YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Find Me in Your Memory (2020) E10 WEB-DL 720P (CM).mp4

346.82 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pichaikkaran
7.2

Pichaikkaran (2016) IMDb-7.6/10 မကြာသေးခင်က CMမှာ တက်ဆက်ပေးထားတဲ့ Pichaikkaran-2(2023)ရဲ့ရှေ့ကကားပါ။ Pichaikkaran1,2ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကား ချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်။ ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ ဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။ ဇာတ်ကားနာမည်ကိုက"သူတောင်းစား"တဲ့။အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကို ဖော်ညွှန်းထားတဲ့အပြင် သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့။ အရွယ်ရောက်တဲ့ထိ အနှစ်နှစ်အလလပြုစု စောင့်ရှောက်လာခဲ့တဲ့ အမေဖြစ်သူ အက်ဆီးဒန့်တစ်ခုနဲ့ အိပ်ရာထဲလဲပါရော။အမျိုးမျိုးအဖုံဖုံကုသခဲ့ပေမယ့်လည်း နလန်မထူလာခဲ့ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး ဗီဂျေးကို မိခင်ဖြစ်သူ နေပြန်ကောင်းစေချင်ရင် သူတောင်းစားစစ်စစ်ဘ၀နဲ့ ၄၈ရက်နေခိုင်းပါတယ်။ အဲဒီလိုနေနိုင်ခဲ့ရင် သူ့အမေ နေပြန်ကောင်းမယ်လို့ဆိုပါတယ်။ ဗီဂျေးတစ်ယောက် စီးပွားရေးကိစ္စတွေ အကုန်ပစ်ပြီး သူတောင်းစားတစ်ယောက်အနေနဲ့ ၄၈ရက်နေနိုင်မှာလား။ နေနိုင်ရင်ရော သူ့အမေက တကယ်ပဲနေပြန်ကောင်းလာမှာလားဆိုတာတော့ ဆက်လက်ရှုစားတော်မူပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Saii~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.64GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Saii~BpL~Yunni

Action • Horror • Science Fiction
7.2 2016 130 mins
Pichaikkaran
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Girl From The Past
6

Plotအမျိုးမျိုးနဲ့ ကြည့်ရှုသူကို တွေးစရာတွေအများကြီးပေးမယ့် စိတ်ရောဂါအခြေပြုထားတဲ့ Dramaဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဒီကားကိုကြည့်ရင်းနဲ့ "မိုးညအိပ်မက်မြူ"ရုပ်ရှင်ရော ဝတ္ထုကိုရောအမှတ်ရသွားမယ်လို့ပြောနိုင်ပါတယ်။ ဇာတ်လမ်းကို ကြိုတွေးလို့မရအောင်ကိုရိုက်ကူးပြထားပြီး တစိမ့်စိမ့်ကြည့်ရင်းအဆုံးရောက်မှသာ ဇာတ်ရည်လည်သွားရမှာမျိုးပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ... တစ်ကောင်ကြွက်ဖြစ်သူ ကွေ့ယန်ဟာ ငွေရှာဖို့အတွက် စံအိမ်ကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ဝင်လုပ်ရင်းစခဲ့တာပါ။ အဲ့ဒီမှာပဲ အိမ်ပြေးလေး ယန်ဆိုတဲ့သူလေးနဲ့ တွေ့ခဲ့ပြီး သူဟာကွေ့ယန်ကို တအားတွယ်တာသူ၊ စောင့်ရှောက်ချင်သူပါ။ အိမ်ရှင်သူ‌ဌေးရဲ့သားဖြစ်သူဟာ ဆိုးသွမ်းနေရင်း နောက်ဆုံးကြံရာမရ အဖေအရင်းကိုသတ်ဖို့လုပ်ရာမှာ ကွေ့ယန်တို့နှစ်‌ယောက်လည်း ဝင်ကယ်ဖို့လုပ်‌ပေမယ့် အခါနှောင်းကာ သူဌေးလည်းသေ စံအိမ်လည်း မီးလောင်သွားပါတော့တယ်။ ရဲအဖမ်းခံရမယ့်ဆဲဆဲ ဘဝပေးအခြေအနေအတိုင်း သွေးသားမတော်စပ်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ရှင်သန်ဖို့ကြိုးစားခဲ့ရပုံ၊ ကိုယ်စီကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို တွေးတောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.2GB, 474MB, 252MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 45mins Genre              : Drama, Thriller Translated by Themes Encoded by Kinnov

Fantasy
6 2022 105 mins
Girl From The Past
Viruman
5.8

ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ် အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာ‌တော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ် သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ‌ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni

Drama • Horror
5.8 2022 151 mins
Viruman
Will I Be Single Forever?
6.3

‎Will I be single forever (2021) “တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား” ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။ မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။ အထူးသဖြင့် “သားကိုသခင် လင်ကို ဘုရား” ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။ အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 795MB | 441MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Drama • Science Fiction
6.3 1900 94 mins
Will I Be Single Forever?
Little Dragon Maiden
5.9

CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ…. လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ… ဘယ်သူကပိုရက်စက်လဲ… နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ… ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ… အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ… ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး… လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်… ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို… ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား… ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား… မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်…

Drama • Music
5.9 2022
Little Dragon Maiden
Fools Rush In
6.1

Fools Rush In (1997) ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။ အို… အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။ အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။ မင်းသားကြီးကတော့ Matthew Perry ပါ။ သူ့ရဲ့ ငယ်ရွယ်စဉ် ခံ့ညားတင့်တယ်မှုကို မြင်တွေ့ရဖို့ရှိပါတယ်။ မင်းသမီးကြီးကတော့ မသိသူ မရှိလောက်တဲ့ Salma Hayek ဖြစ်ပြီး သူ့ကို လောလောလတ်လတ် Puss in Boots 2 မှာ Kitty Softpaws အဖြစ် တွေ့မြင်ခဲ့ရမှာပါနော်။ သူတို့နှစ်ဦး ခေါင်းဆောင်တဲ့ ဒီအချစ်ကားလေးကို နွေလေရူးနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ရှုစားလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 780MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 49Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.1 1997
Fools Rush In
[18+] Haliparot
6.3

Haliparot (2023) ဂျင်းဆိုတဲ့ကောင်မလေးက ဆယ်ကျော်သက် စီနီယာအထက်တန်းကျောင်းသူလေးဖြစ်ပြီး Single Mother ဖြစ်တဲ့သူ့အမေ အက်ဘေးနဲ့အတူ နေထိုင်ပါတယ်။ မိခင်ဖြစ်သူက ကျောင်းမပြီးမချင်း ရည်းစားမထားရဘူးလို့ ကန့်သတ်ထားပေမဲ့လည်း သွေးသားပြောင်းလဲကာစ အသစ်အဆန်းကိုထိတွေ့ချင်နေတဲ့ ဂျင်းဟာ အချစ်ကိုလက်တည့်စမ်းချင်နေပါပြီ။ သူ့ကိုအရူးအမူးစွဲလန်းနေတဲ့ ငယ်သူငယ်ချင်း ဂါဘိုရှိပေမဲ့လည်း ဂါဘိုကိုတော့ သူစိတ်မဝင်စားပါဘူး။ အဲဒီလိုအချိန်မှာ သူ့ဘဝထဲကိုဝင်ရောက်လာသူကတော့ ခန့်ညားချောမောပြီး အကြင်နာအကြည့်တွေနဲ့ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဂျဲရစ်ဆိုတဲ့လူပါ။ သူအကူအညီလိုချိန်မှာ အမြဲတမ်းရောက်လာတတ်တဲ့၊ ဆုံးမစကားပြောသွားတတ်တဲ့ ဂျဲရစ်ဟာ သူမျှော်လင့်လို့မဝသေးခင်မှာပဲ သူ့အိမ်ကိုရောက်ချလာပါတော့တယ်။ သူစိမ်းတစ်ယောက်အနေနဲ့မဟုတ်ဘဲ သူ့အမေရဲ့ချစ်သူအဖြစ်နဲ့ပါ။ ဒီလိုနဲ့ စိတ်ကစားတတ်စ ဆယ်ကျော်သက်မလေးရယ်၊ ငယ်ရွယ်တဲ့မိခင်နဲ့ ပထွေးတို့ကြားမှာ တစ်အိမ်တည်းနေပြီး ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာတွေ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ Pantaxa Laiya မှာအနိုင်ရသွားခဲ့တဲ့ Aiko Garcia လေးရဲ့ ခေါင်းဆောင်နေရာက ပွဲထွက်လာတဲ့ပထမဆုံးကားဖြစ်ပါတယ်။ ဆယ်ကျော်သက်မလေးကို အားပေးလိုက်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Thriller • Comedy
6.3 2023
[18+] Haliparot
Imprisoned: Survival Guide for Rich and Prodigal
5.9

