YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Ghosts.of.Beirut.S01E03.720p.CM.mp4

380.23 MB 720p video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
It's a Wonderful Life
8.3

~ IMDb - 8.6/10, RT - 93%, Meta - 89% ~ It's a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can't Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It's a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It's a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It's a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It's a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 615MB Quality - 1080p, 720p, 480p IMDb Rating - 8.6/10 Format - mp4 Duration - 2H 10Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Comedy • Romance
8.3 1946 130 mins
It's a Wonderful Life
The Curse of Bridge Hollow
6.6

၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။ စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။ တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ အစားဝင်ယူမယ့်သူကိုရှာ၊ စေတန်ကို လာဘ်ထိုးပြီး မဟုတ်မဟတ် ကြံစည်လာတော့ စိတ်စွမ်းအားရှင် နတ်ဝင်သည် အစ်မကြီး ဟောသွန်းက ချည်နှောင်မန္တန်နဲ့ သူ့ရဲ့ရွှေဖရုံသီးမှာပိတ်လှောင်ထားလိုက်ရောတဲ့။ ဒီမှာပဲ ဒီဘက်ခေတ်ရောက်လာတော့ ဘရွတ်ကလင်ကနေ အိမ်ပြောင်းလာခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး ဆစ်ဒ်နေ က ဂျက် ရဲ့ ရွှေဖရုံသီးကို မီးညှိလိုက်တာကစ၊ ရာစုနှစ်‌ေတွကြာ ပိတ်မိနေတဲ့ စတင်ဂျီ ဂျက် တစ်ယောက် ဟောလိုးဝင်းညကို ပြန်အပိုင်စား ရသွားတဲ့အခါ ...။ Family fantasy horror လေးမလို့ ဟာသကဲတဲ့ သရဲကားလေးပါ။ ဟောလိုးဝင်းည မရောက်ခင်မှာ ဟောလိုးဝင်းကို အကြိုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.4GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:29:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • Romance
6.6 2022 89 mins
The Curse of Bridge Hollow
Breath

တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။ Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။ Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။ နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။ Breathဟာ Kim Ki Dukကားပါ။ ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။ လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။ သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။ သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။ မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကို စကားလုံးတစ်လုံးနဲ့ ကြံဖန်ပြောရရင် ကျွန်တော်တော့ curiosityလို့ပဲ ပြောမှာပါ။ Kim Ki Dukကားကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပျက်စေမယ့်ကား လုံး၀မဟုတ်ပါဘူး။ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင် ၀င်ခဲ့တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ 2020မှာ Kim ဆုံးသွားခဲ့ပြီဆိုတော့ သူ့ရုပ်ရှင်အသစ်တွေကို ကျွန်တော်တို့ ကြည့်ရတော့မှာ မဟုတ်တော့ပါဘူး။ ကဗျာဆရာသေပေမဲ့ ကဗျာတွေမသေဘူးဆိုသလိုပဲ ဒီရုပ်ရှင်ဟာ သူ့အရသာအပြည့်နဲ့ သူ့ကိုသတိရမိစေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 480p File size… 605MB Format…mp4 Duration…. 1h 24min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Crime • Drama
null 2007 84 mins
Breath
Zombie Reddy
6

အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေ လူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့ genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။ မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်း နှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီး ချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားက မြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်း ဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်က ကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။ အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊ လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်း Channel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb / 500MB Quality…1080p AAC 2.0 / 720p / 480p Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & HM

Adventure • Romance
6 2021 125 mins
Zombie Reddy
The Wave
7.5

2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ခေါင်းဆောင်တွေက လူတွေအများကြီးကိုလွယ်လွယ်နဲ့ ဘယ်လိုစိုးမိုးခြယ်လှယ်သွားကြသလဲဆိုတာလည်းပါ ပါတယ်။ အချစ် အလွမ်း အဆွေးတွေကနေသွေဖည်ပြီး ဖြစ်ရပ်မှန် နိုင်ငံရေးစမ်းသပ်မှုတစ်ခုအကြောင်းကို ရိုက်ထားတာမို့လို့ ကြည့်ပြီးရင် တွေးတောစရာတစ်ခုရသွားမှာပါ။ File size…(2.2GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyann Ni

Crime • Drama • Mystery
7.5 2008 107 mins
The Wave
Elephant White

ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။ အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့ လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။ ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ် အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့ လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက် ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။ မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့ အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေ ဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး File size…1.64GB / 724MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

