YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

La.Revolution.S01E06.720p.NF.WEB-DL.(CM).mp4

292.8 MB 720p video/mp4 140 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
John Wick: Chapter 4
7.9

IMDb Rating (8.3)/ Rotten Tomatoes (94%) ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့ "Porte des Lilas" လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ "မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ" ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ "Yeah" ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ...။ File size…(7.91GB)(3.3GB)&(1.3GB) Quality….4K.HEVC,WEB-DL1080p5.1Ch,720P Format…mp4 Duration….02:41:01 Subtitle….Myanmar Subtitle (Hardsub) Encoder…. Phyo Pyae Translated by Mr.Anderson

Action • Comedy • Mystery
7.9 2023 170 mins
John Wick: Chapter 4
Help Me, Eros
5.7

လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ​ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။ လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။ အဲ့လိုလောကမှာ​ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေ​နေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။ မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank

Comedy • Drama • Romance • TV Movie
5.7 2007 116 mins
Help Me, Eros
Touching Gold Captain
10

အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။ သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။ တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK

Horror • Mystery • Thriller
10 2022 84 mins
Touching Gold Captain
[18+] PVT Chat
5.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။ လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်) File Size……….(1.6 GB) / (539 MB) / (288 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adult, Drama Translator…….ZMT Encoder……….AdminX

5.9 2020
[18+] PVT Chat
Five Hundred Miles
6

ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား….. သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။ လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ….. ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊ လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော်

6 2023
Five Hundred Miles
Kho Gaye Hum Kahan
8.8

Kho Gaye Hum Kahan (2023)”ဘယ်မှာလမ်းတွေပျောက်ခဲ့” ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023 135 mins
Kho Gaye Hum Kahan
Set It Up
6.5

Set It Up (2018) IMDb (6.5) / Rotten Tomatoes (68 %) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့ တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့ နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ် သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲ အောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ် လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ann Mary မှတင်ဆက်ထားပြီး ဘာသာပြန်ကတော့ Yazar Htun ပါ။)

Action • Comedy
6.5 2018 105 mins
Set It Up
Zara Hatke Zara Bachke
6

Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ် IMDb – 6.5/10 ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ တကယ့်ဖြစ်ရပ်တွေနဲ့အတူ ဒီကားလေးမှာ စောင့်ကြည့်ပေကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Action • Thriller • War
6 2023
Zara Hatke Zara Bachke
Last Passenger
5.7

ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကား‌ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

5.7 2013 96 mins
Last Passenger
[18+] Risque Hospital
6.1

ဟာနဲဒါနဲ့ ဂျောင်အူတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေးရဖို့ ကြိုးစားနေကြပါတယ် တစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူ ‌ဂျောင်အူ ဖောက်ပြန်နေတာကို ဟာနဲဒါက ကိုယ်တိုင်‌ ‌တွေ့လိုက်ရပြီးတော့ ဂျောင်အူကို သတ်ဖို့ ကြိုးစားခဲ့ပါတယ် .. ဒါပေမဲ့ ဂျောင်အူက မသေဘဲ သတိမေ့ပြီး အောက်ပိုင်းသေသွားပါတယ် .. ဟာနဲဒါကလည်း ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်ရာကနေ မ‌အောင်မြင်ဘဲ ဆေးရုံတက်လိုက်ရပါတော့တယ် .. ဒီလိုနဲ့ ဆေးရုံမှာ ဟာနဲဒါက သတိမေ့နေတဲ့ ခင်ပွန်းဖြစ်သူကို ဘယ်လိုတွေ လက်စားချေဖို့ လုပ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. File Size : 899MB, 378 MB Quality : 1080p,720p Format…mp4 Duration…1 hr. 10 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2019
[18+] Risque Hospital
Dear Santa
5.5

ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024 108 mins
Dear Santa
Barefoot
6.6

Barefoot (2014) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီး Evan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ် Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ် ဇာတ်လမ်းကတော့ လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာ‌ဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင် သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုက အမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့် ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီး ရည်းစားမရှိတဲ့လူတွေလည်း နွား‌ပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့် မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။)