ယွီရစ်ချန်ဟာ ပတ်ဝန်းကျင်မှာ ကားကောင်းတွေ မိန်းမလှတွေနဲ့ ဝန်းရံခံထားရတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ အရက်မူးချိန် ကားမောင်းပြီး အဘွားအိုတစ်ယောက်ကို တိုက်မိသွားတဲ့အတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့ရပါတယ်။ ထောင်ထဲရောက်သွားမှ ထောင်ထဲက ကမ္ဘာက အပြင်ကမ္ဘာနဲ့ တခြားစီ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲက စည်းမျဉ်းတွေကို သိရင် အေးချမ်းစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ယွီရစ်ချန်က သူ့ရဲ့ သူဌေးသားအမြင်နဲ့ ငွေအင်အားတွေကို အသုံးချပြီး ထောင်ထဲက ဘဝအရည်အသွေးကို မြင့်တင်ခဲ့ပါတယ်။ သူ့ရဲ့ ရန်သူ အားကျီးက သူနဲ့ထောင်တစ်ခုတည်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းနိုင်ပြီး ဘဝကို ပေါ့ပျက်ပျက် ဖျက်သန်းနေခဲ့တဲ့ သူဌေးသားတစ်ယောက်ဟာ ထောင်ထဲမှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရပြီး ဘဝအပေါ် အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။

5.9 2015
Imprisoned: Survival Guide for Rich and Prodigal
Legend of Changbai Mountain Hunter
5.7

အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။ မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။ မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ……. နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား…… ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား……

Thriller
5.7 2024
Legend of Changbai Mountain Hunter
Escape Plan
6.7

Escape Plan (2013) IMDb Rating – 6.7/10 ဒီရုပ်ရှင်ကတော့ နာမည်ကျော်မင်းသားကြီး Stallone နဲ့ Arnold တို့ ပါဝင်ထားတဲ့ Action-thriller ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ Escape Plan သုံးကားထဲက ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ‘ရေး ဘရက်စလင်’က အကျဉ်းထောင်တွေကို အဆင့်မြင့်လုံခြုံရေးစနစ်ရှိ-မရှိ လိုက်လံစစ်ဆေးတဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်ပေါင်း တစ်ဒါဇင်ကျော်လောက်ကို ဝင်လိုက် -ထောင်ဖောက်ကြည့်လိုက်နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ လက်တွဲကာအလုပ်လုပ်နေတဲ့ လုံခြုံရေး အဆောက်အဦဆိုင်ရာ လေ့လာသူတစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ စီအိုင်အေက လူတစ်ယောက်က သူ့ကို ဒေါ်လာသန်းနဲ့ချီပေးကာ အကျဉ်းထောင်တစ်ခုကို ဖောက်ခိုင်းပါတော့တယ်။ ထောင်ထဲကို ရောက်ပြီးမှ သိလိုက်ရတာက အဲ့ဒီထောင်ရဲ့ လုံခြုံရေးစနစ်က မြင့်မားလွန်းတဲ့အပြင် သူ့ကို အလုပ်လာအပ်တဲ့ သူကလည်း လိမ်လည်သွားခဲ့တာပါပဲ။ အပြင်က သူ့ကိုကူညီပေးနေတဲ့ သူ့အဖွဲ့သားတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတဲ့ ရေး တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှတင်ဆက်ထားပါတယ်။)

