YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Hideout.2021.720p {CM}.mp4

876.35 MB N/A video/mp4 1342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last Flight

ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William Newton Lancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Miller အကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Vol ဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေ ကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့ မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare” အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ် ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာ အချစ်ဆိုတဲ့အကြောင်းကို ပြသသွား တာဖြစ်ပါတယ်။ ဇာတ်လမ်းသွားကို လည်း မရိုးရအောင် ပြင်သစ်နဲ့ တွားရက်လူမျိုးစုတွေကြားက ပြဿနာတွေ၊ ကိစ္စရပ်တွေ၊ သဘောထားတွေကိုပါ စုံအောင်ထည့်ပြီး ခင်းကျင်းပြသထား တာဖြစ်ပါတယ်။ မာရီးဟာ…သူ့ရဲ့ချစ်သူကိုရှာဖွေရင်း ကန္တာရထဲကိုရောက် လာပြီး ဘာတွေဖြစ်လာမလဲ။ ဘာဒုက္ခတွေခံစားရမလဲ။ ဘယ်လိုလူတွေနဲ့ တွေ့ကြုံကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ ဖြစ်ရပ်မှန်မှာတော့ - လေယာဉ်မှူးဟာ Avro Avian ဆိုတဲ့ လေယာဉ်နဲ့ စံချိန် သစ်တင်ဖိုကြိုးစားရင်း ဆာဟာရကန္တာရထဲကျော်ဖြတ်စဉ် လေယာဉ်ပျက်ကျ ခဲ့ရတာပဲဖြစ်ပါတယ်။ ဝေဒနာကို ၈ရက်တိုင်တိုင်ခံစားခဲ့ရပြီး သူ့ရဲ့ချစ်သူ Miller အတွက် နေ့စဉ်မှတ်တမ်းလေးတစ်ခုချန်ရစ်ကာ လူ့လောကကြီးကိုစွန့်ခွါသွားခဲ့ တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံကာ ယခုဇာတ်ကားအပါအဝင် “The Lancaster Miller affair “ ဆိုတဲ့ TV Series နဲ့အတူ "The Lost Desert Flyer" ဆိုတဲ့ Documentary series တစ်ခုလည်းထွက်ရှိဖူးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.5 GB) / (600 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Romance Translator.......Lwin Bo Encoder..........SWM

null 2009 98 mins
The Last Flight
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Superhero Movie
5.2

ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။ Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(600 MB) Quality............WEB-DL 720p Duration.........1Hr 15mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Drama • Mystery • Thriller
5.2 2008 85 mins
Superhero Movie
Resurrected
5.5

ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စက သွေးရိုးသားရိုးကော ဟုတ်ရဲ့လား... ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား... ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - Quality - 1080p, 720p Format - mp4 Duration - 2H 2Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Comedy • Science Fiction
5.5 2023 90 mins
Resurrected
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
Broker
7.5

Broker(2022) အညွှန်း ****************** IMDb…7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်… မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ… ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်… Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ…သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် … So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့? ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး IU ပါဝင်တဲ့ကားလေးမိို့ ကလေးအမေအနေနဲ့ ဘယ်လိုသရုပ်ဆောင်ထားလဲ သူ့ရဲ့ Character ကရော ဘယ်လိုရှိမလဲဆိုတာကြည့်ကိုကြည့်သိပါတယ်နော် ?❤️ File Size : (2.3GB)(855MB) and (240 MB)Quality : WEB-DL 1080P, 720pFormat…mp4Duration…02:09:00Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Song Song,So Ri & Nan D LinEncoded by Phyo Pyae Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama
7.5 2022
Broker
Toshimaen: Haunted Park
5.5

Toshimaen:Haunted Park (2019) ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက “စခိ”ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ “စခိ”က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။ ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Thriller
5.5 2019 81 mins
Toshimaen: Haunted Park
Ghost Island 3

