YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kleo.S02E01.Il.cavalluccio.marino.ITA.GER.1080p.mp4

1.18 GB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wedding Crashers
6.5

IMDb Rating -7/10 Rotten Tomatoes - 75% Wedding crashers ဆိုတဲ့သူတွေက မင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲ အပျော်တမ်းလိုက်တက်တဲ့သူတွေ နောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာ မင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့ အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီး မင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။ အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာ မျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာ ပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲ ကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်က ခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ် ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီး ချစ်မိသွားလေသောအခါ... ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... နောက်ကြောင်း အလိမ်အညာဇာတ်ထုပ်ကြီးနဲ့ သူ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ... ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ (စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီး အဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေ ရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဂျရဲမီအဖြစ် မင်းသားကြီး Vince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့ နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေ ဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိ သရုပ်ဆောင်သွားကြလဲဆိုတာ ပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။ လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲက ဖခင်ကြီး Christopher Walken နဲ့ The notebook မင်းသမီးလေး Rachel McAdams တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင် IMDb Rating 7 အထိ ရရှိထားတဲ့ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်) File size…  2.36GB / 1.05GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 59m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Crime • Drama • Thriller
6.5 2005 119 mins
Wedding Crashers
The Yards
6.2

Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။ အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။ မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( Ted 1,2 ) Willie အဖြစ် Joker မင်းသားကြီး Joaquin Phoenix နဲ့ Frank အဖြစ် Godfather မှ James Caan တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(1.62GB)  / (`777.52MB) / (347.98MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre...  Drama /Romance / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mariposa

Drama
6.2 2000 115 mins
The Yards
Paycheck
6.2

Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Susan

Crime • Thriller
6.2 2003 119 mins
Paycheck
[18+] Boy Bastos
5

၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲ ရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာ အာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်း ရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်း ခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှ ကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက် ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြား အဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါ အဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီ‌ကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီ‌ဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြား ဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေး ကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊ ၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / 800MB Quality…1080p WEBDL AAC 2.0 CH / 720p Format…mp4 Duration….1h 56mins Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by STA

Action • Drama • History • War
5 2022 116 mins
[18+] Boy Bastos
Where the Devil Roams
5.6

Where the Devil Roams (2023) ~ IMDb – 5.6/10, Rotten Tomatoes – 100% ~ Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။ ဒီကားကို အဒမ်မိသားစုလို့ခေါ်တဲ့ ဂျွန်အဒမ်နဲ့ ဇယ်ဒါအဒမ်တို့က ရိုက်ထားပြီး သူတို့ရဲ့သမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြည့်လိုက်ရင်လည်း The Deeper You Dig, Hellbender နဲ့ Halfway To Zen တို့လို ဟော်ရာပေမဲ့ ဝေဖန်ရေးအရအောင်မြင်ခဲ့တဲ့ကားတွေချည်း ရိုက်ခဲ့တဲ့ သူတွေဆိုတော့ ကားကောင်းတွေကြိုက်တတ်တဲ့လူတွေတော့ စိတ်ချလက်ချကြည့်လို့ရပါတယ်။ ထပ်ပြောရရင် သမားရိုးကျ ဟော်ရာကားတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ လုံးဝမဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.6 2023
Where the Devil Roams
The Hidden Fortress
8.1

IMDb 8.1 / Metascore 89% / Rotten Tomatoes 96% ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ‌ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်‌နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ နဲ့ မင်းသမီးကို လျှို့ဝှက်စွာစောင့်ရှောက်ပေးနေတဲ့ စစ်သူကြီး ရိုကူရိုတာမာကာဘဲတို့နဲ့ ဆုံကြပါတယ်။ ဒါပေမဲ့ အူတူအတ လယ်သမားနှစ်ယောက်ဟာ အာခိဇုကိ စစ်သူကြီးနဲ့ မင်းသမီးဖြစ်သူတို့ရဲ့ သရုပ်မှန်ကိုမသိဘဲ ဟာရာကာဝါမြို့တော်ကိုဖြတ်ပြီး အာခိဇုကိကို အတူခရီးဆက်ရင်း လိုက်ပို့ပေးဖို့ သဘောတူလိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတွေကို ဂျော့ခ်ျလူးကပ်စ်က Star Wars အတွက် inspire ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ အူကြောင်ကြောင် လယ်သမားသူငယ်ချင်းနှစ်ယောက်က Star Wars ထဲက စက်ရုပ်သူငယ်ချင်းနှစ်ကောင်ဖြစ်ကြတဲ့ R2D2 နဲ့ C3PO ပေါ့။ နာမည်ကြီးစစ်သူကြီး ရိုကူရိုတာကတော့ အိုဘီ၀မ်ကင်နိုဘီဖြစ်ပြီး သူကာကွယ်ပေးနေတဲ့ မင်းသမီး ယုကိကတော့ Princess Leia ပါ။စစ်ရှုံးနေကြတဲ့ အာခိဇုကိတွေ နဲ့ Star Wars ရဲ့ Rebels တွေအတွက် မင်းသမီး ယုကိ နဲ့ လီယာတို့က တစ်ခုတည်းသောမျှော်လင့်အချက်အလင်းရောင်ဖြစ်ကြတယ်။ ဒါရိုက်တာကြီး ကူရိုဆာဝါရဲ့ လက်ရာတစ်ခုဖြစ်တာကြောင့် အများကြီးတော့ ထပ်ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်ကိုလည်း ကူရိုဆာဝါရဲ့ တခြားနာမည်ကြီးလက်ရာတွေဖြစ်တဲ့ High and Low , Throne of Blood တို့ထဲမှာသုံးထားတဲ့ ဂျပန်ဂန္တ၀င်မင်းသားကြီး Toshiro Mifune ကိုပဲသုံးထားတာမလို့ တစ်ခေတ်တစ်ခါက ဂျပန်ဆာမူရိုင်း အဖြူအမည်းရုပ်ရှင်ကားကောင်းကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.9 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Documentary
8.1 1958
The Hidden Fortress
Accidental Texan
5.6

