YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Me Love My Voice E10 1080p WEB-DL CM.mp4

496.02 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In Your Dreams
7.4

In your Dreams (2023) =============== IMDb rating - 5.6/10 ပရိတ်သတ်ကြီးထဲမှာရော ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာနဲ့ တစ်နေ့ ၂၄ နာရီ ဆိုတဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်အချစ် ကိုရှာတွေ့မှာလဲ၊ အချစ်ရေးအချစ်ရာအတွက်ရော အလုပ် အတွက်ကိုပါ အချိန်ပေးဖို့ မလုံ‌လောက်ဘူးလို့ ထင်နေတဲ့ Single လေးတွေရှိလား ဒါဆိုရင်တော့ ဒီဇာတ်ကားကို ကြည့် သင့်ပါပြီ။ ဒီကားထဲမှာကတော့ လူတစ်ယောက်ကို ချစ်မိဖို့ အချိန် ၂ မိနစ်နဲ့ ၄၁ စက္ကန့်ပဲလိုပါတယ်တဲ့ ဇာတ်ကားအကျဉ်းလေးကတော့.. အဲဒီခံစားချက်ကိုအားလုံးလည်းသိကြမှာပါ ကိုယ်နဲ့လုံးဝမသိ တဲ့သူစိမ်းတစ်ယောက်ဆိုပေမဲ့ သူနဲ့မျက်လုံးချင်းဆုံမိသွားတာနဲ့ အချိန်တွေနှေးသွားသလို ခံစားချက်မျိုးပေါ့၊ ပြီးတော့ ဘာမှမဖြစ် သလိုမျိုး ကျောခိုင်းပြီး ကိုယ်စီထွက်သွားလိုက်ကြတယ်။ ဒီလို အဖြစ်အပျက်မျိုးက Pelin နဲ့ Engin တို့ ပထမဆုံး စဆုံတွေ့တဲ့ အချိန်မှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့မနက်လည်း ရောက်ရော နှစ်ယောက်စလုံး တစ်အိပ်ယာထဲမှာ နိုးလာခဲ့ပါတယ်။ ပြီးတော့ သူတို့ကလက်ထပ်ပြီးသွားပြီ အချိန် ၂ နှစ်တောင် ကြာ သွားပြီတဲ့၊ ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်..မဟုတ်ဘူး..အိပ်မက်ဆိုး တစ်ခုပဲ..အခုတော့ သူတို့ချစ်မိမှပဲနိုးထနိုင်တော့မှာ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.5 GB) / (550 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM

Drama • Romance • Thriller
7.4 2023
In Your Dreams
Our Huff and Puff Journey
3

ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (420 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
3 2015 91 mins
Our Huff and Puff Journey
The White Tiger
6.9

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray Rip 1080p and 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Drama
6.9 2021 125 mins
The White Tiger
The Harbinger

The Harbinger (2022) ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 54Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Fantasy • Horror • Thriller
0 2022 114 mins
The Harbinger
This Must Be the Place
6.7

စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ မကုသပဲထားဖြစ်ခဲ့တဲ့ရောဂါမျိုးလည်းဖြစ်တယ်။ ဒီထဲကမှ ကံကောင်းတဲ့သူတစ်ချို့ကပဲ healဖြစ်နိုင်ပြီး အများစုကတော့ ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုစိတ်ရဲ့အနက်ရှိုင်းဆုံးနေရာထိထိုးသိပ်ဖုံးဖိပြီးနေသွားတတ်ကြတယ်။ ရှိုင်အန်ကရော healဖြစ်သွားတဲ့ကံကောင်းတဲ့သူမျိုးထဲမှာပါမလား သူ့အဖေရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုရော ဖြည့်စည်းသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

6.7 2011
This Must Be the Place
Grindhouse
7.5

ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့ ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated R မို့လို့ အသက်မပြည့်သေးသူတွေ ၊ မိသားစုနဲ့ကြည့်မယ့်သူတွေ ၊ ရွံ့စရာအခန်းတချို့လည်းပါတာမို့ ကြည့်လေ့မရှိတဲ့သူတွေကိုတော့ ကြံဖန်ချင့်ချိန်ပြီး ကြည့်ဖို့ အကြံပြုပါတယ်) File size…(3.1 GB)/(3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….03:11:00 Genre…Action, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

7.5 2007
Grindhouse
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
Possessions
4.2

Possessions (2024) =============== ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(760 MB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Fiona Gillen Encoder……….SWM

