YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

High.Society(2015).E16.END.WEB-DL.720P(CM).mp4

523.95 MB N/A video/mp4 75 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Pay Day
5

ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama
5 2022 93 mins
The Pay Day
The Hobbit: The Battle of the Five Armies
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.4 GB) and (3.9 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….02:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Reality
7.3 2014 144 mins
The Hobbit: The Battle of the Five Armies
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Estranged
5.7

Estranged(2015) ============== ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့ horror movie လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကို ပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူ သတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည် နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စ ကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။ နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကား‌‌လေးက သင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Mystery , Thriller , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

5.7 2015 92 mins
Estranged
Play
7.1

ဒီရုပ်ရှင်က အသက်မပြည့်တဲ့ကလေးငယ်တွေ ကလေးအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်လုယက်တဲ့ ဖြစ်ရပ်မှန်ကိစ္စရပ်တွေပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂိုသန်ဘာ့ဂ်မြို့အလယ်ပိုင်းမှာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ကြားကလေးငယ်တွေ အုပ်စုဖွဲ့ပြီး တခြားကလေးတွေကို အနိုင်ကျင့်လုယက်ခဲ့တာဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ သိရှိရတဲ့အကြိမ်ရေပေါင်း လေးဆယ်ခန့်ရှိပါတယ်။ ဒီကလေးတွေက အနိုင်ကျင့်လုယက်တယ်ဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာထက် စကားလုံးတွေနဲ့ ဆွဲဆောင်အကျပ်ကိုင်ပြီး လုယက်ကြတာပါ။ ဒီဇာတ်လမ်းမှာဆိုလည်း ရွှေ့ပြောင်းလုပ်သားမိသားစုက လူမဲကလေးငါးယောက်အုပ်စုဟာ ကလေးငယ်လေးတွေဆီကနေ အဖိုးတန်ပစ္စည်းတွေကို လုယူတာမျိုးမဟုတ်ဘဲ ငါတို့ရှုံးလို့ပေးလိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောဆိုပြီး လုယက်တာကို တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၂ခုနှစ်မှာ နော်ဒစ်နိုင်နိုင်ငံများရုပ်ရှင်အဖွဲ့ကပေးတဲ့ ထူးချွန်ဆုကို ဆွတ်ခူးခဲ့သေးတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

TV Movie • Comedy • Romance
7.1 2011 118 mins
Play
Ice Storm
4

Ice Storm (2023) ============ Global Warming ဆိုတာ လက်ရှိကျွန်တော်တို့တွေကြုံတွေ့နေရတဲ့ အခက်အခဲကြီးတစ်ရပ်ပါ။ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်တွေ အရည်ပျော်နေတာ လူတိုင်းနီးပါးသိပေမဲ့၊ ဒီလိုဖြစ်ရပ်တွေကြောင့် နောက်ဆက်တွဲဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ သိတဲ့ သူ အင်မတန်နည်းပါတယ်။ အကျိုးဆက်အနေနဲ့ အီကွေတာဘက်ခြမ်းမှာ ပိုပြီးပူနွေးလာပြီး ရေခဲ တောင်တွေအရည်ပျော်လာတဲ့အခါမှာ ဝင်ရိုးစွန်းဘက်က လေအေး တွေကို တားဆီးထားမယ့်အတားအဆီးတွေမရှိတော့ပဲ အပူအအေး မညီမျှမှုကနေ ကုန်းတွင်းပိုင်းဒေသတွေမှာပါ နှင်းမုန်တိုင်းတွေတိုက်ခိုက် လာနိုင်တော့တာပါပဲ။ ဒီကားထဲမှာ နှင်းမုန်တိုင်းက တဖြည်းဖြည်းနဲ့အင် အားကောင်းလာပြီး နောက်ဆုံး ဘယ်လိုမှအားမလျော့တော့ပဲ ကမ္ဘာကြီး ကို အကြွင်းမဲ့ သုညအမှတ်ထိအေးခဲသွားစေမယ့်အဆင့်ထိရောက်သွား တော့တဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက် လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (580 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Sci-Fi Translator…….Thetti Tun Encoder……….SWM

Drama • Romance • War
4 2023 82 mins
Ice Storm
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Our Souls at Night
6.9

Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ် လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့… တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့ စကားတစ်ခွန်းဆိုပါတယ်..”တခါတလေ ကျွန်မအိမ်လာပြီး ကျွန်မနဲ့အတူအိပ်ချင်လား”တဲ့ ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့် တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ.. ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေ ပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကို ကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ File size…1.40GB / 599MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

6.9 2017
Our Souls at Night
Thunderbirds

“Thunderbirds (2004)” အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့ အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် International Rescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လို လူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy မိသားစု‌လေးပဲဖြစ်ပါတယ်။ တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံး အဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင် နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့ သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့် မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းပါရစေခင်ဗျာ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

Drama • War • Action
0 2004 95 mins
Thunderbirds
Vaazhai
7.5

Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်” =============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 134 mins
Vaazhai
Trouble

