YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hyde.Jekyll.Me.2015.EP13.WEB-DL.720P (CM).mp4

372.39 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Out of the Furnace
6.6

ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဘတ်မန်းမင်းသားကြီး Christian Bale ကိုဒီဇာတ်ကားမှာ အမေရိကန် စက်ရုံအလုပ်သမား အောက်ခြေလူတန်းစားတယောက်အဖြစ် မြင်တွေ့ရမှာပါ။ ထပ်မံပြီးတော့ Manchester by the sea မင်းသား Casey Affleck နဲ့ Avatar မင်းသမီး Zoe Saldaña တို့လဲ ပါဝင်ထားတာမို့ သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးပါ။ နယ်မြို့လေးက စတီးစက်ရုံ အလုပ်သမားလေး ရပ်ဆဲလ်ဗေ့ဇ် (Christian bale) ဟာသာမန်ဘဝလေးတခုမှာ ရိုးရှင်းစွာနေထိုင်ဖို့ ကြိုးစားရင်း မထင်မှတ်ဘဲ ကားတိုက်မှုဖြစ်လို့ ထောင်ကျသွားခဲ့တယ်။ အဲ့ကနေစလို့ ဘဝတခုလုံး ကံဆိုးမိုးမှောင်ကျတော့တာပါဘဲ။ ဖခင်လဲဆုံး ချစ်သူကမုန်း နဲ့ တဦးတည်းသော ညီလေးကလဲ လောင်းကစားကြွေးပိပြီး ကြေးစားလက်ဝှေ့ထိုးရင်း လူဆိုးဂိုဏ်းတခုကအပြန် ပျောက်ချင်းမလှ ပျောက်သွားသောအခါ ညီလေးကိုလိုက်ရှာမယ့် အကိုကြီးအဖြစ် ဘတ်မန်း မင်းသားကြီး ဘေးလ်ကို စော်ပစ်ခံရတဲ့ဘဝသမားလေးအဖြစ် တကားလုံး ဆွေးဆွေးမြေ့မြေ့လေးမြင်ရမှာပါ။ File size…1.86GB / 647MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre .....  Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu

Drama • Romance • Thriller
6.6 2013 116 mins
Out of the Furnace
Land of Gold
7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Adventure • Science Fiction
7 2023 110 mins
Land of Gold
Ram Gopal Varma Ki Aag
2.1

ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

2.1 2007 163 mins
Ram Gopal Varma Ki Aag
Enna Solla Pogirai
8

ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။ - အောင်ချိမ့် " Love and Life is all about timing.'' လူတွေက ပြောကြတယ်။ အချစ်နဲ့ဘဝဆိုတာ အချိန်ကိုက်လည်ပတ်နေမှုတစ်ခုပဲတဲ့။ အချစ်ကိုပဲဖြစ်ဖြစ် ဘဝကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်မှန် ဖမ်းဆုပ်နိုင်ခဲ့ကြရဲ့လား။ ကျွန်တော်တို့ ဘာတွေကို လက်လွှတ်လိုက်ရလဲ။ " ကိုယ့်ဘဝထဲကို Right Person ဆိုတဲ့ဖြစ်တည်မှုတစ်ခု ဝင်ရောက်လာခဲ့ရင်တောင် Wrong Time ဖြစ်နေခဲ့ရင်။ အချစ်စစ်ဖြစ်နေပါစေဦး ငါတို့ လွဲချော်ကြရတာပဲ။ '' - ဗစ်ကရမ် " ဗစ်ကရမ် ရှင့်အတွက် ကျွန်မက ရွေးချယ်စရာတစ်ခုဆိုတာမျိုး မဖြစ်ချင်ဘူး '' - အမ်ဂျလီ " အတုအယောင်ဇာတ်လမ်းထဲက အချစ်စစ်ဖြစ်နေပါစေဦး ကျွန်မတို့ ဒါကို မပိုင်ဆိုင်နိုင်ဘူး။ '' - ပရီသီ သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ထဲမှာ ဘယ်သူတွေကများ အချစ်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလဲ။ ဘယ်သူတွေက လက်လွှတ်ဆုံးရှုံးလိုက်ရသလဲဆိုတာ ဒီ Rom-Comedy ရုပ်ရှင်ကောင်းလေးမှာ ခံစားလိုက်ပါဦးနော်။ File size…2.48GB / 1GB / 350MB Quality…1080p True Web DL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Poe

