YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP4.WEB-DL.1080P(CM).mp4

822.38 MB N/A video/mp4 239 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Extraordinary Hero Huang Jiguang
7.5

CM ရဲ့ chinese fan တွေအတွက် ဟွမ်ကျီကွမ်းဆိုတဲ့ သူရဲကောင်းရဲ့ အတ္ထုပတ္တိကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဟွမ်ကျီကွမ်း ဆိုတာ စီချွမ်းမှာ မွေးထားပြီး မတ်လ ၁၉၅၁ ခုနှစ်မှာ ကိုရီးယားစစ်ပွဲကို တရုတ်အမျိုးသားလုပ်အားပေးတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကိုရီးယားဖက်က ပေါင်းပြီး အမေရိကန်တပ်ကို တိုက်ခဲ့တယ်.... သူ့ဘဝနဲ့အတူ သူတို့ခေတ် သူတို့အခါက မရှိတဲ့လက်နက် မသိတဲ့စစ်ပညာကို အသုံးချပြီး အသက်ကိုလောင်းကြေးထပ်ပြီး တိုက်ပွဲဝင်ပြီး ရယူခဲ့တာမို့ မှတ်ကျောက်တင်ခံခဲ့ရသူတစ်ဦးပေါ့.... သူ့အကြောင်းကို version မျိုးစုံနဲ့ နိုင်ငံတကာက ရိုက်ကူးပုံဖော်ပြထားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တရုတ်ပြည်ဖွား တရုတ်သူရဲကောင်းဘဝကို တရုတ်က ပြန်လည်ရိုက်ကူးထားတာမို့ မမြင်ရတဲ့ရှုထောင့်နဲ့ မရိုက်ရဲတဲ့ ပြကွက်တွေကိုမြင်ရမှာမို့ အမျိုးသားစိတ်ဓာတ်နဲ့ တိုက်ပွဲမျှော်လင့်ချက်ကို တောင့်တသူ မက်မောသူတို့ ဒီကားလေးကို ဆက်ဆက် ဒေါင်းကြည့်လိုက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်.... Quality : WEB-DL 1080p,480p Format : mp4 Genres : Drama , War Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
7.5 2022
Extraordinary Hero Huang Jiguang
The Net
7.4

