YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.In.A.Pandemic.2023.WEB-DL.720P(CM).mp4

519.81 MB 720p video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Moss
6.9

နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Drama
6.9 2010 162 mins
Moss
Black Panther: Wakanda Forever
7.2

မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB   / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Drama
7.2 2022 162 mins
Black Panther: Wakanda Forever
Air Force The Movie: Danger Close
6

နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ... ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့် လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာ တည်ရှိနေကြတယ်.....အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့  နိုင်ငံကိုကို တတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာ အများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက် ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီး မလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်.. စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့ အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.. မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား.. လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေ ဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့... File Size :(2.1GB)(960 MB) and (282MB) Quality :WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:43:00 Genre : Action,Adventure  , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Action • Science Fiction • Thriller
6 2022 103 mins
Air Force The Movie: Danger Close
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
The Amazing Spider-Man 2
6.5

ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။ Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ထက် ပိုကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို၊ ဇာတ်လမ်းက ဇာတ်ရှိန် အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် Peter နဲ့ Gwen တို့နဲ့ အချစ်ဇာတ်လမ်းက ကလေး ကစားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ချို့က ဒီအချစ်ဇာတ်လမ်းမလိုဘူး လို့ထင်ပေမယ့် တကယ်တော့ Spider-Man ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း လိုကို လိုပါတယ်။ သူက လူတွေကို ကယ်တင်နေရင်းနဲ့ တဖက်ကလည်း ချစ်သူနဲ့ တွဲသင့် မတွဲသင့် အမြဲ တမ်းကြုံတွေ့ရသလို၊ ရန်သူတွေက သူ့ချစ်သူကို အန္တရာယ်ပေးမှာ လည်း တွေးပူရပါတယ်။ ဒီကားက အဲ့ဒီအချက်ကို ထည့်ပေးထားပေမယ့် တစ်ချို့အခန်းတွေက သာမန် Drama ကားတွေလောက် တောင် မကောင်းဘူးဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ အချက်အားလုံးနီးပါးကို သဘောကျပါတယ်။ ဒီကားမှာ Electro ကို အဓိက ရန်သူအဖြစ် မိတ်ဆက်သွားပြီး၊ သူ့ရဲ့ Transformation ကလည်း အရမ်းကောင်းပါတယ်။ ကာတွန်းထဲက နဲ့ မတူပေမယ့် ကာတွန်းထဲက Origin ထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် Oscorp နဲ့ ဗီလိန်အား လုံး ချိတ်ဆက်ပေးထားပြီး Sinister Six ကို သွားနေတဲ့ ပုံစံလည်း ဖြစ်ပါတယ်။ ဒီကားက အက်ရှင် ဇာတ်ကွက်တော့ အနည်းပဲပါပြီး၊ သာမန်ပရိတ်သတ်ကို စိတ်ကြေနပ်မှု သိပ်မပေးနိုင်ခဲ့ ပါဘူး။ ဘာလိုလည်းဆိုတော့ သူတို့က နောက်ထပ် ဇာတ်ကားတွေအတွက် ပြင်ဆင်နေလို့ပဲဖြစ်ပါတယ်။ အထူး သဖြင့် Andrew Garfield ကို နောက်ထပ် ၂ ကားထပ်ရိုက်ဖို့ စာချုပ်ချုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။) File size…(4.8 GB)/(2.4 GB)/(1.3 GB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:21:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson

Reality
6.5 2014 141 mins
The Amazing Spider-Man 2
One Missed Call

IMDb rating 6.2 ရထားတဲ့ဒီ horror အမျိုးအစားသရဲကားဟာ ရာရှူကီအကီမိုတိုရဲ့ ချာကူရှင်ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းအကျဉ်းက- ငယ်ရွယ်တဲ့စိတ်ပညာကျောင်းသူ ရူမီနာကာမူရာက သူ့သူငယ်ချင်း ရိုကို့ဖုန်းကနေ ထူးဆန်းတဲ့အသံနဲ့ voice message တခုရခဲ့တယ် ဒီမက်ဆေ့က နောက်လာမယ့်၂ရက် ရက်စွဲနဲ့ဖြစ်ပြီးတော့ မက်ဆေ့ရခဲ့တဲ့ ယိုကို ကိုယ်တိုင်ကြောက်လန့်နေခဲ့တယ်….. ယိုကိုရောဘာဖြစ်သွားမလဲ……. ဒီလိုအဖြစ်အပျက်တွေကအရင်တုန်းကရောရှိခဲ့လား…. နောက်ရောဆက်ရှိနေဦးမှာလား……….. ရှိခဲ့ရင်ရောဘယ်လိုများဖြေရှင်းကြမလဲ…. ဘယ်ကပို့လာမှန်းမသိတဲ့ဒီမက်ဆေ့က ဘယ်သူ့ဆီကလဲ… ဒီပြသနာကိုဘယ်လိုများဖြေရှင်းကြမလဲ ရင်တခုန်ခုန်နဲ့စောင့်ကြည့်ရမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ် သရဲကားကြိုက်သူတွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အက်ဒမင်ကြီး ကိုသစ်ဆန်းခန့်တောင်တယောက်ထဲထိုင်မကြည့်ရဲတဲ့ ဇာတ်ကားမျိုးဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားတကားဖြစ်ပါတယ်.. ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Yun Sandi ဖြစ်ပြီး အညွှန်းကိုတော့ မြန်မာကြီး မှ ရေးပေးထားပါတယ်..

Action • Adventure • Comedy
0 2003
One Missed Call
Kaddha Chitra
9.1

Kaddha Chitra (2023) IMDb – 9.1/10 လတ်တလောထွက်ရှိထားတဲ့ ကန်နားဒါစကားပြော ရိုမန့်ဒရာမာ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Chinnari Muthaဆိုတဲ့ကားလေးမှာ ကလေးသရုပ်ဆောင်အနေနဲ့အောင်မြင်ခဲ့တဲ့ မင်းသားဗီဂျေးပါဝင်သရုပ်ဆောင်ထားပါတယ် ပရမ်းပတာနဲ့ နေချင်သလိုနေတတ်ပေမဲ့ အရေးအသားကောင်းတဲ့ မထင်မရှားစာရေးဆရာတစ်ယောက်။ အဲဒီလူဘ၀ထဲကို ဝင်လာတာက စည်းစနစ်ကျတဲ့မိန်းမချောလေးတစ်ယောက်။ အချစ်ရဲ့ဖေးမမှုတွေနဲ့အတူ သူ့ဘ၀ကြီးပြောင်းလဲခဲ့ပါတော့တယ်။ တမဟုတ်ချင်းမှာပဲ အောင်မြင်ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ဖြစ်လာပြီး ချစ်သူနှစ်ဦးလည်း လက်ထပ်ပေါင်းသင်းစွာ ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်မသိမ်းဘဲ ကံကြမ္မာအလှည့်အပြောင်းတွေဖြစ်လာပါရော။ ဘဝက ဒီလိုမျိုးပဲချက်ချင်းအလွယ်တကူကြီးသာယာ သွားမတဲ့လား။ ပုံစံမတူဘဲ ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက် ဘဝအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ် (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

9.1 2023
Kaddha Chitra
Adire
6.6

Adire (2023) ============ IMDb Rating – 6.6/10 မြို့ကြီးတစ်မြို့မှာ “နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့”ဆိုတဲ့ စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။ သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက် နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။ သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။ အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်း လိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုး သမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေ သလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက် ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ် မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ ‌သူ မသိတာကတော့ သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်း ထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.9 GB) / (682 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.6 2023
Adire
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
Sijjin 6 (or) Siccin 6
5

Siccin 6 (2019) IMDB: 5 Genre: Horror/Thriller Siccin 6 ကတော့ လက်ရှိထွက်ထားတဲ့ Siccin ကားဆက်ရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ ထုံးစံအတိုင်းတော်တော်လေးကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ခုလို့ဆိုရပါမယ်။ Siccin 3 က အော်ဟန်လည်းပြန်ပါလာခဲ့ပါတယ်။ ဇာတ်ညွှန်း အစ်ဆန်မှာ ညီမလေးနှစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အစ်ဆန်က ညညဆိုမမြင်အပ်တာတွေကိုမြင်ပြီး အိမ်မက်ဆိုးတွေမက်လေ့ရှိပါတယ်။ တော်တော်လေးကိုဆိုးရွားတဲ့ ရောဂါကိုခံစားနေရပါတယ်။ ဒါပေမယ့်နောက်ကွယ်မှာ မရိုးသားတဲ့ အကြောင်းခြင်းရာတွေရှိနေပါတယ်။ သူ(မ)ဘာလို့အဲလိုမျိုးဖြစ်နေတာလဲ… ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ File size… 1.6 GB / 79MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5 2019
Sijjin 6 (or) Siccin 6
Adios Amigo
6.1

Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်း သြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ… IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်)

6.1 2024 156 mins
Adios Amigo
Touch of Evil
8

IMDb – 8/10 ဂန္တဝင်​ရုပ်ရှင်​ Citizen Kane ကို ရိုက်​ကူး၊ သရုပ်​ဆောင်​ခဲ့တဲ့ ဒါရိုက်တာ​ Orson Welles ရိုက်​ကူး​ထား​ပြီး ၁၉၅၈ ခုနှစ်​မှာ ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားက Noir/ Thriller အမျိုး​အစား​ မှုခင်း​ရုပ်ရှင်​ဖြစ်​ပါတယ်။ Ten Commandments မှာ Moses အဖြစ်​၊ Ben Hur ရုပ်ရှင်​မှာ Ben Hur​ အဖြစ်​ အဓိက​ဇာတ်​ကောင်​နေရာတွေ​ကနေ သရုပ်ဆောင်​ခဲ့တဲ့ မင်းသား​ကြီး​ Charlton Heston က ဒီ​ဇာတ်​ကား​မှာ မက္ကဆီကန်​အရာရှိ Vargas အဖြစ်​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မက္ကဆီကိုနဲ့ အမေရိက​ နယ်စပ်​အနားက မြို့​လေး​တစ်မြို့မှာ ကားဗုံး​ပေါက်ကွဲ​မှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန်​ မူးယစ်​အရာရှိ​တစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်​စုံထောက်​အရာရှိ​ ကပ္ပတိန်​ Hank Quinlan​တို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦး​ကြား​ ပဋိပက္ခ​တွေဖြစ်ပွားလာပြီး တစ်​ချိန်​တည်း​မှာ​ Vargas​ ရဲ့ ဇနီး​ Susan ကိုလည်း​ Vargas​ ရဲ့ရန်သူ Grandi မိသားစု​က ဒုက္ခ​ပေး​ဖို့ ကြံစည်​လာပါ​တာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူး​တဲ့ ဂန္တဝင်​ဒါရိုက်တာ​ကြီး Orson Welles က ရဲ​အရာရှိ​ကြီး Hank Quinlan​ နေရာ​မှာ သရုပ်ဆောင်​ထား​ပါတယ်။ အဖြူ​အမည်း​ရုပ်​ရှင်​ကိုမှ Noir​ အမျိုးအစား​ဖြစ်​ပေမဲ့​ Thriller ဇာတ်လမ်း​ပီပီ ဆွဲဆောင်​မှုရှိတဲ့ ဇာတ်​အိမ်​နဲ့အတူ​ Orson Welles ရဲ့​ အကောင်း​ဆုံး​ရုပ်ရှင်​တွေ​ထဲက တစ်ခု​အဖြစ်​ သတ်မှတ်​ခံထားရ​ပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်​လည်​ထုတ်​လွှင့်​ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

8 1958 111 mins
Touch of Evil
Blade of Fury
6.2

တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင်ကတုံးလေးကားထဲက ကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်… ဒီကားလေးကတော့ မိမိသည် မိမိဘာသာနေသော်လည်း ပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ…. ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း က ယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့… ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကိုပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား… ဒီတော့ သူ့အလုပ်သူလုပ်ချိန်မှာပဲ… ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ … သူခိုးသေပြီး ပုလဲရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်… မလွှဲသာတော့လည်း ရုံးတော်ကို အပ်ခဲ့တာ.. ဆုကြေးမရတဲ့အပြင် သူအပ်ခဲ့တဲ့ အမျိုးသမီးကိုလည်း ညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ကြတယ်… နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ်သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့… ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ကြေးစားအထိငှားတဲ့သူကို ရှာရပါတော့တယ် ဒီအမျိုးသမီးကဘယ်သူလဲ… ဘာလို့ ထွက်ပြေးနေရတာလဲ နောက်ပြီး သူ့ကိုဘယ်သူသတ်ဖို့ကြိုးစားတာလဲ…. ဘာလို့ သတ်ဖို့ကြိုးစားတာလဲဆိုတာတွေကို စုံစမ်းနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့မလဲဆိုတာ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ

6.2 2024
Blade of Fury
Once Upon a Time in China
5.8

1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။ အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။ အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။ မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့…… စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား…… တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ…… တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2024
Once Upon a Time in China