Pulau Hantu(Ghost Island) – 3(2012) Pulau Hantu 1 နဲ့ 2 တို့ရဲ့အဆက် Pulau Hantu 3 ပါ ဒီဇာတ်ကားမှာတော့ cast အဟောင်းတွေထဲက နေးရိုတစ်ယောက်ပဲ ပြန်ပါပြီး cast အသစ်တွေနဲ့ အားဖြည့်ထားပါတယ် လတ်လျားလတ်လျား ဖြစ်နေတဲ့ နေးရိုနဲ့သူ့သူငယ်ချင်း ကီမိုတို့ လုပ်ငန်းအတွေ့အကြုံ မလိုတဲ့ အလုပ်ခေါ်စာတစ်ခု သတင်းစာထဲမှာ တွေ့တာနဲ့ လျှောက်လိုက်ကြပါတယ် အလုပ်က ဖွင့်ထားတာ ၆ လပဲ ရှိသေးတဲ့ ကျွန်းတစ်ကျွန်းပေါ်က အပန်းဖြေစခန်းမှာ လုပ်ရမှာပါ အဲဒီကျွန်းက နေးရိုကို နှစ်ကြိမ်တိုင်တိုင် ကောင်းကောင်းကြီး ဧည့်ခံပေးခဲ့တဲ့ ကျွန်းပါ အရင် Pulau Hantu 1 နဲ့ 2 မှာတုန်းက လူသူကင်းရှင်းတဲ့ တစ္ဆေကျွန်းကြီး ဖြစ်ခဲ့ပေမဲ့ ဒီဇာတ်ကားမှာတော့ လူစည်ကားတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်နေပါပြီ အပန်းဖြေစခန်းပိုင်ရှင် အမျိုးသားက ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရပေမဲ့ မကောင်းဆိုးဝါးတွေနဲ့ ဆက်သွယ်ပြီး သေသွားတဲ့သူ့မိန်းမကို ပြန်ခေါ်ဖို့ ကြံစည်နေတဲ့သူပါ တစ္ဆေကျွန်းရဲ့ မူလပိုင်ရှင် တစ္ဆေကြီးနဲ့ အပန်းဖြေစခန်းပိုင်ရှင်ရဲ့မကောင်းဆိုးဝါးတွေကြားထဲမှာ နေးရိုတို့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကတော့…. ဆယ့်ရှစ်အပေါင်းခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရိုက်ပြထားတဲ့ သရဲကားဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size…1GB | 512MB | 251MB Format… mp4 Duration….1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator …..Roman NoX Encoder …..August

Action • Thriller
0 2012 84 mins
Ghost Island 3
All I Want for Christmas: The Magic Time Machine
5.7

All I Want for Christmas: The Magic Time Machine (2022) ======================================== လူစီယာက ခရစ္စမတ်ကျောင်းတော်မှာ စာသင်နေတဲ့ကျောင်းသူလေးပါ။ တစ်နေ့မှာ သူတို့ကျောင်းအုပ်ကြီးက သူ ဆန်တာကလော့စ်ဖြစ်ခဲ့တဲ့ အချိန် တုန်းက စိတ်ဒဏ်ရာကို သတိရသွားပြီး ခရစ္စမတ်ကို ဖျက်သိမ်းလိုက်ဖို့ အမိန့်ချလိုက်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်လိုမျိုး ကျောင်းအုပ်ကြီး စကားကပဲ အတည်ဖြစ်နေတဲ့အချိန်မှာ လူစီယာက ခရစ္စမတ်ဖြစ်မြောက် ရေးအတွက် ကြိုးစားပါတော့တယ်။ ကလေးတွေကိုဆို အရာမသွင်းချင်တဲ့ လူကြီးတွေ ဆပ်ကပ်အဖွဲ့တွေ အချိန် ခရီးသွားစက်တွေနဲ့ လူစီယာတစ်ယောက် ခရစ္စမတ်ကို ဘယ်လိုကယ်တင် မလဲ။ ကျောင်းအုပ်ကြီးရဲ့ စိတ်ဒဏ်ရာကရော ဘာများလဲဆိုတာ ဒီဇင်ဘာလမှာ ခရစ္စမတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.3 GB) / (518 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….EL Encoder……….SWM

5.7 2022
All I Want for Christmas: The Magic Time Machine
Your Christmas or Mine 2
5.8

