YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ichigeki 2023.mp4

1020.07 MB N/A video/mp4 359 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Name of Love
7.5

In the name of love (2011) ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။ မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.5Gb | 1.1GB | 512MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
7.5 2011 115 mins
In the Name of Love
(18+) Balik Taya
3

ပစ်ဆိုတဲ့ကောင်လေးဟာ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ လိမ်လည်မှုကို ခံခဲ့ရရုံတင်မကပဲ ရိုက်ပါအလုခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လမ်းဘေးမှာလဲနေခဲ့ပါတယ်။ သူ့ကို တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးက ကယ်တင်ခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့ရုံမက အလုပ်ပါရှာပေးခဲ့ပါတယ်။ ပစ်တစ်ယောက် တိုင်းတစ်ပါးမှာနေသားကျလုဆဲဆဲဖြစ်တဲ့အခါကျမှ သူ့ဘဝထဲက ဂျက်ဆီ ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် သောကမုန်တိုင်းထန်ပြီး ဖိလစ်ပိုင်ကို ယောင်လည်လည်ပြန်ရောက်လာခဲ့ရပါတယ်။ အဲ့ဒီမှာပဲ ကံ‌ကောင်းထောက်မစွာတွေ့လိုက်မိတာက အွန်လိုင်းလောင်းကစား App တစ်ခုက ဂျက်ဆီနဲ့ ရင်ညွှန့်ပေါ်မှာအမှတ်ချင်းတူနေတဲ့ ကောင်မလေးတစ်ယောက်ကိုပါ။ အဲ့ဒီမိန်းကလေးကို လိုက်ပြီးစုံစမ်းရင်း ကြေးကြီးလောင်းကစားပွဲတွေ၊ ထိုးသတ်ပွဲတွေ နဲ့ မြေအောက်ကမ္ဘာရဲ့ အရှုပ်ထုပ်ထဲကို ပစ် ရောက်ရှိသွားခဲ့ပြီး အဲ့ဒီမြေအောက်လောကထဲက မိန်းကလေးတွေနဲ့ပါ ငြိစွန်းပတ်သက်မိပါတော့တယ်။ အားလုံးရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့နှစ်ယောက်ကို တစ်ကားတည်းမှာတွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် အဲဒီ တစ်ချက်တည်းနဲ့တင် လက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 820MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Science Fiction
3 2023 97 mins
(18+) Balik Taya
Bullet to the Head
5.6

ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr .Bee

Action • Horror
5.6 2013 92 mins
Bullet to the Head
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
(18+)Parasite Choon
5

(18+)Parasite Choon (2021) ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကား ကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ် မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါ အကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး File size…1.4GB / 652MB Quality…1080p  /720p Format…mp4 Duration….1h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX

Drama
5 2021 60 mins
(18+)Parasite Choon
Ghost in the Shell
6.1

မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလို မင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းက လူအတော်များများ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာ လူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီး စက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။ လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီး စွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့ မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှ လူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံး မျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့ အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့ နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။ အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဉာဏ် နဲ့ အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ..... (ဘာသာပြန် သူကတော့ Myoko Yeman ပါ)

Drama • Thriller
6.1 2017 107 mins
Ghost in the Shell
Something in the Woods
4.4

Something in the Woods (2022) ======================= Monster Horror ငယ်ငယ်ကဆို လူသားစားတဲ့ အကောင်ကြီးတွေကားဟာ အတော်ကြည့် ကောင်းခဲ့တယ်ပေါ့ဗျာ။ ဘယ်နေရာကနေ အဲအကောင်ကြီးထွက်လာမလဲ၊ တောထဲကို‌လျှာရှည်ပြီး ရောက်လာတဲ့သူတွေ ဘယ်လိုပြေးရမလဲ၊ နောက်ဆုံးမှာ အကောင်ကြီးကို နိုင်သွားလား၊ ရှုံးသွားလား အဲဒါမျိုးတွေ ကြည့်ခဲ့ရတာပေါ့။ ဒီကားတွေရဲ့သဘောတရားတစ်ခုက ဇာတ်လိုက်တွေက အကောင်ကြီးကို နိုင်သွားတာဖြစ်တတ်သလို၊ မနိုင်ဘဲ အကောင်ကြီးကသာ အနိုင်ရသွားတာ မျိုးတည်းက တစ်မျိုးမျိုးနဲ့ အဆုံးသတ်တဲ့ကားတွေပါ။ အမြဲတမ်း happy ending ဖြစ်မယ် ခန့်မှန်းမရ၊ happy ခြင်း happy၊ sad ချင် sad၊ mysterious ဖြစ်ချင်ဖြစ်တဲ့ ကားမျိုးတွေပါ။ ဒီတော့ ဟောဒီ ၂၀၂၂ ရဲ့ Something in the woods ရုပ်ရှင်ကားထဲမှာလည်း ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မွန်းစတားကားတွေလို ခံစားချက်မျိုးပြန်ရနိုင် မယ်လို့ထင်ပါတယ်။ လူသားစားတဲ့အကောင်ဆန်းကြီးတွေရဲ့ကားကို ကြိုက် တတ်တဲ့သူတွေကြည့်သင့်တဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းသဘော တရားကလည်း နည်းနည်းရှုပ်‌ထွေးတာမို့ တော်တော်ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင်တော့ လမ်းမတန်းကြီးတစ်ခု ဘေးနားမှာ ရပ်ထားတာသုံးလေးရက်ကြာပြီဖြစ်တဲ့ကားတစ်စီးနဲ့ ပျောက်ဆုံး သွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စတင်ထားပါတယ်။ အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားစေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာနဲ့ ဇာတ် လမ်းဟာ အထွဋ်အထိပ်ကို ဘယ်လောက်ထိဆွဲခေါ်သွားလဲ၊ ဘယ်လိုကြည့် ကောင်းလဲဆိုတာကိုတော့ Something in the Woods ကားကို ခံစားရင်ခုန် ကြည့်မှသာ သိနိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Comedy • Drama • History
4.4 2022
Something in the Woods
Assassination Classroom
6.2

