YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Jee.Karda.S01E01.Will.you.marry.me.1080p.AMZN.WEB-DL.AAC5.1CH(CM).mp4

639.32 MB N/A video/mp4 108 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
Vellai Pookal
6.5

ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖိုပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အိန္ဒိယ ချန်နိုင်းမြို့က အသက် ၅၇နှစ်အရွယ်အငြိမ်းစား ရဲအရာရှိတစ်ယောက်က အကြောင်းတစ်စုံတစ်ရာကြောင့် စကားမပြောဖြစ်တော့တဲ့ သားဖြစ်သူနဲ့ ပြန်လည်သင့်မြတ်အောင်နေဖို့ အမေရိကန်ကိုလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့သားရပ်ကွက်ထဲမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ စတင်လာတဲ့အချိန်မှာတော့.....။ ဒီဇာတ်ကားဟာ Seattle, USA မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး IMDb Rating 7.1 ရရှိထားတဲ့အတွက် မှုခင်းစုံထောက်ကားကောင်းမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားအဖြစ်ညွှန်းလိုက်ပါရစေ။ File size…2.16GB  / 1GB Quality…1080p AAC5.1CH / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Thriller
6.5 2019 130 mins
Vellai Pookal
Coyote's Deadly Action

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK

Adventure • Comedy • Family • Fantasy
0 2023 92 mins
Coyote's Deadly Action
Vikram Vedha
7.4

ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ် ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ? နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ " ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား " ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင် Vikram - ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲ ငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက် ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ် လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်က Vedha - လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစား ကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစား တခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? ) အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ် ဘာကြောင့်ပါလဲ့ Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့ Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ " ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား " #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (0.99 GB) and (455 MB) Quality : 720p Webdl Running Time : 2hr 20min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encode by Thanhtike Zaw

Comedy • Drama
7.4 2017 147 mins
Vikram Vedha
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
Tiger’s Tail
4.3

Tiger’s Tail (2022) ============== အမ်မရာလို့ ခေါ်တဲ့ US ရောက် နိုင်ဂျီးရီးယားသူလေးဟာ မိခင်နိုင်ငံက ကလေးတွေကိုလည်းကူညီပေးဖို့ နိုင်ဂျီးရီးယား ကို ပြန်လာပါတော့တယ်။ ခရီးရောက်မဆိုက် ချစ်သူက လက်ထပ်ခွင့်ပါတောင်းလိုက်တော့ ဘုရားလည်းဖူးရင်း လိပ် ဥလည်းတူးရင်း ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဆင်ခြေဖုံးရပ် ကွက်တွေမှာရှိတဲ့ ကလေးတွေကို စာသင်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ဆိုတဲ့အတိုင်း ခိုးဆိုးလုနှိုက် ဆေး ဝယ်ဆေးရောင်းကောင်တွေကလည်းရှိနေတော့ သူတို့ရဲ့ဘိ ပျောက်မှာ စိုးရိမ်လာတဲ့အခါ အမ်မရာကိုမကြည်ကြတော့ပါ ဘူး။ တစ်ဖက်မှာလည်း LDRS ဖြစ်နေတုန်းက ကျင်းအစုံတူး ထားတဲ့ ရည်းစားရဲ့ အပုပ်နံ့ကိုလည်း သိသွားရပါတော့တယ်။ အမ်မရာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရပြီး ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (553 MB) / (373 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