Accidental Texan (2024) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 640MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

5.6 2024
Accidental Texan
Thirteen Generals of Han Dynasty
5.7

CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကား‌ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်‌တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း ‌ အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို ‌တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ် ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေး‌ဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ် ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်

5.7 2019
Thirteen Generals of Han Dynasty
Night Call
7

ဒီဇာတ်ကားလေးကတော့ IMDb မှာရော Rotten Tomato မှာပါ Rating ကောင်းကောင်းရထားတဲ့ Action Thriller ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Michiel Blanchart ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့ ဆုပေါင်းများစွာရရှိထားကာ ဆန်ခါတင်စာရင်းတွေလည်း ဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မက်ဒီဆိုတဲ့ကောင်လေးဟာ သော့ဝိဇ္ဇာတစ်ဦးပါ။ အခကြေးငွေယူပြီးတော့ သော့တွေကို ဖျက်ပေးရင်း ပိုက်ဆံရှာပါတယ်။ တစ်ညတော့ သူ့ဆီအကူအညီ လာတောင်းတဲ့ကောင်မလေးကို ကူညီပေးရင်း ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ တိုက်ခန်းကို မသိဘဲဖောက်ထွင်းမိသွားပါတယ်။ အဲဒီလိုနဲ့ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့အတွက် အဲဒီ ကောင်မလေးကို လိုက်ရှာဖို့ကြိုးစားရင်း ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖော်ထုတ်မလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ကြုံရမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းအသွားလေးက ထူးခြားတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အရမ်းမိုက်တာကြောင့် ကြည့်ရှုသင့်တဲ့ Action ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.72GB) / (841MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

TV Movie • Romance
7 2024 97 mins
Night Call
The Dreamer

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ဘာသာစကားပြော Romance,drama ဇာတ်ကားလေးပါ…. အသက် ၆၀ အရွယ်ရှိပြီးတော့ မျက်လုံးတစ်ဖက်ပဲရှိတဲ့ ရာဖဲလ်ဟာ သူ့မိခင်နဲ့အတူနေထိုင်ပါတယ်…. သူဟာစံအိမ်ကြီးတစ်အိမ်ကိုကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ဆုံးပြီးကထဲက သူတို့သားအမိနှစ်ယောက်ပဲ အေးအေးဆေးဆေးနေထိုင်လာခဲ့ကြပါတယ်…..မိုးတွေသည်းနေတဲ့တစ်ည စံအိမ်ကြီးရဲ့အမွေခံဖြစ်သူ ဂဲရန်စ့်ချပ်တဲလ်ဆိုတဲ့ အမျိုးသမီး အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ ရာဖဲလ်ရဲ့တည်ငြိမ်နေတဲ့ဘဝလေးစတင်လှုပ်ခတ်လာပါတော့တယ်…. File size…(1.2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Akm

Drama
0 2024
The Dreamer
Tremors
7.2

“ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာ အားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကို မတော်တဆ သွားထိမိကြပါကော။ ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ… အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှ တွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကို ထူးထူးဆန်းဆန်းပဲ တောက်လောက် ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့ မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာ ထူးဆန်းတဲ့​ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာက ရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedy ဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size… 5.5 GB / 1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Monster Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Action • Comedy • Fantasy
7.2 1990 96 mins
Tremors
Sid and Nancy
7

