YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Emergency Couple 2024 TH S01E16 720p CM.mp4

224.52 MB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Summer Frost
10

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါး လေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ "ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင် နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့ အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက် သိမ်းပစ်ချင်တယ်"။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုး သားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ "ငါတို့အခွန်တွေ ဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင် လုပ်ရမယ့်အလုပ်"ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။ သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသား တစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲ တယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီး မှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက် ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမ တွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ် ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ် မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို "နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီး တကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံး လုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက် တာပဲ" ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ် ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့ လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့ လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့် လိုက်ကြရအောင် . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ HannaH ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......HannaH Encoder..........SWM

Action
10 2022 112 mins
Summer Frost
Love in the Maldives
6.2

ဒီတစ်ခါညွှန်းပေးချင်တဲ့ကားကတော့ Romance ကားပဲဖြစ်ပါတယ် Rae Parker ဆိုတဲ့ ဆောင်းပါးရှင်ဟာ အမျိုးသမီးတွေအတွက် Solo adventure လို ဆောင်းပါးတွေကိုရေးပေးရတာဖြစ်ပါတယ်.... တစ်နေ့မှာ သူ့ရဲ့ Editor က သူ့ရဲ့ဆောင်းပါးတွေဟာ တောင်တက်တာဘာညာတွေက အရမ်းများနေပြီမို့လို့ boring ဖြစ်နေလို့ Maldives ကျွန်းကိုသွားပြီး အသစ်အဆန်းလေး ရေးခိုင်းပါတယ်... Rae တစ်ယောက် Maldives သွားပြီး ဘယ်လို adventure တွေရှာလာမလဲ ... အဲ့ဒီကလူတွေနဲ့ရော ဘယ်လိုတွေခင်ခဲ့ကြမလဲ ဘယ်လိုအလှအပတွေတွေ့မလဲ... ကျွန်းအလှတွေ တစ်လှေကြီးခံစားရမဲ့အပြင် ချစ်စရာ ရိုခန်းလေးတွေလည်း မြင်တွေရမှာမို့ ခံစားကြည့်ကြပါဦး........................... File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.2 2023 84 mins
Love in the Maldives
More Than Ever
6.9

~ IMDb - 7/10, RT - 91%, Meta - 73% ~ ၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။ ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ဟယ်လင်ဟာ နော်ဝေမှာရှိတဲ့ တောင်ကမ်းပါးကြားက နေရာလေးမှာ တစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါရိုက်တာဟာ ဟယ်လင်ရဲ့ သေရေးရှင်ရေး လွန်ဆွဲနေတဲ့ အခြေအနေကို စကင်ဒီနေဗီးယန်းရဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ နော်ဝေမှာ ဟယ်လင်နေတဲ့ သေးငယ်မှောင်မှိက်နေတဲ့ တံငါသည်တစ်ယောက်ရဲ့ အိမ်ငယ်လေးကို နှိုင်းယှဉ်ပြထားတယ်။ ဟယ်လင်က ယောင်္ကျားဖြစ်သူအတွက် ခံစားချက် ရှိနေသေးပေမယ့် သူမရဲ့ ရောဂါကြောင့် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ဖို့တောင် ခန္ဓာကိုယ်က မလိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ သေခြင်းမှာ နောက်ဆုံးအနေနဲ့ အဓိကကျတာကတော့ ရှင်သန်နေတုန်းမှာ လိုအပ်တဲ့အရာနဲ့ အတူတူပါပဲ... ကိုယ့်ကိုယ်ကိုယ် ရိုးသားပြီး နှလုံးသားရဲ့ အသံကို နားထောင်ပါ… ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း တကိုယ်ကောင်းဆန်သင့်ရင်ဆန်ပြီး လုပ်ချင်တာတွေ လုပ်ပစ်ဖို့လိုက်ဖို့ပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 880MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 3Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Science Fiction
6.9 2022 123 mins
More Than Ever
Horror Novelist

