YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Loser Hero 2023 720p WEB-DL CM.mp4

548 MB N/A video/mp4 152 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Romance
5.8

ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ကောင်လေးပြန်ပေါ်လာတဲ့အခါ သူတို့၂ယောက်ရဲ့အချစ်နဲ့ ဒီကောင်လေးပေါ်ချစ်တဲ့အချစ်ကြား လွန်ဆွဲကြတာကို ကြည့်ရမယ့် ဒရာမာကားပါပဲ။ Cherie Chungနဲ့ မက်ဂီချောင်ကို မြင်ရတာနဲ့တင် တန်တဲ့ကားလို့ပြောလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) Quality__720p IMDb Rating__6.4/10 Format__mp4 Duration__01:49:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Drama • Romance
5.8 1988 105 mins
Last Romance
After the Pandemic
3.2

CM ရဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ After the Pandemic ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Virus outbreak ဖြစ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်းသန်းချီသေဆုံးခဲ့ရာမှ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ လူငယ်တွေကိုတော့ ရောဂါပိုးဟာ သက်ရောက်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီတော့ Elite အလွှာ လူတန်းစားများဟာ လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကိုရယူချင်တဲ့အတွက် လူငယ်တွေကို Lab ခန်းထဲမှာ analysis လုပ်ဖို့ ကြံစည်လာပါတယ်။ လူငယ်တွေအတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ အဲ့တော့ ထွက်​ပြေးပုန်းရှောင် ကြတဲ့အတွက် လူငယ်တွေမရှိသလောက်နီးပါးဖြစ်သွားပါတယ်။ အယ်လီဟာလည်း ထိုအထဲမှတစ်ယောက်အ​ပါအဝင်ဖြစ်ပါတယ်။ နောက်ကနေလိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်ကလွတ်အောင် ကြိုးစားရင်းနဲ့ ကွင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးဟာ virus outbreak ဖြစ်တဲ့အခြေအနေကိုရိုက်ကူးထားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ရဲ့ survival အတွက်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုဖို့တန်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုတာကို ညွှန်းပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (1.35 GB) / (644 MB) / (424 MB) Quality – WEB-RIP 1080p / 720p/480p Duration - 1h 24mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Drama Translator – Yoonwahwah Theint Encoder – SWM

Drama • Romance
3.2 2022 84 mins
After the Pandemic
Monstrous
6.1

'လော်ရာ'နဲ့ သားဖြစ်သူ'ကိုဒီ'တို့ဟာ ခင်ပွန်းဖြစ်သူ စ​ကော့တ်​ရဲ့ နှိပ်စက်မှုဒဏ်ကို မခံစားနိုင်​တော့လို့ ကယ်လီဖိုးနီးယားကို သားအမိ၂​ယောက်တည်းထွက်​ပြေးလာကြပြီး မြို့ပြင်က အိမ်​ဟောင်းတစ်လုံးမှာ ဇာတ်မြုပ်ပြီး ​နေထိုင်​နေကြတာပါ၊ သူတို့ငှားရမ်း​နေတဲ့အိမ်ကြီးရဲ့ ​ဘေးမှာ​​တော့ ​ရေကန်ကြီးတစ်ခုရှိပါတယ်၊ ကိုဒီက အဲဒီအိမ်​ကို စပြီး​ရောက်ကတည်းက စိတ်မသန့်​ကြောင်း၊ရေကန်ထဲက​ သရဲတစ်​ကောင် သူ့အခန်းထဲဝင်လာ​နေလို့ ​အိမ်ပဲပြန်ချင်​ကြောင်း အခါခါ​ပြောပေမယ့် ​ခင်ပွန်းရန်ကို​ ပိုကြောက်​​တဲ့ ​လော်ရာက သားဖြစ်သူ​ပြောတဲ့ မူမမှန်မှု ​တွေကို သိသိလျက်နဲ့ ​ပေကပ်ပြီး​နေခဲ့ရာမှ ​အရာရာနောက်ကျသွားပြီး 'ကိုဒီ'အဖို့ ​ရှောင်လွှဲလို့မရ​နိုင်​တော့တဲ့ ​အန္တရာယ်​ဆိုးကြီး ရောက်လာတဲ့အခါ...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ကြရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:28:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Horror
6.1 2022 89 mins
Monstrous
Don't Breathe
7

