YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Friends.S04 (Ep01-Ep08).BluRay.1080P[CM] Nyein.zip

3.12 GB N/A application/x-zip-compressed 400 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Yeh Raaste Hain Pyaar Ke
4.7

အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်... မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ် ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ် တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်... ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Crime
4.7 2001 150 mins
Yeh Raaste Hain Pyaar Ke
Drishyam 2
8.1

IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2 CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး File size…1.92GB / 847MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry

Comedy • Horror
8.1 2022 142 mins
Drishyam 2
The Art of War
5.7

Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Crime • Thriller
5.7 2000 117 mins
The Art of War
Andy Somebody
4

Andy Somebody (2023) ဒီဇာတ်လမ်းကတော့ သာမန်လူရိုးလူဖြောင့်တစ်ယောက်က ဒုစရိုက်သမားတစ်ယောက်လို ငွေတွေလိမ်လည်ထွက်ပြေးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ဇာတ်လမ်းပေါ့။ အန်ဒီက စာရင်းကိုင်တစ်ယောက်ပါ။ သူက ပလတ်စတစ်ဆာဂျင်ဒေါက်တာရှစ်ဖလက်ဆီမှာစာရင်းကိုင်လုပ်တယ်။ ဒေါက်တာဆိုလို့အထင်ကြီးမသွားနဲ့ဦး။ ရှစ်ဖလက်ကအခွန်တွေရှောင်တယ် တရားမဝင်ဆေးတွေဖြန့်တယ် ပလတ်စတစ်ဆာဂျင်လုပ်စရာမလိုတဲ့သူတွေကို နတ်သမီးလောက်လှနေရင်တောင် နင်ကဘီလူးမလောက်ပဲလှတယ် ပြင်မှဖြစ်မယ်ဆိုတာမျိုးပြောပြီး ခွဲစိတ်မှုတွေအတင်းလုပ်ခိုင်းတယ်။ အန်ဒီက အဲ့ဒါတွေကိုသဘောမတွေ့ဘူး။ တစ်နေ့တော့ ဒေါက်တာက အခွန်ရှောင်မှုနဲ့ဂျေးထဲအောင်းရခါနီးဖြစ်တော့ အန်ဒီ့ကိုစာရင်းတွေလိမ်လည်ပြီးဆွဲခိုင်း သူလစ်ဖို့ရာကမ်းလွန်အကောင့်တွေအတင်းဖန်တီးခိုင်းလုပ်တယ်။ အဲ့မှာနဂိုထဲကစိတ်ညစ်ပြီးပြေးဖို့ကြံနေတဲ့အန်ဒီက မထူးပါဘူးဆိုပြီး ဒေါက်တာ့ရဲ့ပိုက်ဆံသုံးသန်းကိုယူပြီးပြေးပါလေရော။ ဒေါက်တာကလဲ သူ့တပည့်ကျော်စီအိုင်အေထွက်လူမိုက်ကို အန်ဒီ့နောက်လိုက်ဖို့လွှတ်လိုက်ရာကနေ ဒုစရိုက်သမားမဟုတ်တဲ့ အန်ဒီတစ်ယောက်သူတို့လက်ကဘယ်လိုပြေးမလဲဆိုတာကို ဒီဟာသအက်ရှင်ဇာတ်လမ်းမှာကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p File size… 1.1GB | 515MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
4 2023 83 mins
Andy Somebody
Truth or Dare
6

သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၈ ဧပြီ လထဲထွက်ထားတဲ့ Truth or Dare ? ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် မြန်မာနိုင်ငံက ကလေးတွေကစားကြတဲ့ တူတူပုန်းတမ်းလို အနောက်တိုင်းကကလေးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို Truth or Dare ? လို့ခေါ်ပါသတဲ့… တစ်ယောက်က Truth or Dare ? လို့မေးလိုက်ရင်အမေးခံရတဲ့ တစ်ယောက်က Truth ကိုရွေးလိုက်မယ်ဆိုရင် သူဟာ မေးတဲ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရပါသတဲ့…. Dare ကိုရွေးလိုက်မယ်ဆိုရင်တော့ မေးတဲ့သူစိန်ခေါ်တာ(ခိုင်းတာ)ကို မငြင်းဆန်ဘဲ လုပ်ရတဲ့ ဂိမ်းပါ ဒီပုံစံနဲ့ အလှည့်ကျဆော့ကြတာပေါ့.. ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသားသူငယ်ချင်းတစ်စုဟာ သူတို့ရဲ့နောက်ဆုံး နွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်း ကုန်လွန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်…. မက္ကဆီကိုရောက်တော့ သူတို့ဟာ လူငယ်တွေပီပီ ကမ်းခြေတွေ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတို့လိုပဲ လူစိမ်းလူငယ်တစ်ယောက်နဲ့သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုလူစိမ်းရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ သောက်စားကြရင်း ခုနပြောခဲ့တဲ့ Truth or Dare? ဆိုတဲ့ကစားနည်းလေးဆိုဆော့မိကြတဲ့နောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ သူတို့အိမ်ပြန်တဲ့အထိ နောက်ကလိုက်လာခဲ့ပါတော့တယ်…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Comedy • Drama
6 2018 101 mins
Truth or Dare
Anything for Her
7.9

ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime Drama Thrillaကားလေးဖြစ်ပါတယ်… ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစု ဘဝလေးကို နေထိုင်နေကြသူတွေပါ…။ တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကို ဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့…လီဆာမကျူးလွန်တဲ့လူသတ်မှု။ ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊ တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း…။ ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေက အနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင် ဘယ်လိုနေမလဲ… ဘယ်လိုခံစားရမလဲ… ဘာတွေပြန်ကြိုးစားပေးမလဲ…။ ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကို ထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်… လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်း ဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီး ဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.9 2008
Anything for Her
I Love You, Man
7

I Love You, Man (2009) ~ IMDb – 7/10, Rotten Tomatoes – 83% ~ ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။ ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ‌ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ “ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်” (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 802MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

7 2009
I Love You, Man
Solace
6.4

Solace (2015) ~ IMDb rating – 6.4/10 ~ ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက လူတစ်​ယောက်ကို ထိ​တွေ့လိုက်တာနဲ့ အဲဒီလူရဲ့အတိတ်ကိုရော အနာဂတ်ကိုပါ မြင်နိုင်တယ်။ ဒါပေမဲ့ သူက သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး​နောက် အလုပ်ကို​ရော ဘ၀ကြီးကိုရော အရာရာ လက်လျှော့ပြီး မြို့ပြင်မှာ ​ပြောင်း​နေနေတယ်။ ဒီလိုနဲ့ အေးအေးဆေးဆေးနေနေတဲ့ သူ့ဆီ သူ့သူငယ်ချင်းဟောင်း ဂျိုးနဲ့ ကက်သရင်းတို့ရောက်လာတယ်။ ပိရိလွန်းလို့ ဘယ်လိုမှ ဖော်ထုတ်လို့မရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့ အကူအညီလာတောင်းတယ်ပေါ့။ ဆန်းတာက တစ်​ဖက်မှာလည်း အဲဒီ ကွင်းဆက်လူသတ်သမားကလည်း ဂျွန်လိုမျိုး အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိ​နေတယ်။ အနာဂတ်ကို ကြိုမြင်နိုင်တဲ့နှစ်ယောက်ရဲ့ ဉာဏ်ကစားမယ့်ပွဲပေါ့။ ဒီလူက ဒီလိုအစွမ်းမျိုးပိုင်ထားပြီး ဘာလို့ လူ​တွေကို သတ်​နေရတာလဲ… အနာဂတ်ကိုကြိုမြင်နိုင်တဲ့သူနှစ်​​ယောက်ကြား ဘယ်လို​တွေဉာဏ်ကစားကြမလဲ… ဘယ်လို​တွေ အမှုကိုစုံစမ်းကြမလဲ… ဆိုတာ​တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကား​ကောင်းတစ်ကားဆို မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 695MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 41Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2015 101 mins
Solace
My Spy the Eternal City

IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ မသိနိုင်တဲ့လူတစ်စုရဲ့ လျှို့ဝှက်အကြံအစည်တွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာတော့… အစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတို့အကြား ဆက်ဆံရေးပြေလည်သွားနိင်မှာလား.. သူတို့နှစ်ယောက်ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကိုရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
My Spy the Eternal City
Starve Acre
5.5

ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့ မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက် ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့ တစ်ဦးတည်းသောသားလေး ရှိပါတယ်။ သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့ နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်…. သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေ စလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှ ပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ… သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူက ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေ ရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်… အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ ရှိခဲ့ရာကနေ.. အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှ သူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း… သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကို စတင်ရှာဖွေပါတော့တယ်… အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေး ရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊ တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.5 2023 98 mins
Starve Acre
Ringan aka The Quest
7.8

Ringan 2017 ကိုးကွယ်ရာ ဒုက္ခအတိရောက်ပြီဆို လူသားတွေအရင်ဆုံးရှာဖွေကြတာ အားကိုးရာတစ်ခုပေါ့။ တချို့ကတော့ ဘာသာရေးကနေ အားကိုးရာရှာတယ် တချို့ကျ မိဘ တချို့ကျ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်း အစရှိသဖြင့်ပေါ့လေ။ ဒီကားလေးထဲမှာလေ အက်ဘ်ဒူတို့ သားအဖ‌နှစ်ယောက် ဒုက္ခတွေကြားထဲက ငြိမ်းချမ်းရာကို ရှာဖွေပုံလေးကို ရှုစားရမှာပါ။ မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေ စီးပွားရေးကြပ်တည်းရတဲ့ထဲ ဇနီးဖြစ်သူရဲ့ နာမကျန်းမှုကြောင့် အကြွေးလည်ပင်းမြုပ်နေတဲ့ အာဂျွန်၊ ဒီကြားထဲမှာမှ ဇနီးကလည်းဆုံးပါးသွားပြန်တော့ မိတဆိုးသားလေးနဲ့ အကြွေးတွေပဲကျန်ရစ်ခဲ့တာပေါ့။ အက်ဘ်ဒူလေးက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်လို့ အမေဘယ်မှာလဲဆိုတာ မေးတဲ့အခါ အာဂျွန်က အရှင့်စံရာကျောင်းကို ရောက်သွားပြီလို့ တစ်ဖက်လှည့်နဲ့ပြောတတ်ပေမဲ့ အက်ဘ်ဒူလေးကတော့ သူ့အမေကတကယ်ပဲ အရှင်ဗစ်တယ်နဲ့အတူရှိနေတာလို့ ယုံကြည်နေတာပါ။ ဒီလိုနဲ့ လနဲ့ချီ မိုးခေါင်ရေရှားမှုကလည်းဆက်နေတော့ အာဂျွန်တစ်ယောက် ဆွေမျိုး အပေါင်းသင်းတွေဆီက ချေးငှားဖို့လုပ်တော့လည်း အကုန်လုံးကငြင်းကြ၊ လယ်ပြန်လုပ်ဖို့ ရာသီဥတုကလည်း မကောင်းတော့ နောက်ဆုံးမှာ အရှင်ဗစ်တယ်ဆီကိုသွားပြီး ဝတ်ပြုဆုတောင်းဖို့ စီစဉ်လိုက်ပါတော့တယ်။ ဒီအချိန်မှာလည်း လူတကာငြင်းတာခံနေရတဲ့ အက်ဘ်ဒူလေးကလည်း အရှင့်ဆီသွားရင် အရှင်နဲ့အတူရှိနေတဲ့ အမေကိုတွေ့ရတော့မယ်ဆိုပြီး မျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးထွက်ခဲ့ချိန်မှာတော့…. (အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.8 2017
Ringan aka The Quest
Roxana
5.2