4.3 2022
Tiger’s Tail
Can You See Us?
7.4

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ Netflix ကိုတော့ လောလောလတ်လတ်ကမှ ရောက်ရှိလာတဲ့ “Can you see us” ဆိုတဲ့ Drama ဇာတ်ကားလေးပါပဲ။ IMDB 7.5/10 ရရှိထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ Netflix ရဲ့ ပထမဆုံး ဇမ်ဘီးယားနိုင်ငံ(အာဖရိက)က full-length ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ မတူကွဲပြားခြင်းဆိုတာက ကြောက်စရာ၊ လန့်စရာ၊ အထင်သေးရှုံ့ချစရာမဟုတ်ပေမဲ့ လူသားဆိုတာမျိုးက ကိုယ်နဲ့မတူကွဲပြားရင် ကြောက်လန့်တတ်ကြတဲ့ သဘာဝမျိုးမဟုတ်လား.. မတူညီတဲ့ပုံစံရှိတဲ့သူတွေကိုဆိုရင် သူတို့နဲ့ကွဲပြားတာမို့ ရှုံ့ချဆက်ဆံတာမျိုး၊ အထင်သေးအနိုင်ကျင့်တာမျိုး လုပ်တတ်ကြတဲ့ လူသားတွေရဲ့ထုံးစံကြောင့် သူများနဲ့မတူတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့သူ ကလေးငယ်လေးကတော့ မွေးဖွားလာကတည်းက အဖေအရင်းရဲ့ စွန်ပစ်ခြင်းကိုခံရပြီး လောကဓံရဲ့ရိုက်နှက်မှုတွေကို ခါးသီးစွာ ခံစားခဲ့ရပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ မွေးရာပါ albinism ရောဂါဖြစ်နေတဲ့ albino ကလေးငယ်လေး ဂျိုးဇက်ဖ်ဟာ လူမည်း အဖေ အမေက မွေးဖွားခဲ့ပေမဲ့ အသားအရောင်ကအစ တစ်ကိုယ်လုံးအမွေးအမျှင်တွေအထိ ဖြူဖွေးနေခဲ့တာမို့ အထင်လွဲစရာ ရှုံ့ချစရာဖြစ်ခဲ့ရပါတယ်။ (albinism ဆိုတာက မျိုးရိုးကြောင့်ဖြစ်တဲ့ မွေးရာပါအသားအရောင်ဖြူဖွေးတဲ့ ရောဂါတစ်မျိုးပါ.. အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ မယ်လနင်ဆိုတဲ့ရောင်ခြယ် ချို့တဲ့မှုကြောင့် အညို၊ အမည်းစတဲ့ အရောင်တွေမပါဘဲ အသားအရောင်နဲ့ အမွေးအမျှင်တွေဟာ အဖြူသက်သက်ဖြစ်သွားခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း အရင်တုန်းက ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ အဆိုတော်ဘိုဖြူဟာဆိုရင်လည်း albino တစ်ဦးဖြစ်ပြီး ဆံပင်၊ မျက်ခုံးနဲ့ မျက်တောင်မွှေးတွေကအစ အဲဒီလိုဖြူဖွေးနေခဲ့တာမို့ နာမည်က ဘိုဖြူဖြစ်နေခဲ့တာလို့ ဆိုပါတယ်) လူမည်းအဖေ အမေက မွေးပါရက်နဲ့ လူဖြူလေးထွက်လာတာမို့ ယောက်ျားရဲ့အပြစ်တင်၊ နာကျည်းတာကိုခံခဲ့ရပြီး အစွန့်ပစ်ခဲ့ရတဲ့ ဂျိုးဆက်ဖ်ရဲ့အမေဟာ ဂျိုးဆက်ဖ်လေးကို ခေါ်ပြီး ဘယ်သွားရမှန်းမသိဖြစ်နေချိန်မှာ ကံကောင်းထောက်မစွာနဲ့ ကယ်တင်ရှင်ပေါ်ပြီး ဘဝအားကိုးရာ ရခဲ့ကြပါတယ်။ ဂျိုးဆက်ဖ်လေးက အသက်အရွယ်ကြီးရင့်လာပေမဲ့လည်း အပြင်လည်းမထွက်ရ၊ ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ နေနေခဲ့ရတာမို့ ရွယ်တူကလေးတွေနဲ့ အပြင်ထွက် ကစားဖို့ကြံရာကနေ အိမ်နီးနားချင်းကလေးတွေက သူ့ကို မွာဘီလို့ခေါ်တဲ့ ရွံစရာသတ္တဝါကြီးအဖြစ်ရှံ့ချပြီး ဝိုင်းဝန်းအနိုင်ကျင့်ခဲ့ကြပါတော့တယ်။ “သူတို့က မင်းကို နားမလည်ဘူးလို့ပြောတယ်ဆိုတာက မင်းကို ကြောက်လို့ပဲ.. မင်းကို သူတို့ ကြောက်နေပြီဆိုရင် မင်းကို ဖျက်ဆီးဖို့ နည်းလမ်းရှာကြတော့တာပဲ..” ဆိုတဲ့ ဒုတိယဖေဖေရဲ့ စကားကို စွဲမြဲစွာမှတ်သားရင်း ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်တဲ့ လူတွေကို နားလည်ပေးဖို့ ကြိုးစားခဲ့ရှာတဲ့ ဂျိုးဇက်ဖ်လေးဟာ တစ်နေ့မှာတော့ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားအောင်လုပ်ပေးမဲ့ အများက အရူးလို့ သတ်မှတ်ကြသူ လူထွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ အဲဒီလူထွားကြီးရဲ့ သင်ကြားပေးမှုနဲ့ ပညာအသစ်တစ်ခုကို သင်ကြားရင်း လူတွေနဲ့ ဆက်သွယ် ပြောဆိုဖို့ ကြိုးစားခဲ့ရာက နောက်ပိုင်းမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ၊ သူ့ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတိုင်းကို သူ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကြံကြံခံ ရင်ဆိုင်ခဲ့မလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးနော်။ (အကြိမ် ၁၀၀ လဲကျချင်လဲကျပါစေ.. ပြန်ထတဲ့အကြိမ်အရေအတွက်က လဲကျတဲ့ အကြိမ်ထက် တစ်ခါပိုဖို့ပဲ လိုတယ်ဆိုတဲ့အတိုင်း အကြိမ် ၁၀၀ လဲကျပေမဲ့ ၁၀၁ ကြိမ်ပြန်ထခဲ့သူ ဂျိုးဇက်ဖ်လေးကတော့ လက်တွေ့ဘဝမှာ သူတို့နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။ “ဘယ်သူကမှ အမုန်းတရားနဲ့မွေးဖွားလာတာ မဟုတ်ဘူး.. အမုန်းတရားအဖြစ် အသင်ကြားခံခဲ့ရလို့သာ” ဆိုတဲ့အတိုင်း မိဘတွေရဲ့ သွန်သင်မှုကလည်း သားသမီးတွေအပေါ် လွှမ်းမိုးမှုရှိတာမို့ မတူကွဲပြားတာဟာ (မတူကွဲပြားတယ်ဆိုတာ လူဖြူနဲ့ လူမည်း၊ ချမ်းသာသူနဲ့ ဆင်းရဲသူ၊ အရပ်ရှည်သူနဲ့ အရပ်ပုသူ၊ ပိန်တဲ့သူနဲ့ ဝတဲ့သူ စသဖြင့် အကုန်လုံးအကျုံးဝင်တာမို့ လူသားအချင်းချင်းလို့သာ မြင်ပြီး)ကဲ့ရဲ့ နှိမ့်ချစရာမဟုတ်ကြောင်း ကိုယ့်ရဲ့သားသမီးတွေကို ဆုံးမပေးနိုင်ဖို့ရာကလည်း မိဘတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ တကယ်တမ်း ချို့တဲ့သူက အသားအရောင် မယ်လနင်ရောင်ခြယ် ကင်းမဲ့တဲ့ ဂျိုးဇက်ဖ်လေးမဟုတ်ဘဲ ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်ကြတဲ့ စိတ်ဓာတ်ချို့တဲ့ကြသူ လူသားတွေသာ ဖြစ်ကြောင်း ဂျိုးဇက်ဖ်က လက်တွေ့လုပ်ရပ်နဲ့ သက်သေပြခဲ့တာမို့ ပရိသတ်ကြီးကလည်း ဒီဇာတ်ကားလေးကိုကြည့်ပြီး အားနေ ကိုယ့်အတင်းတုပ် ရှုံ့ချနေကြတဲ့ တခြားလူတွေကို ဂရုမစိုက်ဘဲ ဂျိုးဇက်ဖ်လေးလို ဇွဲမလျှော့တမ်း ကြိုးစားရင်း ချေပြီးရင်း ချေနိုင်ကြပါစေလို့…) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

