YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Good.Job.2022.EP5.WEB-DL720P.PP(CM).mp4

436.41 MB N/A video/mp4 2461 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
The Honeymoon
4.6

ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ် အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ် အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲ ဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါ ဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Comedy • Thriller
4.6 2022 97 mins
The Honeymoon
12 Hours

တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။ အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာ သမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာ ခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီး တစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။ နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာ အဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။ တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကို ကစားနေမှန်းမသိကစားနေကြရတာပါ။ မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာ အသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။ Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲ Jackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 24 min Genres : Action , Crime , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK

Horror
0 2022 83 mins
12 Hours
Journey of Love 18+
6.5

Journey of Love 18+ (2023) IMDb – 6.6/10 ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်…. ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)

Drama • Horror • Romance
6.5 2023 123 mins
Journey of Love 18+
72 Hours – Operation Gold
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာ အမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊ လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊ အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကို လိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး စစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာ ဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။ ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ…… အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။

5.9 2023
72 Hours – Operation Gold
The Palace
5.4

The Palace (2023) Black Comedy ဇာတ်ကားလေးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာကြီးတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ ခံထားရပြီး Box Office မှာလည်း ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ဇာတ်ကားပါ။ ဒါပေမဲ့ ဒါရိုက်တာက ရုပ်ရှင်လောကမှာ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရွှေဥကြီးတစ်လုံးဖြစ်တဲ့ Rosemary’s Baby ဇာတ်ကားကို မွေးထုတ်ပေးခဲ့သူ Roman Polanski ပဲဖြစ်ပါတယ်။ China Town, Macbeth, The Pianist, Oliver Twist တို့လို ဇာတ်ကားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာအနေနဲ့ ငါမအိုသေးလို့ ဟစ်ကြွေးနိုင်လောက်တဲ့ ပညာစွမ်းတွေကို ဒီဇာတ်ကားမှာ ပြသွားပေမဲ့ ဇာတ်ညွှန်းကြောင့် ဒီဇာတ်ကားက ဒီလောက်ထိ အခြေအနေဆိုးသွားတာလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လို Black Comedy ကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ သရုပ်ဆောင်တွေကလည်း Old but Gold လို့ ပြောလို့ရတဲ့ ထိပ်တန်းသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ မညှာတမ်းပြောရရင် အဘိုးကြီးအဘွားကြီး ဇာတ်ကားပေါ့ဗျာ။ မပေါက်ရတဲ့ အကြောင်းအရင်းထဲမှာ အဲဒါလည်း ထည့်တွက်လို့ရလောက်တယ်ဗျ။ ထောင်စုနှစ်တစ်ခုအသစ်တစ်ခုကို ကြိုဆိုတဲ့ Y2K ကာလက ဟိုတယ်ကြီးတစ်ခုမှာ လုပ်တဲ့ ဘီလျံနာတစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို အခြေတည်ထားပါတယ်။ နှစ်ပတ်လည်ကို လာတက်တဲ့ ဧည့်သည်လူ့မလိုင်အသိုင်းအဝိုင်းရဲ့ သောက်တလွဲကိစ္စတွေကို ဒိုင်ခံဖြေရှင်းနေရတဲ့ ဟိုတယ် မန်နေဂျာရဲ့ နှစ်သစ်ကူးအကြိုနေ့အကြောင်းကို သရော်တော်တော်ပုံစံနဲ့ ပြထားတာပါ။ မကြိုက်ကြရင်တောင် ကြည့်ရတာ မတန်မယ့် ဇာတ်ကားမျိုးတော့ မဟုတ်တာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 975MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction • Romance
5.4 2023 100 mins
The Palace
Verdict
7.4

ဒီကားလေးကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တာလေးကို လက်တွေ့ဆန်ဆန်လေးရိုက်ပြထားတဲ့ကားလေးတစ်ကားပါ…… ဂျွိုင်းဆန်းတို့စ် နဲ့ ဒန်တီဆန်းတို့စ်တို့က လင်မယားတွေပါ သူတို့မှာ အိန်ဂျယ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်……တနေ့ ဂျွိုင်းရဲ့ အဖေမွေးနေ့ပွဲအတွက် ဂျွိုင်းတို့မိဘတွေက အိမ်လာပြီးညစာစားဖို့ဖိတ်တော့ ဒန်တီကလည်း လိုက်မယ်ဆိုတာနဲ့ သူတို့သားအမိနှစ်ယောက် မိုးချုပ်တဲ့အထိစောင့်ခဲ့ကြတာပေါ့…… ဒီလိုနဲ့ အချိန်ကလည်းနောက်ကျလာ ဒန်တီကလည်း ပြန်ရောက်မလာတာကြောင့် သားအမိနှစ်ယောက်ပဲ ဂျွိုင်းမိဘတွေဆီသွားလိုက်ရတယ်……ပြန်လာတော့ ဒန်တီက သူ့ကို စာမပို့ရကောင်းလား မစောင့်ရကောင်းလားဆိုပြီး မူးမူးနဲ့ ရိုက်နှက်ပါလေရော အဲဒီမှာ ဂျွိုင်းရော သမီးလေး အိန်ဂျယ်ပါ ဒဏ်ရာတွေရသွားတော့ ရဲတိုင် ဆေးရုံရောက်တွေဖြစ်သွားတော့တာပေါ့….. အဲဒီမှာပဲ သူတို့နှစ်ယောက်ကြား တရားရင်ဆိုင်ရတာတွေ ပိုက်ဆံရဲ့ ပြောစကားတွေ လူတွေက ကိုယ့်ကိုယ်မှမထိရင် မနာတတ်တဲ့အကြောင်းတွေ အစုံစုံကို ကြည့်ရှုရင်း ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာလေးကို စောင့်စားကြည့်ရှုလိုက်ကြပါဦးလို့…… File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr.Anderson & Gerfield

History • Drama
7.4 2019 126 mins
Verdict
Crush

Crush (2024) ကြင်သူအလိုကျ Genre – Romance, Drama ကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင် ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့ အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊ အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့် ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2024 119 mins
Crush
The Fog
3.7

The Fog (2005) Genre – Horror, Mystery Halloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း လေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာ ရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊ မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီး ကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေး အဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ပဟေဠိကို ဘယ်လိုအဖြေရှာကြမလဲ အသက်အန္တရာယ်တွေထဲက ဘယ်လိုရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ နစ်ခ်နေရာကိုတော့ Smallville စီးရီးထဲက Superman မင်းသား Tom Welling ဖြစ်ပြီး အဲလိဇဘတ်နေရာကိုတော့ နာမည်ကြီး Taken မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော Maggie Grace တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ဆိုသူထားကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.9 GB / 880 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

3.7 2005
The Fog
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
7

“ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်) File Size : 1.7 GB, 843 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

Comedy
7 2010 93 mins
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
The Sonata
5.5

The Sonata (2018) ********************* ဒီဇာတ်ကားလေးကတော့ Freya Tingley နဲ့ Simon Abkarian တို့က အဓိကပါဝင်တင်ဆက်ထားတာပါ။ ဒီဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Rose Fisher က နာမည်ရခါစ တယောပညာအဖြစ်အသက်မွေးနေတဲ့ အချိန်မှာ အဖေ Richard Marlowe ဖြစ်သူ ဆုံးပါးသွားတဲ့သတင်းကို ကြားလိုက်ရတယ်။ အဖေဖြစ်သူက ငယ်ငယ်လေးကတည်းမိသားစုကို ပစ်ပြီး ရုတ်တရတ်ထွက်ထားခဲ့တဲ့အတွက် အဖေက သူ့ဘဝမှာမလိုအပ်ဘူးလို့ နှုတ်ကပြောနေပေမဲ့ စိတ်ထဲမှာတော့ မေတ္တာစိတ်ကရှိနေဆဲပေါ့။ ဒီလိုနဲ့ ရှေ့နေနဲ့သွားတွေ့တော့ ကျန်ရစ်ခဲ့တဲ့ သူပစ္စည်း​တွေရယ်၊ နောက်ဆုံးနေခဲ့တဲ့ ပြင်သစ်ကအိမ်သော့ကို လွှဲပေးလိုက်တော့ အဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ သူအဖေဘယ်သူမှ​မပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘယ်လိုအသက်ဝင်လာမလဲ။ သူအေးဂျင့်ဖြစ်တဲ့ Charles Vernaisကလည်း ဘယ်လိုတွေကူပေးရပြီး သူ့အကူအညီက ကောင်းရာဘက်ကို ဦးတည်သွားမလား… နှစ်ယောက်သားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Latvian National Film Award Lielais Kristaps for Best Fiction Film Cinematographerဆုရထားတဲ့ ကားလေးမို့ ပိတ်ကားပေါ်မှာ အတူစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်…) File size…1.35GB / 707MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Theint Aung Encoded by AHtet