0 2011 91 mins
Elephant White
Ibiza
5

Ibiza (2019) Genre – Comedy IMDB – 5/10 ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပြင်သစ် ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိလစ်ဆိုတာ အသက်ကြီးကြီး ခြေဖဝါးအထူးကု ဆရာဝန်တစ်ယောက်ပေါ့။ ရထားတဲ့ချစ်သူက မကြာသေးခင်မှ ကွာရှင်းထားတဲ့ အသက်ငယ်တဲ့ အမျိုးသမီး ကာရိုးလ်။ သူ့မှာကလည်း အရွယ်ရောက် သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ဖိလစ်လို ဘိုးတော်ကြီးကို သိပ်ပြီး အမြင်ကြည်လင်ကြတာ မဟုတ်ဘူး။ အဲဒီမှာ ကာရိုးလ်သားက စာမေးပွဲ ခဏခဏကျတော့ ဘဲကြီးကနေ စာမေးပွဲအောင်မယ်ဆို သွားချင်တဲ့နေရာ လိုက်ပို့မယ်ဆိုပြီး ပြောလိုက်တော့ အောင်သွားပါလေရော။ ဒီမှာတင် ဆရာသမားလေးက အီဘီဇာ သွားမယ်တဲ့ အီ ဘီဇာဆိုတာ လူတွေ အိပ်တောင် သိပ်မအိပ်ကြပဲ အပျော်အပါးတွေ ပါတီတွေ မူးယစ်ဆေးအစုံ ပွဲပေါင်းစုံရှိတဲ့ စပိန်ကျွန်းစုလေး တစ်ခုပါ ပါတီ လူငယ်တွေရဲ့ နတ်ဗိမာန်ပေါ့။ ဒီမှာတင် ဘဲကြီးလည်း အမေကို လိုချင်တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေအောင်ဆိုပြီး အီဘီဇာကို မဖြစ်သေးတဲ့ မိသားစုလိုက် ခရီးထွက်လိုက်ကြတာ ပေါက်ကရပေါင်းစုံ ဖြစ်ပြီး လွဲချော်ကြတာကို ကြည့်ရှုရမှာပါ။ သားဖြစ်သူရဲ့ အီဘီဇာသွားချင်ရခြင်း အကြောင်းရင်းတို့ သမီးဖြစ်သူကလည်း ဘယ်လိုဖောက်တာတို့ အမေကလည်း အီစီကလီဟောင်းနဲ့ တွေ့ပြီး ပွဲမှာ ဘယ်လိုကြမ်းကြတာတို့ ဘဲကြီးရဲ့ အူူတူတူ အလွဲတွေနဲ့ ဟာသဆန်ဆန် ကြည့်ရမှာပါ။ စာဖိုင်အနေနဲ့ ပြည့်စုံမှု မရှိတဲ့အတွက် တချို့နေရာများကို ရိပ်ကဲဖမ်း ပြန်ထားရလို့ လိုအပ်မှုရှိလည်း ကြိုတောင်းပန်ထားပါရစေပါ။ အီဘီဇာနဲ့ ပတ်သက်တဲ့ ဆိုရိုးလေးကတော့ “မင်းက အီဘီဇာကို ရွေးချယ်တာ မဟုတ်ဘူး အီဘီဇာက မင်းကို ရွေးချယ်တာ” လို့ အဆိုရှိပါလေရဲ့။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5 2019 86 mins
Ibiza
Wish You Were The One
6.3

Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 625MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 49Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

6.3 2023 109 mins
Wish You Were The One
After Sex
5.5

ဒီဇာတ်ကားလေးကတော့ စုံတွဲတွေအချင်းချင်း ချစ်တင်းနှောပြီးတဲ့နောက်မှာ စကားတွေပြောရင်း ခံစားချက်တွေ မျှဝေကြတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ စုံတွဲတွေအားလုံးရဲ့ လိင်ကိစ္စပေါ်အမြင်အပြင် တခြားသောဘဝအမြင်တွေပါ မတူကွဲပြားမှုတွေရှိကြောင်းကို သေချာလေူပြသထားသလို လိင်စိတ်ခံယူချက်ကွဲပြားမှုတွေကိုပါ ဇာတ်ကားထဲကနေ သိရှိနိုင်မှာလဲဖြစ်ပါတယ်။ IMDb 5.5 ရရှိထားသလို နာမည်ကြီး Guardians of the Galaxy ရုပ်ရှင်တွေထဲက မင်းသမီး Zoe Saldana နဲ့ Orange Is the New Black စီးရီးထဲက Taryn Manning တို့လို သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်မယ်ဆိုတာ သေချာပါတယ်။ File size… 1.5 GB / 642 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citrus

Horror • Thriller
5.5 2007 78 mins
After Sex
Mischievous Kiss the Movie Part 2: Campus
7.1