စိတ်ခြောက်ခြားဖွယ်ရာ Horror Movie တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သကြီး အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မာခယ့်ဆိုသူဟာ သရဲ တစ္ဆေတွေနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကို ကိုယ်တိုင် ခံစား ဖန်းတီလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ မာခယ့်တစ်ယောက် (ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် ၇၀၁)ဆိုတဲ့ မေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါရိုက်တာလိုချင်တဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ရရှိဖို့ရာအတွက် သူရေးလက်စ ဝတ္ထုကို အပြီးသတ်ရန် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီဖန်းချွမ်ဟိုတယ်ဆီ တစ်ညတာသွားရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် (၇၀၁)ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း လူသေဆုံးမှု အကြိမ်ရေ(၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၊ နောက်ဆုံးအကြိမ် အသက်(၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားပြီးကတည်းက အခန်းနံပါတ်(၇၀၁)ကို မည်သူတစ်ဦးတစ်ယောက်ကိုမှတည်းခိုခွင့်မပေးဘဲ ဟိုတယ်ဘက်က ပိတ်ထားခဲ့တာပါ။ ဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာလည်း ရေချိုးခန်းထဲပိတ်မိသွားပြီး ထိတ်လန့်ခြောက်ခြားစရာတွေကြုံတွေ့ခဲ့ရတဲ့နောက် ရူးသွားတဲ့ အခြေအနေအထိရောက်ခဲ့ကြောင်း ဟိုတယ်မန်နေဂျာက မာခယ့်ကို ပြောပြခဲ့ပေမယ့် မာခယ့်တစ်ယောက် မည်သူ့စကားကို နားမဝင်ဘဲ ဒီအခန်းကိုသာ မရရအောင်တောင်းဆိုခဲ့ပါတယ်။ ဒီအခန်းထဲရောက်ရှိသွားတဲ့ မာခယ့်တစ်ယောက် ထူးဆန်းတဲ့ သဘာလွန်ဖြစ်ရပ်တွေကြားထဲ သူ့ရဲ့ ဝတ္ထုအတွက် အချက်အလက်တွေကို တစ်ညတာအတွင်း စုဆောင်းပြီး ပြန်ထွက်လာနိုင်မလား။ မမြင်ရတဲ့လောကရဲ့ စိတ်ခြောက်ခြားဖွယ်ရာ ထိတ်လန့်စရာတွေကြားထဲ ဘဝအဆုံးသတ်သွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p Format : mp4 Genres : Thriller , Horror Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Drama • Thriller
null 2019 79 mins
Horror Novelist
Seasons
7.1

Seasons (2023) သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ "၅၂၈" အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။ ဒီလိုပါပဲ... ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈" အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
7.1 2023 108 mins
Seasons
Late Night
6.4

အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်... File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae

Action & Adventure • Sci-Fi & Fantasy
6.4 2019 102 mins
Late Night
Kidnap
6.2

ဒီကားလေးကတော့ အမတေဈဦးရဲ.မတေ်တာနဲ. သူမသားသမီးကို ဘယျလောကျခစြျမွတျနိုးတယျဆိုတာကိုမီးမောငျးထိုးရိုကျကူးပွထားတဲ့ ဇာတျကားကောငျးတဈကားဖွဈပါတယျ။ ပွနျပေးဆှဲခံရတဲ့ သားငယျကို လူဆိုးဂိုဏျးတှလေကျထဲကနေ ဘယျလိုကယျထုတျမလဲဆိုတာကို စိတျဝငျစားဖှယျ စကျစုပျရှံ.ရှာဖှယျ သှေးထှကျသံယို တှေ နဲ.ရိုကျကူးထားတာဖွဈပါတယျ။ (ဘာသာပွနျသူကတော့ Linnthura1988 ပဲဖွဈပါတယျ) ဒီကားလေးကတော့ အမေတစ်ဦးရဲ.မေတ္တာနဲ. သူမသားသမီးကို ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာကိုမီးမောင်းထိုးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ သားငယ်ကို လူဆိုးဂိုဏ်းတွေလက်ထဲကနေ ဘယ်လိုကယ်ထုတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စက်စုပ်ရွံ.ရှာဖွယ် သွေးထွက်သံယို တွေ နဲ.ရိုက်ကူးထားတာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ Linnthura1988 ပဲဖြစ်ပါတယ်) File Size : 660 MB Quality : Webdl 720P Running Time : 1hr 35minutes Format : Mp4 Genre : Action, Crime, Drama Translator : linnthura1988 Encoder :Thanhtike Zaw

