YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Kusuriya no Hitorigoto - 23 (1080p) {CM} Fixed.mp4

283.28 MB N/A video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Firenado
6

ကဲ ဒီတစ်ခါတော့ တော်တော်ကြီးကြမ်းတဲ့ လေဆင်နှာမောင်းတစ်ခုအကြောင်းကိုရိုက်ပြထားတဲ့2023 ထွက် ဇာတ်ကားအသစ် လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ မင်းသား Stephen Staley နဲ့ မင်သမီးချောလေး Sian Altman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်(ကျွန်တော်ကတော့ မင်းသမီးပဲထိုင်ကြည့်နေတာ D:) ဇာတ်လမ်းကတော့ မင်းသီးတို့အဖွဲ့က မိုးလေဝသပညာရှင်အဖွဲ့ တစ်ခုလေလေ့လာမှုတွေ စူးစမ်းမှုတွေ တီထွင်မှုတွေနဲ့ Research & Development Team ပေါ့ တစ်နေ့တော့ သူတို့တီထွင်ထားတဲ့ ကိရိယာတစ်ခုကို လေဆင်နှာမောင်းအသေးစားလေးတစ်ခုနဲ့သွားပြီး စမ်းသပ်ခဲ့တာပေါ့ရည်ရွယ်ချက်ကောင်းတွေနဲ့စမ်းသပ်ခဲ့ကြတာပါပဲ ဒါပေမဲ့ လက်တည့်မစမ်းသင့်တာတစ်ခုကိုသွားစမ်းပြီးတဲ့နောက်တော့............ နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲလေဆင်နှာမောင်းကရော ဘယ်လိုအခြေအနေဖြစ်သွားမလဲဒီထဲမှာဘာတွေပတ်သတ်နေသေးတာလဲအဲ့ဒီလေဆင်နှာမောင်းကို အခွင့်အရေးယူပြီး အသုံးချတဲ့လူတစ်စုကရော ဘယ်လိုဇာတ်သိမ်းခဲ့ရလဲ........အစရှိတဲ့ ဇာတ်ကွင်းဇာတ်ကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(610 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Action • Thriller
6 2023 78 mins
Firenado
Killers
5.9

ဇွန်လ ၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Killers ကတော့ ‌အချစ်ဟာသ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Ashton Kutcher နဲ့ Grey anatomy တွင် izzie stevens အနေနဲ့ emmy ဆု ရရှိခဲ့တဲ့ Katherine Heiglက အဓိက ပါဝင်သရုပ်ဆောင် ထားပြီးတော့ emmyဆု ပိုင်ရှင် Tom Selleck နဲ့ Catherine O’Hara တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ ခရီးသွားနေတဲ့ ဂျန်ဟာ သူမရဲ့ စိတ်ကူးတွေထဲက ယောက်ျားဖြစ်တဲ့ စပန်ဆာ နဲ့ ပြင်သစ်နိုင်ငံ နိစ့် မြို့ကို သွားရင်းတွေ့ဆုံ ခဲ့ကြပြီး အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြတယ်။တစ်နေ့မှာ‌တော့ သူတို့ရဲ့ အိမ်နီးချင်းတွေက သူတို့ကို သတ်ဖို့ ဌားထားတဲ့ ကြေးစားလူသတ်သမားတွေဖြစ်နိုင်ကြောင်းသိသွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ရဲ့ ကျေးလက်ဘက်ကငြိမ်းချမ်းတဲ့ ဘဝလေးက အစိတ်စိတ်အမြွာမြွာဖြစ်ခဲ့ရတယ်။သူတို့ ကို ဘယ်သူက ဒီလိုဘဝရောက်အောင် လုပ်လိုက်လဲဆိုတာကို ရင်ခုန်စွာ ကြည့်ရမှာပဲဖြစ်ပါတယ်။ တကယ်လို့ အက်ရှင်ကားတွေကို မှ ဟာသအနှောနဲ့ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို အခုပဲကြည့်လိုက်ပါတော့နော် File size…1.65 GB/ 691.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Thura

