YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Inspector.Koo.E01.720p.CM.mp4

590.01 MB N/A video/mp4 3382 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Badrinath
4.1

ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama
4.1 2011 140 mins
Badrinath
Pompo the Cinephile
7

IMDb Rating - 7.0/10 ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
7 2021 94 mins
Pompo the Cinephile
The Quiet
6.1

--- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆား‌ငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။ သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။ --- ကိုယ်ပျောက်မိန်းကလေး --- လူအဖြစ်မွေးဖွားလာပေမဲ့ လူ့အဖြစ်ကို မတမ်းတတဲ့ မိန်းကလေး။ လူအများကြားမှာ ကိုယ်ပျောက်နေချင်တဲ့ မိန်းကလေး။ သူတကာ သတိမထားမိစေချင်လို့ နှစ်ပေါင်းများစွာ သည်းညည်းခံ၊ မုသားတစ်ထွာကို ခြုံလွှာလို မချွတ်တမ်း သူဝတ်ခဲ့တယ်။ သူဟာ အရာရာကို ဉပေက္ခာပြုသူ၊ ရင်ထဲကို အမှိုက်သရိုက် အဝင်မခံသူ၊ လောကဓံအထုအထောင်းကို သူ့နည်းသူဟန်နဲ့ ဆန္ဒပြ ဆန့်ကျင်သူ။ ပင်လယ်သမုဒ္ဒယာထဲမှာ ရေတစ်စက်အဖြစ် ပျော်ဝင်ပျောက်ကွယ်ခဲ့သူ။ သူဟာ ဆယ်ကျော်သက် မိန်းမငယ်လေးတစ်ယောက်ပါပဲ။ --- The Quiet (2005) --- ဒီဇာတ်လမ်းဟာ အမေရိကန်ရုပ်ရှင် ဝေဖန်ရေးလောကမှာ တစ်ခေတ်ထစေခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ လောကကြီးရဲ့ ကမောက်ကမတွေကို သရော်တဲ့ ရုပ်ရှင်ဆိုပေမဲ့ တင်ပြပုံက သိပ်ကို တည်တံ့လွန်းတဲ့အခါမှာ လွန်ကျူးတဲ့၊ ကြည့်ရှုခံစားဖို့ခက်ခဲတဲ့၊ ပျက်ဆီးနေတဲ့ ရုပ်ရှင်အဖြစ် ဝေဖန်ရေးဆရာအားလုံးက တခဲနက် ဝေဖန်တာကိုခံရပါတယ်။ IMDb 6.2 ရရှိထားပြီး ဝေဖန်ရေး Rotten Tomato မှာတော့ 21% ပဲရခဲ့တာပါ။ ကျွန်တော့်အနေနဲ့ 21% က များနေသေးတယ်တောင်ထင်မိပါတယ်။ ဝေဖန်ရေးအနေနဲ့တော့ ဇာတ်ကားဟာ ဦးတည်ရာကို ရောက်အောင်သွားတဲ့လမ်းက မှားယွင်းတယ် မြင်မိတယ်ဗျ။ ဒါပေမဲ့ မတူကွဲပြားတဲ့ဇာတ်ကားဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ မြည်းစမ်းထိုက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော်အကြိုက်နှစ်သက်ဆုံး ဇာတ်ကားတွေထဲမှာ ပါတယ်ဆိုတာ ပြောပါရစေ။ သရုပ်ဆောင်တဲ့နေရာမှာ အားလုံးက ကိုယ်တိုင်ဖြစ်နေသလို အံဝင်ခွင်ကျ စီးမျောတဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ပါ။ ဇာတ်ကွက် ဘာမှမရှိတဲ့ရုပ်ရှင်ကို အဆုံးထိဆွဲဆောင်နိုင်ပုံက မှော်ပညာတစ်ရပ်လိုပါပဲ။ ဇာတ်လမ်းကိုတော့ မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီး ဆေးပညာအရ အငုံ့စိတ်ရိုက်ခတ်မှုနဲ့ ဆွံ့အနားမကြားဖြစ်သွားရတဲ့ မိန်းကလေးတစ်ယောက်ကို လူချမ်းသာမိသားစုတစ်ခုက မွေးစားလိုက်တာကနေ စပါတယ်။ သူတို့မိသားစုမှာ ကောင်မလေးနဲ့ သက်တူရွယ်တူ သမီးတစ်ယောက်လည်း ရှိပါတယ်။ အထက်တန်းကျောင်းသူလေးတွေပေါ့။ မိဘချင်းကလည်း ရင်းနီး၊ ငယ်စဉ်ကလည်း သူငယ်ချင်းတွေဖြစ်ခဲ့ဖူးတဲ့သူတွေဆိုပေမဲ့ အစေးတော့ သိပ်မကပ်ကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ရဲ့သမီးငယ်ဟာ သူ့အဖေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသူပါ။ လိုချင်တဲ့အရာကို ဖခင်နဲ့အတူအိပ်ပြီး ရအောင်တောင်းဆိုတတ်တဲ့ မိန်းမဆိုးလေးပေါ့။ ဒါပေမဲ့ တဖက်မှာ ဖခင်နဲ့ လိင်ဆက်ဆံရေးကို သွေးသားတက်ကြွမှုနဲ့ သဘောကျနှစ်သက်ပေမဲ့ တဖက်မှာလည်း မသင့်မှန်းသိပြီး အခွင့်အရေးယူတဲ့ ဖခင်ကို မုန်းတီးနေသူပါ။ မိခင်ကလည်း မအောင်မြင်တဲ့ အိမ်တွင်းအလှဆင်ပညာရှင်၊ အရက်စွဲ ဆေးစွဲနဲ့ သူတို့မိသားစုထဲမှာ နေရာမရတဲ့ အပယ်ခံတစ်ယောက်ပေါ့။ သူ့သမီးနဲ့ သူ့ခင်ပွန်း ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို သူသိသလား၊ မသိဘူးလားဆိုတာကတော့ ပရိသတ်များ စဉ်းစားဖို့ ဒါရိုက်တာက လက်ဆောင်ထည့်ပေးထားပါတယ်။ အဲဒီနောက် သူတို့မိသားစုထဲကို ဆွံ့အ နားမကြားမိန်းကလေးရောက်လာအပြီးမှာ လျှို့ဝှက်ချက်တွေ ဗူးပေါ်သလိုပေါ်ကုန်ရင်းနဲ့ အဖြစ်ဆိုးကြီးတွေ ပေါ်ပေါက်လာချိန်မှာတော့ ...။ ဒီထဲက မင်းသမီး Elisha Cuthbert ကိုတော့ The Girl Next Door ဇာတ်ကားနဲ့မှတ်မိနေမှာဖြစ်ပြီး နောက်မင်းသမီး Camilla Belle ကိုတော့ စိတ္တဇဆန်တဲ့ဇာတ်ရုပ်နဲ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(600 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.1 2005 96 mins
The Quiet
The Family Man
6.8

