YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.Me.Actually.S01E16.720p.WEB-DL.CM.mp4

558.36 MB N/A video/mp4 115 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mary Is Happy, Mary Is Happy
7.4

အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။ အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ထည့်ပြောမနေချင်ရင်တောင် ရုပ်ရှင်ရဲ့ World Premiere လို့ခေါ်တဲ့ ပထမဆုံး စ,ပြတာကို ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ ပြခွင့်ရခဲ့တာဖြစ်ပြီး Asia Premiere ကိုတော့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တာဖြစ်လို့ အထင်ကြီးစရာကောင်းနေပါပြီ။ အမွှန်းတင်တာတွေ အသာရပ်ပြီး ဇာတ်ကားအကြောင်းဘက် လှည့်ရမယ်ဆိုရင်တော့... အထက်တန်းနောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီးရှေ့ဆက်ဖို့ ကြိုးစားရဦးမယ့် အနာဂတ်၊ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါခံစားရမယ့် Coming of Age Comedy Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ Comedy ကတော့ Dark Comedy ဘက်ကိုသွားပါတယ်။ အပြင်မှာတကယ်ရှိတဲ့ မယ်ရီလွန်နီဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလးရဲ့ တွစ်တာပို့စ် (Tweets) အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အပြင်က မယ်ရီတစ်ယောက်လည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိပါရဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 7Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Romance
7.4 2013 127 mins
Mary Is Happy, Mary Is Happy
Life Is Beautiful
7

ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ ဇနီးသည်ရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေလေတော့ သူ့ရဲ့ခင်ပွန်းသည်လည်း ငြင်းရခက် လိုက်လျောခက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ အိုဆယ်ယွန်းရဲ့ အချစ်ဦး ရှာပုံတော် ဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဒီခရီးစဉ်လေးဟာ ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ ဘာတွေဘယ်လိုဖြစ်ကြမလဲ? ဇနီးသည်ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ အကြောင်းဖန်လာရင်းကနေမှ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ရေးက ဆုတ်ယုတ်သွားမလား? သူတို့နှစ်ဦးကြား သံယောဇဉ်တွေ ပိုမို ခိုင်မြဲလာမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ Cast တွေအနေနဲ့လည်း ~ Seoul Vibe မှာ ရူပါအလန်း သရုပ်ဆောင်အမိုက်စားနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Wanna One ရဲ့ Ong Seong Wu ... ~ 6/45 မှာ ယွန်းဟီး အဖြစ်ပါဝင်ခဲ့တဲ့ Park Se Wan တို့အပြင် ~ နာမည်ကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး Park Yeong Gyu တို့က အားဖြည့်ပါဝင်ထားတာဆိုတော့ သီချင်းကောင်းကောင်းလေးတွေ အခွီလေးတွေနဲ့ ကြည့်ရပျင်းစရာကောင်းတယ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ File Size          : 2.2GB, 883MB, 450MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 2mins Genre              : Drama, Romance, Musical Translated by Estel, Thynn Miri & Hnin Wai Oo Encoded by Kinnov

Action • Thriller
7 2022 122 mins
Life Is Beautiful
Gifted
8

ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size     :   725 MB Duration    :   1 : 36: 54 Quality       :   Bluray rip 720p Translator  :  Littleneo Encoder      :  Littleneo