~ IMDb - 7.3/10, Rotten Tomatoes - 83% ~ ကင်ကီဒွပ်ဟာ ကိုရီးယားဒါရိုက်တာတွေထဲ လူ့ဘောင်အပြင်ဘက်ကဘဝလို့ ပြောရမယ့် ဘဝအကြောင်းတွေကို တစ်မူထူးခြားစွာ ရိုက်တတ်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူကို ဒီအခြေအနေ ဒီဘဝတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ များပါတယ်။ ဒီတစ်ခါမှာတော့ ကင်ကီဒွပ်ဟာ မြောက်ကိုရီးယား တံငါသည်တစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ပြသွားတယ်။ တံငါသည်အကြောင်း ဒီရုပ်ရှင်ဟာ ပင်လယ်လိုပဲ ရိုးရှင်းသလိုထင်ရပေမဲ့ ကျယ်ပြန့်တဲ့ ရုပ်ရှင်ပါပဲ။ မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးမျှားရင်း ပိုက်ကွန်ငြိလို့ မော်တာပျက်သွားပြီး တောင်ကိုရီးယားဘက်ထဲ မျောလာခဲ့တယ်။ တောင်ကိုရီးယားက အမျိုးသားထောက်လှမ်းရေးက သူ့ကို သူလျှိုဟုတ်မဟုတ် စစ်ဆေးတယ်။ သူကတော့ မြောက်ကိုရီးယားက သစ္စာဖောက်လို့ပြောမှာကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကို မကြည့်ဘဲ မျက်စိမှိတ်ပြီးပဲ လိုက်လာခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားတွေကို သိပ်မုန်းတဲ့ တောင်ကိုရီးယား စစ်ဆေးရေးအရာရှိ ပယ်ပယ်နယ်နယ် စစ်မေးတာခံခဲ့ရတယ်။ တောင်ကိုရီးယားကတော့ သူ့ကိုသူလျှိုမဟုတ်မှန်းသိသွားပေမဲ့ မြောက်ကိုရီးယားရဲ့အာဏာရှင်စနစ်အောက် ပြန်မသွားစေချင်ဘဲ သူတို့ဆီမှာပဲ အခြေချစေချင်တာမို့ အမျိုးမျိုးသိမ်းသွင်းခဲ့တယ်။ သို့ပေမဲ့ သူ့ကိုယ်သူပါ သတ်သေဖို့လုပ်လာတာမို့ရော မြောက်ကိုရီးယားဘက်က ဖိအားပေးလာတာမို့ရော မတတ်သာတဲ့အဆုံး သူ့ကိုမြောက်ကိုရီးယားပြန်လွှတ်ပေးလိုက်တယ်။ မြောက်ကိုရီးယားကတော့ သူ့ကို သောင်းသောင်းဖြဖြ ကြိုဆိုပြီးမှ တောင်ကိုရီးယား သူပုန်ပါဆိုပြီး ဆက်စစ်မေးတယ်။ ဒီလိုနဲ့ အသွားမှားတဲ့ တံငါသည်တစ်ယောက်ရဲ့ ဒုက္ခကို ကင်က ရိုးရိုးလေးပဲ ပြသထားခဲ့တယ်။ ဒါပေမဲ့လည်း ဇာတ်လမ်းအပြီးမှာတော့ အတွေးစတွေက ပင်လယ်လိုပဲ အကျယ်ကြီးပေါ့။ ဒီရုပ်ရှင်က ပြောရရင် ပတ်ချန်းဝတ်ရဲ့ Joint Security Area လိုမျိုးဇာတ်လို့တောင် ဆိုလို့ရတယ်။ တောင်နဲ့မြောက်ကြားက ချစ်ခြင်းတွေ အငြိုးတွေကို စစ်ကြောရေးခန်းနဲ့ အဓိကအခြေတည်ပြီး ပြသသွားတာကိုး။ ဘာကြောင့်လဲမသိ၊ ဒီတိုင်းဇာတ်တွေမှာတောင် အကြမ်းပတမ်းတွေ အရမ်းထည့်ရိုက်နေကျ ကင်ဟာ ဒီလို သူ့စိတ်တိုင်းကျ လုပ်ချင်သလိုလုပ်ပစ်လို့ရတဲ့ စစ်ကြောရေးကားမှာကျ မလိုအပ်ဘူးထင်လို့လားမသိ အရမ်းတော့ အကြမ်းပတမ်းတွေ မသုံးထားခဲ့ဘူး။ ကင်ဟာ သူအဖြေနဲ့သူရှိပြီးသား မေးခွန်းတွေကို ပရိသတ်ကို ကိုယ်ပိုင်အဖြေနဲ့ ပြန်ဖြေဖို့ ရိုက်တတ်တဲ့သူပါ။ ဒီရုပ်ရှင်မှာလည်း ပရိသတ်ကိုယ်တိုင်ဖြေရမယ့် မေးခွန်းတွေရှိနေမှာပါပဲ။ Ideology နှစ်ခုကြားက အပြိုင်အဆိုင်ဘာညာပေါ့။ ဘာဖြစ်ဖြစ်ပါ။ ဒီရုပ်ရှင်ဟာ "The brighter the light, the darker the shadow." ဆိုတဲ့ စကားကို အကျယ်ဖွင့်လိုက်တဲ့ ရုပ်ရှင်လို့ပြောလည်း မှားမယ်မဟုတ်ပါဘူး။ (အညွှန်းကို WiRa Aung မှ ရေးသား‌ပေးထားပါတယ်) Size - 1.8GB, 910MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated & Encoded by Y

Music • Romance • TV Movie
7.4 2016 114 mins
The Net
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
SWAT Criminals

မူးယစ်တိုက်ဖျက်ရေး မှုခင်းရဲကားလေးပါ….. ကျားသစ်အထူးရဲတပ်ဖွဲ့ ကျန့်ထိုကျွင်းဆိုတဲ့မူးယစ်ရာဇာကို ဖမ်းဆီးဖို့ကြိုးစားကြတဲ့အချိန်မှာ ကျန့်ထိုကျွင်းရဲ့ လှည့်ကွက်တွေကြောင့် ရဲဘော်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။ ရဲဘော်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့သူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် အားဟောင်ဟာ သူ့ကိုယ်သူအပြစ်တင်ပြီး ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။ နောက်(၂)နှစ်ကြာတဲ့အချိန်မှာ မူးယစ်ရာဇာဟာသူတို့မြို့ကို တစ်ဖန်ပြန်ရောက်လာပါတယ်။ အရပ်သားတစ်ယောက် အဖြစ်နဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြတ်သန်းလာတဲ့ အားဟောင်ဟာ ကျန့်ထိုကျွင်းကိုဖမ်းနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Action • Romance
0 2023 90 mins
SWAT Criminals
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
Eight Taels of Gold
7.1