Action • Drama • History • Western
8 2022 146 mins
Enna Solla Pogirai
[18+] Crime of a Beast
4.7

Crime of Beast 1996 Ah Funဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ ရှုတင်မှာမီးအလင်းမှောင်သမားပေါ့ သူ့ကိုဆိုလူတွေကအရမ်းအနိုင်ကျင့်ကြတယ် တနေ့မှာ Mazyလိုခေါ်တဲ့ ဇာတ်ညွှန်း‌ဆရာမလေးတစ်ယောက်နဲ့သွားတွေ့တယ် ဖြစ်ချင်တော့ Mazyက စိတ်ရောဂါကုဆရာဝန်တစ်ယောက် Ah Funရဲ့ကလေးဘဝတည်းကခံစားခဲ့ရတဲ့စိတ်ရောဂါကို ဘယ်လိုကိုင်တွယ်မလဲ? ဒါ့အပြင် မိန်းကလေးတွေကို မုဒိမ်းကျင့်ပြီးလိုက်သတ်နေတဲ့စိတ်ရောဂါသည်ကို ဘယ်လိုဖမ်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ။ File Size__(900MB) Quality__720p IMDb Rating__4.6/10 Format__mp4 Duration__01:30:00 Type__Adult , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy
4.7 1996
[18+] Crime of a Beast
Falling in Love
6.5

Falling in Love (1984) ~ IMDb – 6.5/10, Rotten Tomatoes – 54% ~ ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော… ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။ သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို တင်ဆက်ထားတဲ့ Falling in Love (ချစ်ခြင်းမှာ သက်ဆင်းရသူ) ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲ အမေရိကန်မင်းသမီးကြီး Meryl Streep က ဦးဆောင်ပါဝင်ထားပါတယ်။ Clint Eastwood နဲ့ The Bridges of Madison County ဇာတ်ကားမှာ ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သလို ဒီဇာတ်ကားမှာလည်း ခင်ပွန်းနဲ့ ချစ်သူကြားမှာ နှလုံးသားနဲ့ဦးနှောက် ဗျာများရပုံတွေကို အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီဖွား အမေရိကန်မင်းသားကြီး Robert De Niro ကလည်း လိုက်ဖက်ပြေပြစ်စွာ သရုပ်ဆောင်ထားပါတယ်။ မင်းသား မင်းသမီး အပြိုင်ကြဲတဲ့ Romantic အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ် ဘာညာ ပြောကြမှာ။ ဒါပေမဲ့ အချစ်ကို တမံတုပ်လို့ မထိန်းနိုင်ဘူးဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတိအလင်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 820MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.5 1984
Falling in Love
The Tunnel
5.8

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Imdb 5.8ရရှိထားတဲ့ The Tunnelဆိုတဲ့ Horror, Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Natasha Warnerဟာ Sydneyမြို့မှာနေတဲ့ သတင်းထောက်တစ်ယောက်ပါ။ တစ်နေ့မှာ အစိုးရဟာ Sydneyမြို့ရဲ့ မြေအောက်ဥမင်တွေအတွက် စီမံကိန်းတွေဆွဲပြီး လုပ်ဆောင်ချက်တွေကြေငြာပြီးမှ အမျိုးအမည်မသိအကြောင်းတစ်ခုခုကြောင့် ထိုအစီအစဉ်တွေအားလုံးကို ချက်ခြင်းဖျက်သိမ်းခဲ့ပါတယ်။ အစိုးရဟာ ဘာကြောင့်အဲဒီလိုလုပ်ခဲ့လဲဆိုတာကို Natashaဟာ အရမ်းသိချင်တဲ့အတွက် သူမရဲ့ အဖွဲ့နဲ့အတူတူ မြေအောက်ဥမင်တွေထဲကို အရဲစွန့်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အစိုးရဟာ ထိုအစီအစဉ်တွေဖျက်သိမ်းခဲ့သလဲ၊ Natashaတို့ရော မြေအောက်ဥမင်တွေထဲမှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်သောကြောင့် Horror, Thriller fanတွေ လက်မလွှတ်တမ်းကြည့်သင့်‌ကြောင်းပြောလိုက်ရပါတယ်ခင်ဗျာ Translated by Yurnero File size…(1.6 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yurnero