The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..? ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ဆိုတဲ့အချိန်တစ်ခုကိုရောက်ရှိသွားပါတော့တယ်။ ချစ်ရတဲ့ဇနီးသည် ကိတ်နဲ့အတူ သားသမီးရတနာတွေကိုလည်းပိုင်ဆိုင်နေတဲ့ ဂျက်ခ်ဘဝရယ် .. အလုပ်ပြီးတာနဲ့မျှော်သူမရှိတဲ့အိမ်ကိုပြန်ရပြီး ဘာအတွက်ငွေတွေရှာနေရမှန်းမသိတဲ့ သူဌေးကြီး ဂျက်ခ်ဘဝရယ် .. ဘယ်ဘဝကိုဂျက်ခ်ပိုခုံမင်မလဲ .. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.5GB | 774MB | 356MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Drama
6.8 2000 125 mins
The Family Man
Beneath the Green
4.8

Beneath the Green (2022) =================== ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.2 GB) / (473 MB) / (340 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery, Sci-Fi Translator…….Tin Myo Lwin Encoder……….SWM

4.8 2022 81 mins
Beneath the Green
Before the Devil Knows You’re Dead
7.3

Imdb rating – 7.3/10 ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။ အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ရင်ဆိုင်​ရပါ​တော့တယ်။ Indie ရုပ်ရှင်​ဖြစ်လို့​ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်​အသွေး​မြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆ​တိုက်​ဆိုင်သွားတဲ့ ဖြစ်ရပ်​တစ်ခုက​နေ​ မိသားစု​ပြိုကွဲတဲ့အထိ​ ဆင့်ကဲသက်ရောက်သွားပုံကို​ Pulp Fiction​ ဇတ်​ကားလို​ non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်​အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့​ Ethan Hawke​ လို​ ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်း​ပီပြင်​တဲ့အတွက်​ ရုပ်​ရှင်​ဝေဖန်​သူတွေ​ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်​ဒီရုပ်ရှင်​နှစ်သက်​သူများနဲ့ မှုခင်းဒရာမာ​ Thriller ရုပ်ရှင်​များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်​မနေကြည့်ရှုသင့်တဲ့ ဇာတ်​ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ​ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip​ Hoffmann ကတော့​ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Romance • Comedy • Drama
7.3 2007
Before the Devil Knows You’re Dead
After We Fell
5.1