Eight Taels of Gold (1989) ==================== IMDb Rating – 7.1/10 Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn’s Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။ အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ မိတ်အင် ချိုင်းနားပစ္စည်းတွေ ပြန်ရှာဝယ်တဲ့အခန်းပေါ့။ အမေရိကန်ပြန်ဆိုပြီး အထင်ကြီးမယ့် တရုတ်တွေကို သယ်လာတဲ့ မိတ်အင်ချိုင်းနားပစ္စည်းတွေနဲ့ ဂျင်းထည့်ဖို့ကြံနေတဲ့ တရုတ် ပေါ့။ နောက်ကျ မြို့ပေါ်က သူတို့အိမ်ကို ရောက်လာတယ် ဒါပေမဲ့ အဲဒီခေတ်က တရုတ် ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ့် ဥပဒေရှိခဲ့တယ်ထင်တယ်။ သူ့အစ်မရဲ့ ဒုတိယကလေးကို တိတ်တိတ်လေးမွေးဖို့ သူ့အဖေနဲ့အမေက သူ့အစ်မနဲ့အတူတူ ရွာဘက်ထွက်သွားတယ်တဲ့။ ဒီတော့ ရွာကအိမ်ကို လိုက်ဖို့ အကြောင်းဖန်လာတယ်။ ဒီမှာ တခြား အမေရိကန်ပြန်တစ်ယောက်နဲ့ လက်ထပ်ပွဲမတိုင်ခင် ရွာပြန်ပြီးသွားစောင့်ဖို့ လုပ်နေတဲ့ ဝမ်းကွဲညီမနဲ့တွေ့ကြတယ်။ သူတို့၂ယောက်ကာရိုက်တာက chemistryမိသလို ရိုမန့်တစ်ဖြစ်ရမယ့် ကာရိုက်တာအနေနဲ့ တည်ဆောက်ထားတာပေမဲ့ သူတို့၂ယောက်ရဲ့ကာ ရိုက်တာတွေကိုက American Dreamနဲ့ American Realityကို အပြိုင်ပြပေးနေတယ်။ အမေရိကန်ကို သိပ်အထင်ကြီးပြီး အမေရိကန်ရောက်ရင် ငါတော့ဘာလုပ်လိုက်မဟဲ့ဆိုတဲ့ တစ်ယောက်နဲ့ အမေရိကန်မှာ ခွေးလိုနွားလိုရုန်းကန်လာရတဲ့သူနဲ့ပေါ့။ သူတို့ကာရိုက်တာတွေ ကနေတစ်ဆင့်ပဲ လွတ်လပ်ခွင့်ပေးထာသလိုလိုနဲ့ ပြန်ချုပ်ထားတဲ့ တရုတ်ပြည်အခြေအနေ ကိုပါ နည်းနည်းပါးပါးကလိထားသေးတယ်။ ဒီလိုနဲ့ သူတို့အတူတူ ရွာပြန်ကြတယ်ပေါ့။ တလွဲတွေတော့ တော်တော်များပါတယ်။ ရွာပြန်ရောက်တဲ့အထိတော့ ဒီကားက လုံးဝဟာသ ကားပဲ။ ဒီလိုနဲ့ ရွာပြန်ရောက်သွားတယ်။ ရွာပြန်ရောက်တော့ အိမ်ထိပ်မှာ ထိုင်နေတဲ့ သူ့အဖေက သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီး တက်သွားတယ်။ နောက် သူ့အမေ သူ့အစ်မ သူ့ခွေးလေး စသဖြင့် သူပစ်ထားခဲ့တဲ့လူတွေရဲ့ အပျော်တွေကို ပြတယ်။ ဒီအခန်းတွေက ဝမ်းနည်းစရာနဲ့ ကြည်နူးစရာ ရောနေတယ်။ ဒီကားရဲ့ အီမိုရှင်နယ်အဖြစ်ဆုံးအခန်းတွေပဲ။ ဒါတော့ဆက်ပြောရင်ပေါ့သွားမှာမို့ ကြည့်တော့ သိပါလိမ့်မယ်။ Mabel Cheungရိုက်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးတရုတ်ရုပ်ရှင် ၁၀၀စာရင်းဝင် An Autumn’s Taleမှာ ချောင်ယွန်ဖတ်ဇာတ်ကောင်က သူပိုင်တဲ့တစ်ခုတည်း သော ပိုင်ဆိုင်မှုဖြစ်တဲ့ကားစုတ်ကြီးကိုရောင်းပြီး နာရီကြိုးဝယ်ပေးခဲ့တဲ့ အခန်းဟာ တော်တော် ထိသလို ဒီထဲလည်း ထိုနည်းလည်းကောင်း အခန်းပဲသုံးထားတယ်။ သူ့ Trilogyရဲ့ ပုံသေနည်း လိုလိုပါပဲ။ ဘာပြောပြော ထိတာတော့ထိပြန်တာပါပဲ။ Eight Taels of Goldဟာ သူ့Trilogy အငွေ့အသက်ထဲကပဲ သွားသလို သရော်တာတွေ ဟာသတွေလည်း တော်တော်ထည့်ထားတော့ အဖီးလ်သက်သက်မဟုတ်ဘဲ ဟာသကားအနေနဲ့လည်း တော်တော်ကြည့်ပျော်ပါတယ်။ artistic movieလည်း ဖြစ်သလို visualတွေ သီချင်းတွေလည်း တော်တော်လေးကောင်းပါတယ်။ သီချင်း တွေက Teresa Tengသီချင်းတွေလိုလိုပါပါပဲ။ ထုံးစံအတိုင်းပါပဲ ဟောင်ကောင်ရွှေခေတ်က ကားတွေဟာ ရိုးလောက်စရာ မရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.36 GB) / (1.0 GB) / (615 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….WiRa Aung Encoder……….SWM

TV Movie • Thriller • Crime • Drama
7.1 1989
Eight Taels of Gold
The Puppetman
5.3

The Puppetman (2023) ================= Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။ အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ… သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.0 GB) / (407 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

Drama
5.3 2023
The Puppetman
Khoobsurat
6.4

Khoobsurat (2014) “ကန့်လန့် ချစ်သူ” IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ် ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီး နာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ် မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါ တော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါ စရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး သူ့ရဲ့ ရွှတ်နောက်နောက် ကာရိုက်တာနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ အပေါက်အလမ်းမတည့်မှုက သူ့အတွက် တော်တော်လေး ဒုက္ခရောက်စေပါတယ် အနေနီးလို့ သူချစ်မိသွားတဲ့ ရေခဲတုံးမင်းသားလေးရဲ့ အချစ်ကို ရယူချင်ပေမယ့် မင်းသားမှာ ပိုင်ရှင်ရှိနေတာမို့ ဒေါက်တာ မလေးခင်ဗျာ ချစ်သူနဲ့ ပေါင်းဖက်နိုင်ပါ့မလား… ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး ဒီထဲက ဒေါက်တာမလေးရဲ့ အပြုံးအရယ် အလှနဲ့တင် သိပ်ကိုကြည်နူးစရာကောင်းနေပြီမို့ ကြည့်ရတာ တန်မယ့်ကားတစ်ကားပါ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.4 2014 130 mins
Khoobsurat
The Most Beautiful Wife
7.1

1965 ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခဲ့တဲ့ The most beautiful wife ဆိုတဲ့ အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Francesca ဆိုတဲ့ ကောင်မလေးဟာ ငလျင်ကြောင့် အိမ်မရှိတော့ပဲ ဆင်းဆင်းရဲရဲနေရပါတယ်။ တဖက်မှာလဲ မာဖီးယားဂိုဏ်းက Vito ဟာ ပိုက်ဆံရှိတယ်ဆိုပြီး ဆရာကြီးအထာနေတဲ့နေတဲ့သူပါ၊ တစ်နေ့တော့ Vito ဟာ Francesca ကို မြင်ပြီး သဘောကျသွားပြီး လက်ထပ်ခွင့်တောင်းပါတယ်။ အဲ့ဒီအခါ Francesca ကရော Vito ကို ကိစ္စတစ်ခုကြောင့် ငြင်းလိုက်ပါတယ်။ အဲ့လို ငြင်းလိုက်တဲ့ အခါ Vito က လက်ခံမလား။ သူတို့နှစ်ယောက် ဘာဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ivy Noe