Roxana 2024 ယခုတစ်ခါမှာတော့ မလေးရှား အက်ရှင်ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ရိုဇယ်နာရဲ့ကောင်လေးဖြစ်သူ အာမန်ရဲ့ လက်ဝှေ့ပြိုင်ပွဲမှာအနိုင်ရတဲ့အထိန်းအမှတ်အနေနဲ့ ပါတီလုပ်ဖို့အတွက် အာမန်တို့သူငယ်ချင်းတွေ စီစဉ်ကြရင်း မတော်တဆ အာမန်တစ်ယောက် လူသတ်မိပါတော့တယ်။ ဒီအမှုကနေ ရှောင်နိုင်ဖို့အတွက်နဲ့ အမှုဖြစ်ရာနေရာကနေ ထွက်ပြေးဖို့လုပ်ကြပါတော့တယ်။ ဒီအချိန်မှာပဲ အလောင်းနဲ့ ရွှေလဲဖို့လုပ်နေတဲ့ လူနာတင်ကားမောင်းသူ လူနှစ်ယောက်ဟာ ရောက်ရှိလို့လာပြီးတော့ အလောင်းကို ယူသွားပါတယ်။ အဲဒီနောက်မှာ အလောင်းကို လက်ခံရယူလိုက်တဲ့သူဟာ ဒီအလောင်းကို အသုံးပြုပြီးတော့ ဂျင်ကို ခေါ်ဖို့လုပ်တဲ့အခါမှာတော့ ……. အာမန်တို့ သူငယ်ချင်းအုပ်စုတွေ မှုခင်းနေရာကနေ ထွက်ပြေးလာရင်း ဘာတွေတွေ့ကြုံရမလဲ …… အလောင်းကနေ ဂျင်ကိုခေါ်ဖို့ လုပ်ရာကနေရော ဘယ်လို ခြောက်ခြားဖွယ်ရာတွေဖြစ်လာမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဟော်ရာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Star~ KKKZ~ Yunni တို့ပဲဖြစ်ပါတယ်)

5.2 2024 98 mins
Roxana
You Shall Not Sleep Tonight
5.5

ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ကြည့်ပြီးရင် ညဘက်အိပ်ဖို့တောင် စိတ်ဂယောင်ခြောက်ခြားဖြစ်စေနိုင်တဲ့ 2024 ခုနှစ်ထွက် Horror အမျိုးအစား ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးမှာတော့ ဗီရိုထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်လို့ အိပ်မက်မက်တတ်တဲ့ သားလေးကို အဖေဖြစ်သူက ပုံတိုပတ်စလေးတွေပြောပြပြီး ကြောက်စိတ်ကို ရင်ဆိုင်ရဲအောင် ကူညီပေးပုံနဲ့ အစပြုထားပါတယ်။ တခြား Horror ဇာတ်ကားတွေနဲ့ မတူညီတဲ့အချက်က ဒီ ၁နာရီ ဝန်းကျင်ပဲကြာတဲ့ ဇာတ်ကားထဲမှာ မတူညီတဲ့ Horror ဇာတ်လမ်းလေးတွေကို ညှပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်း ဇာတ်ကွက်အရလည်း ပြေပြေပြစ်ပြစ်ရှိပြီးတော့ စကားများများမပြောဘဲ တစိမ့်စိမ့်တွေးရင်း အသက်ဝင်လှတဲ့ သဲထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေကို ရှုစားကြရမှာပါ။ File size… (909MB) / (514MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 17m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Comedy
5.5 2024 79 mins
You Shall Not Sleep Tonight
Magic in the Moonlight
6.5