2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ် အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီ အရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ် သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါ ဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲ ဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်း‌ဖြေရှင်းသွားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားရမယ့် love scene လေးတွေနဲ့ ကြည့်ရှုရမှာပါ ဟာဒင်ရဲ့ မိသားစုပြဿနာတွေထဲက မြှုပ်ကွက်တချို့ကိုလည်း ထပ်မံမြင်တွေ့ရဦးမှာမို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အမြန်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ ။ ( အညွှန်းရေးသားထားသူကတော့ May Tharaphi Lwin ပါ ) File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:38:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by May Tharaphi Lwin , Chit Tee , Chuck Chuck Encoded by Naing Aung Latt

5.1 2021
After We Fell
Something You Said Last Night
5.6

Something You Said Last Night (2022) ~ IMDb – 5.6/10, RT – 93%, Meta – 78% ~ ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 770MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.6 2022 96 mins
Something You Said Last Night
Wicker Park

အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ……ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်…..သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ…..ရှိနေကြ…..ရှိလာကြဦးမှာပါပဲ…… ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ…..ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့…… File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Mystery, Romance, Thriller , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing

Action • Drama
0 2004
Wicker Park
Haunted Universities 3
6.1

Haunted Universities 3 (2024) IMDb Rating (6.1) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေ ကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။ *ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့ သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …* **ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေ ကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …** ***နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊ အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …*** အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou, Mary Christ ဖြစ်ပါတယ်။) File size…(2.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….02:00:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou, Mary Christ

Drama
6.1 2024
Haunted Universities 3
Dear Santa
5.5

ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024 108 mins
Dear Santa
Swargam
6.6

Swargam (2025) ကောင်းကင်ဘုံ “အိမ်”တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။ အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Crime • Thriller
6.6 2024 108 mins
Swargam
Robinhood
4.4

Robinhood (2025) ရော်ဘင်ဟုဒ် ရော်ဘင်ဟုဒ်ဆိုတာနဲ့ လူချမ်းသာတွေဆီက ခိုးယူ လုယက် ဖောက်ထွင်းလို့ မရှိဆင်းရဲသား‌တွေကို ထောက်ပံ့သူအနေနဲ့ မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ် ဒီဇာတ်လမ်းလေးထဲမှာလည်း မိဘမဲ့ဂေဟာက ရမ်ဆိုတဲ့ကလေးလေးက လူချမ်းသာတွေဆီက လုယူလို့ သူတို့ဂေဟာကို ထောက်ပံ့ဖို့ အကြံရလာပါတယ် အဲဒီလိုကနေ တစ်စတစ်စနဲ့ တခြား မိဘမဲ့‌ဂေဟာတွေကိုပါ ထောက်ပံ့လာနိုင်ပါတယ် ကလေးဘဝငယ်ရွယ်စဉ်မှာ အဆင်ချောနေခဲ့ပေမဲ့ ကြီးပြင်းအရွယ်ရောက်လာလို့ အာဏာပိုင် အထက်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့ သူ့ကိုသာမိသွားရင် မိဘမဲ့ကလေးတွေကို သူခိုးတွေအနေနဲ့ဆက်ဆံခံရမှာကို တွေးပူမိသွားတဲ့အတွက် ဒီလုပ်ရပ်ကနေ အနားယူလို့ ပုံမှန်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲဒီလိုနဲ့ လုံခြုံရေးအေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ပါတော့တယ် နီရာဗာဆူဒေ့ဗ် ဆိုတာကတော့ ထိပ်တန်းဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီး ဗာဆူ‌ဒေ့ဗ်ရဲ့ သမီးချောလေးပါ သူဘာလုပ်လုပ် သူ့အဖေနာမည်ကိုပဲ ယူကြပြီး သူ့ကိုအသိအမှတ်မပြုကြတာ‌မို့ သူ့အဖေအရိပ်အောက်ကနေ ထွက်ဖို့ စဉ်းစားမိပါတော့တယ် တစ်နေ့တော့ ရွာတစ်ရွာမှာ နိုင်ငံတကာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလို့ တရားမဝင် ကုန်ကူးသန်းနေပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ် ဒီလိုနဲ့ပဲ လုံခြုံရေးတာဝန်ယူထားရတဲ့ ရမ်နဲ့ ဆေးဝါးအလုပ်နဲ့ဆက်စပ်နေသူ နီရာတို့ တွေ့ဆုံဖို့ဖြစ်လာပါတယ် ခေတ်သစ်ရော်ဘင်ဟုဒ်ကိုမှ မှုခင်း သည်းထိတ်ရင်ဖို အပြင်ကို ရယ်မောဖွယ်ရာဟာသလေးရောနှောထားတဲ့ ဒီဇာတ်လမ်း လေးမှာ ရော်ဘင်ဟုဒ်(ခေါ်) ရမ်ဆိုတဲ့သူရဲ့ ဘဝဇာတ်ကြောင်းနဲ့စိတ်ထားလေးကို တွေ့မြင်ရမှာမို့ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Alex~KKKZ~Zwe Yan~Cym~STAR တို့ပဲဖြစ်ပါတယ် )

