YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

In Cold Blood (2024) E52 WEB-DL 1080P(CM).mp4

677.55 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Neighbor's Vendetta
6.4

2023 မှာ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ A Neighbor's Vendetta ကတော့ လူကြီးမိဘ​တွေ​ဆုံးမကြတဲ့ အစားမ​တော် တစ်လုတ်ဆိုတဲ့အတိုင်း အစားမှားပြီး ဘဝပျက်သွားတဲ့​ကောင်မ​လေးတစ်​​ယောက်အ​ကြောင်းကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ ​ဂျေးနဲ့ ဆွန်ရာတို့အတွဲဟာ သာယာတဲ့မိသားစု​လေးဖြတ်သန်း​နေရင်း ကားမ​တော်တဆမှု​ကြောင့် သမီးဖြစ်သူ အိဗ်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ဆွန်ရာက ​ဂျေးကို စိတ်ကွက်ပြီး ​မျက်နှာ​တောင်မကြည့်ချင်​တော့​လောက်​အောင် ဖြစ်သွားခဲ့ပါတယ်။ သူတို့အတူ​နေရင်​တောင် မ​တော်တဆမှုကိုပြန်မြင်​​ယောင်လို့ လိင်မှုကိစ္စလည်းမပြီး​မြောက်ကြပါဘူး။ ဒါနဲ့ ​ဂျေးလည်း ဆွန်ရာ စိတ်​ပြန်ကျန်းမာလာ​အောင် ခဏ​လောက်​လမ်းခွဲလိုက်ပါတယ် အဲ့ဒီ​နောက် ဆွန်ရာကလည်း ဆရာဝန်ရဲ့အကူအညီနဲ့ စိတ်​တွေပြန်ကျန်းမာလာပြီး ​ရော့ဘတ်ကို စားလိုက််မိပါတယ်။ တစ်ည ​ရော့ဘတ်​နဲ့ဖုန်းထဲက​​နေ အီစီကလီ​တွေလုပ်​နေတုန်း ​ရော့ဘတ်ဘက်က လက်လွန်ပြီး ​သေသွားခဲ့ပါတယ်။ ကံဆိုးချင်​တော့ ​ရော့ဘတ်က အိမ်​​ထောင်နဲ့မှန်းဆွန်ရာက မသိခဲ့ပါဘူး။ ​ရော့ဘတ်ရဲ့မိန်းမ မီယာက ရှက်ရှက်နဲ့ ဒီကိစ္စကိုဖုံးထားပြီး ငါ့​​ယောကျာ်းကို စားတာ ဘယ်သူလဲ ဘယ်ကလဲ လိုက်ရှာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ​ဂျေးနဲ့ ဆွန်ရာကလည်း အတူပြန်​နေကြည့်ဖို့ကြိုးစားဖို့ မြို့ပြင်ပအိမ်​လေးဆီက​ပြောင်းလာခဲ့ပါတယ်။ မီယာကလည်း ဆွန်ရာမှန်းသိသွားပြီး နင်ငါ့​ယောကျာ်းကိုစားတယ်၊ ငါလည်းနင့်​ယောကျာ်းကိုစားရမှဖြစ်မယ်ဆိုပြီး ကလဲ့စား​တွေပြန်​ချေပါ​တော့တယ်။ ကြားထဲက ​ဂျေးက​တော့ ဘာမှမသိတဲ့ ​မြေစာပင်​လေး​ပေါ့။ သူတို့နှစ်​ယောက် ကလဲ့စား​ချေရင်း ဘာ​တွေဖြစ်ပျက်မယ်ဆိုတာကို သည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့်ကား​လေးလည်းဖြစ်ပါတယ်။ အစပိုင်း ဖုန်းနဲ့ အီစီကလီလုပ်ရာမှာ ညစ်ညမ်းတဲ့စာ​တွေ အသံ​တွေပါတာ​ကြောင့် ၁၈နှစ်ပြည့်​မှကြည့်ဖို့​တော့ တိုက််တွန်းပါရ​စေ... (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 720MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 29Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2023
A Neighbor's Vendetta
Freeway
6.4

ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇ လူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိ တော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာ ဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲ အမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူက ဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျ သွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့ စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာ အဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့ အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေး လမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့ အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာ သတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်း စိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Adventure • Drama • Horror
6.4 1996 102 mins
Freeway
Pompo the Cinephile
7

IMDb Rating - 7.0/10 ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
7 2021 94 mins
Pompo the Cinephile
The Mystery of Her
6.8

