YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lost.2021.S1E7.CM.mp4

588.35 MB N/A video/mp4 868 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
An Action Hero
6.6

အခုတစ်ခါတက်ဆက်ပေးမယ့်ကားလေးကတော့ Vicky Donor...Andhadhun ဇာတ်ကားများနဲ့ ပရိသတ်အသည်းကိုဖမ်းစားခဲ့တဲ့ ဘောလီဝုဒ်မင်းသားချောလေး အာရွတ်ရှမန်းခူရာနာရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကားနာမည်က အက်ရှင်ဟီးရိုးဆိုတော့ မြင်သာပါတယ် အက်ရှင်ခန်းတွေ ပါမယ်ဆိုတာ...။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင် မင်းသားက အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ယောက်ပေါ့နော်။ ရိုက်ကွင်းလေးရှိလို့ မြို့တစ်မြို့ကိုရောက်လာရင်းနဲ့ အဲ့ဒီမြို့က နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ညီဖြစ်သူဟာ မင်းသားနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာခဲ့တယ်။ အခြေအနေတွေဟာ တင်းမာခဲ့ပြီးနောက်မှာ မင်းသားဟာ သူ့ကို မရည်ရွယ်ဘဲ သတ်လိုက်မိပါတယ်။ ဒီတော့ မင်းသားဟာ ပြေးဖို့ဖြစ်လာပါပြီ။ သူအနှစ်နှစ်အလလ ကြိုးစားလာခဲ့တဲ့ အနုပညာအလုပ်ကြီးထိခိုက်မယ့် ဘဝပါပျက်မယ့်အရေးကကနေ လွတ်မြောက်အောင် မင်းသားပြေးနေပါပြီ။ တစ်ဖက်ကလည်း နိုင်ငံရေးသမားကြီးက သူ့ညီအတွက် လက်စားချေဖို့ မင်းသားကို လိုက်နေပါပြီ။ ဆိုတော့ ဘာဆက်လုပ်ရမလဲ သိတယ်မလား ဆက်ကြည့်ကြတော့နော်...။ File size…1.86GB / 831MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye

Romance
6.6 2022 128 mins
An Action Hero
Raven Song
10

IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Comedy • Family • Romance
10 2022 109 mins
Raven Song
The Love Story
5.8

CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသ ပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်း အနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီ ဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင် အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့ အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက် ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကို မူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ… အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်း သူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့် သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့… ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ… နောက်ပြီး အကြံစည် အောင်မြင်မှာလား… ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ… ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်~

