YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Godzilla The Planet Eater 2018.mp4

782.94 MB 720p video/mp4 1777 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Clementine
4.8

Clementine (2019) ~ IMDb - 5.1/10, Rotten Tomatoes - 63% ~ အေးအေးဆွေးဆွေးလေး ကြိုက်တဲ့သူတွေအတွက် ၂၀၁၉ မှာထွက်ရှိထားတဲ့ Sydney Sweeney နဲ့ Otmara Marrero တို့ ပါဝင်တဲ့ ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။ အသည်းကွဲဒဏ်ရာကနေကုစားဖို့နဲ့ သူ့ရဲ့ခွေးလေးကိုပြန်ရဖို့ ကယ်ရန်တစ်ယောက် သူ့ရည်းစားဟောင်းဖြစ်သူရဲ့ ကန်စပ်အိမ်မှာသွားနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင် သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ငယ်ငယ်ရွယ်ရွယ် လာနာနဲ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခုရှိလာပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ချောမွေ့မနေဘဲ တစ်ဖက်က ပွင့်လင်းမှုမရှိတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေဖြစ်လာတတ်တဲ့အတိုင်း သူတို့ကြားမှာလည်း မပြေလည်မှုတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာကတော့ Lara Gallagher ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲဒါရိုက်တာကြီးမဟုတ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်ညွှန်းတွေက အတော်လေးကို အဆွေးဘက်ရောက်တယ်လို့ပြောနိုင်ပါတယ်။ စကားပြောရင် ဆက်တိုက်မပြောဘဲ ကြားထဲနားပြီး တစ်ယောက်‌နဲ့တစ်ယောက်စိုက်ကြည့်နေတာမျိုးတွေ၊ ကင်မရာကို ဖြည်းဖြည်းလေး ရွေ့သွားတာမျိုးတွေ၊ သံစဥ်ဆွေးဆွေးလေးတွေကို သင့်သလိုသုံး‌သွားတာတွေက အနုပညာမြောက်တယ်လို့ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားက အနုပညာဆန်ဆန် ဒရာမာဖြစ်တာကြောင့် ငြိမ့်ငြိမ့်လေးခံစားချင်တဲ့လူတွေမြည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 480MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 30Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Drama
4.8 2019 90 mins
Clementine
The Mystery of Her
6.8

IMDb Rating - 7.9/10 အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ The Mystery of Her ဆိုတဲ့ Teen Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ အထက်‌တန်းကျောင်းသူ တစ်ယောက်ဟာ ကားမတော်တဆမှု ဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျောင်းကအပြန်လမ်းပျောက်နေတုန်း သူ့ကို သိတယ်ဆိုတဲ့ ကင်မရွန်းဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့လေသည်။ တစ်ရက်တွင် အခန်းရှင်းရင်း ကဗျာတွေရေးထားသော စာအုပ်တစ်အုပ် သူ့အိပ်ရာအောက်မှ ထွက်လာလေသည်။ ထိုစာအုပ်အကြောင်းကို အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ရည်းစားဖြစ်သူ မေးကြည့်သော်လည်း ဘယ်သူမှမသိကြပေ။ ထိုစာအုပ်ထဲက ကဗျာတွေကို ဘယ်သူ့ကိုမှ မပြဘဲ တစ်ယောက်တည်း သိမ်းထားရင်း သူရေးတာရော ဟုတ်ရဲ့လားဟု ပဟေဠိဖြစ်နေလေသည်။ ကင်မရွန်းနဲ့ ထပ်မံဆုံတွေ့ဖြစ်ရာမှ ထိုစာအုပ်ရဲ့ ပဟေဠိကို ဖြေရှင်းဖို့ကြိုးစားရင်း မှတ်ဉာဏ်မပျောက်ဆုံးခင်က သူဘယ်လိုလူလဲဆိုတာ ပြန်လည်ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ ကောင်မလေးက ဘယ်လိုလူဆိုတဲ့ ပဟေဠိကို အယ်လီ၊ ကင်မရွန်းတို့နဲ့အတူ လိုက်ပါရှာဖွေကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin, Pyg တို့ဖြစ်ပါတယ်) File Size - (1.67 GB) / (830 MB) / (547 MB) Quality – WebDL 1080p / 720p/480p Duration - 1h 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Leonard Lin, Pyg Encoder – SWM