Your Christmas or Mine 2 (2023) ======================== ၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာ လည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့ အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။ လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ် မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီး သာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင် ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ် ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေ မှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီး ရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော် ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.7 GB) / (700 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….Zin Phyo Aung

5.8 2023
Your Christmas or Mine 2
The Number 23

ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ထားပြီး ရော်ဘင်လို့ ခေါ်တဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ထားပြီး မိသားစု ဘဝလေးကို တည်ထောင်ထားပါတယ်။ သူက ပုံမှန်လူတွေလိုပဲ အလုပ်လုပ်မယ် မိန်းမကို ချစ်မယ် သားလေးကို ပျိုးထောင်မယ်၊ ဒီလိုလေးတွေ လုပ်ရင်းနဲ့ပဲ ဘဝကို နေထိုင်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ တခုသော မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် “နံပါတ် ၂၃”ဆိုတဲ့ စာအုပ်ကို ရလိုက်တဲ့အချိန်က စပြီး အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ စိတ်ကူးယဥ်ရေးထားတဲ့ စာအုပ်က သူ့ရဲ့ဘဝနဲ့ ထပ်တူကျနေတဲ့အခါ၊ စာအုပ်ထဲက အကြောင်းရာတွေ အပြင်မှာပါ တအားမှန်လာတဲ့အခါ၊ နံပါတ် ၂၃ကို တဖြည်းဖြည်း စွဲလန်းလာတဲ့အခါ … စွဲလန်းမှုကနေ လူသတ်မှုတွေထိပါ ဆက်နွယ်လာတဲ့အခါ …. ဒီ”နံပါတ်၂၃”စာအုပ်ကို ရေးခဲ့တာ ဘယ်သူလဲ … ဒီစာအုပ်ထဲက အကြောင်းရာတွေက ဘာလို့ ဝေါတာရဲ့ဘဝနဲ့ တထပ်တည်းနီးပါးထပ်တူကျနေတာလဲ … လူသတ်မှုကရော တကယ်ပဲဖြစ်ခဲ့တာလား …. တကယ်ဆိုရင် ဘယ်သူသတ်ခဲ့တာလဲ … လူသတ်သမားက သူ လူသတ်ခဲ့ကြောင်း စာအုပ်ရေးပြီး ဝန်ခံထားတာလား … ဒါဆိုရင် စာရေးဆရာက ဘယ်သူလဲ … ဒါမှမဟုတ် နံပါတ် ၂၃ကို စွဲလန်းလာရာကနေ စိတ်ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား …. ဇာတ်လမ်းကို ကြည့်နေရင်းနဲ့ လူက ဇာတ်ရှိန်နဲ့အတူ မျောပြီးတော့ကို ပါသွားမှာပါ။ ဒီရုပ်ရှင်က Leonardo DiCaprioeရဲ့ Shutter Islandနဲ့တောင် ဆင်တယ်လို့တောင် ခံစားမိပါတယ်။ မတူတာကတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခုကိုလည်း ပေးသွားတာမို့လို့ ရုပ်ရှင်တစ်ခုရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2007
The Number 23
The Riot (or) Sulis (2023)
6.5

The Riot (2023) IMDb Rating (6.5) လျှပ်စစ်မီးမရှိ တယ်လီဖုန်းလိုင်းတွေမရှိတဲ့ခေတ်ဟောင်းကနေ ခေတ်သစ်ကိုကူးလာမယ့် ၁၉ရာစုမှာ ဒီလျှပ်စစ်မီးတွေ တယ်လီဖုန်းလိုင်းတွေအတွက် လိုအပ်တဲ့ကြေးနီကို Companyကြီး‌တွေက အပြိုင်အဆိုင် တူးထုတ်ခဲ့ကြတယ်။ ဒီလိုအပြိုင်အဆိုင်တွေကြားမှာ ငထွားခါးနာခဲ့ရတာတော့ မိုင်းလုပ်သားတွေပါပဲ။ Companyကြီး‌တွေရဲ့ လောဘနောက်မှာ မိုင်းလုပ်သားတွေဟာ နှစ်ပဲခြောက်ပြားငွေနဲ့ အသက်ကိုရင်းပြီး တူးနေရတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒီဒဏ်တွေကို ခံနေရတဲ့ မိုင်းလုပ်သားတွေဟာ သူတို့အခွင့်အရေးကို သူတို့သိလာပြီး ပုန်ကန် ဆန္ဒပြကြရာက မိုင်းတွင်းလုပ်ငန်းတွေရဲ့ အချိုးအကွေ့တစ်ခု၊ အလုပ်သမားအားလုံးရဲ့ ပြယုဂ်တစ်ခုဖြစ်လာခဲ့တဲ့ ဆန္ဒပြမှုတစ်ခုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.5 1907 107 mins
The Riot (or) Sulis (2023)
The Nanny Diaries
6.2