Adventure • Horror
7.1 1970
The Most Beautiful Wife
Goodbye, Hello
5.4

Goodbye, Hello (2024) မိဘတွေ က ကွာရှင်းထားတဲ Nate Ryan ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အမေနဲ့ San Francisco မှာ လိုက်နေပြီးတော့ တဖက်မှာ Food delivery လုပ်ရင်းတဖက်မှာလည်း App တစ်ခုကို ဖန်တီးနေပါတယ်။ ဒီလိုနဲ့ တနေ့မှာ သူ့အဖေက ကင်ဆာ အဆင့် လေးနဲ့ သေအံ့ ဆဲဆဲ ဖြစ်နေကြောင်း သိလိုက်ရပြီးတော့Bundy Canyon ဆိုတဲ့ မြို့လေးကို ပြန်လာပါတော့တယ်။ အဲ့ဒီမှာ သူ့ရဲ့ ညီမရယ် သူ့ရဲ့ အဖေကို စောင့်ရှောက်ပေးနေတဲ့ သူနာပြုမ လေး တစ်ယောက်လည်း ရှိနေပါတယ်။ အဖေနဲ့ ငယ်ငယ်ကတည်းက အဆင်မပြေခဲ့တဲ့ Nate Ryan တစ်ယောက် သေခါနီး အဖေ နဲ့ကော အဆင်ပြေပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားလိုက်ပါ ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (1.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:37:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ko Dee

Drama
5.4 2024 97 mins
Goodbye, Hello
Marching Powder
5.5

ဟာသအချစ်ကား‌ကောင်းကောင်းလေးတွေ ကြိုက် နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ ဗြိတိသျှ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက် ပါတယ်။ဇာတ်ကားနာမည်ကတော့ Marching Powder ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ ရိုင်းစိုင်းတဲ့စကားလုံးတွေကို ပျစ်ပျစ်နှစ်နှစ် ရှယ်သုံးထားပြီး မူးယစ်ဆေးသုံးတဲ့အခန်းတွေကိုလည်း မှိုလိုပေါက်အောင် ရိုက်ကူးထားတဲ့အတွက် ကလေးသူငယ်တွေကြည့်ဖို့အတွက် တော့ မသင့်တော်ပါဘူး။ဒါပေမယ့် ဒီလိုအပေါ်ယံ ဆိုးသွမ်း မှုတွေကိုဖယ်ပြီး နှလုံးသားနဲ့ရှုစားလိုက်မယ်ဆိုရင်တော့ ကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် အသစ်အဆန်းတွေမြည်းစမ်းချင်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ယနေ့‌ခေတ်အိမ်ထောင်ဦးစီးအမျိုးသားတွေကိုကြည့် လိုက်မယ်ဆိုရင် လူပျိုလူလွတ်ဘ၀တုန်းက ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ သားနဲ့မယားနဲ့ဖြစ်လာပြီဆိုရင်ပြောင်းလဲပြီး လိမ္မာတဲ့အားကိုးရတဲ့ခင်ပွန်းကောင်း ဖခင်ကောင်းတွေ ဖြစ်သွားတတ်ကြတာများပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းကဆိုးခဲ့ပြီး သားနဲ့မယားနဲ့ ဖြစ်လာမှပိုဆိုးလာတယ်ဆိုတဲ့ ယောက်ျားတွေကလည်း ရှိနေပါသေးတယ်။အဲ့ဒီထဲမှာ ဒီကားရဲ့မင်းသားဖြစ်တဲ့ ဂျက်ခ်ဆိုတဲ့လူလည်းထိပ်ဆုံးကပါဝင်နေပါတယ်။ သူက မွေးကတည်းက ကိုကိန်းဆိုတဲ့စကားကိုစပြော လာခဲ့ပြီး ကြီးပြင်းလာခဲ့တဲ့တစ်လျှောက်မှာလည်း လက်ဖျားခါလောက်အောင်ဆိုးသွမ်းတဲ့လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။အခုဒန်နီဆိုတဲ့မိန်းမနဲ့ ဂျေဂျေဆိုတဲ့ သားလေးရထားတာတောင် သူ့မှာနဂိုဗီဇကမပျောက်ဘဲ ဆေးချလိုက် ရန်ဖြစ်လိုက်နဲ့ဖြတ်သန်းနေတဲ့အခါမှာတော့ မလွှဲသာမရှောင်သာ တရားရုံးနဲ့ရင်ဆိုင်လိုက်ရပါတော့ တယ်။အဲ့ဒီအခါမှာတော့ သူ့မိန်းမနဲ့ကလေးကို ဆုံးရှုံးရမဲ့ အပြင် ထောင်ကျဖို့ပါနီးလာတဲ့အခါမှာတော့ သူ့ဘ၀ တစ်လျှောက်လုံးဆိုးလာခဲ့သမျှတွေကိုပြုပြင်ပြီး လူသစ် တစ်ယောက်အဖြစ်နဲ့ဘ၀ကိုရှေ့ဆက်သွားနိုင်ပါ့မလား ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.07 GB) / (678 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre …..Acion , Comedy , Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Science Fiction • Horror • Thriller
5.5 2025 96 mins
Marching Powder
[18+] Pihit
5.3