5.8 2011
The Tunnel
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
It Only Takes A Night
6.6

It Only Takes A Night (2023) ဒီကားလေးကတော့ ပေါ့ပေါပါးပါးအချစ်ကားလေးတွေကိုကြိုက်တတ်တဲ့ ပရိသတ်အတွက် Rom-Com ဇာတ်ကားလေးပါ။ CW ရဲ့နာမည်ကြီးစီးရီး “The 100” ကို ကြည့်ဖူးတဲ့သူဆိုရင် ဒီကားထဲက အဓိကဇာတ်ဆောင်မင်းသမီး ရူဘီကို ရင်းနှီးကြမှာပါ။ လတ်တလောမှ သုံးနှစ်ကြာသက်တမ်းကြာ ဘဲနဲ့ပြတ်ထားတဲ့ ရူဘီတစ်ယောက် မုမအွန်နိုင်သေးလို့သူငယ်ချင်းသုံးယောက်နဲ့ Nightout ထွက်ပြီး ပျော်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်မှာ အဆက်ဟောင်းရယ် သူ့ကောင်မလေးအသစ်ရယ်ကိုတွေ့တော့ ပြဿနာရှာမိပြီး တလွဲတွေလုပ်မိပါတော့တယ်။ ဒါပေမဲ့ သုံးနှစ်လောက်တွဲပြီး Soulmate မတွေ့ခဲ့တဲ့ ရူဘီတစ်ယောက် အဲဒီညမှာပဲ ‌ကလပ်ပိုင်ရှင်ဩစတေးလျသားလေးတစ်ယောက်နဲ့ချိတ်မိပြီး အဆက်ဟောင်းဆီပဲပြန်စိတ်လည်မလား… အသစ်လေးနဲ့ပဲညားမလား… ဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ အလုပ်ပြန် စိတ်အပန်းဖြေဖို့ ရွေးချယ်သင့်တဲ့ကားလေးမလို့ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 34Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2023 94 mins
It Only Takes A Night
Empire Queen: The Golden Age of Magic
5

ဒီဇာတ်ကားက Low Budget ဇာတ်ကားတစ်ကားဆိုပေမဲ့ ကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ မှော်ကား ကောင်းကောင်လေး ကြည့်ချင်နေသူအတွက် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မှော်ပညာကို အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ အင်ပါယာတိုင်းပြည် အကြောင်းကို ရှုခင်းလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာတဲ့ ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်တာပဲဖြစ်ဖြစ် .. ဘယ်သူနဲ့ပဲ ကြည့်ကြည့် လုံးဝ အဆင်ပြေပါတယ်။ ဆိုးယုတ်တဲ့ ဘုရင်မ တစ်ယောက်ကို ဖြုတ်ချဖို့အတွက် လူသုံးယောက်က နတ်သိကြားမှော်တုတ်တံကို ရှာကြရင်း ဘယ်လို စွန့်စားခန်းတွေ .. နဂါးတွေ .. ရန်သူတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ခံစားကြပါတော့။ File size…3.18GB / 1.63GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 28m Genre ….. Adventure , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Horror
5 2024 148 mins
Empire Queen: The Golden Age of Magic
Mississippi Burning
7.8