Mischievous Kiss: Campus Arc (2017) My Drama List – 7.4 IMDb – 7.1 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Highschool arc ရဲ့အဆက်ဖြစ်ပြီးတော့ campus arc မှာတော့ ခိုတိုခိုရော အီရိအဲရော တိုးနန်တက္ကသိုလ်ကို ရောက်သွားကြပေမယ့် မေဂျာတော့ မတူပါဘူး။ အီရိအဲက သိပ္ပံအင်ဂျင်နီယာမေဂျာကိုယူပြီး အဲဒီမှာ မာဆုမိုတိုဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ အီရိအဲရဲ့ အထက်တန်းကျောင်းတုန်းက စီနီယာဖြစ်တဲ့ ဆုဒိုက အီရိအဲကို သူတို့ကလပ်ထဲဝင်ဖို့ စည်းရုံးလာပါတယ်၊ ဒါကို အီရိအဲနဲ့ ကလပ်အဖွဲ့ အတူတူဝင်ချင်တဲ့ ခိုတိုခိုတစ်ယောက်ကြားသွားပြီးတော့ ဘာကလပ်မှန်းမသိဘဲ အနောက်ကလိုက်ကြည့်ပါတော့တယ်။ အီရိအဲဝင်မယ့်ကလပ်က တန်းနစ်ကလပ်ဖြစ်နေပြီး မာဆုမိုတိုကလည်း အဲဒီကလပ်မှာရှိ‌‌နေပါတယ်။ ခိုတိုခိုတစ်ယောက် တန်းနစ်အဖွဲ့ထဲဝင်ပြီး အီရိအဲရဲ့အာရုံစိုက်မှုကို ဘယ်လိုအရယူမလဲ၊ အီရိအဲကိုကြိုက်တဲ့ ပြိုင်ဘက်ကရော ဘယ်နှယောက်ပေါ်လာမလဲ၊ အဲဒီပြိုင်ဘက်တွေကိုရော ခိုတိုခိုတစ်ယောက် အနိုင်ယူနိုင်မလား၊ အီရိအဲနဲ့ခိုတိုခိုတို့ကြားထဲက ဆက်ဆံရေး ဘယ်လိုမျိုးပြောင်းလဲသွားမလဲ အစရှိတာတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size… 2.6 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2017 104 mins
Mischievous Kiss the Movie Part 2: Campus
Billy Madison
6.3

နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။ အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို….Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai

6.3 1995
Billy Madison
V/H/S/Beyond

IMDb Rating – 6.1 /10, Rotten Tomatoes 89% Shudder ရဲ့ V/H/S Franchise ကို ကြိုက်နှစ်သက်သူတွေအတွက် ၇ ကားမြောက်ဖြစ်တဲ့ V/H/S/Beyond က ယခုနှစ်မှာ ထွက်ရှိလာခဲ့ပါပြီ။ သူ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း found footage တွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် “Abduction” “Stork” “Dream Girl” “Live and Let Dive” “Fur Babies” “Stowaway” ဆိုပြီး ဗီဒီယို ၆ ခုကိုမြင်တွေ့ရမှာပါ။ ထွက်ပြီးသမျှ ရုပ်ရှင်တွေထဲမှာတော့ လေးကားမြောက်ဖြစ်တဲ့ V/H/S/94 က အပြုသဘောဆန်တဲ့ မှတ်ချက်အများဆုံး ရရှိထားပြီး လက်ရှိအချိန်ထိတော့ ယခုရုပ်ရှင်ကလည်း အပြုသဘောဆန်တဲ့ မှတ်ချက်တွေ ရနေဆဲပါ။ V/H/S ရဲ့ ထုံးစံအတိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မြင်ကွင်းတွေ ပါဝင်တာကို သတိပြုပေးကြဖို့ တိုက်တွန်းလိုပါတယ်။ “Abduction” ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ – ၁၉၅၀ ပြည့်နှစ်လောက်မှာ တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေက တော်ရန်တိုကို ပြောင်းလာကြပြီး ပိုက်ဆံရှိတဲ့အတွက် အဲ့ဒီမှာအိမ်ကြီးတစ်လုံးကို ဝယ်ယူကာ နေထိုင်ခဲ့ကြပါတယ်။ နှစ်တွေကြာလာတော့ မိဘတွေက သေဆုံးသွားပြီး အိမ်ကြီးကိုတော့ သားအကြီးဆုံးကို အမွေအဖြစ် ပေးခဲ့ပါတော့တယ်။ သားအကြီးဆုံးက အိမ်ကိုရောင်းချဖို့လုပ်နေစဉ်အတွင်း အဲ့ဒီအိမ်မှာပဲနေထိုင်ခဲ့တာပါ။ ညဘက်ရောက်လာရင် ခြောက်လှန့်မှုတွေ၊ အိမ်ထဲကို ထူးဆန်းတဲ့ ကျူးကျော်ဝင်ရောက်မှုတွေခံစားလာရတဲ့အတွက် အဖြေရှာကြည့်ဖို့ရာ သူမအိပ်ခင် သူ့အိပ်ခန်းထဲမှာပဲ ကင်မရာ ၂လုံးကို တပ်ဆင်ခဲ့တဲ့အခါ …. များမကြာမီပါပဲ အဲ့ဒီသားအကြီးဆုံးကလည်း ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။ သူနောက်ဆုံးရိုက်ခဲ့တဲ့ ဗီဒီယိုမှာ ဘာတွေပါနေမလဲ။ “Fur Babies” ဆိုတဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်မှာဆိုရင် – အိမ်မွေးတိရိစ္ဆာန်စောင့်ရှောက်ပေးရေးဂေဟာဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ ဂေဟာကိုကြော်ငြာထားတဲ့ ဗီဒီယိုကိုတင်လိုက်တဲ့အချိန် လူတစ်စုက သူမနောက်ဖက်က ရုပ်လုံးသွင်းထားတဲ့ခွေးလေးတွေကို ကြည့်ပြီး တရားမဝင်အလုပ်တွေကို လုပ်နေတာလားဆိုတာကို စုံစမ်းဖို့အတွက် သူငယ်ချင်း ၂ ယောက်နဲ့ ခွေးလေးတစ်ကောင်ကို လွှတ်လိုက်ပါတော့တယ်။ ဟိုကိုရောက်သွားတဲ့အခါ သူမက သူမခွေးလေးတွေကို သေသွားပြီးနောက် မြေမမြှုပ်ပစ်ရက်လို့ ရုပ်လုံးသွင်းရတာပါလို့ ပြောပြီး ခွေးလေးတွေကို လေ့ကျင့်ပေးတဲ့ မြေအောက်ခန်းကို လိုက်ကြည့်ကြဖို့ ခေါ်သွားပြီးနောက် … ဘာတွေဆက်ဖြစ်မလဲ။ ကျန်တဲ့ ဗီဒီယို ၄ ခုမှာရော စိတ်ဝင်စားစရာ ဘယ်လိုအကြောင်းအရာမျိုး ပါဝင်မလဲဆိုတာကို ဆက်လက်ရှုစားလိုက်ပါဦး။ File size…(4.8 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Horror, Thriller , Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Nway Oo K Zaw

Comedy • Drama • Family
0 2024
V/H/S/Beyond
New Gods: Nezha Reborn
6.8

ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နီကျား ဒီခေါတ်မှာ လူပြန်ဝင်စားတဲ့ကားလေးပါ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က နီကျားဟာ အရှေ့ပင်လယ်နဂါးမင်းရဲ့ တတိယသားကို သတ်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာလူ့ပြည်ကို လွတ်မြောက်လာခဲ့တာပါ အခုခေါတ်အချိန်ခါမှာ နီကျားဟာ ပို့ဆောင်ရေးလုပ်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲဝါသနာအိုး လူငယ် လီယွင်ရှန်းအနေနဲ့ လူပြန်ဝင်စားခဲ့ပါတယ် ရန်သူဟောင်း အရှေ့ပင်လယ် နဂါးမင်းနဲ့ သူ့သားကို ပြန်တွေ့ရတဲ့အခါမှာ သူချစ်ရသူတွေကို ကာကွယ်ဖို့အတွက် သူ့စွမ်းအားတွေကိုပြန်ရှာရဖို့ဖြစ်လာပါတော့တယ် အဲ့နောက်မှာတော့ နီကျားအနေနဲ့ ဘယ်လိုကံကြမ္မာတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်

6.8 2021 116 mins
New Gods: Nezha Reborn
Ted Bundy

ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းက‌ေလး‌ေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အ‌ေတာ်ကြာငြင်းဆိုပြီး‌ေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။ တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။ များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ ” Handsome Devil ” တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှု‌‌ေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။ သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က Ted Bundy အနေနဲ့သရုပ်ဆောင်ပြီး Boti Bliss ကသူ့ရည်းစား Lee အနေနဲ့ပါ၀င်ထားပါတယ်။ တချို့အခန်းတွေက နည်းနည်းကြမ်းလို့ အတူကြည့်မယ်ဆို လူရွေးကြည့်ကြပါနော်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Comedy • Drama
0 2002
Ted Bundy
Dilan : Wo Ai Ni (2024)

ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။

Horror • Drama
0 1983
Dilan : Wo Ai Ni (2024)