4.2 2024 90 mins
Possessions
It Ends with Us
6.7

Deadpool မင်းသား ရိုင်ရန်ရေးနိုးရဲ့ ဇနီးဖြစ်သူ Blake Lively ရဲ့ အချစ်ကားအသစ်ထွက်လာပါတယ်။ သူ့ကိုတော့ The Age of Adaline ကားမှာကတည်းက ရင်းနှီးကြမှာပါ။ Gossip Girls စီးရီးမှာလည်း ပါဖူးတာမို့ သိကြမှာပါ။ အခုရုပ်ရှင်ကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုကို အမျိုးသမီးတွေအတွက် ပညာပေးသလိုလေးလည်း ဖြစ်အောင် ရိုက်ပြထားတာပါပဲ။ ရုပ်ရှင်ထဲက အလှဆုံးစကားကတော့ “နင် တစ်ယောက်ယောက်ကို ချစ်ဖြစ်ဦးမယ်ဆိုရင်တော့ ငါ့ကိုပဲ ချစ်ဖြစ်လိုက်ပါ” ဆိုတာပါပဲ။ လီလီဘလွန်းဆိုတာ ပန်းဆိုင်ဖွင့်ဖို့အရမ်းကို ရူးသွပ်ခဲ့တဲ့ မိန်းကလေး။ သူ့ရဲ့ အချစ်ဦးက အိမ်ခြေရာမဲ့ကောင်လေးတစ်ယောက်။ ပန်းဆိုင်ဖွင့်ပြီးချိန်မှာ သူချစ်မိသွားတာက ဦးနှောက်အာရုံကြော ခွဲစိတ်ဆရာဝန် လူချောကြီးတစ်ယောက်ပေါ့။ အဲဒီဆရာဝန်က သူ့ကိုအရမ်းချစ်ပေမဲ့ သူ့မှာလည်း လူမသိတဲ့ အမှောင်လျှို့ဝှက်ချက်တွေ ရှိနေပြန်တယ်။ ဆရာဝန်လေးနဲ့တွဲနေကြချိန်မှာပဲ သူငယ်ငယ်က အိမ်ခြေရာမဲ့ ကောင်လေးက သူ့ဘဝထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီအခြေအနေတွေကနေ အကောင်းဆုံးဖြစ်အောင် ဘယ်လို ရုန်းထွက်မလဲဆိုတာ ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အချစ်ကားကောင်းကောင်း ကြိုက်တတ်သူတွေအတွက် ကြည့်ရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…6.10GB / 2.38GB / 1.08GB Quality…WEB-DL 4k HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 10m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , YK Translated by Mr.Anderson

6.7 2024
It Ends with Us
Mr. Crocket

Horror ကားတွေ ကြိုက်နှစ်သက်တဒ့သူတွေအတွက် မကြာသေးခင်က ထွက်ရှိထားတဲ့ Mr. Crocket နဲ့ မိတိဆက်ပေးပါရစေ။ Hulu က ထွက်ရှိထားတာဖြစ်ပြီး run timeကလည်း သိပ်မကြာမြင့်ပါဘူး။ Mr. Crocket ဆိုတာ တကယ်တော့ ကလေးတွေအကြိုက် show တင်ဆက်သူ ဖြစ်ပါတယ်။ Mr. Crocket ဟာ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက နှိပ်စက်မှုကို ခံခဲ့ရသူပါ။ အရွယ်ရောက်လာချိန်မှာ ကလေးတွေအားလုံးကို မိဘဆိုးတွေလက်ထဲက ကယ်တင်ပြီး ပျော်အောင်လုပ်ပေးချင်တဲ့အတွက် Mr. Crocket ဆိုတဲ့ show ကို စတင်ခဲ့ပါတယ်။ သိူ့ပေမယ့်လည်း ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဆုံးပါးသွားပါတယ်။ သူမသေခင်မှာ ငရဲဘုံတစ်ခုကို ဖန်တီးပြီး အလဲအထပ်အနေနဲ့ မိဘဆိုးတွေကို ငရဲပြည်ပို့ကာ ကလေးတွေကို သူ့အနားမှာ ခေါ်ထားခဲ့ပါတယ်။ Summer ဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့သားလေး ဖြစ်တဲ့ Major ကို Mr. Crocket ဆီ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့ Summer တစ်ယောက် သားဖြစ်သူ Major ကို Mr. Crocket လက်ထဲက ဘယ်လို ကယ်တင်မယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Romance • Drama
0 2024
Mr. Crocket
Father’s Haunted House
7.6

Father’s Haunted House (2024) ******************************** အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူက ဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်း ရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့ မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ .. အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့ အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲ ကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ ဒီလိုနဲ့ ဒီမိသားစုလေး .. အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ……. ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ …… ဆိုတာကို အခွီလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကို CharOu မှ ရေးသားထားပါတယ်) File size…967MB / 439MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