The Nanny Diaries (2007) မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။ အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ဖြစ်မိတဲ့ အန်နီဟာ အလုပ်ထွက်ချင်ပေမဲ့ မထွက်နိုင်ခဲ့ပါဘူး။ အလုပ်ကြောင့် ရည်းစားမထားရဲခဲ့ပေမဲ့ အန်နီဟာ သူ့အလုပ်ရှင်အိမ်နားမှာနေတဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ အဲဒီအခါ သူရုန်းမထွက်သေးတဲ့ အလုပ်နဲ့ ချစ်သူကြားမှာ ဗျာများရပါတော့တယ်။ အဲဒီလိုနဲ့ အန်နီတစ်ယောက် ကလေးထိန်းဘဝက လွတ်မြောက်နိုင်မှာလား၊ သူ့ကိုယ်သူ ရှာဖွေသိရှိသွားမှာလား၊ ဂရေယာ့အတွက်ရော ဘာတွေလုပ်ပေးမလဲ၊ ချစ်သူနဲ့ရော ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းတင်ကောင်းတာမဟုတ်ဘူးနော်၊ မင်းသားသမီးတွေလည်း ကြည့်လိုက်ပါဦး၊ ညှို့အားပြင်း ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson နဲ့ အခုအချိန်မှာ Captain America ဇာတ်ကောင်အဖြစ် လူသိများနေတဲ့ ဟောလိဝုဒ်မင်းသား Chris Evans တို့က အဓိက ပါဝင်ထားပါတယ်။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအခန်းပိုများပါတယ်။ ဟာသနဲ့ အတွေးလေးတွေပါတဲ့ ပေါ့ပေါ့ပါးပါး Comedy-Drama ကြိုက်သူတွေအတွက်တော့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး ပါပဲ။ (ရုပ်ရှင်အညွှန်းကို Cherry Mon မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Lone Lone မှ တင်ဆက်ထားပါတယ်။)

Comedy
6.2 2007 106 mins
The Nanny Diaries
Lovedale
6.3

Lovedale(2025)”မာယာတောအုပ်” ========================== အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော တောတွင်း ဆာဗိုက်ဗယ်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ လပ်ဗ်ဒေးလ်ဆိုတာကတော့ အိန္ဒိယနိုင်ငံ နာလ်ဂီရီတောင်တန်းတွေပေါ်မှာရှိတဲ့ တောအုပ်ထဲက ခရီးသွားတွေသဘောကျကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လေယာဉ်မယ်ဖြစ်သလို မော်ဒယ်တစ်ယောက်လည်းဖြစ်တဲ့ အီရှာဟာ သူငယ်ချင်းတွေကတဆင့်သိတဲ့ ရူဘန်ဆိုတဲ့ နာမည်ကြီးဓာတ်ပုံဆရာနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် အဲဒီ တောနက်ထဲက လပ်ဗ်ဒေးဆိုတဲ့နေရာကို သူငယ်ချင်းတွေ အဖွဲ့လိုက် အပန်းဖြေခရီးသဘောမျိုး သွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဓာတ်ပုံရိုက် အပန်းဖြေခရီးက မျှော်လင့်ထားသလိုမဟုတ်ဘဲ တောနက်ထဲမှာ ထင်မထားတာတွေဖြစ်လာတဲ့အခါမှာတော့ သူတို့ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ပရိသတ်တွေ သည်းထိတ်ရင်ဖို မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Animation • Adventure • Comedy • Family • Fantasy
6.3 2025 106 mins
Lovedale