Drama
6.2 2017 95 mins
Kidnap
The Legend Of Justice WuSong
5.9

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ နာမည်ကြီးကာတွန်းတစ်ခုကနေ ရုပ်ရှင်အပြင်အသက်သွင်းထားတဲ့ ဇာတ်လမ်းတစ်ခုပါ။ တစ်နေ့မှာတော့ ‌ကျားကိုသတ်ခဲ့လို့ဆိုပြီး သိုင်းသမား ဝူစုန့်တစ်ယောက်က ပြန်လာရင်း တစ်နယ်‌တစ်ကျေးကို ပြောင်းနေပြီထင်တဲ့ အစ်ကိုအရင်းဖြစ်သူ ဝူတာ့လန်နဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဖန်ကျင်းလျန်ဆိုတဲ့ မရီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ရိုးအတဲ့အစ်ကိုဖြစ်သူရဲ့ ဇနီးမို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပေမယ့်လည်း နောက်ကြောင်းမရှင်း အကြံကြီးလှတဲ့မရီးဖြစ်သူဟာ ဂွင်ဖန်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူ ဝူစုန့်ကတော့ မဖြုံခဲ့ဘူး မြို့အနှံ့အချောအလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ရဲ့ အလှကျော့ကွင်းမှာ မိသွားသူကတော့ ရှီမန်းချင်ဆိုတဲ့ လူတစ်ယောက်ပေါ့။ ဖန်ကျင်းလျန်ကိုမှ လိုချင်လှပါချည်ရဲ့ဆိုပြီး အဘွားနန်ကို လာဘ်ထိုးလို့ ရယူဖို့ ကြိုးစားခဲ့ရာကနေ အရှုပ်အထွေးတွေဖြစ်လာခဲ့တယ် ဝူတာ့လန်နဲ့ ဖန်ကျင်းလျန်ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ…. ရှီမန်းချင်ရဲ့ဝင်ရှုပ်မှုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ…. ဝူစုန့်ကရော ဘာကြောင့်အစ်ကိုဖြစ်သူရဲ့စကားကို ပယ်ရှားရတာလဲ….

Drama • Horror • Thriller
5.9 2022
The Legend Of Justice WuSong
Better Days
7.5

IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ… မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ… ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်… ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်… ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?

History • Drama
7.5 2019 135 mins
Better Days
Possessions
4.2

Possessions (2024) =============== ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(760 MB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Fiona Gillen Encoder……….SWM