7.6 2024 93 mins
Father’s Haunted House
Abandon
4.8

Abandon (2002) IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။ အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။ အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။ နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Family • Comedy • Animation • Adventure • Mystery
4.8 2002 99 mins
Abandon
Drowning Mona

ဇာတ်လမ်းရဲ့အစမှာ မိုနာဒီယာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေရာကနေ ဘရိတ်မမိပဲ မြစ်ထဲကို ပြုတ်ကျသွားပါတယ် ရဲအရာရှိတွေက သူမသေသွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးတွေစပါတော့တယ် ကားကိုစစ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ကားရဲ့ ဘရိတ်တွေကို တမင်ဖြုတ်ထားတာ ဘရိတ်ဆီဘူးတွေ ဖောက်ထားတာကို တွေ့ရတဲ့အခါမှာတော့ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာပါတယ် ဘယ်သူကများ မိုနာဒီယာလီကို သတ်တာလဲ… ရဲအရာရှိဟာ မြို့လေးထဲက တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးရင်း စုံစမ်းပါတော့တယ် ဒီဇာတ်ကားရဲ့ထူးခြားတဲ့အချက်က နောက်ကြောင်းပြန်ပြကွက်တွေကို ဖောဖောသီသီသုံးပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိအချိန်နဲ့ ချိတ်ဆက်ပြထားတာပါပဲ မိုနာသေသွားတဲ့အချိန်မှာ လူတွေက ဝမ်းနည်းရမယ့်အစား ပျော်နေကြလေရဲ့ သူ့ယောကျာ်းဖီးလ်ကလည်း စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ရိုနာနဲ့ ဖောက်ပြန်နေတဲ့သူပေါ့ ဒါဆိုဖီးလ်က မိုနာကို အပြတ်ရှင်းလိုက်တာများလား ဒါမှမဟုတ် မိုနာရဲ့သား ဂျက်ဖ်ကပဲ သူ့အမေနဲ့ ခဏခဏရန်ဖြစ်နေတာဆိုတော့ စိတ်ကုန်ပြီး တစ်ခုခုလုပ်လိုက်တာလား ဒါမှမဟုတ်လည်း စားပွဲထိုးရိုနာကပဲ မယားကြီးဖြစ်တဲ့ မိုနာကို လက်စဖျောက်တာလား ဒါမှမဟုတ် ဘော်ဘီဆိုတဲ့ ဂျက်ဖ်နဲ့အလုပ်တွဲလုပ်တဲ့ကောင်လေးက မိုနာ သူ့ကိုတွေ့တိုင်း အရှက်ခွဲလိုက် အော်လိုက်ဟစ်လိုက်လုပ်နေလို့ တစ်ခုခုလုပ်လိုက်တာလား အမျိုးသမီးတစ်ယောက်သေဆုံးမှုမှာ သူနဲ့သက်ဆိုင်တဲ့သူတွေ အားလုံးက တစ်နည်းမဟုတ် တစ်နည်းနဲ့ သံသယဖြစ်စရာဖြစ်နေတဲ့အချိန်… နောက်ဆုံးတရားခံက ဘယ်သူဖြစ်မလဲ… File size…(1.1 GB)/(679 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