5.8 2022
The Love Story
Joyeux Noel
6.2

ခရစ္စမတ်နဲ့ အချစ်ဇာတ်လမ်းချိုချိုလေးတွေဆိုတာ ခွဲမရတဲ့အရာတွေပါပဲနော်။​ အခု ခရစ္စမတ်အချိန်လည်းနီးပြီဆိုတော့ ဆောင်းရဲ့အအေးဓါတ်လေးနဲ့ စောင်ခြုံပြီး အချစ်ဇာတ်လမ်းလေးတစ်ခုကို ရင်ခုန်ခံစားနိုင်ကြရအောင်လို့ အသစ်စက်စက်ထွက်ရှိလာတဲ့ Joyeux Noel ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်း ပြင်သစ်နိုင်ငံကရွာလေးတစ်ရွာမှာ ရိုးရာပုံပြင်လေးတစ်ခုရှိပါသတဲ့။ ခရစ္စမတ်အချိန်ကိုရောက်ရင် အဲဒီက ခရစ္စမတ်စျေးလေးထဲမှာ ကိုယ့်ရဲ့ဖူးစာဖက်ကိုရှာတွေ့နိုင်တယ်ဆိုတာပါပဲ။ အမေရိကန်နိုင်ငံက စာနယ်ဇင်းတိုက်မှာအလုပ်လုပ်နေတဲ့ လီယာဆိုတဲ့သူဟာ အရမ်းစိတ်ကူးယဥ်ဆန်ပြီး သူ့ရဲ့ဖူးစာဖက်ကို ပုံပြင်ဆန်ဆန်တွေ့နိုင်မယ်လို့ ယုံကြည်နေတဲ့သူပါ။ သူဟာ တစ်ရက်မှာတော့ သူ့အမေနဲ့ခရစ္စမတ်လက်မှု ပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့ တေးဂီတသေတ္တာဟောင်းလေးတစ်ခုကို ဝယ်ခဲ့ပါတယ်။​ အဲဒီသေတ္တာဟောင်းလေးထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပြီး အဲဒီဒိုင်ယာရီစာအုပ်ဟာ ပြင်သစ်က ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ခုကိုရေးထားတာပါ။​ ပြီးတော့ လတ်တလောအရမ်းနာမည် ကြီးနေတဲ့ ပန်းချီကားတစ်ချပ်နဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒါကြောင့် အဲဒီဇာတ်လမ်းကို ဆောင်းပါးအဖြစ်ထုတ်ဝေဖို့ကြိုးစားပေမဲ့ အဲဒီဒိုင်ယာရီရဲ့ နောက်ဆုံးစာရွက်အချို့ဟာစုတ်ပြဲနေခဲ့ပြီး ဘယ်လိုအဆုံးသတ်လဲဆိုတာကို မသိရပါဘူး။ ဒီလိုနဲ့ ပြင်သစ်နိုင်ငံက အဲဒီမြို့လေးကို လီယာနဲ့ မက်ခ်လို့ခေါ်တဲ့ နှစ်ယောက်က အတူသွားပြီး ဒိုင်ယာရီရဲ့အဆုံးသတ်ကိုရှာဖို့ဖြစ်လာပါတော့တယ်။ လီယာနဲ့မက်ခ်တို့နှစ်ယောက် လှပလွန်းတဲ့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့ထဲမှာ ဒိုင်ယာရီစာအုပ်ရဲ့ဇာတ်ကောင်နှစ်ယောက်ကို ဘယ်လိုရှာဖွေကြမလဲ ဒိုင်ယာရီထဲကဇာတ်ကောင်နှစ်ယောက်က ပျော်ရွင်ဖွယ်အဆုံးသတ်ကို ပိုင်ဆိုင်ခဲ့ကြရပါ့မလား၊ ပြီးတော့ အကျင့်စရိုက်လုံးဝမတူတဲ့ လီယာနဲ့ မက်ခ်တို့ကြားက အချစ်ဇာတ်လမ်းလေးကလည်း ဘယ်လိုစတင်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.38GB / 624MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

6.2 2023
Joyeux Noel
A Season for Family
7

A Season for Family (2023) ==================== IMDb Rating – 7.0/10 မက်ဒီဟာ မြို့ကြီးကဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး ခရစ်စမတ် အားလပ်ရက်ရာသီမှာတော့ သူ့ရဲ့မွေးစားသားငယ်နဲ့အတူမွေးရပ် မြေနယ်မြို့လေးဆီပြန်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ သူ့မွေးစားသား ကိုဒီရဲ့ညီအရင်းတစ်ယောက်ရှိနေတယ်ဆိုတာ သိထားရပြီး အဲ့ဒီ ဆန္ဒကို ခရစ်စမတ်လက်ဆောင်အဖြစ်ဖြည့်ဆည်းပေးချင်တဲ့ရည် ရွယ်ချက်လည်း သူ့မှာရှိနေပါတယ်။ မြို့ကိုရောက်ရောက်ချင်းနေ့ နှင်းလွှာလျှောစီးပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ ဆိုင်ရှင်အမျိုးသားနဲ့အဖွဲ့ကျရင်းနှီးခဲ့ပြီး မကြာမကြာဆုံ ဖြစ်သလို ရင်းနှီးမှုတွေတိုးလာရာကနေ သူ့မွေးစားသား ဝက်စလေ ရဲ့ညီအရင်းဖြစ်သူဟာ အဲ့ဒီဆိုင်ရှင်အမျိုးသားရဲ့မွေးစားသား ကိုဒီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်ဦးကိုပြန်ပေါင်းစည်း စေချင်တဲ့ သူ့ဆန္ဒအလွယ်တကူပြည့်ဝလေမလား၊ ဘယ်လိုအခက် အခဲတွေကြုံဆုံနိုင်စရာရှိလာမလဲ။ တစ်ကားလုံး christmas vibes တွေအပြည့်နဲ့၊ကြည်နူးနွေးထွေး စရာချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ ဗီလိန်မရှိတဲ့ ဒီခရစ်စမတ် ဇာတ်လမ်းလှလှလေးထဲမှာရှုမြင်ခံစားကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.39 GB) / (564 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Alias Encoder……….SWM

