YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Its.Complicated.2009.720p.AMZN.WEB-DL.DDP5.1.CM.mp4

1.08 GB N/A video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Excision
6.2

Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

6.2 2012 81 mins
Excision
The Fabulous Baker Boys
6.6

IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့‌နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ‌လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound Award ကိုလည်းရရှိခဲ့တဲ့ Old but Gold ကားလေးဖြစ်တာမလို့ အေးအေးဆေးဆေးကြည့်ရှုလို့ကောင်းတဲ့ရုပ်ရှင်ကားလေးတစ်ကားပါဗျ။ File size…(2.2 GB)/(1 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama, Comedy, Music , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Mystery • TV Movie
6.6 1989 114 mins
The Fabulous Baker Boys
A Prophet
7.6

~ IMDb - 7.8/10, RT - 96%, Meta - 90% ~ A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ထောင်ထဲမှာ သူ့ဘ၀ ၆ နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ဂလယ်အူကြောင် မလိခ်တစ်ယောက် ထောင်တွင်းမှာ နှစ်ဂိုဏ်းကွဲနေတဲ့ ကော်စီကန်လူမျိုးအဖွဲ့နဲ့ မူစလင်လူမျိုးအဖွဲ့ နှစ်ဖွဲ့ကြားမှာ ပဲလှော်ကြားဆားညပ် ဖြစ်ရတဲ့အခြေအနေကို ရောက်ကိန်းဆိုက်နေပါပြီ။ ဒီလိုနဲ့ ကော်စီကန်အဖွဲ့ခေါင်းဆောင် လူရှန်နီဟာ မလိခ်ကို ထောင်တွင်းမှာ လူသတ်မှုတစ်ခုအတွက် စေခိုင်းရာကနေ မလိခ်ရဲ့ဘ၀က တဖြည်းဖြည်း ပြောင်းလဲလာပုံကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။ မလိခ်တစ်ယောက် ကော်စီကန်တွေ ဘက်ပဲ ပါသွားမလား၊ မူစလင်တွေဘက်ပဲ ပါသွားမလား... ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီနှစ်ဖွဲ့ကြားထဲမှာ မလိခ် အသက်ရှင်ကျန်ရစ်ရအောင် ဘယ်လိုတွေ ဉာဏ်နီဉာဏ်နက်သုံးပြီး ကစားသွားမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထောင်တွင်းဇာတ်ကားဖြစ်တဲ့အတွက် အသုံးအနှုန်းကြမ်းကြမ်းတွေ သတ်ဖြတ်ခန်းတွေ ပါမှာတော့ ပြောဖို့လိုတော့မယ် မထင်ပါဘူး။ (ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ဒါရိုက်တာဟာ အပြစ်သားဟောင်းတချို့ကို အကြံပေးတွေ ဖြတ်လျှောက်တွေအနေနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးမီမှာ သူဟာ ပြင်သစ်မှာ အကျဥ်းသားတွေအတွက် ဇာတ်ကားပြသခဲ့ပြီး အကျဥ်းထောင်တွင်းအခြေအနေတွေကို မြင်တွေ့လိုက်ရတော့ အတော်လေးတုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီမှာ သူဟာ ဒီဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်) ( * ပြင်သစ်စကားပြောကနေမှ အင်္ဂလိပ်ဘာသာကို မြန်မာလို ပြန်ဆိုထားတာဖြစ်တဲ့အတွက် တချို့နေရာလေးတွေမှာ ဘာသာပြန် ချို့ယွင်းချက်လေးအနည်းငယ်ရှိနိုင်ပါတယ် * ) (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.4GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.8/10 Format - mp4 Duration - 2H 35Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Drama
7.6 2009 155 mins
A Prophet
FB: Fighting Beat
4.9