7.4 2022
Can You See Us?
Namo Bhoothathma 2
8.4

Namo Bhoothathma 2 (2023) IMDb-8.6/10 နေရင်းထိုင်ရင်း စခွီထ ရယ်ချင်နေတတ်တဲ့သူတွေအတွက် Comedy – horror ဇာတ်ကားလေးတစ်ကား ဇာတ်လမ်းအညွှန်းကတော့ တီဗီချန်နယ်တစ်ခုရှိတယ်ပေါ့ဗျာ အဲဒီချန်နယ်မှာ နာမည်ကြီးလူတစ်ယောက်ကို သွားအရူးလုပ်ကြတဲ့ (Prank ကြ fool ကြပေါ့) ဗီဒီယိုကပေါက်သွားရော အဲဒီလိုနဲ့ သူတို့ချန်နယ်ကြီးဒီထက်ပိုအောင်မြင်ရအောင် နာမည်ကြီးနေရာတစ်ခုမှာ လူတစ်ယောက်ကို သွား fool လုပ်ကြမယ်တဲ့ ဒါပေမဲ့……. သူများကို နောက်ပြောင်ပြီးချောက်ချမဲ့အချိန် သူတို့ပြန်ခံလိုက်ရတယ်ဆိုဘယ်လိုနေမယ်ထင်လဲ.. ပိုဆိုးတာက သူတို့ကိုပြန်အရူးလုပ်သူက လူမဟုတ်ဘဲသရဲဖြစ်နေလေရဲ့ ဆိုတော့က…. သူများကိုသွားနောက်ပြီး ဟားကြမဲ့သူတွေ ပြန်အဟားခံလိုက်ရတဲ့အဖြစ်ကို ဟားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ BpL ~ YH ~ Aditi ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်

Comedy
8.4 2023
Namo Bhoothathma 2
ReBroken

ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။ File size…(1 GB)/(431 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zayar Maw

Thriller • Crime
0 2023
ReBroken
Bullhead

ဒီတစ်ခါမှာတော့ ဘယ်ဂျီယံဇာတ်ကားလေးတစ်ပါးဖြစ်တဲ့ Bullhead ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျက်ကီဟာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့မွေးမြူရေးသမားတစ်ယောက်ပါ တစ်နေ့သူတို့ဆီကအသားတွေကိုတင်သွင်းချင်တယ်ဆိုပြီး မာဖီယာတစ်ယောက်ကဆက်သွယ်လာပါတယ် အဲ့ရက်ပိုင်းအတွင်းမှာပဲ အသားပိုတိုးအောင်တိရစ္ဆာန်တွေထဲကို ဟော်မုန်းဆေးတွေတရားမဝင်ထိုးခြင်းကို စုံစမ်းစစ်ဆေးရတဲ့ ဒါအဲမ်ဆိုတဲ့ရဲတစ်ယောက်အသတ်ခံရပါတယ် ဂျက်ကီကလည်း အဲ့ဒီလူသတ်မှုမှာညသူတို့နဲ့အလုပ်တွဲလုပ်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ပက့သက်နေမလားဆိုပြီး သံသယဝင်နေခဲ့ပါတယ် သူတို့နဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အဲ့ဒီမာဖီယာရဲ့တပည့်တစ်ယောက်က သူ့ရဲ့ငယ်ငယ်ကသူငယ်ချင်းဒီယဲဒရစ်ဖြစ်နေတာကိုသိလိုက်ရပါတယ် အဲ့အချိန်မှာ သူ့ရဲ့ငယ်ငယ်ကနာကျင်စရာအဖြစ်အပျက်ဆိုးကြီးကအတွေးထဲပြန်ဝင်လာပါတယ် ဂျက်ကီငယ်ငယ်က ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ သူငယ်ချင်းဒီယဲဒရစ်နဲ့ရောဘာလို့ဝေးကွါခဲ့ရတာလဲ မာဖီယားတွေလက်အောက်မှာအလုပ်လုပ်နေတဲ့ဒီယဲဒရစ်ရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ File size…(1.8 GB GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2011
Bullhead
Justice League: Gods and Monsters
7

IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲ တခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman က Jor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။ Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်း အမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲ မုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။ Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့် တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။ Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားက Justice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ တရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့ သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့် အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလို ပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကို သတ်တာကို Justice League ကလုပ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။ ဒါကြောင့်ပဲ သမ္မတကြီးက သူတို့ကိုဖမ်းဖို့အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ သူတို့သုံးယောက်က အဖမ်းမခံရအောင်ကြိုးစားကြရင်း တရားခံအစစ်ကိုဖော်ထုတ်ကြတာကို တခြား Justice League ဇာတ်ကားတွေနဲ့မတူတဲ့ အရသာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 1 GB / 508 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2015 76 mins
Justice League: Gods and Monsters
The Beastmaster
6.2