Comedy • Crime • Drama
8 2017 101 mins
Gifted
Adopting Audrey
5.5

Adopting Audrey ( 2021 ) ဂျစ်ပစီလို လေလွင့်နေတဲ့ ခြေသလုံးအိမ်တိုင်မလေးဟာ အိမ်မပြန်ဘဲ မြိုတကာလှည့် အလုပ်တကာပြောင်းရင်း ကြုံရာကျပန်း ရှင်သန်နေထိုင်လာခဲ့တာ တော်တော်ကြာပြီ။ တစ်နေ့ကျ သူအလုပ်လည်းပြုတ် အိမ်ငှားခလည်းမရှိတော့တဲ့အချိန်မှာ အစီအစဉ်တစ်ခုကိုတွေ့သွားတယ်။ အဲဒီအစီအစဉ်ကတော့ တခြားမဟုတ်ပါဘူး။ လူကြီးမွေးစားတဲ့ အစီအစဉ်တစ်ခုပါ။ ကလေးတွေကို‌ မွေးစားတာမဟုတ်ဘဲ အရွယ်ရောက်ပြီးသား လူတွေကို ကလေးမရှိတဲ့ အဘိုးကြီး အဘွားတွေက မွေးစားပြီး မိသားစုတစ်ခုထူထောင်ကြတဲ့ အစီအစဉ်ပါ။ ဒီတော့ ကောင်မလေးဟာ မွေးစားခံမယ့် မိဘတွေကို ရှာရင်း မိန်းမတစ်ယောက်က သူ့ကိုမွေးစားဖိုလုပ်ခဲ့ပါတယ်။ ထူးတာက အဲဒီမိသားစုမှာ သားရော သမီးရော ရှိပါတယ်။ အဲဒီမိသားစုက သူ့သားနဲ့ သမီးနဲ့ အဖေနဲ့ကြားက မပြေလည်မှုတွေ ၊ ခြေသလုံးအိမ်တိုင်မလေးနဲ့ သူပြန်မရောက်တော့တဲ့ကြားက မပြေလည်မှုတွေအပါအဝင် မိဘနဲ့သားသမီးကြားက အဖုအထစ်တွေကို ပုံဖော်ထားတဲ့ မိသားစုဒရာမာခပ်ဆန်းဆန်းလေးပါပဲ။ File Size__(1.3GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:32:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Comedy
5.5 2022 92 mins
Adopting Audrey
Delia’s Gone
4.4

Delia’s Gone (2022) ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ… နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator …..Mary Chirst Encoder …..August

Crime • Drama • Mystery
4.4 2022 90 mins
Delia’s Gone
Doctor Dolittle
5.4

Dr. Dolittle (1998) ============== နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့… ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ “ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့” ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော စမ်းသပ်ခပါမရတဲ့ လူနာအကောင်ပေါင်းစုံကို စေတနာ့ဆေးခန်း ထိုင်ပေးရတဲ့အထိ ရာထူးတိုးသွားပါတော့တယ်။ တစ်ဘက်မှာလည်း စပ်ပေါင်းဖွင့်ထားတဲ့ဆေးခန်းကို ကုမ္ပဏီကြီးတစ်ခုဆီ အမြတ်များများနဲ့ရောင်းပစ်ဖို့ကိစ္စရှိနေတာမို့ ငွေမျက်နှာပဲကြည့်တဲ့ လုပ်ဖော် ကိုင်ဖက်ကြောင့် အိမ်မွေးမဟုတ်လို့ ဆေးဖိုးလိုက်ပေးမယ့်ပိုင်ရှင်မရှိတဲ့ တိရစ္ဆာန်တွေကို ပရဟိတလုပ်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ ကံကလည်းထပ်ဆိုး ချင်တော့ ကြွက်ကို CPR ပေးနေချိန် မိန်းမကမြင်ပြီး ရွာသာကြီးရောက် သွားရှာ၊ ရွာသာကြီးကလွတ်လာတဲ့အခါမှာတော့ ခံရတာမတန်လှလေခြင်း ဆိုတဲ့စိတ်နဲ့ ဒွိဟလွန်ဆွဲနေချိန် Dr. Dolittle တစ်ယောက် ကိုယ့်ရဲ့ တမူ ထူးတဲ့အရည်အချင်းနဲ့ အများအကျိုးဆက်ပြုသွားမှာလား၊ ပတ်ဝန်းကျင် က လက်မခံတဲ့ကိစ္စကို အရူးအဖြစ်ခံပြီး ဆက်လုပ်လေမလား ဆိုတာကို မပျင်းရလေအောင် စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမယ့် Comedy ဇာတ် ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.7 GB) / (694 MB) / (446 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Fantasy Translator…….Hnin Wut Yi Myaing Encoder……….SWM