Action • Thriller • Crime
6.7 2013 115 mins
Escape Plan
Peak Season
6.7

ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရီးသွားရာသီရဲ့ တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အေမီနဲ့ မက်စ်ဟာ မကြာခင်မှာ လက်ထပ်ကြတော့မဲ့ စုံတွဲတွေပါ။ အေမီကတော့ မွန်းကျပ်စရာကောင်းတဲ့ သူ့အလုပ်ကနေထွက်ပြီး အနားယူဖို့ Wyoming က Jackson မြို့လေးဆီ မက်စ်နဲ့အတူ ခရီး ထွက်လာခဲ့ပါတယ်။ လက်ထပ်ပွဲအကြို ခရီးစဉ်လေးပေါ့လေ။ မက်စ်ကတော့ နဂိုအလုပ်များသူမို့ ခရီးသာထွက်လာတယ် သူ့အလုပ်နဲ့သူ ရှုပ်နေဆဲပါ။ ဒီလိုနဲ့ ရုတ်တရက် အလုပ်အရေးကြီး ကိစ္စကြောင့် မက်စ်တစ်ယောက် နယူးယောက်ကိုခဏပြန်ဖို့အကြောင်း ဖန်လာခဲ့ပါတယ်။ Jackson မြို့မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အေမီတစ်ယောက် ခရီးသွားလမ်းညွှန်၊ ငါးဖမ်းနည်းပြဖြစ်တဲ့ လော်ရန် နဲ့အတူ ငါးဖမ်းထွက်ကြ၊ မြို့အနီးအနားက အထင်ကရနေရာတွေ သွားဖြစ်ခဲ့ကြပါတယ်။ တစ်ဘဝစာလုံးအတွက် အလုပ်တွေပဲလုပ် ပိုက်ဆံရှာရင်း အချိန်ကုန်နေခဲ့တဲ့ အေမီဟာ လွတ်လပ်ပေါ့ပါးပြီး သဘာဝနဲ့ တစ်သားတည်းကျနေတဲ့ လော်ရန်နဲ့ဆုံမိတဲ့အခါ သံယောဇဉ်လေးတွေနှောင်ဖွဲ့လာပါတော့တယ်။ သို့ပေမဲ့လည်း အေမီဟာ ဒီမြို့လေးကို ခဏသာ အလည်လာပြီး ဆိုင်သူရှိနေတဲ့ ဧည့်သည်လေးပါပဲ။ ဒီဇာတ်ကားဟာ ခဏတာကြုံကြိုက်ပြီး အချိန်တန်ရင် ခွဲခွာရမဲ့ အေမီနဲ့လော်ရန်တို့ရဲ့ နှောင်ကြိုးလေးတစ်ခုကိုတင်ဆက်ရိုက်ကူး ပေးထားတာဖြစ်ပါတယ်။ Wyoming ရဲ့ သဘာဝအလှအပတွေနဲ့ တစ်ခန်းရပ်အချစ်ဇာတ်လမ်းလေးကို အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size… 1.60GB / 742MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror
6.7 2023 82 mins
Peak Season
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
Scandal Makers
7.2

Scandal Makers (2008) ************************ ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြား အောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကို ဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီး လူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါ သင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ??? Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး တခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိ ဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ****************** အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။ သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျ တစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် မသိနေတဲ့ သူ့အဖေဖြစ်သူကို သွားတွေ့လိုက်ပါဆိုပြီး အာချောင်ပြီးတဲ့နောက် .. တကယ်တမ်း အဲဒီအဖေက ကိုယ်ဖြစ်နေပြီး အိမ်တံခါးဝအထိပါ သမီးနဲ့မြေးဖြစ်သူတို့ ရောက်ချလာကြတဲ့အခါ… ခြေတစ်ချက်ချော်ရုံနဲ့ အောက်ဆုံးထိ ထိုးကျသွားနိုင်တဲ့ အနုပညာ လောကမှာ ဘယ်တုန်းက မွေးလိုက်ခဲ့မှန်းတောင် မသိခဲ့တဲ့ သားသမီးတစ်ယောက် ရှိနေတယ်ဆိုတာကို ဘယ်လိုဖုံးကွယ်ထားမလဲ?? မေတ္တာအစစ်အမှန်နဲ့ရော ချစ်ပေးနိုင်ပါ့မလားဆိုတာကို ဟာသလေးနှောရင်း ရေထက်သွေးက ပိုပျစ်ကြောင်းကို ဖခင်မေတ္တာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်… (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.68GB / 650MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

7.2 2008 108 mins
Scandal Makers
Trapped

၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Crime/Thriller ရုပ်ရှင်ကားကို Cherlize Theron, Kevin Bacon, Courtney Love နဲ့ Dakota Fanning တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Karen နဲ့ Will Jennings တို့ စုံတွဲမှာ Abby ဆိုတဲ့ ကလေး တစ်ယောက်ရှိပါတယ်။ Willကတော့ နာမည်ကြီး မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပြီး အလုပ်အရမ်းများတတ်သူပါ။ Karen ကတော့ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ Will တစ်ယောက် ဆေးဘက်ဆိုင်ရာ ညီလာခံ သွားတက်နေတုန်း Karen နဲ့ Abby တို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ Abby လေးကို အိမ်ထဲထိဝင်ပြီး ပြန်ပေးသမားတွေက ပြန်ပေးဆွဲကာ Will နဲ့ Karenကိုလည်း ဖမ်းခေါ်ထားပါတယ်။ သူတို့ အစီအစဥ်အတိုင်း ၂၄နာရီ ပြည့်တဲ့အထိ မနေပေးရင် Abby လေးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ သူတို့ သမီးလေးကို ကယ်တင်ဖို့ ပြန်ပေးသမားတွေရဲ့ အကြံအတိုင်း လိုက်လုပ်ကြရပါတော့တယ်။ File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2002
Trapped