Comedy • Crime • Thriller
6.8 2022 109 mins
The Mystery of Her
Ouija: Origin of Evil
6.1

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီ ကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး ၂. သချိုင်းမြေပေါ်မှာ မကစားရ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ဝိဉာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်... တကယ်တော့ ဝိဉာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်.. တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်... သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဉာဉ်တွေ နိုးထလာပါတော့တယ်... သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်... ဝိဉာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား... ရောက်ရှိနေတဲ့ဝိဉာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ............................... လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ... သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်... Translated By Nyi Than Lwin Encoded By Joker.phs

Drama • Mystery
6.1 2016 99 mins
Ouija: Origin of Evil
[18+] Actress Sex Auditions

******************************** Cheonbong ဆိုတဲ့ဘဲက နာမည်သိပ်မရသေးတဲ့ ဒါရိုက်တာတစ်ဦး… အရည်အချင်းရှိတဲ့သူတွေဒုနဲ့ဒေးလောကမှာ သူ့လိုငချွတ်လေးအတွက် နာမည်ရဖို့ ထိုးဖောက်ဖို့ဆိုတာမလွယ်လှ..သို့ပေမဲ့ သူ့ရဲ့ရုပ်ရည် အပြောတွေကြောင့်တက်သစ်စမော်ဒယ်လေးတွေက အလွန်အထင်ကြီးကြတယ်… သူက classic မူဗီတွေဖန်တီးဖို့ ဝါသနာပါပေမဲ့လည်း အမြဲတစ်ခေတ်နောက်ကျသလို ဖြစ်နေတဲ့သူ့အတွက်ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ… ဒါ့ကြောင့် တခြားဒါရိုက်တာတွေသိပ်မလုပ်ဖြစ်တဲ့ လူငယ်တွေအတွက် sex ပညာပေး လောကီချမ်းသာ ဗဟုသုတ မျိုးစုံရစေမဲ့ ကားတွေဖန်တီးဖို့ကြိုးစားပါတော့တယ်… File size… 715MB& 261MB Quality… WEB-DL720p Format…mp4 Duration….1h 05min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Actress Sex Auditions
Reinventing Elvis: The 68′ Comeback
7.8

Reinventing Elvis: The 68′ Comeback (2023) ================================ IMDb Rating – 7.8/10 Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။ စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis အတွက် စိတ်ထိ ခိုက်စရာသတင်းတွေကပဲ စောင့်ကြိုလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနု ပညာအရည်အချင်းတွေကို ချိုးနှိမ်ထားတဲ့ မန်နေဂျာဖြစ်သူ Colonel Tom Parker ကြောင့်လည်း ခေတ်ပြိုင်ပေါ်လာတဲ့ The Beatles အဖွဲ့နဲ့ နှိုင်းယှဉ် ခံရမှုတွေက ဒုနဲ့ဒေးပါ။ ပြောရရင် ဒီ Elvis’s 1968 Comeback Special က အခုလိုကမောက်ကမတွေဖြစ်နေတဲ့ သူ့ရဲ့ အနုပညာဘဝကို တစ်ဆစ်ချိုး ထပ်မံပြောင်းလဲသွားစေခဲ့တဲ့ TV show တစ်ခုပါပဲ။ လူငယ်ပရိုဂျူဆာဒါရိုက်တာ Steve Binder နဲ့ Elvis တို့ရဲ့ အတွဲညီညီပေါင်း စပ်မှုကြောင့် Elvis အတွက် ရွှေခေတ်ကို ပြန်ရောက်ရှိသွားနိုင်ခဲ့ပါတယ်။ ဒီ movie မှာတော့ Elvis’s 1968 Comeback Special ရဲ့ နောက်ကွယ်က ကြုံတွေ့ခဲ့ရတဲ့ struggles တွေနဲ့ အမေရိကန်ရဲ့ ကပ်ဆိုက်ကာလအကြောင်း တွေကို တင်ဆက်ပြသပေးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Kine Soe ဖြစ်ပါတယ်) File Size……….(2.62 GB) / (878 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Music Translator……May Thet Kine Soe Encoder……….Zin Phyo Aung