IMDb Rating - 7.9/10 အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ The Mystery of Her ဆိုတဲ့ Teen Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ အထက်‌တန်းကျောင်းသူ တစ်ယောက်ဟာ ကားမတော်တဆမှု ဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျောင်းကအပြန်လမ်းပျောက်နေတုန်း သူ့ကို သိတယ်ဆိုတဲ့ ကင်မရွန်းဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့လေသည်။ တစ်ရက်တွင် အခန်းရှင်းရင်း ကဗျာတွေရေးထားသော စာအုပ်တစ်အုပ် သူ့အိပ်ရာအောက်မှ ထွက်လာလေသည်။ ထိုစာအုပ်အကြောင်းကို အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ရည်းစားဖြစ်သူ မေးကြည့်သော်လည်း ဘယ်သူမှမသိကြပေ။ ထိုစာအုပ်ထဲက ကဗျာတွေကို ဘယ်သူ့ကိုမှ မပြဘဲ တစ်ယောက်တည်း သိမ်းထားရင်း သူရေးတာရော ဟုတ်ရဲ့လားဟု ပဟေဠိဖြစ်နေလေသည်။ ကင်မရွန်းနဲ့ ထပ်မံဆုံတွေ့ဖြစ်ရာမှ ထိုစာအုပ်ရဲ့ ပဟေဠိကို ဖြေရှင်းဖို့ကြိုးစားရင်း မှတ်ဉာဏ်မပျောက်ဆုံးခင်က သူဘယ်လိုလူလဲဆိုတာ ပြန်လည်ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ ကောင်မလေးက ဘယ်လိုလူဆိုတဲ့ ပဟေဠိကို အယ်လီ၊ ကင်မရွန်းတို့နဲ့အတူ လိုက်ပါရှာဖွေကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin, Pyg တို့ဖြစ်ပါတယ်) File Size - (1.67 GB) / (830 MB) / (547 MB) Quality – WebDL 1080p / 720p/480p Duration - 1h 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Leonard Lin, Pyg Encoder – SWM

Comedy • Crime • Thriller
6.8 2022 109 mins
The Mystery of Her
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
Soorarai Pottru
7.9

IMDb...9.3 (နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH,  ပါထပ်မံပြုလုပ်ပေးထားပါတယ်...) အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။ အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။ ၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။ အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။ သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။ လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ ဒါပေမဲ့ သူ့အဖို့ ထင်သလောက် မလွယ်ခဲ့။ ကောက်ကျစ်မှုတွေကို ခံရတယ်။ ပြိုင်ဆိုင်မှုတွေ ရှိတယ်။ သူလို သာမန်လူတန်းစားတစ်ယောက် ဘဝပျက်ဖို့ သူဌေးတစ်ယောက်က ၁၀မိနစ်ပဲ အချိန်ယူတယ်။ ဒါပေမဲ့ မဆုတ်မနစ်တဲ့ ယောကျ်ားကောင်းတို့ရဲ့ စိတ်ဓာတ်ကို အသုံးချလာတဲ့အခါမှာ.... ။ အောင်မြင်တော့မလိုလိုနဲ့ ကျရှုံးမှုတွေ၊ လက်ကမ်းသလိုလိုနဲ့ တွန်းထုတ်မှုတွေကို လူ့သဘာဝဆန်ဆန် မြင်ရပါတယ်။ သူဌေးကြီးက ပြောတယ်။ "မင်းက လေယာဉ်လက်မှတ်ပဲ ပိုင်တာပါ၊ ကျုပ်က ဒီလေယာဉ်ကို ပိုင်တာ" တဲ့။ အဲ့ဒီစကားနဲ့အတူ လေယာဉ်ပေါ်က နှင်ထုတ်ခံလိုက်ရတဲ့ လူငယ်တစ်ယောက်... နောင်တစ်ချိန်မှာ အဲ့ဒီသူဌေးကြီးကို ဘာပြန်ပြောမယ် ထင်လဲ ကိုယ်တိုင်ခံစားကြည့်ပါဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူများကတော့ Myit Thu နဲ့ Nyi Koeတို့ပဲဖြစ်ပါတယ်... File Size :(2.6GB)(1.25GB) and (471 MB) Quality : WEB-DL 1080p 5.1CH, WEB-DL  720p Format…mp4 Duration…02:33:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae

Horror • Mystery
7.9 2020 149 mins
Soorarai Pottru
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
The Rugrats Movie
5.9

ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ် ၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင် ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည် းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူ လောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲ သူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ် ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီး ဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲ ဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကို ပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်

Action • Adventure • Science Fiction
5.9 1998
The Rugrats Movie
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
Perfect Creature
5.4

ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့ Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။ အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။ လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size… 1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

