YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Emily in Paris_S03E01_I Have Two Lovers 720P {CM}.mp4

252.65 MB N/A video/mp4 1048 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last Stand
6

The Last Stand (2013) ================ အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီး အာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီး နောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာက ပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။ အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာ ပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့ နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ် အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်က အက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီး သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲ ဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။ လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးက ဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့် အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Comedy • Romance
6 2013 107 mins
The Last Stand
Superman II
6.7

IMDb Rating - 6.8/10 ၁၉၈၀ ကာလက CGI အထူးပြုလုပ်ချက်တွေ မရှိဘဲ ရိုက်ကူးခဲ့တဲ့ ဂန္တဝင်စူပါမန်းကားတွေထဲက အပိုင်း ၂ ဖြစ်ပါတယ်။ အပိုင်း ၁ နဲ့ဆက်နေပြီး ...General Zod တို့သုံးဦးကို ခရစ်ပတွန်ဂြိုလ်မှ နှင်ထုတ်ပြီး ကလာ့ခ်ကန့်ခ် ခေါ် စူပါ မန်းလည်း ကမ္ဘာမြေပေါ်မှာအခြေချနေပါပြီ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့ အာကာသနယ် မြေချဲ့ထွင်ရေးကနေ General Zod တို့ကို ပိတ်လှောင် ထားတဲ့ ထောင်လည်းစွမ်းအားလျော့သွားပြီး လွတ်မြောက် သွားကာ ခရစ်ပတွန်ဂြိုလ်သား စူပါမန်းကို ကလဲံ့စားချေဖို့ ကမ္ဘာမြေကိုအန္တရာယ်ပြုပါတော့တယ်။ General Zod တို့ကို ထောင်ဖောက်ပြေးလာတဲ့ လက်စ် လူသာက ပူးပေါင်းကာ စူပါမန်းကို ဒူးထောက်ဖို့အကြပ်ကိုင် ပါတယ်။ အဲဒီတော့ Villain တွေကိုရှင်းလင်းပြီး ကမ္ဘာမြေကို ကယ်တင်ဖို့ စူပါမန်းအပေါ်ပဲတာဝန်ကျလာပါတော့တယ်။ ဒီကားက စူပါဟီးရိုးကားဆိုပေမယ့် Comedy , Drama ပုံစံနဲ့ ရိုက်ထားတော့ ဒီဘက်ခေတ်ကားတွေနဲ့ ကြည့်ရတဲ့ အရသာ မတူတာတေ့ာ့ အမှန်ပါပဲ ။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.82 GB) / (828 MB) / (469 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Romance
6.7 1980 127 mins
Superman II
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Red Heat
6.2

အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။ အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ဂျက်ကီချန်းရဲ့ Rush Hour တွေကို သတိရကြပါလိမ့်မယ်။ နိုင်ငံမတူတဲ့ရဲနှစ်ယောက် အမှုအတူလိုက်ရတဲ့ မှုခင်းဟာသလေးတွေပေါ့။ ရုရှားက ရာဇဝတ်ကောင် အမေရိကန်ကိုပြေးလာလို့ လိုက်ဖမ်းတဲ့ ရုရှားရဲကြီးနဲ့ နယ်ခံချီကာဂိုရဲတစ်ကောင်တို့ တိုင်ပတ်ကြ၊ ခွကျကြနဲ့ အမှုစုံထောက်ရပုံပါ။ Cast တွေကတော့ အဲဒီခေတ်ကာလ Legend တွေပါ။ Arnold Schwarzenegger ရယ်၊ James Belushi ရယ်တို့က ခေါင်းဆောင်မင်းသားနှစ်လက်‌ပေါ့။ ဗီလိန်နေရာမှာလည်း ဗီလိန် Legend ကြီး Ed O'Ross ပါဝင်သရုပ်ဆောင်ထားပါတယ်။ CM မှာ old but goodies တွေ တောင်းဆိုရတာခက်လို့ စောင်သည်းပေါက်နေကြတဲ့ လူကြီးမင်းများအတွက် ကြိုးစားပြီး တင်ဆက်ပေးလိုက်ပါတယ်ဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - Blu-ray 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 44Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Drama
6.2 1988 104 mins
Red Heat
When Are You Moving Out?
3