Drama
7.8 2023 110 mins
Reinventing Elvis: The 68′ Comeback
Elf Me
5.2

Elf Me (2023) မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ… သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။ တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်… နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။ ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။ ၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ… နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ… ကြည့်ရှူအားပေးနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 39Min Genre – Adventure, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.2 2023 99 mins
Elf Me
The Boondock Saints

ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 1999
The Boondock Saints
Family History Mysteries: Buried Past
6.7

ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.7 2023
Family History Mysteries: Buried Past
A Royal Christmas Holiday
6

A Royal Christmas Holiday (2023) ========================= IMDb Rating – 6.0/10 CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။ တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.58 GB) / (573 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Ngwe Zin Encoder……….SWM

6 2023
A Royal Christmas Holiday
No Way Up

No Way Up (2024) လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
No Way Up
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
Fester
5.8

Fester (2024) ************** Psychological Movie တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက် Thriller, Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စားဖိုမှူး ဘုံးဂျင်က ဂျပန်စားသောက်ဆိုင် အသေးစားလေးဖွင့်ထားတဲ့သူပါ။ မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သားကို တစ်ပြိုင်တည်းဆုံးရှုံးခဲ့ရတာမို့ ယာယီ အတိတ်မေ့ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်။ အဲဒီမတော်တဆမှုကြောင့်ပဲ ဘုံးဂျင်ဟာ မှတ်ဥာဏ်ထုံထိုင်းတဲ့အခြေအနေကို ရောက်သွားတာနဲ့ တစ်ဖက်လူရဲ့ သေဆုံးမယ့်ရက်နဲ့အချိန်ကို တိကျစွာခန့်မှန်းနိုင်တဲ့ အစွမ်းကို ရရှိလာပါတော့တယ်ယ်။ တစ်နေ့မှာတော့ သက်လတ်ပိုင်းစုံတွဲတစ်တွဲကို နောက်ဆုံးဧည့်သည်အဖြစ် ကြိုဆိုပြီးချိန်မှာပဲ ဒီစုံတွဲဟာ နောက်တစ်နာရီအကြာ သူ့ဆိုင်ထဲမှာ သေသွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့… ဘုံးဂျင်တစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကနေ ကာကွယ်ဖို့ ဧည့်သည်တွေကို သူ့ဆိုင်ထဲကနေ ထွက်သွားအောင် ဘယ်လိုလုပ်သွားမလဲဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae မှ ရေးသားပေးထားပါတယ်။) File Size : 990MB/ 340MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:23:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae, Miri, Treasure Htet, Hnin Wai & Stary Encoded by Tiff