Science Fiction • Drama
0 2000
Drowning Mona
Crumb Catcher

ဇာတ်လမ်းအစပိုင်းမှာတော့ ပူပူနွေးနွေးငြားခါစ ကြင်စဦးမောင်နှံနှစ်ယောက် ဝေးလံခေါင်ဖျားတဲ့နယ်နိမိတ်ဘက်မှာတည်ရှိတဲ့ အပန်းဖြေစခန်းကို ပျားရည်ဆမ်းခရီးထွက်လာကြပါတယ် ခင်ပွန်းဖြစ်သူက ဦးဆောင် ကားမောင်း ဇနီးဖြစ်သူကတော့ လက်ဖွဲ့တွေကို ဖြည်ဖို့ ဖတ်လို့ပေါ့ အရက်စွဲနေတဲ့ ခင်ပွန်းဖြစ်သူဟာ ကြောင်တောင်တောင်ဖြစ်နေရင်းနဲ့ပဲ ကားမှန်ကိုရုတ်တရက်လှမ်းကြည့်လိုက်တဲ့အခါမှာ ကားတစ်စီးက သူတို့ကားနောက်ကနေလိုက်နေခဲ့လို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ခဲ့ရပါတယ် သို့သော်လည်း နောက်ကလိုက်နေတဲ့ကားဟာ များမကြာမီအချိန် ကားမောင်းသူခင်ပွန်းတစ်ယောက် သံသယတေတွတစ်စစကြီးထွားလာချိန်မှာပဲ လမ်းကြားထဲသို့ ထိုးကွေ့သွားပါတော့တယ် ဒုန်းဒုန်းချစိတ်အေးသွားရပေမယ်လည်း မိန်းမဖြစ်သူနဲ့ လမ်းတစ်လျှောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေရလို့လည်း စိတ်မအေးနေခဲ့ပြန်ပါပြီ ဇာတ်လမ်းဆုံးခါနီးမှာလည်း လင်မယားနှစ်ယောက်ကို ကားအတွင်းထဲမှာပဲ နေစေပြီး ဇာတ်သိမ်းထားပေးပြန်ပါတယ် ပရိုဂျူဆာဘဝကနေ ဒါရိုက်တာအဖြစ်သို့အသွင်ကူးပြောင်းလာခဲ့တဲ့ Chris Skotchdopole ရဲ့ ပထမဦးဆုံးအနေနဲ့ Directing ဒါရိုက်တာ နယ်ပယ်ထဲကိုဝင်လာခဲ့ပြီးတော့ လက်စွမ်းပြထားခဲ့တဲ့ ပထမဦးဆုံးရုပ်ရှင်လည်း ဖြစ်သလို ရုပ်ရှင်မှာပါဝင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ Rigo Garay ကလည်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်ပါဝင်အားဖြည့်ထားပါသေး Drama အချိုးအကွေ့များလည်းပါဝင်ပေမယ့် Thriller ကိုဦးတည်ထားတဲ့ဒီရုပ်ရှင်ကိုကြည့်ရှုသူတို့အဖို့ ကလိကလိနဲ့ စိတ်အသည်းပေါက်အောင် ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့် ကြည့်တဲ့အခါမှာတော့ နားနားပြီးတော့ ဝင်လေထွက်လေမှတ်ပြီး ကြည့်ရှုကြပါရန်ပန်ကြားလိုက်ပါရစေ File size…(1 GB)/(640 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy , Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Ya Mone

Action • Science Fiction
0 2024
Crumb Catcher
40 Acres
6.6

40 Acres (2025) IMDb Rating (6.6) / Rotten Tomatoes (89%) ကပ်ရောဂါဆိုးကြီးဖြစ်ပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ မြေဆီလွှာတွေပျက်စီး ရောဂါပိုးမွှားတွေကပ်ပြီး စိုက်ပျိုးသီးနှံတွေခေါင်းပါးလာပါတယ်။ အခုလို စားသောက်ကုန်ကြမ်းတွေလျော့ပါးလာတဲ့အလျောက် အစားအသောက်တွေလည်း ရှားပါးလာပြီး ကမ္ဘာကြီးဟာ ယိုယွင်းလာပြီး လူတွေဟာ သမိုင်းဦးဘုံမြေက လူရိုင်းတွေလိုမျိုး အသိစိတ်မရှိတော့တဲ့အထိဖြစ်လာပါတယ်။ ကြီးနိုင်ငယ်ညှင်းဆိုတဲ့အတိုင်း အားကြီးတဲ့ယောက်ျားသားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တွေဟာ အားနည်းတဲ့ အမျိုးသမီးအများစုနဲ့ဖွဲ့စည်းထားတဲ့မိးသားစုတွေကို အမဲလိုက်ပြီး “သေရင်မြေကြီး ရှင်ရင်ရွှေထီး” လိုတောင်မဟုတ်တော့ဘဲ သေရင်တောင် အလောင်းမကျန်တဲ့အထိ သတ်ဖြတ်စားသောက်ခံကြရတာပါ။ ဒီလိုနဲ့ပဲ ပုံမှန်အသိစိတ်ရှိတဲ့လူတွေမှာ လူနည်းစုလောက်ပဲရှင်သန်ပြီး သူတို့အတွက် ကောက်ပဲသီးနှံအထွက်တိုးတဲ့ လယ်ယာစိုက်ခင်းတွေကပဲ သူတို့အသက်ဖြစ်လာကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်တွင်းစုတုန်းက ကနေဒါကိုပြောင်းရွေ့လာတဲ့မျိုးဆက်ကနေဆင်းသက်လာတဲ့ လူမည်းကနေဒီယန်မိသားစုတစ်စုဟာ ရှင်ကျန်နေတဲ့ လူနည်းစုအဖွဲ့တွေကို လိုက်လံဖမ်းဆီးစားသောက်နေတဲ့ ဇာတ်တူသားစားလူဆိုးတွေကဆီကနေ တွန်းလှန်ကာကွယ်ပုံကို ဒရာမာဆန်ဆန် အက်ရှင်အပြည့်နဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Science Fiction,Thriller Duration…. 01:53:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Mark

Drama • Comedy
6.6 2025 113 mins
40 Acres