Mystery • Thriller • Western • Drama
5.4 1998 85 mins
Doctor Dolittle
Flamin’ Hot
6.9

Flamin’ Hot (2023) Imdb – 6.9 Rotten Tomatoes – 69 % မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။ Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 753MB | 369MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hugo Encoder ….. Aaron

6.9 2023
Flamin’ Hot
Gangster’s Paradise: Jerusalema
7.3

ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ပြည့်တန်ဆာ​လုပ်ငန်းတွေကြီးစိုးနေမှုမြင်ကွင်းတွေကို ဒီရုပ်ရှင်​မှာတွေ့မြင်ရမှာပါ။ အကောင်း​ဆုံး​ရုပ်ရှင်​တွေထဲကတစ်ခုဖြစ်တဲ့ Slumdog Millionaire နဲ့​ theme ချင်း​တူပြီး အဆိုပါ​ရုပ်ရှင်မျိုးကို ကြိုက်​နှစ်သက်သူများအနေနဲ့ ဒီဇာတ်ကားကိုလည်းကြည့်ရှုသင့်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.3 2008
Gangster’s Paradise: Jerusalema
[18+] Sex In Philippine Cinema 3
5

ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင် အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.4GB)/( 620MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2005
[18+] Sex In Philippine Cinema 3
Inu-Oh
7.1

Inu-oh (2021) အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။ အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ ….. (အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1.2 GB / 607 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

7.1 2021 99 mins
Inu-Oh
The Bikeriders
7.1

Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင် ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကို အလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။ The Bikeriders မှာတော့ မင်းသားကြီး Tom Hardy, ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီး Jodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့ The Bikeriders photo book ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်က အဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက် ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကို ဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်း တစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File size…1.71GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

7.1 2024
The Bikeriders
Mr. & Mrs. Smith Mr and Mrs Smith
6.5

Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်က ရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေက သရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။ အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်း ရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာ သူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီး ပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။

6.5 2005 119 mins
Mr. & Mrs. Smith Mr and Mrs Smith
Lucy Shimmers and the Prince of Peace
7.1

ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။ မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကို နောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့ တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။ အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။ တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။ သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင် သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့ကြုံဖို့ ဖြစ်လာခဲ့ပါတယ်။ အတိတ်က လုပ်ရပ်ဆိုးတွေကြောင့် ထောင်ဒဏ်ကျခံနေရသူ အက်ဂါအနေနဲ့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေမှာ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ ဆေးဝါးကိရိယာပြည့်စုံတဲ့ လူစီကုသနေတဲ့ ဆေးရုံဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီး အက်ဂါဆီကို ဘုရားသခင်အလိုတော်အရ ကူညီလမ်းပြပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ လူစီနဲ့ မိသားစုကပါ စွန့်ခွာထားခဲ့ပြီး ခံစားနေရတဲ့ဝေဒနာကြောင့် အနှေးနဲ့အမြန်သေဖို့သာ စိတ်စောနေတဲ့ အက်ဂါတို့ရဲ့ တွေ့ဆုံမှုက ဘုရားသခင်ရဲ့ ဆန်းကြယ်လှတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင်… အမှားတွေ ကျူးလွန်မိခဲ့တဲ့ အက်ဂါအတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိလာနိုင်မလား လူစီကရော အရှင်ယေရှု ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား. ဆိုတာကို အဖြေရှာနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် File Size : 1 GB, 450 MB Quality : WEB-DL 1080p / 720p Running Time : 1hr 27min Format :Mp4 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.1 2020 87 mins
Lucy Shimmers and the Prince of Peace
Dunston Checks In
5.4

Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17% Genre :Family/Comedy Dunston Checks In (1996) ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့် ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့ မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီး အဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။ La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက် လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့် တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့ လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီး လက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။ သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့် သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။ အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာ မျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File size… 3.7 GB / 1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Family / Comdey Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

5.4 1900 88 mins
Dunston Checks In