Assassination Classroom (2015) ——————————————————– Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ…

6.2 2015 110 mins
Assassination Classroom
Nikamma

Nikamma (2022) (မရီးဇိုးလေး အာဗ်နီ) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့် ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် ” တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ.. မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင် သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကို ဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက် အာဒီကတော့ မရီးဖြစ်သူကို “ကမ္ဘာမှာ အလှဆုံးနတ်ဆိုး” လို့‌‌တောင် သတ်မှတ်ထားသူ။ သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီး အစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့….သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ …….. ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

0 2022 147 mins
Nikamma
Cabin Fever 2: Spring Fever

Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Cabin Fever 2: Spring Fever
Infiltration
5.2

စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltration လို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့ အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့ တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာ မရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့ အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေ ဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့က အခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်က ပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။ စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့ အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ အဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကို ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက် လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်… File size…1.95GB / 1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Fantasy • Thriller
5.2 2022 110 mins
Infiltration
Dust to Glory
7.3

Dust to Glory (2005) Genre – Documentary, Action, Adventure IMDB – 7.3/10 မက်ဆီကိုနိုင်ငံ ဘာဟာဆိုတဲ့နေရာမှာ နှစ်စဉ်ကျင်းပနေကြ မိုင်ပေါင်းတစ်ထောင်မောင်းရတဲ့ Off-road ပြိုင်ပွဲကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ကားမောင်းဝါသနာ ပါသူတွေ ဆိုင်ကယ်မောင်း ဝါသနာပါသူတွေ ဘယ်သူမဆို ဘယ်လိုယာဉ်နဲ့မဆို ယှဉ်ပြိုင်ခွင့်ရှိပြီး လူတွေအများကြီးနဲ့ ပျော်ပျော်ပါးပါးကြီး စွန့်စားခန်းထွက်ကြတာပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတဲ့လူတွေနဲ့ အဖွဲ့တွေအကြောင်းပါမယ် လမ်းမှာရပ်နားစခန်းတွေ လုပ်ရတဲ့အကြောင်းပါမယ် Off-road ပြိုင်ရတာဖြစ်လို့ လမ်းပန်းအခက်အခဲ စက်ပစ္စည်းအခက်အခဲတွေ ထိခိုက်ဒဏ်ရာ ကြုံရတာတွေပါမယ်။ တရားဝင်ပြိုင်ပွဲဆိုပေမဲ့ နိုင်ငံက လမ်းပန်းဆက်သွယ်ရေးကို မပိတ်ပင်ထားလို့ သာမန်အရပ်သားတွေနဲ့ရော ရဲတွေနဲ့ရော ပြဿနာဖြစ် ပြိုင်ရတာမျိုး။ ဆိုင်ကယ်ကစပြီး ၃ ဘီး ၄ ဘီးပေါင်းစုံနဲ့ ထရပ်ကားတွေအစ ဗောက်စ်ဝပ်ဂွန်အဆုံး ပါဝင်ပြီး အသက်အရွယ်ဆိုလည်း အိုအိုပျိုပျို ရှိတဲ့အပြင် အမျိုးသမီးအသင်းတွေပါ ပါဝင်တာကိုတွေ့ရမှာပါ။ File size… 2.3 GB / 789 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Documentary/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Comedy • Action • Drama
7.3 2005
Dust to Glory
The Hangover
7.7

The Hangover (2009) IMDb Rating (7.7) / Rotten Tomatoes (79%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ.. • ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ.. • ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug.. • မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil.. • ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu.. • စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan.. • ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ.. • The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်.. • ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ.. #cultureflix #thehangover (ရုပ်ရှင်အညွှန်းကို Culture Flix FB Page မှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=the+hangover+2009 ကြည့်ပါ။

Science Fiction • Horror • Action • Drama
7.7 2009
The Hangover
Lost in the Night (aka) Perdidos en la noche
6.1

ဒီဇာတ်ကားဟာဆိုရင်တော့ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့မှာ ဇာတ်အိမ်တည်ထားတားပါ။ အဲဒီမြို့မှာနေထိုင်ကြတဲ့ လူတွေဟာ သူတို့နိုင်ငံမှာ မိုင်းတွေဆောက်ပြီး စီးပွားလာရှာကြတဲ့ နိုင်ငံခြားသားတွေကို မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ဆန္ဒပြရာကနေ အမျိုးသမီးတစ်ယောက် အဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။ ဒီကားထဲမှာ အမီလီယာနိုဟာ ထိုအမျိုးသမီးရဲ့သားဖြစ်သူပါ။ အမီလီယာနိုဟာ သူ့ရဲ့အမေဘာဖြစ်သွားလဲဆိုတဲ့ အဖြစ်မှန်ကိုရှာဖို့ လိုက်လံစုံစမ်းရာက သဲလွန်စတွေက အလွန်ချမ်းသာတဲ့ အယ်ဒါမာ မိသားစုဆီကို ဦးတည်လာပါတော့တယ်။ အဖြစ်မှန်ကိုဖော်ထုတ်ဖို့ အမီလီယာနိုဟာ အယ်ဒါမာမိသားစုကို ချဉ်းကပ်ရာက သူ့ရဲ့ အမေဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေပဲပေါ်သွားမလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ ….. မိသားစုနဲ့အတူ မကြည့်သင့်တဲ့ အခန်းတချို့ပါဝင်ပါတယ်…… File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat

6.1 2023
Lost in the Night (aka) Perdidos en la noche
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins