YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Heartstrings(2011)EP5.NF.WEB-DL.720P(CM).mp4

701.82 MB 720p video/mp4 181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Myth
6.3

တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။ File size…(3.5 GB)/ (1.5 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:00:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Nyeinsaeya Aung Translated by LK

Drama
6.3 2005 118 mins
The Myth
Confessions of a Hitman
6.7

ကြေးစားလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဆိုင်ကယ် ဂိုဏ်းအတွက် အလုပ်လုပ်ပေးပြီး မြေအောက်လောကမှာသာမက ရဲ‌တွေကိုပါ ဆယ်စုနှစ်များစွာ လက်တစ်လုံးခြား လှည့်ဖျားခဲ့သူပါ...သူဟာ 25 နှစ်ကျော်မှ လူသတ်မှု 28 မှုအတွက် အဖမ်းခံခဲ့ရပြီး ဒီဇာတ်ကားဟာ  ဖြစ်ရပ်မှန်ကိုအခြေခံ ပြန်လည်ရိုက်ကူးထားတာပါ ။အစကနေအဆုံးကို ဇာတ်ကားရဲ့နာမည်လေးအတိုင်း အဓိကဇာတ်ဆောင်က ဖြောင့်ချက်ပေးရင်း ဆွဲခေါ်သွားမှာပါ။ သူဟာသူ့အမေရဲ့ ချစ်ခြင်းမေတ္တာ တရားတွေကို မရခဲ့သလို ကျောင်းမှာလည်း IQ level က တော်တော်ကိုနိမ့်ပါတယ်။ နောက်အဲ့လိုကောင်းလေးတစ်ယောက်ကနေ ဝါရင့် သွေးအေးကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပုံနဲ့ ကြေးစားလူသတ်သမားတစ်ယောက် သူ့ရဲ့ပြစ်မှုတွေအတွက် ဘယ်လိုများဖြောင့်ချက်ပေးမလဲဆိုတာတော့ File Size : (1.7GB) (467MB) and (187MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Action • Drama
6.7 2022 109 mins
Confessions of a Hitman
Piggy
6.7

ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို အနိုင်ကျင့်ခဲ့တဲ့ မာကာကို ကားထဲထည့်ပြီး သွေးသံတရဲရဲနဲ့ ခေါ်သွားခဲ့တယ်။ ဆာရာကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာလို ဆက်ဆံတဲ့သူကို ဘာလို့ ကယ်တင်ပေးရမှာလဲလို့ ဆာရာ တွေးကြောက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ဒီလိုနဲ့ အလောင်းတွေ ပေါ်လာတဲ့အချိန် ရဲတွေလည်း ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ? အပြစ်လွတ်မှာလား? လူသတ်သမားနဲ့ ပူးပေါင်းမှာလား? လူတစ်ယောက်ရဲ့ ပိန်တာ ဝတာကို အလွန်အကျွံ နှိမ်ချ အနိုင်ကျင့်သူတွေရဲ့ နိဂုံးက ဘာဖြစ်မလဲ? အနိုင်ကျင့်ခံရသူရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်ထိ အန္တရာယ်များနိုင်မလဲ? စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 1.5GB, 1GB, 412MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 30mins Genre              : Drama, Horror, Thriller Translated by Kit Encoded by Kinnov

Drama
6.7 2022 99 mins
Piggy
The Overnight
5.3

န်မာနိုင်ငံက နာမည်ကျော် စာရေးဆရာကြီးတစ်ယောက်ကို ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီကားပြည့်စုံလားမေးတော့ ပြန်ပြောဖူးတယ်။ "ဟ မင်းဟာက ပန်းချီလေ။ ပြည့်စုံတယ် ဘယ်ရှိမလဲ။ အနုပညာဆိုတာ မပြည့်စုံဘူး။ ပြည့်စုံနေမှတော့ မင့်ဟာက အနုပညာမဟုတ်ဘဲ ဘုရားဖြစ်သွားမှာပေါ့ကွ" တဲ့။ ရုပ်ရှင်ဆိုတာလည်း အနုပညာပါပဲ။ ဘုရားမဟုတ်ပါဘူး။ ခြောက်ပြစ်တော့ ကင်းမနေပါဘူး။ တစ်ယောက်အတွက်ကောင်းတဲ့ကားက တစ်ယောက်အတွက်ကောင်းချင်မှလည်း ကောင်းမှာမလား။ နှလုံးသားနဲ့ ဆံ့သလောက် ယူလိုက်ကြတာပေါ့။ ဒီရုပ်ရှင်ဟာလည်း ဘုရားမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်လေး တစ်ချို့ရှိပါတယ်။ အားသာချက်တစ်ချို့လည်းရှိပါတယ်။ ဇာတ်လမ်းကတော့ စတန်လေကူးဘရစ်ရဲ့ The Shining လိုလိုပါပဲ။ ကားတစ်စီးနဲ့ အတွဲတစ်တွဲ ဟိုတယ်ကြီးတစ်ခုရောက်သွားတယ်။ အဲဒီကနေ ဇာတ်တွေဆက်ရှုပ်တယ်။ ဒီမှာတော့ နတ်ဆိုးတွေ ဘာတွေပါပါတယ်။ ဇာတ်ကိုလည်း မထင်ထားတာတွေတော့ လှည့်ပါတယ်။ ကူးဘရစ်ရိုက်ခဲ့တဲ့ A Clockwork Orange စာအုပ်ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ကူးဘရစ် Reference တွေလည်း တော်တော်ပါပါတယ်။ သူ့ရဲ့အားသာချက်ကတော့ မင်းသမီးရဲ့ ရှေ့ပိုင်းနဲ့ ‌နောက်ပိုင်းအလှကို ရှင်းရှင်းဘွင်းဘွင်းသေချာပြသွားတာပါပဲ။ မင်းသမီးကလည်း လှတယ်ဆိုတော့ ဒီကားကောင်းတယ် သတ်မှတ်ရပါလိမ့်မယ်။ Size - 1.01GB, 567MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
5.3 2022 90 mins
The Overnight
Artemis Fowl
5.6

ဒစ်စနေးရဲ့ ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။ ဒါကလည်း fantasy အမျိုးအစားပါပဲ။ အာတီမစ် ဖောင်း ဆိုတဲ့ နာမည်နဲ့ သားအဖေ နှစ်ယောက် ရှိပါတယ်။ အဖေက ရှေးဟောင်း ပစ္စည်းတွေ ရောင်းဝယ်တဲ့သူ။ သားကတော့ ဉာဏ်ကြီးရှင်ပါ။ တစ်နေ့မှာ အာတီမစ်စီနီယာ အဖမ်းခံလိုက်ရပြီး အာတီမစ်ဂျူနီယာဆီကို ဖုန်းဆက်လာပါတယ်။ အဖေကို ပြန်ကယ်ချင်ရင် အောကျူလို့ ဆိုတဲ့ ပစ္စည်းနဲ့ လာရွေးခိုင်းတာပါ။ တကယ်တော့ အောကျူလို့ဆိုတာ နတ်မှင်စာ တွေ၊ လူပုတွေ၊ ဂေါ်ဘလင်တွေရဲ့ ကမ္ဘာက အစွမ်းအထက်ဆုံးလက်နက်ပါပဲ။ ဒီတော့မှ အာတီမစ် ဂျူနီယာဟာ သူ့အဖေပြောခဲ့တဲ့ ပုံပြင်တွေဟာ တကယ်ဆိုတာ သိလာပြီး။ နတ်မှင်စာလက်နက် ကို ရှာဖို့ ကြံစည်ရပါတော့တယ်။ နတ်မှင်စာတွေကလည်း ဒီလက်နက် အခိုးခံထားရပြီး အသည်း အသန် ရှာဖွေရေးလုပ်နေချိန်မှာ တိုက်ပွဲတွေဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  WebRip Duration - 1 hr 35 min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Fantasy, Family Source : 1080p.WebRip Translator – Littleneo Encoder – San Win Maung

Drama • Mystery
5.6 2020 94 mins
Artemis Fowl
Way Back Home
7.5

Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ် Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့ Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီး Bae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင် ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း … ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့ အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။ သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ ဂင်ဂျုံးဘယ်ရဲ့ ဇနီးဖြစ်သူဟာ ပဲရစ်ကို ကျောက်ရိုင်းတုံး မှောင်ခိုတင်သွင်းရုံနဲ့ ပိုက်ဆံတွေအများကြီးရမဲ့အလုပ်ကို လုပ်ကြည့်ဖို့ဖြစ်လာပါတော့တယ် .. သို့သော် သူမ ထင်သလို ကျောက်ရိုင်းတုံး မဟုတ်ဘဲ ကိုကင်းတွေ ဖြစ်နေတဲ့အခါမှာတော့ …. ဒီကားလေးက IMDb rating 7.5/10 ရရှိထားပြီး ဆုပေးပွဲ ၈ ခုမှာ ၃ ဆုရထားတဲ့အပြင် ဆန်ကာတင်စာရင်းတွေ တစ်သီကြီးဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ငွေသာအရာရာဖြစ်တဲ့လောကကြီးထဲ အိမ်နဲ့ဝေးလံလှတဲ့ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေကို ခါးစည်းခံကျော်ဖြတ်ပြီး ခင်ပွန်းဖြစ်သူနဲ့သမီးလေးဖြစ်သူဆီ ပြန်လာဖို့လမ်းကို ရှာဖွေနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar ကနေ ကွာလတီအ‌ကောင်းစားနဲ့ တင်ဆက်ပေးထားတာကြောင့် ပြန်လည်ခံစားကြည့်ရှုလိုက်ရအောင်ပါ…. File size… 2.04 GB / 846 MB Quality… Blu Ray 1080p / 720p Format… mp4 Duration…. 2 hr. 11 min. Genre ….. Prison Setting, Drug Trafficking, Family Relationship, Filmed Abroad, Based On A True Story Subtitle…. Myanmar Subtitle (Hard Sub) Translated by …. Su Sandi Encoded by …. AHtet

Drama • Thriller • Mystery
7.5 2013
Way Back Home
Richie Rich
5.4

Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 960MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 35Min Genre – Slapstick, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 1994
Richie Rich
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Serpent’s Path
6.2

Serpent’s Path (2024) IMDb Rating (6.2) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wira Aung

Drama
6.2 2024
Serpent’s Path
Watchmen: Chapter I
7.2

**”Watchmen: Chapter I” (2024)** ဟာ Alan Moore နဲ့ Dave Gibbons တို့ရဲ့ အထင်ကရ ဂရပ်ဖစ်ဝတ္ထုကို ကာတွန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အချိန်ကာလ တလှည့်စီဖြစ်ပျက်နေတဲ့ ၁၉၈၅ ခုနှစ်မှာ လူမှု အသိုင်းအဝိုင်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် စူပါဟီးရိုးတွေကို တရားမ၀င်သောကမ္ဘာတခုမှာ ဖြန့်ကြက်ထား တာပါ။ ‌ဇာတ်လမ်းရဲ့အဖွင့်မှာတော့ လူရွှင်တော် “The Comedian” လို့ လူသိများတဲ့ အစိုးရကထောက်ပံ့ထားတဲ့ စူပါဟီးရိုးတစ်ဦး သတ်ဖြတ်ခံရမှုနဲ့အတူ စတင်ထားပါတယ်။ Rorschach က ဒီအမှုကိုလိုက်တဲ့အခါမှာ အမှုက ပိုမိုနက်ရှိုင်း လာတာနဲ့အမျှ Nite Owl၊ Silk Spectre၊ Dr. Manhattan နဲ Ozymandias အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပါ၀င်တဲ့ ရှုပ်ထွေးတဲ့ ပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်တွေ့ရှိ ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုဟာ သူတို့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ရုံတင်မက သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် အလားအလာရှိပြီစ ကမ္ဘာကြီးတခုလုံးကို ပြာပုံအတိဖြစ်စေမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကပဲ ဒီဇာတ်ကားရဲ့အနှစ်သာရကို ဆက်လက်ကြည့်ရှု ခံစားကြည့်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ PHONIX ဖြစ်ပါတယ် ) File size…1.55GB / 689MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 23m Genre ….. Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by PHONIX

Mystery • Thriller • Horror
7.2 2024 84 mins
Watchmen: Chapter I
Killer Influence
3

Killer Influence (2024) Influencer အရှိန်အဝါကြီးသူ(အင်ဖလူအန်ဇာ)တွေဆိုတာ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွက်၊ အင်စတာဂရမ်၊ တင်ဒါ၊ တစ်တော့ခ် စတာတွေကနေ ကုန်ပစ္စည်းတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးတာ၊ ရောင်းပေးတာတွေ လုပ်ပေးရသူတွေပါ။ အဲဒီလို လုပ်နိုင်ဖို့ကို သူတို့ကိုယ် သူတို့ နာမည်ကြီးလာအောင် ကိုယ်ပိုင်ဇာတ်နဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အရင်ဆုံး လူသိများလာအောင် လုပ်ရပါသေးတယ်။ ပရိသတ် အားပေးမှု ကျမသွားအောင်လည်း ထိန်းသိမ်းရပါသေးတယ်။ စိတ်ဖိအားအလွန်များသလို အချိန်ပြည့်လဲ အသစ်အသစ်တွေချပြနိုင်အောင် ဖန်တီးနေရပါတယ်။ အဲဒါအပြင် သူတို့ကို အကြောင်းမဲ့ နာမည်လိုက်ဖျက်တတ်သူတွေ၊ စော်ကားချင်သူတွေ Harasser၊ စွဲလမ်းလွန်ပြီး တကောက်ကောက်လိုက် နှောက်ယှက်တတ်သူ stalker တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ အခု ရုပ်ရှင်မှာတော့ influencer တစ်သိုက် ဖန်တီးမှုအသစ်လုပ်ဖို့ ပြင်သစ်နိုင်ငံ၊ ကျေးလက်ဒေသလေးတစ်ခုကိုသွားပြီး ဗီဒီယိုအသစ်တွေဖန်တီးဖို့သွားခဲ့တာပါ။ ဇာတ်လမ်းပြောဆရာမ အဲလက်စ်က ဦးဆောင်ပြီး သူငယ်ချင်း influencer တွေဖြစ်တဲ့ အကဆရာဆမ် ခေါ် ဆမ်မြူဝယ်၊ နာလာအီးဇီးမိတ်ကပ် ခေါ် နာလာ၊ တကိုယ်တော်မင်းသမီးလေး ၆၉ ခေါ် မာရီတို့အပြင် လူမှုမီဒီယာတောင်မသုံးတတ်တဲ့ သူမရဲ့ချစ်သူ ကာမီးလ်တို့ကို ခေါ်ပြီး သူမပိုင် ကျေးလက်အိမ်လေးတစ်ခုကို သွားခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို Location ထည့်လိုက်မိရာကနေ အနီးနားက စိတ္တဇ Stalker တစ်ယောက်ကို ဖိတ်ခေါ်မိရက်သားဖြစ်သွားပြီး သူတို့ဖန်တီးနေတဲ့ Horror story ထဲမှာ သူတို့ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မိရက်သား ဖြစ်သွားခဲ့ပုံများကို ရှုစားရမှာပါ။ (အမျိုးသမီးချင်း) လိင်ဆက်ဆံခန်း၊ အရက်သေစာ ဆေးဝါးသုံးစွဲမှု၊သတ်ဖြတ်ခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သေးသူများ ဆင်ခြင်သင့်ပါသည်။ ၂၀၂၀ခုနှစ်ထုတ် The Revolution မင်းသမီး Marilou Aussilloux၊ အစ္စရေး နာမည်ကျော် မင်းသမီး Joy Rieger၊ ပြင်သစ်သရုပ်ဆောင်Ouidad Elma၊Alix Gavoille၊ Lea Julianတို့ ပါဝင်ထားပြီး Abel Dananက ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။ Jury Prize မှာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဂီတ နဲ့ Joy Rieger က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:21:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • War
3 2024 84 mins
Killer Influence
Aire: Just Breathe

(2024) မှာ ထွက်ရှိခဲ့တဲ့ “Aire: Just Breathe” ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးသွားခဲ့ချိန်မှာ ကမ္ဘာပေါ်မှာသာ ကျန်နေခဲ့သူ တာန်ယာနဲ့ လူလုပ်အသိဥာဏ် ဗီဒါတို့ကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ်။ သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မှ မမြင်ရတော့တဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တာန်ယာဟာ လူသားမျိုးဆက် မျိုးသုဥ်းမသွားအောင် AIဖြစ်တဲ့ ဗီဒါအကူအညီနဲ့ ဖန်လုံအိမ်လို့ ခေါ်ရမယ့် သူတို့ရဲ့ ဂေဟကမ္ဘာ အသေးစားလေးထဲမှာ ကြိုးစားလျက် ရှိပါတယ်။ AI အကူအညီနဲ့သာ အဖော်ပြု တောက်လျှောက်နေထိုင်ခဲ့တဲ့ တာန်ယာတို့နေထိုင်ရာကို အမျိုးသားတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတချို့ကြောင့် လူသားဖြစ်သူ သူစိမ်းနဲ့ လူလုပ်အသိဥာဏ်ဖြစ်တဲ့ ဗီဒါတို့ရဲ့ အားပြိုင်မှုတစ်စွန်းတစကိုလည်း မြင်နိုင်ပါတယ်။ ဆိုတော့ လေထုညစ်ညမ်းလွန်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က သိပ္ပံပညာရှင် တာန်ယာ၊ လူလုပ်အသိဥာဏ် ဗီဒါနဲ့ သူစိမ်းလူသားတို့ကြားက Sci-fi dramaကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(528 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Romance, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