Drama • Comedy
7 2023 84 mins
A Season for Family
A Very Good Girl
5.7

A Very Good Girl [2023] ( IMDb 5.8/10, RT 58% ) မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်… မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး… ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်… အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ… အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်… ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်… ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Thriller Quality…. 1080p | 720p File size… 1.8GB | 883MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Drama • History
5.7 2023
A Very Good Girl
I’m Professional
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I’m professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ် ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။ အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင်

Romance • Comedy • Action
5.8 2024
I’m Professional
Penduko
6

ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Comedy
6 2023
Penduko
Monday First Screening
5

Monday First Screening ( 2023) ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ တည်ဆောက်ပြထားတာမို ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဒီလိုကားတွေမှာ စာဖိုင်က တစ်ခါတလေ အခက်အခဲရှိတတ်တာမို ဒီကားက စာဖိုင်က အပြည့်တော့မစုံပါဘူး။ ၅ရာခိုင်နှုန်းလောက်တော့ လိုနေပါလိမ့်မယ်။ နည်းနည်းလေးတော့ သည်းခံပေးရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဇာတ်ကိုတော့ မထိခိုက်တာကြောင့် ကြည့်လိုတော့ လုံးဝအဆင်ပြေပါတယ်။ ဒီလိုအတုယူချင်စရာကောင်းတဲ့ အသိုင်းအဝိုင်းတစ်ခုအကြောင်းကို မြင်ရမှာမို တန်တော့တန်မှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော W ပါ ) File size_( 3GB)/( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2023
Monday First Screening
The Yin Yang Master
6.3

နာမည်ကြီးကားမို့ အထူးအထွေမိတ်မဆက်ပေးတော့ပါဘူး ဇာတ်ကားနာမည်ကတော့ Ying Yang Master ပါ။ Painted Skin (2012)မှာ ill-fated lover အနေနဲ့ပဲ သရုပ်ဆောင်နေသလားမှတ်ရလောက်တဲ့ Chen Kun နဲ့ Zhou Xun က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Chen Kun (ချင်မင်) ဟာ မိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်းပေါ့နော်။ သူက ခေါင်းကိုးလုံးမြွေရဲ့ ဆက်ခံသူလို့ ဆိုနိုင်လောက်အောင် မိစ္ဆာသွေးပါနေခဲ့သူပါ။ ဒီကားလေးမှာ လူနဲ့ မိစ္ဆာကို စည်းတစ်ခုခြားပြီး အတူယှဉ်တွဲနေတာဖြစ်ပြီး ယင်းယန်အဖွဲ့ကတော့ စည်းကျော်လာတဲ့ မိစ္ဆာတွေကို အပြစ်ပေးစီရင်တဲ့အဖွဲ့ပေါ့။ ချင်မင်ကို လူမမယ်အရွယ်မှာယင်းယန်အဖွဲ့က မွေးစားခဲ့ပေမယ့် နောက်ကြောင်းကို မသိခဲ့ဘူး။ တစ်နေ့တော့ သရုပ်မှန်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်ဆိုပြီး ညီအစ်ကိုတွေ ဆရာတွေရဲ့ ခွဲခြားဆက်ဆံတာကိုခံရတဲ့ ချင်မင်အဖို့ Zhou Xu (ပိုင်နီ)ဟာ အလင်းရောင်ဖြစ်ခဲ့ပါတယ်။ ပိုင်နီကလည်း ချင်မင်လိုပဲ တာဝန်တစ်ခုနဲ့ယှဉ်တွဲမွေးဖွားလာသူပါ။ သူ့တာဝန်ကတော့ ယင်းယန်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသူပေ့ါ။ ပိုင်နီနဲ့ချင်မင်က ကတိတစ်ခုထားထားတယ် ဒါကတော့ ချင်မင်က ပိုင်နီရဲ့ အမိန့်နာခံသူအဖြစ်နေပြီး လုံးဝ မိစ္ဆာဆိုးအဖြစ်မပြောင်းလဲသွားဘူးဆိုတာပါပဲ။ ဒီကတိစကားကို ချင်မင်တည်နိုင်မှာလား။ ပိုင်နီနဲ့ချင်မင်ကြားက သံယောဇဉ်ကရော ဘယ်လိုပြောင်းလဲသွားမလဲ။ လူနဲ့ မိစ္ဆာကြားက တိုက်ပွဲကရော ဘာဖြစ်သွားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြနော်။