Drama
5.5 2018
The Sonata
The Contract
5

ဒီဇာတ်ကားလေးကတော့ Comedy Family Drama အမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Gabrielle Dennis, Lil Duval, Caryn Ward တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Anna တို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်း လိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။ အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်း ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံး အနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024
The Contract
The Intruder
5.8

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ Thriller ဆန်ဆန် ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ မိုက်ကယ်ဆိုတဲ့ လူငယ်လေးက အခုမှ အိမ်အသစ်ကိုပြောင်းလာခဲ့တာပါ။ အိမ်အသစ်ကို ပြောင်းပြောင်းချင်းမှာပဲ ညဘက်တွေမှာ အိပ်မက် ဆိုးတွေမက်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို စတင်ကြုံတွေ့ လာရပါတော့တယ်။ စိတ်ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာပြီးတော့ အိမ်နီးချင်းဖြစ်သူ ဂျိုး ပြောပြတဲ့ အိမ်ဖောက်ထွင်းမှုအကြောင်းကို စိတ်စွဲကာ စိုးရိမ်စိတ်တွေလည်း စ ဝင်လာပါတော့တယ်။ မိုက်ကယ် မတိုင်ခင်က အိမ်မှာ နေခဲ့တဲ့ နန်စီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကလည်း ထူးဆန်းတဲ့အဖြစ် အပျက်တွေကြောင့်ပဲ အိမ်ကနေ ပြောင်းပြေးခဲ့ရတာပါ။ ဆိုတော့ ဒီဇာတ်ကားလေးထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေကရော ဘာကြောင့်ဖြစ်နေတာလဲ၊ မိုက်ကယ်ရဲ့ ညဘက်အိပ်မရတဲ့ရောဂါဟာ ဘာကြောင့်လဲ၊ ဘယ်လိုအရာတွေကို ကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အပိုအလိုမရှိအောင် တင်ဆက် ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကား တစ်ကားဖြစ်မှာ အသေအချာပါပဲ။ File size… (898MB) / (491MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
5.8 2024 101 mins
The Intruder
The Buildout
5

သဲကန္တာရတွေထဲမှာ သီးသန့်နေထိုင်ပြီး အခြေချဖို့ကြိုးစားနေတဲ့ ခရစ်ယာန်ဂိုဏ်းအဖွဲ့တစ်ခုရှိတယ်။ ဒေလန် ဟာ အဆိုပါ ခရစ်ယာန်ဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပေါ့။ ဒေလန် နဲ့ ကမ်မရွန်တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ကမ်မရွန်ရဲ့ အစ်မဖြစ်သူ ဒါကိုတာ ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဒါကိုတာ ရဲ့ ဆုံးပါးမှုကြောင့် ဒေလန် ရော ကမ်မရွန်ရောဟာ ပူဆွေးသောကရောက် နေခဲ့ကြတာပါ။ ဒီလိုနဲ့ ဒေလန်တစ်ယောက်လည်း သဲကန္တာရထဲမှာ သီးသန့် နေထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ နောက်ဆုံးအကြိမ်အဖြစ် ကမ်မရွန်ဖြစ်သူဟာ သူငယ်ချင်းဒေလန်ကို လိုက်ပို့ခဲ့ပါတယ်။ ဒီ ရုပ်ရှင်လေးကတော့ ဇာတ်ကားတစ်ကားလုံးကိုပေါ့ပေါ့ ပါးပါးလေးပဲတင်ဆက်ထားပြီး စွန့်စားခန်းခရီးကို အတူတူ ထွက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်နေရာကနေ ခံစား ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ။ သူငယ်ချင်းနှစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လို စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်။ File size… (945 MB) / (483 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

TV Movie • Comedy • Romance
5 2024 75 mins
The Buildout