Comedy • Music
5.9 2010 100 mins
Killers
Chaguo

ဝန်ဒိုနဲ့မူဂယ်နီတို့ဟာ အာဖရိကန်နိုင်ငံတစ်နိုင်ငံကလွတ်လပ်ရေးရပြီးကတည်းက သမိုင်းစဉ်ဆက် အားပြိုင်နေတဲ့မတူညီတဲ့မိသားစုနှစ်စုက ချစ်သူတွေဖြစ်ပါတယ်။ ဝန်ဒိုဟာ ရှေးရိုးစွဲ လူမျိုးစွဲတွေကို ဆန့်ကျင်ပြီး ဇာတိမြေကောင်းစားရေးအတွက်ကြိုးပမ်းနေတဲ့ အမတ်လောင်းအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။ လူမျိူးစွဲ ပါတီစွဲများကြောင့် ဝန်ဒိုရဲ့အလုပ်ဟာသူတို့ချစ်သူနှစ်ဦးရဲ့ရှေ့ဆက်မယ့်လမ်းမှာ အဟန့်အတားဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ ချစ်သူနှစ်ဦးရဲ့ချစ်ခရီးလမ်းမှာ နှောင့်ယှက်လာတဲ့နိုင်ငံရေး လူမျိုးရေးအရှုပ်တော်ပုံကို ဖြေရှင်းကြပုံ၊ နိုင်ငံရေးသမားများ အကျင့်ပျက်ချစားမှု လူမျိုးစွဲမှုတို့ကြောင့် ပြည်သူများနစ်နာရပုံ၊ မဲအနိုင်ရဖို့အတွက် ဘာမဆိုလုပ်ကြမယ့်နိုင်ငံရေးသမားတို့ရဲ့လောဘကို ပေါ်လွင်အောင်ရိုက်ကူးပြထားပါတယ်။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Comedy • Romance
0 2022 100 mins
Chaguo
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Creed III
7.2

ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ် ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက် လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားက တော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ အလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက် ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက် ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့ သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင် နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ် လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေ ရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန် သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်း ဆိုလာတဲ့အခါ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(3.16 GB) / (1.74 GB) / (717 MB) / (420 MB) Quality............WEB-DL 4K / 1080p / 720p / 480p Duration.........1H 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sport Translator.......Mr.Anderson Encoder..........SWM

Drama • Thriller
7.2 2023 116 mins
Creed III
Control
5.6

~ Rotten Tomatoes - 71% ~ သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။ စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 924MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
5.6 2022 89 mins
Control
Unicorn Wars
6.8