6.3 2021 113 mins
The Yin Yang Master
A Normal Family
7.3

A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thriller ရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dream တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊ Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီး လူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်‌မနေသူပါ။ ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်း‌ဂယောင်း (Kim Hee-Ae) နဲ့ လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်‌ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့ သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး… တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့ စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေး စတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား… သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက် သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.16GB/ 480MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo & Stary

Comedy • Romance
7.3 2024 116 mins
A Normal Family
Tacoma
6.1

Tacoma (2024) IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။ သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။ သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။ သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, Thriller Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Action • Crime • Thriller • Mystery • Drama
6.1 2024 90 mins
Tacoma
Monster Awakens
5

ဘရီ တို့ သားအဖနှစ်ယောက်က အမေရိကန်မြောက်ပိုင်းရဲ့ နှင်းတွေအမြဲဖုံးလွှမ်းနေပြီး အေးချမ်းတဲ့ ဒေသတစ်ခုမှာ နေထိုင်ကြတယ်။ အမေ မရှိတော့တဲ့ အဖေတစ်ခု သမီးတစ်ခု ဘဝမို့ အဖေဖြစ်သူက ဘရီ့ကို အစစအရာရာ ဂရုစိုက်ပေး ပါတယ်။ တစ်ရက်မှာတော့ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ရှိလို့ သမီးဖြစ်သူ ဘရီကို အိမ်ထဲမှာပဲ သော့ပိတ်ပြီးနေဖို့ မှာရင်း ထွက်သွားတယ်။ ဓာတ်ပုံဝါသနာအိုးလေးဖြစ်တဲ့ ဘရီကတော့ အဖေဖြစ်သူ စကားကို နားမထောင်ပဲ နှင်းတွေဖုံးနေတဲ့ တောအုပ်ထဲကို ဓာတ်ပုံရိုက်ဖို့ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထောင်သားတစ်ယောက်ကို လွှဲပြောင်းဖို့ သယ်လာတဲ့ ရဲကားဟာ ဘရီတို့ မြို့ကို ဖြတ်နေစဥ်မှာပဲ ကားပျက်ပြီး ထောင်သားက ထွက်ပြေးသွားတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ အဖေဖြစ်သူက သမီးဖြစ်သူကို စိတ်ပူတာကြောင့် အိမ်အမြန်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကို အိမ်မှာမတွေ့တဲ့နောက်မှာ အဖေ ဖြစ်သူလည်း သမီးကို ရှာဖို့ တောထဲကိုလိုက်လာပါတော့တယ်။ ဒီလိုနဲ့ပဲတောထဲမှာ ထူးဆန်းထွေလာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတဲ့အခါမှာတော့ … File size… (1.25GB) / (666MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Animation • Adventure • Family • Comedy
5 2024 75 mins
Monster Awakens
The Mayor
6.5

The Mayor (2017) ***************** ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဗြောင်ဂျုံဂူဟာ အတိုက်အခံပါတီတွေကြားထဲကနေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စတင်ကြိုးစားပါတော့တယ်…။ ဇာတ်လမ်းတစ်ခုလုံးကတော့ ရွေးကောက်ပွဲစတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ရွေးကောက်ပွဲ ခရီးစဉ်တစ်လျှောက်လုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကြားက အကျင့်ပျက်ခြစားမှုတွေ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ သစ္စာဖောက်မှုတွေလိုမျိုး နိုင်ငံရေးအရှုပ်အထွေးကြီး တစ်ခုလုံးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.7GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 10 min. Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama
6.5 2017 130 mins
The Mayor