4.2 2024 90 mins
Possessions
Blinky Bill the Movie
5.1

ခိုအားလားလေး Blinky တစ်ယောက် အဖေ အမေတို့နဲ့အတူ Greenpatch မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။ Blinky ရဲ့ အဖေကတော့ Greenpatch ကို စရှာတွေ့ခဲ့ပြီး တိရစ္ဆာန်တွေ စုစည်းနေထိုင်ဖို့ စည်းရုံးခဲ့တဲ့ ဂန္ဓဝင်စွန့်စားရေးသမားကြီး Bill Koala ပါ။ Blinky ကတော့ စူးစမ်းတတ်တဲ့ ကလေးပီပီ အဖေ့နောက်လိုက်ပြီး စွန့်စားခန်းတွေ ဖွင့်ချင်ပေမဲ့ စိုးရိမ်တတ်တဲ့ အမေကြောင့် ဘယ်ကိုမှ မသွားရတဲ့ ခိုအားလားပေါက်လေးပေါ့။ Blinky ရဲ့ အဖေက ကန္တာရကြီးထဲမှ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေကို သွားကယ်တတ်ပါတယ်။ အဖေ့ရဲ့ စွန့်စားခန်းတွေကို နားထောင်ရုံသာ နားထောင်ပြီး လက်တွေ့စမ်းသပ်ခွင့်မရတဲ့ သနားစရာ Blinky လေးတစ်ယောက် Blinky တို့ရဲ့ အဖေတစ်ယောက် Sea of White Dragon ဆီ စွန့်စားခန်းထွက်သွားပြီး ပြန်မလာနိုင်တာ နှစ်ချီကြာနေပါပြီ။ အပြင်လောကက ကြောက်မက်ဖွယ်သားရဲကြီးတွေများစားသွားပြီလားပြန်လာဖို့ လမ်းများရှာမတွေ့နိုင်လို့လား Blinky တို့ သားအမိကတော့ မျှော်တလင့်လင့်ပေါ့ ဒီလိုဒုက္ခပင်လယ်တွေ ဝေနေတုန်း အရင်က Greenpatch မှာ နေခွင့်ပေးဖို့ ငြင်းခဲ့တဲ့ Bill ကို အငြှိုးထားတဲ့ Cranklepot ဆိုတဲ့ ပုတ်သင်တစ်ကောင်က Greenpatch ကို သိမ်းပိုက်ပြီး Blinky တို့သားအမိကို သူတို့နေတဲ့ သစ်ပင်ကနေ နှင်ချဖို့ ပြဿနာရှာလာပါတော့တယ်။ အမေနဲ့ Greenpatch မှာ နေတဲ့ တိရစ္ဆာန်တွေကို Cranklepot လက်က ကူညီပေးနိုင်မဲ့သူကတော့ Blinky ရဲ့ ဖေဖေ Bill ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး။ ဒီတော့ သူ့အဖေကို ရှာဖို့ သတ္တိခဲလေး Blink ဆီ တာဝန်ကျရောက်လာတဲ့အခါ….. အဖေရှာပုံတော်ထွက်လာတဲ့ Blinky တစ်ယောက် လမ်းခရီးမှာ တိရစ္ဆာန်ရုံကိုအသွား လှောင်အိမ်ပြုတ်ကျပြီး လမ်းပျောက်နေခဲ့တဲ့ ခိုအားလားမလေး Nutsy သူငယ်ချင်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သစ်ပင်ပေါ်မှာ တန်းလန်းချိတ်မိနေတဲ့ ပုတ်သင်လေး Jacko တို့နဲ့အတူ ခရီးဆက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဖေကို ရှာဖို့ Sea of White Dragon ဆီကို စွန့်စားခန်း ထွက်လာတဲ့ Blinky, Nutsy, Jacko သူငယ်ချင်းသုံးယောက်ရဲ့ စွန့်စားခန်းလေးကို အားလုံးနဲ့အတူ ရှုစားလိုက်ကြရအောင်.. File size… 1.4 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Animation/Adventure/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Juno Saurus

5.1 2015
Blinky Bill the Movie
Glass Garden
6.3

Glass Garden (2017) ******************* သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************** “လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား” ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။ တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ… သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် Jae-Yoon ကို ဝတ္ထုစာအုပ်အသစ်မှာ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့…. သုတေသနဟာ အောင်မြင်သွားပြီးတော့ တကယ်ပဲ လူတွေဟာ သစ်ပင်အဖြစ်နဲ့ အလင်းမှီအစာချက်ခြင်းပြုလုပ်နိုင်သွားမှာလား … Ji-Hoon နဲ့ Jae-Yeon ကြားထဲမှာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို မျက်လုံး အေးအေး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ Mystery , Drama ဆိုတဲ့အတိုင်း လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.72GB / 644MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 56 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama • Mystery • Thriller
6.3 2017 117 mins
Glass Garden
Day of the Fight