5.4 2006
Perfect Creature
[18+] Sister War

******************** ဆောဟွာက အနုပညာရှင် ဖြစ်ချင်‌နေသူဖြစ်ပြီး သူ့ထက်အရင် အနုပညာရှင်ဖြစ်ပြီး အောင်မြင်နေတဲ့ ညီမဖြစ်သူ ဆောမင်းကို မနာလိုဖြစ်နေသူပါ တစ်နေ့ ညီမဖြစ်သူဆောမင်းရဲ့ အေဂျင်စီကိုယ်စားလှယ်က ဆောဟွာကို ဒရမ်မာထဲမှာ ပါဝင်သရုပ်‌ဆောင်ခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာပါတယ် တစ်ခုရှိတာက ရိုက်ရမဲ့ ဇာတ်ဝင်ခန်း‌တွေထဲမှာ bed scene ပါတာဖြစ်လို အရင် စမ်းသပ်မှုလုပ်မယ်ဆိုတဲ့အကြောင်း ကိုယ်စားလှယ်ကြီးက ပြောလာတဲ့အခါ အနုပညာရှင် အရမ်းဖြစ်ချင်နေတဲ့ ဆောဟွာတစ်ယောက် တွေဝေမနေဘဲ အဲဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်တဲ့အခါမှာတော့…. အတော်လန်းတဲ့အိပ်ရာခန်းတွေပါဝင်ပြီး မင်းသမီးကလည်း လုံးဝ ဆက်စီဒိုင်းနမိုက်လေးမို့ ခံစားကြည့်ကြပါ… File Size 793MB Quality : WEB-DL720p Format…mp4 Duration…01:35:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2021
[18+] Sister War
Six Days Seven Nights 6 days , 7 Nights
5.9

Six Days, Seven Nights (1998) ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။

Thriller • Mystery
5.9 1998 102 mins
Six Days Seven Nights 6 days , 7 Nights
Frozen Stiff
8.3

Frozen Stiff (2002) IMDb Rating (8.3) Frozen Stiff ဆိုတဲ့ရုပ်ရှင်ကားက အစမှာတော့ ရိုးရိုး ခရီးစဉ်လေးထင်ရပေမယ့် Jason London နဲ့ Elizabeth Berkley တို့အတွက်တော့ ဟာသနဲ့ စွန့်စားခန်းတွေအပြည့်ဖြစ်လာတဲ့ ရင်ခုန်စရာ ခရီးစဉ်တစ်ခုပါပဲ။ ဒါရိုက်တာ Gary Griffith က ရိုက်ကူးထားပြီး အက်ရှင်၊ ဟာသနဲ့ စိတ်လှုပ်ရှားမှုတွေ ကြောင့် သင့်ကိုသဘောကျစေမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအရ သူတို့စတဲ့ ခရီးစဉ်က ရိုးရိုး မီးရထားခရီးပါ။ ဒါပေမယ့် ခရီးစဉ်အစပိုင်းမှာပဲ ဟာသအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုကို ဖြစ်လာပါတော့တယ်။ လူတိုင်းကလည်း အမျိုးမျိုးတွေဖြစ်လာတဲ့အခါ Jason London က သူ့ရဲ့ အမိုက်စား စွန့်စားခန်းကိုပဲ အက်ရှင်အပြည့်ဖြည့်ပြီးတော့ ရိုက်ကူးဖော်ပြထားပုံက ကြည့်ရှုသူတွေအတွက် လုံးဝ ရယ်နေစေရပါတယ်။ Elizabeth Berkley ကလည်း တခန်းချင်းစီမှာ သရုပ်ဆောင်ချက်တွေ ထက်ထက်မြတ်မြတ်မို့ အပီအပြင် ကြည့်ကောင်းပါတယ်။ အက်ရှင်နဲ့ ဟာသကားတွေကို သဘောကျတဲ့သူတွေအတွက် ဒီဇာတ်ကားက ကွက်တိ ဖြစ်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar ‌Aung ဖြစ်ပါတယ်။) File size…(1.3 GB) Quality….Blu-Ray 720p Format….mp4 Genre….Comedy, Drama Duration….01:45:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar ‌Aung

Horror • Science Fiction • Thriller
8.3 2002
Frozen Stiff
Winnie the Pooh: Springtime with Roo

Winnie The Pooh ဆိုရင် ဝက်ဝံဝါဝါလေးနဲ့ သူ့သူငယ်ချင်း Tiggers တို့ Piglet တို့ကို 90′ born တွေနဲ့2000 born တွေတော်တော်များများသိကြမှာပါ။ Heart Warming ဖြစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေအတွက် Life Lesson လေးတွေပါပြီး ကလေးတွေသာမကပဲ ငယ်ငယ်တုန်းက Winnie The Pooh ကိုပြန်ကြည့်ချင်တဲ့ လူကြီးတွေရော Nostalgia Feeling လေးပြန်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကိုလည်း အဆင်သင့်သလို ဘာသာပြန်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ရက်ဘစ်က အီစတာမှာ အီစတာမလုပ်တော့တဲ့အခါ ရူး နဲ့ ကျန်တဲ့ သူငယ်ချင်းတွေက အီစတာ ဖြစ်ဖို့အတွက် ဝိုင်းဝန်းကြိူးစားကြတာကို ရိုက်ပြပေးထားပါတယ်။ File size… 1.5 GB, 677 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 5m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Comedy • Romance • Music
0 2004 65 mins
Winnie the Pooh: Springtime with Roo