ဒီဇာတ်လမ်းလေးကတော့ Conny လို့ခေါ်တဲ့ ကလေးတစ်ယောက်အဖေ တစ်ခုလပ် အရောင်းသမားတစ်ယောက်ဟာ တီဗွီဝယ်တဲ့အိမ်ကိုတိဗွီ သွားတပ်ပေးရင် လူသတ်သမားအဖြစ်စွပ်စွဲခံရတာကြောင့် ထောင်ကျသွားပါတယ်။ သူသတ်တာမဟုတ်တဲ့လူသတ်မှုကိုတရားခံစွဲခံရတဲ့အခါ ဘယ်လိုမျိုးပြန်လည်လွတ်မြောက်အောင်လုပ်မလဲ… လူသတ်တရားခံကရော ဘယ်သူလဲ… Conny တစ်ယောက်နောက်ဆုံးမှာအပြစ်မရှိကြောင်းသက်သေပြနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်လို့ကောင်းမယ့် ဆွီဒင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ IMDb မှာလည်း 6.1 အထိရရှိထားတာကြောင့် လက်လွတ်မခံဘဲစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ File size…(1.7 GB)/(951 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
Trouble
Lost in Forest
5.8

အားရှန်းဟာတစ်ခေတ်တစ်ခါတုန်းက ကျုံးရှန်းနယ်မှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ညီကိုကိုကယ်ဖို့အတွက်နဲ့ ထောင်(၁၂)နှစ်ကျသွားခဲ့တယ်။ ထောင်ကထွက်လာပြီး သူ့ရဲ့ညီကိုရှားအိုးကိုပြန်သွားတွေ့ခဲ့ပေမယ့် ထောင်ထဲ(၁၂)နှစ်ကြာခဲ့တဲ့အချိန်အတွင်းမှာ သူ့ဘဝအတွက် အရေးကြီးတဲ့သူတွေရဲ့ အရေးကြီးတဲ့အချိန်တွေနဲ့လွဲချော်ခဲ့ရတဲ့အတွက် သူက မြေအောက်လောကရဲ့အရှုပ်အထွေးတွေထဲကို ထပ်ပြီးဝင်မပါချင်တော့ဘူး။ အဲဒီအချိန်မှာပဲ ငယ်ရွယ်ပြီးကြမ်းတမ်းတဲ့မျောက်ကြီးလိုနာမည်ပြောင်ခေါ်တဲ့ လူငယ်တစ်ယောက်က ရှားအိုးရဲ့ငွေရှင်သားကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ရှားအိုးက မျောက်ကြီးကိုရှင်းဖို့ကြိုးစားတယ်။ ဒီလိုနဲ့ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲတွေဖြစ်လာတဲ့အခါ ရှားအိုးကိုထပ်ကယ်နိုင်မယ့်သူ အားရှန်းပဲရှိတော့တယ်။ ညီကိုအတွက် သွေးစွန်းတဲ့လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Drama
5.8 2023
Lost in Forest
Hitman’s Wife’s Bodyguard
6.9

Hitman’s Wife’s Bodyguard (2021) IMDb Rating (6.9) ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017) ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း အခွီတွေထိုင်လုပ်နေတာမလို့ ကြည့်ရတာ လုံးဝမိုက်တဲ့ အက်ရှင်ဟာသကားကြီးပါပဲ။

6.9 2021 99 mins
Hitman’s Wife’s Bodyguard
Highlander: Endgame
4.6

Highlander: Endgame (2000) Jacob Kell လို့ခေါ်တဲ့ လူဆိုးကို ဖြုတ်ချဖို့ အဖွဲ့ဖွဲ့ရမယ့် မသေနိုင်တဲ့ Connor MacLeod နှင့် Duncan MacLeod တို့အကြောင်းဖြစ်ပါတယ်။ Kell က အန္တရာယ်များတဲ့လူဖြစ်ပြီး လက်စားချေချင်နေပါတယ်။ ရုပ်ရှင်အတွင်းမှာ Connor နှင့် Duncan တို့က စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က တစ်ယောက်ကို တစ်ယောက် ကာကွယ်ဖို့နဲ့ သူတို့ အလေးထားတဲ့ လူတွေကို ကာကွယ်ဖို့ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ ဒီဇာတ်ကားက တိုက်ပွဲတွေချည်းပဲ မဟုတ်ပါဘူး။ မသေနိုင်တဲ့လူတွေ ၊ ကလဲ့စားချေခြင်းနှင့် MacLeodsေရဲ့အတိတ်တွေက ဘယ်လိုဘယ်ပုံသွင်းသည်ဆိုတဲ့ အယူအဆကို အမှန်တကယ်တူးဆွသွားတာပါ။ သူတို့ အမှားတွေ လုပ်ခဲ့ပုံတွေကို မှန်ကန်အောင် ကြိုးစားနေပုံတွေကို ပြသပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေက ပြင်းထန်ပေမယ့် ဇာတ်ကားရဲ့ထူးခြားချက်ကတော့ ဇာတ်ကောင်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေပါပဲ။ ရှင်သန်ခြင်းအတွက်သာမက အသက် တာရှည်ခြင်း အကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း ဖြစ်ပါတယ်။ အဆုံးမှာ Highlander: Endgame က ဓားတွေနဲ့တိုက်နေတဲ့ဇာတ်ကားတစ်ခုထက်ပိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရွေးချယ်ရခြင်းတွေ နှင့် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့လူတွေအကြောင်းကိုခံစားရပါတယ် ကြည့်လို့ကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Fantasy, Sci-Fi Duration….01:40:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

4.6 2000 87 mins
Highlander: Endgame