Mississippi Burning ဆိုတဲ့ကားလေးကတော့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ 1988 ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆရာကြီး Williem Dafoe ရဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူ လူမဲ ခွဲခြားမှု ပြင်းထန်နေသေးတဲ့ ကာလမှာ ဇာတ်လမ်းတည်ထားပြီး အဓိက ဇာတ်လိုက် နေရာမှာ FBI ရဲနှစ်ယောက်ကိုတွေ့ရမှာပါ။ ပြည်သူ့ရေးရာ ဝန်ထမ်းသုံးယောက် မစ္စစ္စပီမှာ လူမဲတွေ မဲပေးခွင့်ရရှိရေး လာရောက် လုပ်ဆောင်ချိန်မှာ အသတ်ခံလိုက်ရတာနဲ့ ဇာတ်လမ်းစထားပါတယ်။ ဒီအမှုကိုလိုက်ဖို့ FBI နှစ်ယောက် မြို့ကိုရောက်လာချိန်မှာတော့ မြို့နေလူထုက သူတို့ကို အမှုလိုက်ဖို့ မကူညီပေးကြပါဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ပဲ ဉာဏ်ကိုလွှာသုံးပြီး အမှုလိုက်ရပုံကိုကြည့်ရှူရမှာပါ။ ဒါ့အပြင် လူမျိုးရေးခွဲခြားမှုရဲ့ အကျည်းတန်မှု ရက်စက်မှုတွေကိုလည်း ချပြထားပါသေးတယ်။ ဇာတ်ကားကောင်းလေး ဖြစ်တာမလို့ ကြည့်ရှူခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(2.8 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Crime, Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

7.8 1988
Mississippi Burning
Silent Island: Strange Beasts
5.6

ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့အတွက် စိတ်ဝင်စားစရာ တရုတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်… လူတွေရဲ့ လောဘကြောင့် ဇီဝစမ်းသပ်ခန်းက ဆေးရည်ယိုစိမ့်မှုတွေကြောင့် မိစ္ဆာတွေပေါ်ထွက်လာခဲ့တယ်… ဒီမိစ္ဆာတွေက အမြင်အာရုံ အားနည်းသလောက်… အကြားအာရုံအစွမ်းက သူမတူအောင် ထက်လွန်းတာကြောင့်… အသက်ရှင်ကျန်ရစ်သူ လူနည်းစုက အသံမထွက်ဘဲ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ ကာလအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါ… သဘာဝအန္တရာယ်နဲ့ လူတွေဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တို့ ကြုံချိန်မှာ… ဘယ်လိုတွေ အသက်လုပြေးပြီး ဘယ်လိုတွေကျော်လွှားသွားတယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာမို့… CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

5.6 2024
Silent Island: Strange Beasts
Undisputed 3: Redemption
7.3

Scott Adkins ကို ဘွိုင်ကာလို လူသိများစေခဲ့တဲ့ ဇာတ်ကားကို သိပြီးသားဖြစ်ကြမှာပါ။ ထောင်သားတွေအချင်းချင်းချကြတဲ့ အကြမ်းစားဖိုက်တာကားကြီး။ ယူရီဘွိုင်ကာဟာ အရင်က အတော်ဆုံးဖိုက်တာဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဒူးဒဏ်ရာနဲ့ ဒဏ်ရာရမြင်းတစ်ကောင်လိုဖြစ်နေပြီး အကျဉ်းထောင်ထဲမှာ အိမ်သာဆေးနေကာ အိမ်သာတိုက်ချန်ပီယံကြီးဖြစ်နေရတယ်။ အနိုင်ရတဲ့သူကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ နိုင်ငံတကာက ကြမ်းပေ့ဆိုတဲ့ထောင်တွင်းလူမိုက်တွေနဲ့ ထိုးသတ်ရမယ့်ပွဲမှာတော့ ဘွိုင်ကာဟာ ပြီးပြည့်အစုံဆုံးဖိုက်တာဖြစ်ပြီး တစ်ခုခုနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားမှာပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Science Fiction • Thriller
7.3 2010 96 mins
Undisputed 3: Redemption
The Prestige
8.5