အန်တမန်ကမ်းခြေကကျွန်းစုမှာနေတဲ့ ခိမ့်တို့သူငယ်ချင်းတစ်စုဟာ နေ့ဘက်မှာ ခရီးသွားဧည့်သည်တွေကို လမ်းညွှန်တဲ့ ဝန်ဆောင်မှုပေးကြပြီး ညအချိန်မှာတော့ ချုတ်ဒီ ဘားမှာ အလုပ်လုပ်ကြပါတယ် အဲ့ဒီဘားမှာ ညတိုင်းထိုင်းလက်ဝှေ့ထိုးပွဲရှိတဲ့အတွက် ခရီးသွားဧည့်သည်တိုင်းက စိတ်ဝင်စားပြီးလာရောက်လည်ပတ်ကြတယ် ဒီအချက်ကိုသဘောကျသွားတဲ့ရင်းနှီးမြုပ်နှံသူနိုင်ငံခြားသားဟာ ဒီဘားကိုလိုချင်ပါတော့တယ် ဘားပိုင်ရှင်ကမရောင်းဘူးပြောပေမဲ့ မရမကဖိအားပေးပြီးယူလိုက်တဲ့အချိန်မှာ ခိမ့်တို့သူငယ်ချင်းတစ်စု သူတို့ချစ်တဲ့ဘားကိုပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် ။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__( 2.2GB) Quality__ HD720p IMDb Rating__5/10 Format__mp4 Duration__01:20:00 Type__Action, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Horror • Thriller
4.9 2007 78 mins
FB: Fighting Beat
Oprah + Viola: A Netflix Special Event

Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့ လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma Rainey’s Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ် အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။ 2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊ အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊ အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို အမေရိကန် talkshow host တစ်ယောက်ဖြစ်တဲ့ Oprah Winfrey နဲ့အတူ ဆွေးနွေးသွားတာဖြစ်ပါတယ်။ Zero to hero ဖြစ်လာခဲ့တဲ့ ဒီအမျိုးသမီးရဲ့ပုံပြင်ကို နားဆင်ရင်း လမ်းပျောက်နေတဲ့ လူတိုင်းအတွက် ဘဝခရီးလမ်းပေါ် တွန်းတင်ပေးတဲ့ စိတ်ခွန်အားလေးဖြစ်နိုင်မယ်လို့ ယုံကြည်ရင်း ဒီ talkshow အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Action • Crime • Thriller
0 2022
Oprah + Viola: A Netflix Special Event
Amar Es Madurar / To Love Is To Grow

Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်. Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 691MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Amar Es Madurar / To Love Is To Grow
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
Latency
5.5

အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Latency
Cash Out
5.5

မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကို ထပ်မံရှုစားရဦးမှာဖြစ်ပါတယ်….။ ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာ နိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီး ခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ…။ ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကို ခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်…။ သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်က ထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့် ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ….။ ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာ ရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီး လွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်…။ File size…2.23GB /679MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller • Drama • Action • Crime
5.5 2024 90 mins
Cash Out
Dogma