0 2024 91 mins
Aire: Just Breathe
Việt and Nam Trong lòng dat
6.4

Việt and Nam (2024) IMDb Rating (6.4) / Rotten Tomatoes (100%) ဗီယက်နမ်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အချင်းချင်းချစ်ကြိုက်နေတဲ့ ကျောက်မီးသွေးမိုင်းတွင်း လုပ်သားလေးနှစ်ယောက်ရဲ့ အကြောင်းပါ။ တစ်ယောက်ကတော့ တနယ်တကျေးကို စွန့်စားသွားပြီး ဘဝသစ်ထူထောင်ချင်နေပြီး နောက်တစ်ယောက်ကတော့ ဗီယက်နမ်စစ်ပွဲအတွင်းက ပျောက်ဆုံးနေတဲ့ သူ့အဖေကို ရှေ့တန်းစစ်မျက်နှာပြင်ဟောင်းအထိ သွားရှာချင်သူပါ။ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ကိုယ်စီပြည့်စုံနိုင်မနိုင်ကတော့ ရှူစားကြည့်ပါ။ ထူးခြားချက်ကတော့ ၂နာရီဝန်းကျင်ရုပ်ရှင်တစ်ကားလုံး ဇာတ်ဆောင်တွေရဲ့ နာမည်ကို တစ်လုံးမှ ခေါ်မသွားပါဘူး။ ဇာတ်လမ်းက သိပ်မဆန်းပေမယ့် တင်ပြပုံ၊ ဗီယက်နမ်လူမျိုးတွေရဲ့ ရိုးရာ၊ ယုံကြည်မှု၊ ဗီယက်နမ်စစ်ပွဲရဲ့ အနိဌာရုံ စတာတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ LGBTQ လိင်ဆက်ဆံခန်းပြကွက်တချို့ပါဝင်လို့ ကြည့်ရှုသူများသတိပြုပါ။ Thanh Hai Pham, Duy Bao Dinh Dao, Thi Nga Nguyen နဲ့ Viet Tung Le တို့က သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Minh Quy Truong ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာ ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု စသဖြင့် ဆုပေါင်း ၅ ဆုရထားသလို စကာတင် ၁၉ကြိမ်ဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(3.9 GB) / (1.7 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:05:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

Romance • Comedy
6.4 2024 124 mins
Việt and Nam Trong lòng dat
Veni Vidi Vici
5.7

Veni Vidi Vici (2024) IMDb Rating (5.7) / Rotten Tomatoes (57%) ဩစတြီးယားလူမျိုး ဒါရိုက်တာ Daniel Hoesl နဲ့ Julia Niemann တို ရိုက်ကူးထားတဲ့ အမဲလိုက်ဇာတ်ကား (Satirical Black Comedy) တစ်ခုဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦးရဲ့ လူမဆန်တဲ့ ပျော်ရွှင်မှုတွေနဲ့ လူမှုရေး မညီမျှမှုတွေကို မီးမောင်းထိုးပြထားပြီး လူချမ်းသာတွေရဲ့ အာဏာလက်ဝါးကြီးအုပ်မှုကို ရှုတ်ချသရော်ထားတဲ့ အနုပညာမြောက် ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Amann မိသားစုက ကမ္ဘာ့အချမ်းသာဆုံး လူတန်းစားတွေထဲက တစ်စုဖြစ်ပြီး သူတိုရဲ့ စည်းစိမ်ဥစ္စာတွေကို အလွဲသုံးစားလုပ်တဲ့အပြင် လူသတ်တာကိုပါ အမဲလိုက်ဂိမ်းတစ်ခုလို ကစားကြတယ်။ သူတိုရဲ့ လုပ်ရပ်တွေကို လူအများက သိပေမဲ့ ဥပဒေက သူတိုကို မထိပါးရဲကြဘူး။ ဒီလိုနဲ့ ဆိုးချင်သလောက်ဆိုးနေတဲ့ လူတိုင်းအားကျရတဲ့ လူချမ်းသာစီးပွားရေးရှင်မိသားစုနဲ့ တရားမျှတမှုကို လိုချင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ပေါ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ လူချမ်းသာတွေရဲ့ လက်ဝါးကြီးအုပ်မှု၊ အထက်တန်းလွှာတွေရဲ့ လူမဆန်တဲ့ အပြုအမူနဲ့ ဆင်းရဲသားတွေအပေါ် နှိပ်စက်မှုတွေကို ရှုတ်ချထားတဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.8 GB) / (860 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:22:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5.7 2024 86 mins
Veni Vidi Vici