Datshin Review: The Prestige (2006) Genre: Drama, Mystery, Sci-fi Rating: PG-13 -Review- The Prestige ရုပ်ရှင်ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ psychological thrillerဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အမြင်တော့ Nolan ရဲ့ ကားတွေထဲမှာတောင် အကောင်းဆုံးဆိုတဲ့ နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ပြောလို့ရပါတယ် ။ အင်မတန် လူကြိုက်များခဲ့ပြီး ရုပ်ရှင်ကို အဓိပ္ပာယ်ဖွင့်တဲ့ ပရိသတ်တွေရဲ့ အယူအဆ တွေ အများအပြားထွက်ပေါ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ (မကြည့်ရသေးသူများ ဆက်မဖတ်ပါရန်၊ Spoiler တွေ ပါနိုင်ပါတယ်) ‌ဇာတ်လမ်းကတော့ မျက်လှည့်ပညာရှင် ၂ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်မှုအပေါ်မှာ အခြေခံထားတာပါ။ ၁၉ရာစုနှောင်းပိုင်း လန်ဒန်မှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာ Robert Angier အဖြစ် Hugh Jackman နဲ့ Alfred Borden ‌အဖြစ် Christian Bale တို့က သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်အရ The Prestige ဟာ ဇာတ်လမ်းကောင်းတို့ ထုံးစံအတိုင်း သူတို့ကြားက ပြိုင်ဆိုင်မှုကို အခြေခံထားပေမဲ့ ရုပ်ရှင်ရဲ့ ဆိုလိုရင်းက လူ ၂ယောက်ကြားက ပြိုင်ဆိုင်မှု ဆိုတာထက်ပိုပါတယ်။ ဒီဇာတ်လမ်းမှာ Angier က မိဘချမ်းသာသလို သူကောင်းမျိုးကနေ ဆင်းသက်လာသူဖြစ်ပြီး Borden ကတော့ ပါရမီရှင်ဖြစ်တာ ဉာဏ်ကောင်းတာကလွဲရင် တခြားဘာမှ မရှိသူပါ။ မျက်လှည့်ပညာကို ရူးသွပ်တာ တူပေမယ့် သူတို့ရဲ့ အားသာချက်တွေက မတူပါဘူး။ အဲ့ဒီ အားသာချက်တွေရဲ့ အားပြိုင်မှုကိုအဓိက ပြချင်တာလို့ပဲ ထင်ပါတယ်။ သူတို့ ၂ယောက်ရဲ့ မျက်လှည့်ပြရာမှာသုံးတဲ့ နာမည်တွေကလည်း ဒါကို ထင်ဟပ်နေပါတယ်။ ပါရမီရှင်ဖြစ်တဲ့ Borden ရဲ့ နာမည်က The professor ဖြစ်ပြီး၊ နောက်ခံအခြေအနေအားကောင်းတဲ့ Angier ကတော့ The Great Danton ဖြစ်နေပါတယ်။ ပညာ နဲ့ ဥစ္စာတို့ရဲ့ အားပြိုင်တဲ့ပွဲမှာ နောက်ဆုံး ပညာရှင်ဖြစ်တဲ့ Borden က လှလှပပ အနိုင်ယူသွားပုံရယ်၊ ပါရမီ နဲ့ ပတ်ဝန်းကျင်အထောက်အပံ့တို့ အားပြိုင်ရာမှာ ပါရမီရှင်က အနိုင်ယူသွားပုံကို ပြထားတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာလည်း Borden ဆင်တဲ့အကွက်ထဲမှာ Angier လိုက်ကနေရတာက ပိုများပါတယ်။ ဒီနေရာမှာ ချီးကျူးရမှာက အဲ့လိုပညာ နဲ့ ဥစ္စာရဲ့ အားပြိုင်မှု ပြကွက်အဖြစ် Tesla နဲ့ Edison တို့ကြားက အားပြိုင်မှုကိုပါ ဇာတ်လမ်းနဲ့လျော်ညီအောင် ကြားထဲမှာ ပါးပါးလေးထည့်ပြနိုင်သွားတာကိုပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Angier