Comedy • Drama
5.8 2024
Fester
Offworld : Alien Planet
4.3

Offworld : Alien Planet (2024) ဒီဇာတ်လမ်းလေးကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို လူတွေရဲ့စိတ်အနေထားတွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတာမျိူးပါ။ ကမ္ဘာကြီးကပျက်စီးနေပြီ လူသားတွေအသက်ရှင်နေထိုင်ဖို့အာကာသကို နယ်ချဲ့ပြီး နယ်မြေသစ်ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ ခရီးသည်တွေကိုရေခဲခဲပြီး ဂြိုလ်တစ်ခုပေါ်အသွားမှာ အာကာသယျာဉ်ပျက်ကျပါတော့တယ်။ ဒီလိုနဲ့ ကွန်မန်ဒါတစ်ယောက် သူ့ရဲ့အဖွဲ့သားတွေရော ခရီးသည်တွေကိုပါကယ်တင်ဖို့ကြိုးစားရင်းနဲ့ အသက်ရှင်သန်ရပါတော့တယ်။ ပျက်ကျသွားတဲ့ဂြိုလ်ပေါ်မှာ လူတွေကသေပြီးရင် ဇွန်ဘီလိုလိုတွေပြောင်းကုန်တာကြောင့် ဘယ်လိုအခက်ခဲတွေကြုံရမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ အရမ်းကိုအားထည့်ထားတဲ့ရုပ်ရှင်မဟုတ်ပဲ cgiတွေကလည်း သိပ်တော့မကောင်းပေမဲ့ သူ့ရဲ့ပေးချင်တဲ့အဓိပ္ပာယ်ကိုတော့ သေချာထိမိနေအောင်ပေးနိုင်တာမို့လို့ အပျင်းပြေကြည့်ရင်တောင် အချိန်ဖြုန်းလို့ကောင်းတာတော့အမှန်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.3 GB) / (690 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi Duration….01:33:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror
4.3 2024 92 mins
Offworld : Alien Planet
Candlewood
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horror ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေ အရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ် နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစု တစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားက အိမ်ကြီးတစ်လုံးကို ရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။ မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့ သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့ သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ… ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ ဒီအိမ်ကြီးမှာ အရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။ သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Fan တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။ အမှန်တကယ် ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့ သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာက အတော်ဆိုးတယ်လို့ ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခု ရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ ရိုက်ကွက်တွေကို ထည့်သွင်းထားတာလည်း အဲဒါကို မြင်သာစေချင်လို့ ယူဆမိပါတယ်။ ) File size… (1.32 GB) / (698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5 2025 87 mins
Candlewood
Monster on a Plane
5.8

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အီတလီနိုင်ငံမှာကျင်းပတဲ့ Horrorant Film Festival မှာ Best Special Effects ဆု ရရှိခဲ့တဲ့ Monster Horror ကားလေးပဲဖြစ်ပါတယ်.. ဒါရိုက်တာ Ezra Tsegaye ဟာလည်း Horror အမျိုးအစားဇာတ်ကားများကို တစိုက်မတ်မတ်ရိုက်ကူးသူဖြစ်ပြီး ယခုဇာတ်ကားဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်း +++++++++++++ ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီး လေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို့ စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျက်ရှိနေခဲ့ပါတယ်.. တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တို့ဟာ ၎င်းလေယာဉ် ကျွန်းမှ မထွက်ခွာရန်တားမြစ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ပါတယ်.. ထိုသို့ရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖို့ကိုသာ အလောတကြီးဖြစ်နေခဲ့ပါတယ်.. လေယာဉ်ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ထွက်ခွာခဲ့တဲ့နောက်မှာတော့ အရာအားလုံးဟာ အေးဆေးလျက်… ခရီးသည်များ လေယာဉ်မယ်များ လေယာဉ်မှူးများဟာလည်း ကိုယ်စီအလုပ်ရှုပ်နေကြလျက်… ထိုအချိန်မှာပဲ လေယာဉ်စက်ခန်းသို့ စက်ချို့ယွင်းမှုတစ်ခု စစ်ဆေးရန်ရောက်လာသူ လေယာဉ်မောင် သောမတ်စ်တစ်ယောက် ဖွံ့ထွားတဲ့ရင်သားများနဲ့ ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တွေ့ရတဲ့အခါမှာတော့… ဒီရုပ်ရှင်ကားလေးဟာ လှည့်ကွက်များနဲ့ ဖမ်းစားထားတဲ့ Horror ကားလေးဖြစ်ပြီး သွေးသံရဲရဲရုပ်ရှင်များကို ကြိုက်နှစ်သက်သူ ပရိသတ်များ ရွေးချယ် ကြည့်ရှုဖွယ်ရာဖြစ်ပါတယ်.. ထို့အပြင် Best Special Effects လည်း ရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တာကြောင့် Horror ကားချစ်သူ ရုပ်ရှင်ပရိသတ်များ မြည်းစမ်းကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.25 GB) / ( 762 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….46m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • History • Action
5.8 2024 88 mins
Monster on a Plane