Pihit (2025) IMDb Rating (5.3) အက်စ်တာဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ အတူနေချစ်သူ အလိုကျ ကော်ပိုရိတ်ဝန်ထမ်းဘ၀မှာ မွန်းကျပ်နေရပါတယ်။ သူ့ချစ်သူကလည်း သူ့အပေါ်တည်တည်တင်းတင်းဆက်ဆံတတ်ပြီး အလုပ်နဲ့ပတ်သက်ရင်အလျှော့မပေးတတ်တဲ့သူမျိုးပါ။ အဲ့ဒီလိုအနေအထားကနေ စိတ်ထွက်ပေါက်အဖြစ်ကြည့်တတ်တဲ့ တိုင်ပတ်အကဗီဒီယိုလေးတွေကတစ်ဆင့် အဲ့ဒီသင်တန်းတစ်ခုကို ကိုယ်တိုင်သွားတက်မိချိန်မှာ သင်တန်းနည်းပြဆရာမ လှလှလေးနဲ့ခံစားချက်ချင်းနားလည်လာပြီးသံယောဇဉ်တွေဖလှယ်မိချိန်မှာတော့..။ Mainstream လိုင်းကိုခြေတစ်ဖက်လှမ်းနေပြီဖြစ်လို့ကားရိုက်ကျဲသွားတဲ့ ဝါရင့် Vivamax Crush လေး Denise Esteban နဲ့အတူ Christy Imperial နဲ့ Angeline Aril တို့ပါပါဝင်အားဖြည့်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Horror • Fantasy • Romance
5.3 2025
[18+] Pihit
Madeline

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Madeline ဇာတ်ကားဟာ Ludwig Bemelmans ရဲ့ နာမည်ကျော် ကလေးစာအုပ်စီးရီးကို အခြေခံထားတဲ့ မိသားစုဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အဆောင်ကျောင်းတစ်ခုမှာ နေထိုင်တဲ့ မိဘမဲ့ကလေးမလေး Madeline ရဲ့ စွန့်စားခန်းတွေကို ပြသထားပါတယ်။ Madeline (Hatty Jones သရုပ်ဆောင်) ဟာ ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ သူမဟာ အဆောင်ကျောင်းတစ်ခုမှာ အခြားကလေးမလေးတွေနဲ့အတူ ဆရာမကြီး Miss Clavel (Frances McDormand) ရဲ့ စောင့်ရှောက်မှုအောက်မှာ နေထိုင်ပါတယ်။ တစ်နေ့မှာ ကျောင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ Lord Covington (Nigel Hawthorne) က ၎င်းကျောင်းကိုရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့အခါ Madeline နဲ့ သူမရဲ့သူငယ်ချင်းတွေဟာ ကျောင်းကို ကယ်တင်ဖို့ အစီအစဉ်တွေ ရေးဆွဲပါတော့တယ်။ ဒီဇာတ်လမ်းမှာ Madeline ရဲ့ ဉာဏ်ရည်ထက်မြက်မှု၊ သတ္တိရှိမှုနဲ့ သူငယ်ချင်းတွေအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ဓာတ်တွေကို ရောင်ပြန်ဟပ်စေပြီး ပဲရစ်မြို့ရဲ့ လှပတဲ့ရှုခင်းတွေနဲ့အတူ ဟာသလေးတွေ၊ စိတ်လှုပ်ရှားစရာတွေလည်း ပါဝင်ပါတယ်။ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ: Daisy von Scherler Mayer အဓိကသရုပ်ဆောင်များ: Hatty Jones, Frances McDormand, Nigel Hawthorne File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Family, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

0 1998
Madeline