Sid and Nancy (1986) IMDB :7.0 Rotten Tomatoes : 89% Genre : Musical / Romance ၁၉၇၈ ခုနှစ် အောက်တိုဘာလရဲ့ မနက်ခင်းတစ်ခုမှာ Nancy Spungen တစ်ယောက် Sid Vicious နဲ့အတူရှိနေတဲ့ ဟိုတယ်ခန်းထဲမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ Sid Vicious ကို လူသတ်မှု သံသရရှိမှုနဲ့ထောင်ထဲကိုထည့်လိုက်ပါတယ်။ ဒါပေမဲ့ Sid က Nancy ကိုသတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ Nancy သေဆုံးချိန်မှာ သူ(မ)အသက်က ၂၀ ပဲရှိပါသေးတယ်။ Sid ကို အာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ နောက်တစ်နှစ်တောင်မကြာတဲ့ 1979 ခုနှစ် ဖေဖော်ဝါရီလရဲ့ ကြေကွဲဖို့ကောင်းတဲ့ တစ်ရက်မှာ ဆေးလွန်ပြီး သူဟာလည်း Nancy နောက်ကိုလိုက်သွားခဲ့ပါတယ်။ Sid သေဆုံးချိန်မှာ သူဟာ အသက် ၂၁ ပဲရှိပါသေးတယ်။ ဇာတ်သိမ်းမလှတဲ့ ချစ်ခြင်းတွေအကြောင်းပြောရရင် Sex Pistols ပန့်ခ်တီးဝိုင်းက ဘေ့စ်သမား Sid Vicious နဲ့ အမေရိကန်မလေး Nancy Spungen တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကလည်း အမြဲလိုလိုပါတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖို့ကောင်းတာလား၊ ဒါမှမဟုတ် သနားဖို့ကောင်းနေတာလား၊ ဒါမှမဟုတ် သံဝေဂယူဖို့ကောင်းတာလား၊ ဒါကတော့ ကြည့်တဲ့မျက်လုံးတွေကိုလိုက်ပြီး ကွဲသွားမယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကို တချို့က သမိုင်းကြောင်းမတိကျလို့ မကြိုက်ဘူးပြောကြတယ်။ တချို့က Biopics အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာရော ပရိသတ်တွေကြားမှာရော ဒီကားက အတော်လေး တသသပြောခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုမပြောခင် Sex Pistols အကြောင်းနည်းနည်းပြောချင်ပါတယ်။ Sex Pistols ကတော့ 1975 ခုနှစ် လန်ဒန်မှာစတည်ထောင်ခဲ့တဲ့ ဗြိတိန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပန့်ခ်/ရော့ခ် သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံး တီးဝိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗြိတန်တီးဝိုင်းတစ်ခုကကောင်လေးနဲ့ အမေရိကန်ကကောင်မလေး ဘယ်လိုရေစက်ပါလည်းဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း Sid ဟာ လန်ဒန်မှလွှမ်းမိုးမှုကြီးတဲ့ Sex Pistols တီးဝိုင်းရဲ့ မူလအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးတွေကလည်းငယ်တော့ ရေသောက်သလိုနေ့တိုင်း သူတို့နဲ့ရှိနေခဲ့တာက မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ မူးယစ်ဆေးကြောင့်ပဲ အမေရိကန်ကကောင်မလေး Nancy နဲ့ကြုံခဲ့ပါတယ်။ ဆေးကိုလိုတာထက်ပိုသုံးတဲ့ Sid နဲ့ Nancy တို့ရဲ့ အချစ်ခရီးဟာ ထင်သလို ဖြောင့်ဖြူးမနေခဲ့ပဲ အကွေ့အကောက်တွေကများလွန်းခဲ့ပါတယ်။ ပိုက်ဆံနည်းနည်းရလိုက် ဆေးချလိုက် ဘဝကိုကြုံသလိုဖြတ်သန်းလိုက်နဲ့လုပ်နေတာကြောင့် Sid ရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်မလာပဲ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဘဝကို ဒီလိုလွယ်လွယ်ပဲဖြတ်သန်းနေတဲ့ Sid နဲ့ Nancy တို့ ဘဝကိုဘယ်လိုရှေ့ဆက်မှာလဲဆိုတာက ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်ဟာကို Sid အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာလို့ သတ်မှတ်ထားလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်မှပဲ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ Nancy အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Chloe Webb ကြောင့်လည်း ဒီရုပ်ရှင်ကပိုအသက်ဝင်ခဲ့ပါတယ်။ မှတ်ချက်။ Sid and Nancy သည် R-Rated ဖြစ်ပါသည်။ ဆဲဆိုသည့်စကားလုံးများ၊ လိင်ဆက်ဆံသည့်အခန်းများ၊ ဆေးချသည့်အခန်းများ၊ သွေးထွက်သံယိုအခန်းများ များပြားလွန်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ File size… 5 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama • Fantasy • Romance
7 1986 114 mins
Sid and Nancy