6.6 2014 90 mins
Barefoot
Crazy Texas
5.5

ဒီတစ်ခါမှာတော့ ပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ cm ပရိသတ်ကြီးကို Horror ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်ရဲ့ ဆန့်ကျင်ဘက် အမှောင်ကမ္ဘာ နတ်ဆိုး လူစီဖာကို ကိုးကွယ်ပသ ပူဇော်ကြတဲ့လူတွေ အခုခေတ်ထိတိုင် ကမ္ဘာအနှံ့အပြားမှာ လူမသိ သူမသိ ရှိနေသေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီဇာတ်ကားမှာတော့ တက္ကဆက်ပြည်နယ် မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ လီလီနဲ့ အေဗရီလို့ခေါ်တဲ့ ညီအစ်မ နှစ်ယောက် ရှိပါတယ်။ အဖိုးအဖွားတွေက သူတို့ကွယ်လွန်ပြီးနောက် အမွေတွေကို သူတို့ညီအစ်မကို ပေးဖို့ သေတမ်းစာ ရေးထားခဲ့တာပါ။ သေတမ်းစာမှာက သူတို့တွေ ညီအစ်မ နှစ်ဦးသဘောတူ ခွဲယူချင်ယူ မဟုတ်ရင် ဘုရားကျောင်းကို အားလုံးလှူဒါန်းပစ်ဖို့ပါပဲ။ ဘာသာရေးကို သက်ဝင်ယုံ ကြည်သူ တစ်ယောက်ဖြစ်တဲ့ အေဗရီက အားလုံးကို ဘုရားကျောင်း လှူပစ်ချင်ပေမယ့် လီလီက လက်မခံ ချင်ပါဘူး။ သူတို့ညီအစ်မနဲ့ ဆွေးနွေးကုသမှု ပေးနေတဲ့ စိတ်ကုထုံး ဆရာဝန်တစ်ယောက် ဖြစ်တဲ့ ထရဲဗားက သူတို့နှစ်ယောက်ကို မေ့ဆေးပေး ဖမ်းခေါ်သွားတဲ့ အခါမှာတော့..။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီး ယုံကြည်စိတ်ချ ကြသူတွေ ဖြစ်ပါစေ ငွေကြေးလောဘ ပါလာတဲ့အခါမှာ မထင်မှတ်ထား တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ File size… (937 MB) / (506 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5.5 2025 90 mins
Crazy Texas
Champ
6.8

Champ (2011) **************** ၂၀၁၁မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ရှိတဲ့ Champ ဆိုတဲ့ sport comedy-drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်…။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ The Producers , Brain Works စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cha Tae Hyun နဲ့ Drinking Solo ထဲက မင်းသမီး Park Ha Sun တို့ပဲဖြစ်ပါတယ်…။ ဇာတ်လမ်းရဲ့ အကြောင်းကို မပြောခင်မှာ အားလုံးကို တစ်ခုလောက် စဥ်းစားကြည့်စေချင်ပါတယ်…။ ကိုယ့်အိပ်မက်ဖြစ်ပြီး ကိုယ်ဝါသနာပါရတဲ့အလုပ်ကို အခက်အခဲတစ်ခုခုကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဘယ်လို ခံစားရနိုင်ပါလဲ…။ အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်း ပျောက်ဆုံးသွားပြီး ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့တောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ် မဟုတ်လား…။ ဒီဇာတ်လမ်းလေးထဲမှာတော့ ပြိုင်မြင်းသမား ဆွန်းဟိုက ကားအက်ဆီးဒင့်ကြောင့် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အဲဒီအက်ဆီးဒင့်ကြောင့်ပဲ မျက်စိထိခိုက်သွားရပါတယ်…။ အဲဒီလိုနဲ့ သူဟာ မြင်း ဆက်စီးဖို့ မဖြစ်နိုင်တော့ဘဲ သူ့ရဲ့ သမီးလေးနဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဆွန်းဟိုဟာ မြင်းပြိုင်ပွဲတစ်ခုမှာလည်း လိမ်လည်ဖို့ကြိုးစားရာကနေ ရှိသမျှ ပိုက်ဆံတွေ အကုန်ပါသွားပြီး ဂျယ်ဂျူကျွန်းကို သမီးနဲ့အတူ ထွက်ပြေးတိမ်းရှောင်ရင်း အဲဒီနေရာမှာ မသန်စွမ်းဖြစ်ပြီး လူသိပ်မယဥ်တဲ့ အူဘတ်ဆိုတဲ့ မြင်းလေးကို တွေ့သွားခဲ့ပါတယ်။ အူဘတ်က လူမယဥ်တော့ ဘယ်သူမှ စီးလို့လည်းမရတဲ့အတွက် မြင်းထိန်းနည်းပြက ရောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆွန်းဟိုက အူဘတ်ကို ပြိုင်မြင်းဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွန်းဟိုက အူဘတ်နဲ့အတူ မြင်းပြိုင်ပွဲကို တစ်ဖန်ပြန်ဝင်ရောက်လာပြီး ပြိုင်ပွဲဝင်ခဲ့ပါတော့တယ်။ မသန်စွမ်းဖြစ်နေတဲ့ မြင်း အူဘတ်နဲ့ .. မျက်စိထိခိုက်ပြီး ဝိုးတိုးဝါးတားသာ မြင်ရတော့တဲ့ ဆွန်းဟိုတို့ ပြိုင်ပွဲမှာ ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းကနေတစ်ဆင့် စီးမြောရင်း ကြည့်ရှုနိုင်ခံစားကြည့်ပါဦးနော် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.75 GB/ 936 MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 14m Genre ….. Comedy, Drama, Sport Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.8 2011 133 mins
Champ
Sovereign
6.3