The Beastmaster (1982) Genre – Action, Adventure, Fantasy IMDB – 6.2/10 1980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့ Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။ တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့် ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တော့ ပြန်ပြီးလက်စားချေမယ်ဆိုကာ သူ့ရဲ့အဖော်မွန်တွေဖြစ်တဲ့ ကျားသစ်နက်ရယ် သိမ်းငှက်ကြီးရယ် မြွေပါလေးနှစ်ကောင်ရယ်နဲ့ စွန့်စားခန်းကြီး ထွက်ပါတော့တယ်။ လမ်းခရီးတလျှောက် ဘယ်လိုထူးဆန်းခက်ခဲတာတွေ ကြုံတွေ့ရမလဲ အရမ်းချောတဲ့ ကျွန်မလေးကရော ဘယ်သူလဲ ဂျင်းစစ်တပ်နဲ့ နတ်ဆရာကြီးမက်စ်တို့ ဘယ်လိုဆက်စပ်နေမလဲ စသဖြင့် အစုံအလင်နဲ့ ၁၉၈၂ ခုနှစ်ထုတ်ဆိုပေမဲ့လည်း သူ့ခေတ်သူ့အခါနဲ့သူ CGI တွေ သိပ်မသုံးပဲ ရှိသလောက်နဲ့ ရအောင်ရိုက်ပြထားတာတွေကို ပြန်ပြီး ခံစားရမှာပဲ ဖြစ်ပါတယ်။ အိပ်ရာခန်းတွေ မပါဝင်ပေမဲ့လည်း မိန်းကလေး ရင်သားအလှတွေ ကွင်းကွင်းကွက်ကွက် ပြသထားတဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျာ။ File size… 1.8 GB / 939 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • Fantasy • Thriller
6.2 1982
The Beastmaster
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky
Black Knight

Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.5 GB, 883 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Action • Horror
0 2001 95 mins
Black Knight
Boys and Girls
5.4

Boys and Girls (2000) IMDb Rating (5.4) / Rotten Tomatoes (11%) ဒီတစ်ခါမှာတော့ 2000ခုနှစ်ကထွက်ရှိထားတဲ့ Boys and Girls ဆိုတဲ့ Romance Comedy ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Freddie Prinze Jr. နဲ့ Claire Forlani တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ရိုင်ယန်နဲ့ဂျန်နီဖာဟာ ငယ်ငယ်တုန်းက L.Aမြို့ကိုပျံသန်းမယ့် လေယာဥ်ပေါ်မှာ ဘေးချင်းကပ်ထိုင်စီးရာကနေ ခင်မင်ခဲ့ပါတယ် ထို့နောက် ကွဲကွာသွားပြီး နှစ်တွေကြာပြီး တက္ကသိုလ်မှာမှပြန်ဆုံတွေ့ပါတယ်။ ရိုင်ယန်က ဘယ်ကိစ္စမဆိုကိုအလေးအနက်ထားတတ်ပြီး သေချာအစီစဥ်ဆွဲပြီးမှလုပ်တတ်သူပါ။ ဂျန်နီဖာကတော့ ဘာကိုမှသိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူပါ။ ဒီလိုဆန့်ကျင်ဘက်အကျင့်စရိုက်တွေနဲ့သူတို့နှစ်ယောက်ဟာ ကောလိပ်တက်တဲ့အရွယ်မှာပြန်တွေ့တော့လည်း အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။ သူတို့နှစ်ယောက်တစ်ယောက်အပေါ်တစ်ယောက် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေပေမဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကြောက်တာကြောင့် နှစ်ယောက်စလုံးမြိုသိပ်ထားခဲ့ကြပါတယ်။ အကျင့်စရိုက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေမှာအမြင်မတူတာတွေဖြစ်မလဲ? သူတို့တွေသူငယ်ချင်းအဆင့်ထက်ကျော်သွားမလား? ဒါမှမဟုတ် တစ်သက်လုံးသူငယ်ချင်းအဖြစ်ပဲဆက်ရှိနေသွားမှာလား? (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:34:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Rubyjane

Drama • Romance
5.4 2000 94 mins
Boys and Girls