Unicorn Wars (2022) ~ IMDb – 6.8/10, RT – 83%, Meta – 73% ~ လူတိုင်းကပျော်ချင်တယ်… လွတ်လပ်ချင်တယ်… ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တာတွေကို ရချင်တယ် မဟုတ်လား။ လူတိုင်းမှာ အဲဒီအခွင့်အရေးရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုရယူနိုင်ဖို့ တပါးသူကို ထိခိုက်စေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ ဥပမာ – စစ်ပွဲပေါ့… တရားမျှတမှု၊ ယုံကြည်မှု၊ မျိုးချစ်စိတ် စတဲ့ စတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်ပွဲပေါင်းများစွာ ကို ကျွန်တော်တို့တွေ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး၊ သိဖူးကြပါတယ်။ ဒါပေမဲ့ ရန်စဆိုတာ ဘယ်ဖက်ကစမွှေးမွှေး နှစ်ဖက်စလုံးကိုတော့ ပူလောင်စေတာအမှန်ပါပဲ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်တိုက်တိုက် ဘယ်လိုရလာဒ်ပဲထွက်လာပါစေ စစ်ပွဲကတော့ အကျဥ်းတန်တယ်ဆိုတာကို အားလုံး တညီတညွတ်တည်း လက်ခံကြလိမ့်မယ်ပါတယ်။ စစ်ပွဲဟာ လှပတဲ့ အရာပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်… တစ်ချိန်က သုခဘုံဖြစ်ခဲ့တဲ့နေရာဟာ မီးလောင်ပြင်တစ်ခုဖြစ်လာနိုင်ပါတယ်… တစ်ချိန်က လှပရိုးသားခဲ့တဲ့ စိတ်ဓာတ်တွေကို ကြမ်းရင့်ဆိုးယုတ်တဲ့ အဖြစ်ရောက်အောင် ရိုက်ချိုးနိုင်ပါတယ်… အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်လေးတစ်လုံးကို ပြာပုံဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်… ဘာလို့များ လှပတဲ့အရာတွေကို အကျည်းတန်အရုပ်ဆိုးစေတဲ့ စစ်ပွဲတွေ ဖြစ်လာကြတာပါလဲ… ဘာကြောင့်များ လှပတဲ့ တိမ်တိုက်တွေကို မီးခိုးတွေနဲ့ ဖုံးလွမ်းအောင် လုပ်လိုက်ကြတာလဲ… ကလေးငယ်တစ်ယောက်ရဲ့ ကြည်ကြည်နူးနူးရယ်မောသံတွေကို ဘယ်လိုကြောင့်များ တိုက်ပွဲခေါ်သံတွေနဲ့ အုပ်လွှမ်းလိုက်ကြတာလဲ… ကျောင်းတက်ခေါင်းလောင်းသံကို ဘာကြောင့်များ စစ်ခရာသံနဲ့ ပြောင်းလဲပစ်ရက်ကြတာလဲ… ချာလီချက်ပလင်ရဲ့ The Great Dictator ဇာတ်ကားထဲက နောက်ဆုံးမိန့်ခွန်းလိုပဲ… “လှပတဲ့ ဘဝရဲ့လမ်းကို လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ လမ်းပျောက်နေကြတယ်” တဲ့။ ကျွန်တော်တို့တွေ တကယ်ပဲ လမ်းပျောက်နေပြီလား… Unicorn Wars ဇာတ်ကားလေးက ၂၀၂၂ ထွက် စပိန်-ပြင်သစ် ပူးပေါင်းတင်ဆက်တဲ့ Animation, War, Drama အမျိုးအစား စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားလေးပါ။ ကာတွန်းဆိုပေမဲ့ ကလေးကြည့်ဖို့မဟုတ်တာတော့ အသေအချာပါပဲ။ အဓိကဇာတ်ကောင်တွေက ချစ်စရာ Teddy Bear တွေနဲ့ ဒဏ္ဍာရီလာ မီးမီးလေးတို့ ချစ်တဲ့ Unicorn တွေဆိုပေမဲ့ War, Drama ဆိုတဲ့အတိုင်း သွေးထွက်သံယိုအခန်းတွေ အများကြီးပါတဲ့အတွက် ကလေးငယ်တွေ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ထူးကဲပြောင်မြောက်တဲ့ Animation ရုပ်ရှင်တွေကို ဖန်တီးနေတဲ့ Goya ဆုပိုင်ရှင် Alberto Vázquez က ဖန်တီးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဟိုးရှေးရှေးတုန်းကလို့ စပြောရမှာပါပဲ။ မှော်ရုံတောကြီးထဲမှာ Teddy Bear တွေနဲ့ Unicorn တွေနဲ့ အခြားတိရစ္ဆာန်တွေ ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတာပေါ့။ တစ်နေ့မှာတော့ အရာအားလုံးကို သိမြင်နိုင်စွမ်းရှိတဲ့ ဗဟုသုတတွေပါတဲ့ စာအုပ်ကို Teddy Bear တွေက ရသွားပြီး အခြားတိရစ္ဆာန်တွေထက် သာလွန်တဲ့ မျိုးစိတ်တွေ ဖြစ်လာပါတယ်။ သူများထက် တိုးတက်နေတဲ့ Teddy Bear တွေက အသိဉာဏ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ နေထိုင်မှုပုံစံကိုလည်း အဆင့်မြှင့်ဖို့ ကြိုးစားပါတယ်။ သူတို့နေထိုင်တဲ့ မှော်ရုံတောကို သူတို့လိုသလို ဖန်တီးဖို့ ကြိုးစားလာတဲ့အခါမှာ ယူနီကွန်တွေက ဦးဆောင်ပြီး ဆန့်ကျင်တိုက်ထုတ်ကြပါတယ်။ စစ်ပွဲမှာ Teddy Bear တွေ အရေးနိမ့်သွားပြီး မှော်ရုံတောကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး Teddy Bear တွေနဲ့ Unicorn တွေရဲ့ စစ်ပွဲက စတင်လာပါတော့တယ်။ ဇာတ်ကားထဲမှာတော့ မြင့်မြတ်တဲ့ စစ်ပွဲကြီးရဲ့ နောက်ဆုံးတိုက်ပွဲကို တွေ့ရပါလိမ့်မယ်။ “သေဆုံးခြင်းဆိုတာ ဘဝသစ်တစ်ခုရဲ့အစပါ။ ဒါပေမဲ့ သေဆုံးခြင်းဆိုတာ ဘာလဲ။ ငါတို့က ရှင်သန်ခြင်းဆိုတာကိုတောင် ရေရေရာရာသိကြတာမှမဟုတ်တာ” “ယုံကြည်မှုရှိရမယ်ဆိုတာ အမှန်ကို မျက်ကွယ်ပြုရတာဆိုရင်တော့ လုံးဝအဓိပ္ပါယ်မရှိဘူးဗျာ” ဒီလို ဒိုင်ယာလော့ လှလှလေးတွေနဲ့ တွေးစရာတွေ အများကြီးပေးနိုင်သလို ရသအစုံအလင်ပေးနိုင်တဲ့၊ ကာတွန်းကားဆိုပြီး ကျော်သွားမိရင် နောင်တရနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပြီး ကလေးများအတွက် မဟုတ်တဲ့ ကာတွန်းကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 730MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 20Min Genre – Animation, Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Thriller
6.8 2022
Unicorn Wars
Here Alone
5.6

အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့ နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့ တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့ အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက် ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။ အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.6 2016 97 mins
Here Alone
What the Waters Left Behind: Scars
5.3

What the Waters Left Behind: Scars (2022) မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။ လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 695MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 25Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
5.3 2022
What the Waters Left Behind: Scars
The Snow Walker
7.3

၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။ ၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။ လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ဆေးရုံ​ပို့ပေး​ဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်​မာရိုင်းစိုင်းပြီး ကျွတ်​ဆတ်ဆတ်နိုင်တဲ့ လူဖြူ​ပိုင်း​လော့​ ချာ​လီတို့​နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်​ရှင်​သန်ဖို့ကြိုးစားကြပုံကို တင်​ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်​က Leo Awards ၆ ခု​အပြင်​ တခြား​ဆုများစွာ ဆွတ်​ခူး​ခဲ့ပြီး ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်​တဲ့ မင်း​သမီးကိုယ်တိုင်ကလည်း ဒေသခံ​ Inuit တိုင်း​ရင်း​သူဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ နာမည်ကြီး​ Dance​s with Wolves​ လို အငွေ့​အသက်​မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်​မင်​ရင်းနှီးလာပြီးနောက် ​ဒေသခံ​တိုင်းရင်း​သားတွေအပေါ် ချာ​လီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်​က ဗိုလ်​လေးဒန်ဘာနဲ့ လူနီအင်​ဒီးယန်း​လူမျိုး​တွေအကြား သံယောဇဉ်​ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။ နောက်​ဆုံး​ဇာတ်​သိမ်းလေးကလည်း ဆွတ်​ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်​လို့ အရှုံး​မရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

TV Movie • Comedy • Romance • Crime
7.3 2003
The Snow Walker
Thaanara
6.4

Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

History • War • Drama • Action
6.4 2024
Thaanara
The Unborn Child
6

The Unborn Child (2011) *********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်… File Size : 1.47GB / 482MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

Action • Adventure
6 2011 92 mins
The Unborn Child
Pushing Tin

Imdb(6.0/10) လူသဘောသဘာဝဆိုတဲ့အတိုင်း အဆင်ပြေနေတဲ့ဘဝကြီးမှာ လူတစ်ယောက်က ကိုယ့်ဘဝထဲကို ဝင်လာပြီး အရာအားလုံးကို လုယူသွားသလို ခံစားရတဲ့အခါ မကျေမနပ်ဖြစ်ကြတာပဲမလား….. နာမည်ကျော် မင်းသားကြီး John Cusack သရုပ်ဆောင်ထားတဲ့ Nick Falzone ဆိုတဲ့ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်က ဒီကားမှာတော့ လုယူခံလိုက်ရတဲ့လူပေါ့….. လေယာဥ်တွေကို controlling ပိုင်းမှာ အစစအရာရာ ပြည့်စုံနေခဲ့တဲ့ လူတစ်ယောက်ဟာ သူ့ထက်သာတဲ့ သူ့ပြိုင်ဘက် Russell Bell ဆိုတဲ့ ဘဲကြီး ရောက်လာတဲ့အခါမှာတော့ သူ့ဘဝကြီးက စတင်မှားယွင်းလာတော့တာပါပဲ ဒီဘဲကြီးက သူ့ထက် အစစအရာရာ သာရုံတင်မက မိန်းမကပါ လန်းနေတော့ Nick တစ်ယောက် မနာလိုတွေဖြစ် အမှားတွေကျူးလွန်မိပြီး ဘဝက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ‌တော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျား comedy လေးလည်း ရောထားတော့ စိတ်အပန်းဖြေဖို့အတွက် ကြည့်သင့်တဲ့ကားပါပဲ File size… (2.4 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lin Thurein

0 1999
Pushing Tin