Magic in the Moonlight (2014) ***************************** ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အချစ်ဟာသရုပ်ရှင်ကားဖြစ်ပြီး Mamamia, Kingsman အစရှိတဲ့ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Colin Firth နဲ့ အားလုံးသိပြီးသား နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Emma Stone က အသက် ၂၅ နှစ်အရွယ်မှာ အဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝေးလင်းဆူးဆိုတဲ့ တရုတ်နာမည် Stage name ကို အသုံးပြုကာ ဖျော်ဖြေတတ်ပြီး အထူးချွန်ဆုံးမျက်လှည့်ပညာရှင် တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ “စတန်လေ” ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဖျော်ဖြေပြီးတဲ့နောက် စင်နောက်ကို မတွေ့တာကြာတဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ဟောင်းဝဒ် ဘာကင်တစ်ယောက် ရောက်ချလာပါတယ်… သူ့လိုပဲ မျက်လှည့်ပညာရှင်ဖြစ်သူ ဟောင်းဝဒ်ဟာ သူ့ရဲ့မိတ်ဆွေဟောင်း မိသားစုဆီမှာ ရောက်နေတဲ့ တမလွန်ဘဝနဲ့ ဆက်သွယ်ပေးနိုင်တယ်ဆိုတဲ့ နတ်ဝင်သည်တစ်ယောက်ကို အတုအယောင်ဆိုတာ သက်သေပြဖို့ အလည်သွားရင်း .. ဘာမသင်္ကာစရာ မြုပ်ကွက်မှ ရှာမတွေ့တာကြောင့် စတန်လေကို ကူညီဖော်ထုတ်ပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်… နတ်ဝင်သည်အတုအယောင်ကို ဖော်ထုတ်ဖို့ ပြင်သစ်တောင်ပိုင်းကို ခရီးထွက်လာတဲ့ စတန်လေတစ်ယောက် အဲဒီနတ်ဝင်သည်ဆိုတဲ့ အမေရိကန်သူ ဆိုဖီ ဘိတ်ကာနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံကြပြီး ဆိုဖီရဲ့ အကြားအမြင်ရနေပုံတွေ… စတန်လေရဲ့ ရည်းစားဟောင်းတွေအကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေဆုံးသွားတဲ့ ဦးလေးဖြစ်သူ အကြောင်း အစရှိတာတွေကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ရပြီးနောက် တစ်သက်လုံး “ဘဝဟာ ခက်ခဲကြမ်းတမ်းတယ် နောင်ဘဝဆိုတာမျိုးလည်း မရှိဘူး”လို့ လက်ခံပြီးနေလာခဲ့တဲ့ စတန်လေက လောကအသစ်ကို မြင်တွေ့လိုက်ရသလို ပျော်ရွှင်ပြီး ဆိုဖီ့ကို လုံးဝလေးစားသွားခဲ့ပါတယ်… အဲဒီလိုနဲ့ အတူတူ အချိန်တွေကုန်ဆုံးဖြစ်လာတဲ့ သူတို့နှစ်ယောက်မှာ ဆိုဖီက စတန်လေကို စပြီး စိတ်ဝင်စားလာခဲ့ပါတယ် .. စတန်လေရဲ့ ဘဝကြီးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဆိုဖီကိုရော စတန်လေက ပြန်ချစ်မိမှာလား .. ဒီလိုအကြားအမြင်ရနေတယ်… သေဆုံးပြီးဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့ ယုတ္တိမတန်တဲ့အရာတွေကရော အမှန်ပဲလား… ဘာသာတရားတွေ၊ ယုံကြည်မှု၊ မယုံကြည်မှုတွေနဲ့ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ကြားက အချစ်ပုံပြင်လေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို .. ဒီရုပ်ရှင်လေးမှာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်… (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်) File size…1.81GB / 648MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 37m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by AHtet

6.5 2014 98 mins
Magic in the Moonlight