယ်။ အမေဖြစ်သူဟာ နာမည်ကြီး Church ကျောင်းက သင်းအုပ်ဆရာ Dean Humphreys နဲ့ပတ်သတ်ပြီး ပြောသွားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အမေဖြစ်သူကို ရှာလို့မရတော့ဘဲ Vကလည်း သူငယ်ချင်းဖြစ်တဲ့ Ruby ဆီ သွားပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် ရှာပုံတော် ထွက်ကြရင်း Peter Fredrick ဆိုတဲ့ ရဲတစ်ယောက်က ဆက်သွယ်လာပြီး V ရဲ့ အမေကို ရှာတွေ့ထားကြောင်းပြောပြပါတယ်။ အမေ့ကို သေလျက်နဲ့ ပြန်တွေ့လိုက်တဲ့ V ဟာ သူ့အမေ သေဆုံးရခြင်း နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းဖို့ သင်းအုပ်ဆရာ Dean Humphreys နဲ့ သူ့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ဖို့ Hope of the Beloved ဆိုတဲ့ church ကျောင်းမှာ အလုပ်သင်အနေနဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတော့တယ်။ File size…(805 MB) Quality….Webrip 720p Format…mp4 Duration….01:30:00 Genre… Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
The Sintern
Delicious
5.5

အက်စတာနဲ့ ဂျွန်တို့မိသားစု ၄ဦးဟာ နွေရာသီအားလပ်ရက်မှာ ပြင်သစ်ကိုအလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အပန်းဖြေအိမ်အနီးနားက ဟိုတယ်မှာ ညစာ စားပြီးအပြန် လမ်းမှာကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိခဲ့ပါတယ်။ ကားတိုက်ဒဏ်ရာကလည်းသိပ်မပြင်းတော့ အမှုပတ်မှာစိုးတာနဲ့ ကောင်မလေးကို ဆေးရုံမပို့ဘဲ အိမ်ခေါ် သွားခဲ့ကြပါတယ်။ နောက်ရက်မှာ ကောင်မလေးက သူတို့အိမ် ပြန်ရောက်လာပြီး ဒဏ်ရာ‌ေကြာင့် အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက် အက်စတာတို့အိမ်မှာ အိမ်အကူအနေနဲ့အလုပ်လုပ် ပါရစေလို့ ခွင့်တောင်းလာပါတော့တယ်။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားအတိုင်း ကောင်မလေးကို အိမ်ပေါ်ခေါ်တင်မိရာကနေ မိသားစုထဲမှာ ပြဿနာတွေတစ်စ တစ်စတက်လာပြီး ကောင်မလေးရဲ့သရုပ်မှန်ဟာလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဒီရုပ်ရှင်က ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ အချိတ်အဆက် ပိုင်နိုင်ပြီး ကြည့်ရတာအတော်လေး အားရစရာကောင်းတဲ့ အထဲမှာပါပါတယ်။ background music ကောင်းကောင်း နဲ့ ကင်မရာအယူအဆ cinematography အပိုင်းမှာလည်း ကာလာလွင်လွင်နဲ့ တော်တော် လေးလှတာပါ။ အဲလိုအရောင်လှလှလေးနဲ့ပဲ ဇာတ်လမ်းကို တဖြည်းဖြည်းဆွဲခေါ်လာပြီး အတွင်းထဲက လှိုက်စားပစ်လိုက် သလိုမျိုး ရသကိုပေးနိုင်တဲ့ ရုပ်ရှင်မျိုးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာများကတော့ ဒီရုပ်ရှင်ကို နာမည်ကျော် Parasite နဲ့ Saltburn ရုပ်ရှင်တို့ကို ရောထားတဲ့ ခံစားချက်မျိုး ရတယ်လို့ပြောထားကြပါတယ်။ သူတို့ပြောတာတကယ်ဟုတ်မဟုတ်ကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ slow burn ရုပ်ရှင်တွေကို ကြည့်ရတာ နှစ်သက်သူတွေ အတွက် သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.13 GB) / ( 698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror • Thriller
5.5 2025 102 mins
Delicious
Choo Mantar
8.1

Choo Mantar 2025 (ချူမန်တရာအဖွဲ့နဲ့ မော်ဂန်စံအိမ်ကြီး) သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေးရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမိုလို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက်ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြတဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။ ဒီအခါမှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာတွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့ ……… ဒိုင်နမိုဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ……… နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီးကို ပြန်လာခဲ့တဲ့အခါ ……… ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Yunni ~ Cym ~ KKKZ~ ZweYan တို့ပဲဖြစ်ပါတယ်)

Comedy • Drama • Romance
8.1 2025 142 mins
Choo Mantar
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You