ဒီကားမှာမင်းသား Dan Hasson နဲ့ Tom O'Brien တို့က Tom နဲ့ Danny အဖြစ်အဓိကပါဝင်ထားပါတယ်. Director ကတော့ Dan Hasson ရိုက်ကူးထားတာပါ. အဓိက Story ကတော့ Tom နဲ့ Dan က ကျောင်းအတူတူတက်ခဲ့တဲ့သူငယ်ချင်း2ယောက်ကနေအခန်းဖော်အဖြစ်အတူတူနေကြတဲ့ဇာတ်လမ်းပါ. Danny က ကိုယ့်အလုပ်ကိုပဲအာရုံစိုက်ပြီးခပ်အေးအေးနေတတ်ပါတယ်. Tom ကတော့ပြောင်းပြန်ပါ ပါတီတို့ ဆေးခြောက်သောက်တာတွေပဲလုပ်နေတဲ့လူပါ. ဒီလိုစရိုက်မတူတဲ့သူငယ်ချင်2ယောက် တစ်အိမ်ထဲအတူတူနေလာတော့မှ အကြွေးမပေး ပါတီတွေလုပ် အခန်းမရှင်းရင်းကနေ စိတ်ဝမ်းကွဲသွားတာအဖြစ်အပျက်အကြောင်းရိုက်ထားတာဖြစ်ပါတယ်...သူငယ်ချင်းတွေကြားဖြစ်တတ်ပုံလေးကို ဟာသနှောထားတာမို့ ခံစားကြည့်လိုက်ပါဦး။ File size…(1.41GB)  / (`969MB) / (397MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:27:00 Genre...   Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Son Gohan

Drama
3 2022 76 mins
When Are You Moving Out?
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Army of Darkness
7.6

Army of Darkness (1992) ~ IMDb 7.4 / Rotten Tomatoes 74% ~ ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်… ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ File Size : (3.52 GB) and (1.3 GB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 21min Format : Mp4 Genre : Comedy / Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Phoebe Encoded by Thit San Khant

Drama • Romance
7.6 1992 81 mins
Army of Darkness
Muzzle
5.6

Muzzle (2023) ============ Crime,Thriller Batman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်… ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်… မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်… သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ… (အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် ) Genre….. Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

5.6 2023
Muzzle
LaRoy, Texas

LaRoy, Texas [2024] (IMDb 6.4/10, RT 100%) ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်… တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်… ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်… ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်… ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်… စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်… သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ပါဝင်ပက်သက်လာတဲ့အပြင် အတွေ့အကြုံနုတဲ့ ရေးတစ်ယောက် သူ့ဇနီးဓာတ်ပုံကို အခင်းဖြစ်နေရာမှာ ကျကျန်ခဲ့တာကြောင့် သူ့ဇနီးလည်း သံသယရှိသူစာရင်းထဲ ဝင်လာပါတော့တယ်.. .ဒီလိုအရှုပ်အထွေးတွေကြားမှာ အကွက်မြင်တဲ့ စကစ်က ရေးကိုလည်း ကူညီရင်း သူလည်း ရဲတံဆိပ်ရနိုင်ရေးအတွက် ဝင်ရောကူညီပါတော့တယ်… ဇာတ်လမ်းလေးက အင်မတန်ကြည့်ကောင်းတာမို့ ပရိတ်သက်တို့ကိုယ်တိုင် ဘာဆက်ဖြစ်မလဲ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Crime, Comedy, Thriller Quality…. 1080p | 720p File size… 1.3GB | 551MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2024
LaRoy, Texas
Shortcut