IMDb Rating (6.3) / Rotten Tomatoes (92%) ဒီတစ်ခါတော့ The Last of us (2023)မှာ Bill အဖြစ် သရုပ်ဆောင်ခဲ့ပြီး Emmy Award ဆု ရထားတဲ့နာမည်ကြီးသရုပ်ဆောင် Nick Offerman ရဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Christian Swegal ရဲ့ ပွဲဦးထွက်လက်ရာ ဒီရုပ်ရှင်ဟာ ၂၀၁၀ အာကန်ဆောမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Rotten Tomatoes မှာ 92% ရထားပြီး သားအဖဆက်ဆံရေးနဲ့အစွန်းရောက်ဝါဒကို ချိတ်ဆက်ပြီး အကောင်းဆုံးရိုက်ပြထားတာပါ။ Nick Offerman ရဲ့ ဂျယ်ရီကိန်းအဖြစ် သရုပ်ဆောင်မှုကို ဝေဖန်သူတွေက“ရင်သပ်ရှုမောဖွယ်” နဲ့ “ကာရိုက်တာလေ့လာမှုရဲ့အကောင်းဆုံး ဥပမာ” အဖြစ် ချီးကျူးထားပြီး သူ့ရဲ့အကောင်းဆုံး တင်ဆက်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ထားတယ်။ ဒီဇာတ်ကားကို လူမှုရေးသင်ခန်းစာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အသုံးပြုပြီး အစွန်းရောက်မှုရဲ့ အကျိုးဆက်တွေကို ဆန်းစစ်ဖို့ သင့်တော်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် အမေရိကန်အစိုးရကို ဆန့်ကျင်တဲ့ Sovereign Citizen လှုပ်ရှားမှုကို ယုံကြည်တဲ့အဖေဖြစ်သူဂျယ်ရီကိန်း (Nick Offerman – Emmy ဆုရှင် “The Last of Us”) နဲ့ သူ့သား ဂျိုးဇက် (Jacob Tremblay – “Room”) တို့ဟာ ဥပဒေသင်တန်းတွေ ပို့ချရင်း တစ်ဖက်တစ်လမ်းက ငွေရှာကြပါတယ်။ တစ်ဖက်မှာလည်း အကြွေးပြဿနာတွေနဲ့ရှိနေပြီး ဘဏ်နဲ့ အစိုးရရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းကြမလဲ…. သူတိုရဲ့ပြဿနာတွေက ပြေလည်သွားမှာလား ဒါမှမဟုတ် တစ်စတစ်စကြီးသထက် ကြီးလာမှာဆိုတာကိုတော့ ကြည့်ရှုသူတွေကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။ ဒီဇာတ်ကားမှာ ဂျယ်ရီကိန်းရဲ့ဒိုင်ယာလော့တွေက ဘယ်လိုအစွန်းရောက်ပြီး မိတ်ဆွေတို့ကို ဘယ်လိုအတွေးတွေရစေမလဲ။ မလုပ်သင့်မလုပ်အပ်တာတွေကို အစွန်းမရောက်ဖို့အကြံပေးရင် ဒီဇာတ်ကားကို အဆုံးထိကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ File Size… (1.38 GB) / (811 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 40m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Crime • Comedy
6.3 2025 100 mins
Sovereign