လက်ရှိ နာမည်ကြီး လူကြိုက်များနေတဲ့ Horror/Thriller တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။ ဘက်ဂျက် ၉ သန်းပဲ အသုံးပြုခဲ့ပြီး လက်ရှိ သန်း ၁၄၀ အထိ Box office မှာတက်နေပါပြီ။ အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် မျက်မမြင်အဘိုးကြီးဟာ သူတို့ထင်သလို အဆိပ်မရှိတဲ့ ရေမြွေမဟုတ်တဲ့အခါ......တံခါးတွေ အားလုံးပိတ် မီးအမှောင်ချပြီး အကုန်လုံးကို သတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါ.... အသက်မရှုလိုက်နဲ့ ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း အသက်ရှုသံ တစ်ချက် ခြေသံတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာပြီဆိုရင်......။ File size…(1.4 GB) / (600 MB) Quality…BluRay 1080p/720p Format…mp4 Duration….01:28:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung & Little Neo Translated by Little Neo

Drama • Sci-Fi & Fantasy
7 2016 89 mins
Don't Breathe
The Lost City of Z
6.4

လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။ ၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။ အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။ တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။ နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။ သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။ သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။ လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။ တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)

Action • Adventure • Horror • Science Fiction
6.4 2017 141 mins
The Lost City of Z
Criminal
6.2

မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။ File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By  Naing Aung Latt Encoded By  Nyeinsaeya Aung

Action • Adventure • Crime • Thriller
6.2 2016 113 mins
Criminal
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
Soul Virginity
7.5

(function(f,b,n,j,x,e){})(); Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။ ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။ Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre… Crime, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thawn Pi

7.5 2023
Soul Virginity
Ribblehead

အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။ ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။ ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က လှပကောင်းမွန်ပါတယ်။ ဇာတ်​ရှိန်​တက်တာ အနည်းငယ်နှေးပြီး စိတ္တဇ​ဒရာမာ​အမျိုးအစား​ဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်​မြင်နေရတဲ့ ဖြစ်​ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်​ဖြစ်​ခဲ့တာမျိုးပါ။ ဇာတ်ကား​ရဲ့ Cinematography​ က ကောင်း​မွန်ပြီး Ribblehead​ ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်​တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာ​အချိန်​ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်​ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Fantasy • Animation • Family
0 2022 85 mins
Ribblehead
The Tall Man
5.9

ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာ ယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီး စည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။ မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ စီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စ အကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးက မြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက် ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ ခေါင်းစွပ်နဲ့’လူရှည်ကြီး’ တစ်ယောက်က ကလေးတွေကို တောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့ သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီး နောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်း တစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန် တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ် အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေ လုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Crime
5.9 2012
The Tall Man
Twisters
7.1

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရော ပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ “ဇာတ်လမ်းအကျဉ်း” ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီး လေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။ အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာ သူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲ သာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကို နည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာ စွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလား လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။ မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့ အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size… 6.80GB / 2.85GB / 1.39GB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Mr.Anderson

7.1 2024 123 mins
Twisters
Bloody Johann Krvavý Johann
3.2

Bloody Johann (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ ဂျာမဏီရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ကို အမှီပြုပြီးတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ယောဟန်ဖော့စ်က မားဂရက်ကို ရဖို့အတွက် နတ်ဆိုးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတာကတော့ သူရလိုက်တဲ့ မားဂရက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာပါပဲ။ မားဂရက်က သူ့ကို ဒီလို အောက်လမ်းနည်းနဲ့ ရယူလိုက်မှန်းသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ မိသားစုဘဝက ရာစုနှစ်ပေါင်းများစွာ မကျေမချမ်းဖြစ်မှုတွေနဲ့ ရှေ့ဆက်ကြရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Horror Duration….01:31:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

3.2 2024
Bloody Johann Krvavý Johann
The Ritual
4.6

The Ritual (2025) Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။ Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Adventure • Comedy • Romance
4.6 2025 98 mins
The Ritual