Shortcut (2020) ============ တစ်ကျောင်းတည်းနေ လူငယ်ငါးယောက်ဖြစ်တဲ့ နိုလန်၊ဘတ်စ်၊ရယ်ဂျီ၊ကွီနီနဲ့ကားလ်တို့ဟာ သူတို့ကားဒရိုင်ဘာကြီး ဂျိုးဆက်ဖ်နဲ့အတူ field trip တစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဖြည်းဖြည်းခရီးရောက်လာရင်း သူတို့လမ်းပေါ်မှာသစ်ပင်တစ်ပင်လဲကျနေတဲ့အတွက် တစ်ခြားလမ်းကြောင်းတစ်ခုကနေပြောင်းသွားခဲ့ရပါတယ်။ဒီလမ်းမှာလဲ သမင်သေတစ်ကောင်ကန့်လန့်ခံနေတဲ့အတွက် ဆင်းဖယ်နေချိန်မှာ သူတို့ကားပေါ်ကိုသေနတ်ကိုင်လူသတ်သမားတစ်ယောက်တက်လာပြီး ကားကိုပြန်ပေးဆွဲပါတော့တယ်။ တစ်ယောက်တည်းပေမယ့် လက်နက်ကိုင်ထားတာရယ်၊ လူငယ်တွေဖြစ်တာရယ်ကြောင့် ပြန်ပေးသမားခိုင်းတဲ့လမ်းကြောင်းအတိုင်း မောင်းရင်း လှိုဏ်ခေါင်းတစ်ခုကိုအဝင်မှာတော့ အဖြေရှာမရပဲ ကားထိုးရပ်သွားသလို ထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့ဟိန်းသံကိုလည်းကြားလိုက်ရတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ပြန်ပေးသမားထက်အဆပေါင်းများစွာပို ကြောက်ဖို့ကောင်းတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ creature features horror ဇာတ်ကားတစ်ကားဖြစ်တာနဲ့အညီ အဲ့ဒီဇာတ်လမ်းတွေမှာပါသင့်ပါထိုက်တဲ့အင်္ဂါရပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။Genre ပရိသတ်တွေအကြိုက်တွေ့မယ့်ကားမျိုးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Adventure, Fantasy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Adventure • Action
0 2020 80 mins
Shortcut
Kiss Kiss Bang Bang

Kiss Kiss Bang Bang (2005) *************************** IMDb….7.5,,,Rotten…86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့ LA ကို​ရောက်​သွားပါတယ်​။ အဲဒီမှာ ငယ်​ကကျွမ်းတဲ့ ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာ ပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်းပြန်​စခဲ့ပါတယ်​။ ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်း ရုပ်​ရှင်​မင်းသားကို အရမ်း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲဒီရုပ်​ရှင်​မင်းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြ့ည့်ကြပါ။ ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင့်ခန်းတွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်းမသိ​ရောက်​ခဲ့ရပါတယ်​။ သို့​သော်​လည်း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်းနေချိန်​မှာပဲ ​ ကောင်​မ​လေးတစ်​​ယောက်​ရဲ့ အ​လောင်းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။ အသတ်​ခံရတဲ့​ကောင်​မ​လေးကရော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ ဟိုရုပ်​ရှင်​မင်းသားကရော ဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်နေမလဲ ​ ဇာတ်​လမ်းကို​တော့ ဟယ်​ရီက နောက်​ခံစကား​ပြောတဲ့ပုံစံမျိုးနဲ့ တင်​ဆက်​ထားတာဖြစ်​ပါတယ်​။ ဟာသ​လေး​တွေ​နှောပြီး အူ​ကြောင်​​ကြောင်​နဲ့ အမှုကို​ဖော်​ထုတ်​သွားတာဖြစ်​လို့ ရယ်​လည်းရယ်​ရ စိတ်​လည်း ဝင်​စားဖို့​ကောင်းပါတယ်​။ ဟယ်​ရီအဖြစ်​ အူ​ကြောင်​ကြား ဇာတ်​​ကောင်​​နေရာမှာ သရုပ်​​ဆောင်​သွားသူက​တော့ ironman ကြီး Tony Stark ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chi ပဲဖြစ်ပါတယ်.. File Size : (2.12GB) and (691 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:43:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encoded by AHtet

Drama
0 2005 103 mins
Kiss Kiss Bang Bang
Ranganayaka
3.8

Ranganayaka (2024)”ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်” ========================================= ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကို ပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Drama
3.8 2024 121 mins
Ranganayaka
Mr.Rani
7.2