4.4 2025 150 mins
Robinhood
Two for the Road
7.4

ဒီရုပ်ရှင်က ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်ပါပဲ။ လက်ထပ်ပြီးသူတွေ (သိုမဟုတ် ရယ်စရာရှာနေသူတွေ) အနေနဲ့ ဒီရုပ်ရှင်ကို သေချာပေါက် ကြည့်သင့်ပါတယ်။ မဖြစ်မနေ ကြည့်ရမယ့်ကား ပါပဲ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ကြည့်ဖူးတာဖြစ်ပြီး အခုဆို ၇ ကြိမ်လောက် ရှိနေပါပြီ။ Mark နဲ့ Joanna တို့ရဲ့ ဆက်ဆံရေးကို အချိန်ကာလ ပြောင်းလဲမှုတွေနဲ့ ချပြထားတာက အချိန်ကို မှတ်မိဖို့ ခက်မယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဇာတ်ကောင်စုံတွဲရဲ့ ဆံပင်ပုံစံနဲ့ သဘောထားတွေကို ကြည့်ရင် ရိုးရှင်းပါတယ်။ Audrey Hepburn က ထူးချွန်လွန်းပြီး သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုပါပဲ။ Albert Finney ကလည်း အလုပ်ကြိုးစားလွန်းတဲ့ ခင်ပွန်းအဖြစ် ဆွဲဆောင်မှုရှိပါတယ်။ Maxwell-Manchester မိသားစုက ရယ်စရာကောင်းပြီး၊ အထူးသဖြင့် Ruthie လိုခေါ်တဲ့ ကလေးမလေးက ပိုရယ်ရပါတယ်။ Audrey ကတော့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ပျင်းရိနေတဲ့ ဇနီးဖြစ်ပြီး Albert ကတော့ အလုပ်ပင်ပန်းလွန်းပြီး စိတ်တိုတတ်တဲ့ ခင်ပွန်းပါ။ ဒီရုပ်ရှင်က သူတိုရဲ့ ခရီးစဉ် သုံးခုကို ပြသထားပါတယ်။ ပထမခရီးစဉ်က သူတိုရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ချိန်၊ ဒုတိယခရီးစဉ်က ပထမဆုံး ကလေး ကိုယ်ဝန်ရှိချိန်၊ တတိယခရီးစဉ်ကတော့ သူတိုရဲ့ အိမ်ထောင်ရေး ပြိုကွဲစပြုလာချိန်တွေပါ။ သူတိုရဲ့ ချစ်ခြင်းမေတ္တာကို အံ့ဩစရာကောင်းအောင် ပြသထားပြီး Hepburn နဲ့ Finney တိုဟာ တကယ့်ဘဝမှာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။ တေးဂီတက လှပပြီး ရုပ်ရှင်တစ်လျှောက်လုံး ဖွင့်ထားတာကို ကျွန်တော် သဘောကျပါတယ်။ ဒါဟာ ရုပ်ရှင်တစ်ခုလုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲက အဖြစ်အပျက်တွေမှာ ကျွန်တော် တို့ကို တဖြေဖြေး ကြည်နူးစရာဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

7.4 1967 112 mins
Two for the Road