IMDB Rating – 7.3/10 ၁၉၉၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီရုပ်ရှင်ဟာ ခရစ်ယာန်​သာသနာ အထူးသဖြင့်​ ကတ်​သလစ်ကျောင်းတော်ရဲ့ တရားသေ အယူအဆ​တွေ​ သမ္မာကျမ်းစာလာ ဒေသနာ​တွေနဲ့ ဘာသာရေး​အင်​စတီကျူးရှင်းတွေရဲ့ အကျင့်​ပျက်​မှုတွေကို​ ပြောင်​ပြောင်​တင်းသရော်​ထား​တဲ့အတွက်​ အနောက်​နိုင်ငံတွေ​က ကတ်​သလစ်အသိုင်းအဝိုင်းတွေကို ပွက်​လော​ရိုက်​သွား​စေခဲ့ပါတယ်။ ဒါရိုက်တာ​ဖြစ်သူ​လည်း အီးမေးလ်ကနေ ဆဲဆိုစာတွေ၊ ခြိမ်း​ခြောက်​စာတွေ ထောင်​နဲ့ချီ ရရှိ​ခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာ​ပြောရရင်​ ဒီရုပ်ရှင်​ထဲမှာ​ ဘုရား​သခင်​ကို အမျိုး​သမီး​အဖြစ်​ ပုံ​ဖော်​ထားတာတွေ၊ ခရစ်တော်​ရဲ့ Apostle ဆယ့်နှစ်ပါးအပြင် ၁၃ ပါးမြောက် Apostle လည်း​ရှိခဲ့ပြီး အဲဒီ​ နောက်​ဆုံး Apostle က လူမည်း​ဖြစ်နေ​လို့ သမ္မာကျမ်းထဲမှာ ချန်​လှပ်​ခဲ့တယ်​ဆိုတာ​တွေ၊ လူလူချင်း ကျွန်​ပြုရောင်းဝယ်တဲ့ခေတ်နဲ့ ဂျူး​တွေရဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တွေမှာ ကတ်သလစ်ကျောင်းတော်က လက်​ပိုက်​ကြည့်နေခဲ့တဲ့အကြောင်းတွေ စသဖြင့် ကျောင်း​တော်​ရဲ့ တရား​သေ အယူအဆ​တွေကို သရော်​လှောင်​ပြောင်​ထားတဲ့​ ဒိုင်​ယာ​လော့​တွေ အများကြီး​ပါဝင်​ပါတယ်​။ ရုပ်ရှင်​ထဲမှာ Ben​ Affleck, Matt Damon, Linda Florentino, Salma Hayek နဲ့ Chris Rock လို နာမည်ကြီး​သရုပ်ဆောင်​များ ပါဝင်​ထား​တဲ့အပြင်​ ၂၀၀၀ ဝန်းကျင်က နာမည်ကြီး​အဆိုတော်​ Alanis Morissette​ ကလည်း ဘုရား​သခင်​အဖြစ်​ ပါဝင်​ထားပါသေးတယ်။ ဒါရိုက်တာ​ကတော့ Kevin Smith ဖြစ်​ပြီး ဒီရုပ်ရှင်ထဲမှာပဲ Silent Bob ဆို​တဲ့ ဇာတ်​ကောင်​အဖြစ်​ ပါဝင်​အားဖြည့်​ထား​ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Bartleby နဲ့ Loki တို့ဟာ တမန်​တော်​နှစ်​ပါးဖြစ်ပြီး ဘုရား​သခင်​က အပြစ်​ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်​နေကြ​ပါတယ်​။ တစ်​နေ့မှာ​ သူတို့ရဲ့အပြစ်တွေကို ချေဖျက်​ပြီး ကောင်း​ကင်ဘုံ​ကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်​တစ်ခုကို တွေ့ရှိ​ခဲ့ပါတယ်။ ဒါကတော့​ ကတ်​သလစ်သာသနာရဲ့ တရား​သေ ယုံကြည်မှု​တစ်​ခုဖြစ်တဲ့ Planery Indulgence ဖြစ်​ပြီး​ နယူး​ဂျာစီက ဘုရား​ကျောင်း​တစ်ခု​ထဲက မုခ်​ဦး​တစ်ခုကို​ ဖြတ်​လျှောက်​လိုက်​ရုံနဲ့ ဘုရား​သခင်​က သူတို့​နှစ်ဦး​ကို ခွင့်​လွှတ်​ရမှာ ဖြစ်​တယ်​လို့ဆိုပါတယ်။ ဒါပေမဲ့​ ဒီကိစ္စ​က ​ထင်ထားတာထက် နက်​နဲပြီး သူတို့နှစ်ဦး​ မုခ်​ဦး​ကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်​တည်​မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး​ ပျက်​သုဉ်း​သွားမှာပါ။ ဒီတော့ ဘုရား​သခင်​ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦး​ဆောင်​ပြီး အဖွဲ့တစ်ခု ဖွဲ့စည်း​ကာ တမန်​တော်​နှစ်​ပါး​ကို တားဆီး​ဖို့ ပြင်ဆင်​ရပါ​တော့တယ်။ အဖွဲ့​ထဲမှာ The Last Scion ဖြစ်​တဲ့ မိန်းကလေး​တစ်ဦး၊ ခရစ်​တော်​ရဲ့ ၁၃ ပါးမြောက်​ Apostle​ နဲ့ Muse နတ်သမီး​တစ်ပါး၊ ဆေးသမား ​ဂျလေဘီနှစ်ယောက်​ ပါဝင်​ကြပါ​တယ်။ ဇာတ်လမ်း​အမျိုး​အစား​က Satire/Comedy အမျိုး​အစား​ဖြစ်​ပြီး​ ဒီရုပ်ရှင်ကို မုန်း​တီး​ကြသူတွေရှိသလို ​ယုံကြည်​မှု​နဲ့ဆိုင်တဲ့ လေးနက်​တဲ့ အကြောင်း​အရာ​တွေ​ကို ဟာသဆန်​တဲ့ ဒိုင်​ယာ​လော့တွေနဲ့ အနား​သတ်​ထား​ပုံ​တွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေး​ခွန်း​ထုတ်​သရော်​ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်​ရှင်​လို့လည်း သတ်မှတ်​နိုင်​ပါတယ်။ ရိုင်း​ပျပြင်းထန်တဲ့ စကားလုံး​တွေ၊ ပြကွက်တွေ ပါဝင်​တာကြောင့်​ R-rated သတ်မှတ်​ထား​ပြီး၊ ဘာသာ​ရေး​အရ ထိရှ​လွယ်​သူတွေ ကြည့်​ရှု​ဖို့​မသင့်ပါဘူး။ File size…(1.6 GB)/(897 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Crime • Drama • Mystery
0 1999
Dogma
Casino Raiders
6.7