IMDb Rating 7/10 သာမန်ရိုးရိုးရုပ်ရှင်ကားတစ်ကားထက်ပိုတဲ့ အနုပညာလက်ရာတွေနဲ့ ကြည့်ရှုရမယ့် အမေရိကန် Drama “Day of the Fight”………… ကမ္ဘာ့လက်ဝှေ့ချန်ပီယမ်ဟောင်း မိုက်ကီက ဆယ်စုနှစ်အကြာ ထောင်ကလွတ်လာပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ထိုးသတ်မယ့် ပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်… သူနဲ့အတူ ထိုးသတ်ရမယ့်သူကတော့ လက်ရှိကမ္ဘာ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်… အရေးကြီးတဲ့ သူ့ရဲ့ ပွဲအတွက် ပြင်ဆင်နေချိန်မှာ အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ မိုက်ကီတစ်ယောက် သူ့အမှားတွေကို ပြင်ဆင်ဖို့ကြိုးစားနေပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်…. သူချစ်ရသူတွေနဲ့ ဆက်သွယ်ပြီး အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ မိုက်ကီနေရာမှာ ကိုယ်တိုင်ရောက်ရှိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်…. စိတ်ဖိစီးမှု၊ ခွင့်လွှတ်မှု၊ အချစ်၊ မိဘမေတ္တာစတဲ့ ခံစားချက်ပေါင်းစုံကို တွေ့မြင်ရမှာ ဖြစ်သည့်အပြင် လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝ၊ ကြိုးစားရုန်းကန်မှုများစသည်တို့ကိုလည်း မြင်တွေ့ရပါမယ်… ဒီဇာတ်ကားမှာ အကောင်းဆုံးအချက်ကတော့ လက်ဝှေ့ပွဲကောင်းတစ်ပွဲကိုပါ အပိုအနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်လို့ လက်ဝှေ့ချစ်သူတွေအတွက်တော့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်….. File size… (2.2 GB) / (992 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Drama • History
0 2023
Day of the Fight
Always Smile
7.9

Always Smile (2025) IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင် ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်း အချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။ အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ လုပ်ကြတဲ့ညီအစ်ကိုနှစ်ယောက်တို့ရဲ့ အခန်းဘေးမှာ ညီဖြစ်သူ ဂျွန်နီရဲ့ကောင်မလေးက သူတို့နှစ်ယောက်လက်ရှိတက်နေတဲ့ကောလိပ်က အိမ်ထောင်ရှိပြီးသားကျောင်းဆရာဖြစ်သူနဲ့ မတရားမေထုန်ပြုနေပါတယ်။ ဒါကိုသိသွားတဲ့ အစ်ကိုဖြစ်သူဟာ ဂျွန်နီ့ကို ချော့မော့ပြီး ဘဝကြီးအကြောင်း တရားချဖို့လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ညီအစ်ကိုနှစ်ယောက်လုံးရဲ့အမေကလည်း တစ်ချိန်က သူတို့ကလေးတွေကို ပျိုးထောင်ဖို့အတွက် အဖော်အချွတ်လုပ်ခဲ့ရသူပါ။ ဒါကြောင့် မကောင်းတာလုပ်တဲ့သူတိုင်း မကောင်းတဲ့စိတ်ရှိမှောမဟုတ်ဘူးဆိုတဲ့အကြောင်းကို အဲလက်စ်က သူ့ညီဂျွန်နီ့ကိုတရားချပါတယ်။ ဒါပေမဲ့လည်း ညီဖြစ်သူကို ထိမ်ချန်ထားတဲ့ အကြောင်းအရာတချို့လည်း သူ့မှာရှိသေးပါတယ်။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်လုံးဘဝဟာ နောက်ဆုံးကျ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (560 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 01:25:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

7.9 2025 85 mins
Always Smile