Mr Rani 2025 (မင်းသားရူးလေး ရာနီ) IMDb – 7.2/10 ရာဂျာဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မင်းသားရူး ရူးခဲ့ရသူတစ်ယောက်ပါ။ ကျောင်းမှာလည်း စာမလုပ်ဘဲ သူငယ်ချင်းကောင်မလေးတွေကိုခေါ်ကာ ဇာတ်လမ်းထဲက ဇာတ်ကွက်တွေ လိုက်ပြီး သရုပ်ဆောင်ခိုင်းလွန်းလို့ ခဏတိုင်း အတိုင်ခံ အရိုက်ခံရသူတစ်ယောက်ပါ။ ရာဂျာ့အဖေကတော့ ရာဂျာ့ကို အင်ဂျင်နီယာကြီးဖြစ်ပါစေဆိုပြီး အမြဲ တွန်းပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသားရူး ရူးနေတဲ့ ရာဂျာကတော့ ကျောင်းပြီးလို့ အသက်လေးရလာတဲ့အချိန်မှာ 0မိဘတွေကို လိမ်ကာ သူငယ်ချင်းဖြစ်သူ မန်ဂျာရဲ့အကူအညီနဲ့ အမေရိကန်နိုင်ငံ ဂူဂဲလ်ကုမ္ပဏီကနေ အလုပ်ရပြီဆိုကာ ပြောပါတော့တယ်။ ဒီလိုနဲ့ အမေရိကန်ကို သွားချင်ယောင်ဆောင်ကာ ရာဂျာတစ်ယောက် သူ့ဝါသနာဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားဖို့ လုပ်ပါတော့တယ်။ ရာဂျာတစ်ယောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ကြိုးစားတဲ့လမ်းမှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ …… မိဘတွေကို လိမ်ထားတဲ့ကိစ္စကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ …. သရုပ်ဆောင်လောကထဲကိုရော ဝင်ရောက်သွားနိုင်ပါ့မလား …… ဆိုတာတွေကို ဟာသလေးတွေ နှောရင်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Horror
7.2 2025 128 mins
Mr.Rani
Creation of the Gods II: Demon Force
6.4

Creation of the Gods II : Demon Force (2025) အကြည်လာပါပြီ 4K ကတော့ မကြာခင်တင်ဆက်သွားမှာပါ 2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့Creation of the Gods I: Kingdom of Storms ( 2023 ) အဆက် ဖြစ်တဲ့ Creation of the Gods IIDemon Force (2025) ကို CM ကနေ ဆက်လက်ပြီးတင်ဆက် ပေးလိုက်ပါတယ် ဒါရိုက်တာ Wuershan ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင်တရုတ်ပြည်ရဲ့ ဂန္ထဝင် မြောက်ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာ တရုတ်ပြည်ရဲ့နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ် 1 မှာတုန်း ကတော့ Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ်ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ် ကြပြီးတော့တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ အခု ၂ မှာတော့ နီကျားနဲ့အပြိုင်ဖြစ်ခဲ့ပြီးနီကျားကို Box Office ပိုင်းမှာ မကျော်နိုင်ပေမဲ့လဲ သူ့နည်းသူ့ဟန်သူ့အရသာနဲ့ ပရိသတ်တွေအတွက်ကောင်းမွန်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်. ဒီကားမှာတော့ ကျီးဖားကရှန်းတိုင်းပြည်ဘုရင်ကြီးယင်းရှို့ကို လုပ်ကြံပြီးသွားတဲ့နောက်မှာ ရှန်းတိုင်းပြည်နဲ့ရှီးချီ စစ်ပွဲကြီးစတင်သွားပါတယ်။ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတန့်ချန်ယွိကို မိစ္ဆာစစ်သူကြီး(၄)ယောက်ကို ဦးဆောင်စေပြီး ရှီးချီကိုစစ်တိုက်စေခဲ့တယ်။ ရှီးချီဖက်မှာတော့ယင်းကျောင်း၊ ယန်ကျန်၊ လေကျန့်ကျီ၊ နီကျားတို့က ပါဝင်ကူညီရခဲ့ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျီးဖားက ရှီးချီစစ်တပ်ကိုဦးဆောင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့ အပြင်းအထန်ကြိုးစားရပါတယ်။ နတ်ဘုရားတွေရဲ့တိုက်ပွဲဟာ ဘယ်လိုကြမ်းမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ

6.4 2025
Creation of the Gods II: Demon Force