ဒီဇာတ်ကားက ဟောင်ကောင်အက်ရှင်ကားတွေရဲ့ ရွှေခေတ်ကာလက ဇာတ်ကားဖြစ်ပြီး Andy Lauနဲ့ Alan Tam လိုမျိုး အဲဒီခေတ်ရဲ့ တကယ့်ဂေါင်မင်းသားကြီးတွေ ပါဝင်ထားတဲ့ ဖဲဝိဇ္ဇာဇာတ်ကားပဲ ဖြစ်ပါတယ်။ Ratingတွေအနေနဲ့လည်း IMDb 6.7, RT 66%နဲ့ အတော်လေးကို rating‌ ကောင်းတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖဲဝိဇ္ဇာဘော်ဒါ ၂ယောက်ဖြစ်တဲ့ ဆမ်နဲ့ ကရတ်တို့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က သူတို့ရဲ့မိတ်ဆွေ ကာစီနိုရုံမန်နေဂျာက ဖဲလိမ်ရိုက်ခံနေရတဲ့ ဖြစ်ရပ်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ ခေါ်ရင်း လက်သည် အစစ်တွေဖြစ်တဲ့ ဂျပန်ဖဲဝိဇ္ဇာတွေကို ဖော်နိုင်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဖဲဝိဇ္ဇာတွေက ရိုးရိုးလူတွေမဟုတ်ဘဲ ဂျပန် လူမိုက်ဂိုဏ်းက လွှတ်ထားတဲ့သူ‌တွေဖြစ်နေလို့ သူတို့ကို ဖော်လိုက်တဲ့ ကရတ်တို့နှစ်ယောက်ကို အငြိုးထားရင်းနဲ့ သူတို့နဲ့ သူတို့ချစ်ရတဲ့လူတွေရဲ့ အသက်ကို ရန်ရှာဖို့အထိ လုပ်လာတဲ့အခါ ဆမ်နဲ့ ကရတ် ဂျပန်တွေရဲ့ရန်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.61 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 7m Genre ….. Action / Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

Thriller • Horror • Mystery
6.7 1989 125 mins
Casino Raiders
Drishyam 2 Hindi Version
8.2

Drishyam 2 (2022) IMDb Rating (8.2) / Rotten Tomatoes (70%) ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက် Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။ Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Thriller • Drama
8.2 2022 140 mins
Drishyam 2 Hindi Version
Off We Go Dalej jazda!
5.9

Off We Go (2025) Dalej jazda! ဒီဇာတ်ကားရဲ့ အကြောင်းအရာကတော့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ရဲ့ ရီစရာဇာတ်လမ်းအကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ယိုဂျက်လို့ခေါ်တဲ့အဘိုးက အယ်လ်ဇိုင်းမားဖြစ်နေတဲ့သူ့မိန်းမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆိုပြီး သူတို့ဘာသာသူတို့ သားသမီးတွေမသိပဲ ခိုးသွားကြတာပါ။ အဲ့လိုမျိုး ခရီးခိုးထွက်ရင်းနဲ့မိသားစုတွေကြားထဲ ဘယ်လိုဖြစ်လာမလဲ..? ဘယ်လိုမျိုးတွေ ရီမောရမလဲ ပေါ့ပေါ့ပါးပါးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.8 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:34:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Drama • Romance
5.9 2025 94 mins
Off We Go Dalej jazda!