နဲ့ Borden ၂ယောက်ဟာ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာကို လုံးဝဆုံးဖြတ်ပေးထားတာ မရှိပါဘူး။ ရုပ်ရှင်ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ တက်ကျမ်းဆန်ဆန် အယူအဆတွေ ကြီးစိုးနေတဲ့ အခုအချိန်မှာ The Prestige ဟာ တက်ကျမ်းဆရာတွေကို ပြောင်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ ကြိုးစားတိုင်းလည်း ပါရမီရှင်တွေလို မဖြစ်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပြထားပါတယ်။ တက်ကျမ်းတွေ၊ လူပြိန်းကြိုက် ဘဝအောင်မြင်ရေးစကားတွေ life coach တွေ NLP တွေ ဖောင်းပွနေတဲ့ ၂၁ရာစု ကမ္ဘာကြီးကို ကောင်းကောင်းကြီး သရော်ထားတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်း ပြီးသွားတဲ့အချိန်မယ် စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားစရာတွေ အများကြီးနဲ့ ကျန်ခဲ့မယ်ဆိုတာတော့ အသေအချာပါပဲ။ Movie Info Director: Christopher Nolan Top-billed Cast: Christian Bale, Hugh Jackman, Scarlett Johansson Runtime: 2 hr 10 min Ratings Datshin: 5/5 IMDb: 8.5/10 Rotten Tomatoes: 77% kz (ရုပ်ရှင်အညွှန်းကို DatShin FB Page မှ ကူးယူဖော်ပြပါသည်။) တစုံတယောက်က ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတကားကို ရွေးထုတ်ပါဆိုရင် ကျွန်တော် The Prestige (2006)ကိုပဲ ရွေးချယ်ပြချင်ပါတယ်။ သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်မိတိုင်းလဲ သရုပ်ဆောင်တွေရဲ့ လေးနက်မှုတွေက ကျွန်တော့်ဆီ အချိန်တိုင်း စီးဆင်းဆဲပါပဲ… တစ်ကားလုံး ဘယ်နေရာမှ ပစ်ရက်စရာမရှိတဲ့ ဒါရိုက်တာနိုလန်ရဲ့တင်ဆက်မှုတခုဖြစ်ခဲ့ပါတယ်။ လူ့ဘဝဆိုတာ ကြိုးမျှင်မျှင်လေးတစ်ခုနဲ့ တင်းစည်းခေါ်ဆောင်ရာကို လိုက်ပါအသက်ရှင်နေရသလို ခံစားလာစေပါတယ်… တကယ်တော့ လူ့ဘဝဆိုတာလဲ မျက်လှည့်ရှိုးပွဲတစ်ခုပဲမလား… အစစ်အမှန်တချို့ လှည့်စားခြင်းတချို့နဲ့ အစီအစဉ်တကျချပြပြီး တစ်စုံတစ်ယောက်က တစုံတယောက်ကို ယုံကြည်စေချင်သလို ယုံကြည်ခိုင်းနေတာမျိုးပဲ။ ကျွန်တော်တို့ကိုယ်တိုင်မှာကလဲ အစစ်အမှန်ကိုမြင်ရဖို့ထက် ကိုယ်မြင်ချင်တဲ့အရာ ကိုယ်ဖြစ်စေချင်တဲ့အရာကိုပဲ အမှန်လို့ယူဆလိုက်ကြတာပါပဲ။ တကယ်တော့လဲ ကျွန်တော်တို့မှာ ခံစားချက်ဆိုတာ ထည့်တွက်လိုက်ရင် အမှန်တခုပဲ အဖြေရှိတာတော့ မဟုတ်ဘူးပေါ့လေ။ File size…(7.8 GB) / (1.9 GB) / (1.2 GB) Quality…BluRay 4K HEVC / 1080p HEVC/ 720p Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

8.5 2006 130 mins
The Prestige