YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

EXchange.S02E12.1080p.CM.mp4

1.45 GB N/A video/mp4 131 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blessed Boys
7.1

Blessed Boys (2021) =============== IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ အချိန်တစ်နာခွဲအတွင်း အပြောတွေရော အပြတွေရော တွေးစရာတွေပါ အများကြီးထည့်ထားတဲ့ကားလေးပါ။ လီနိုတို့မိသားစုသုံးယောက်ရယ် သူငယ်ချင်းဖြစ်သူမာရီယိုရယ် ချစ်သူ မမယ်သူငယ်ချင်းထပ်ပိုတဲ့ကောင်မလေး အက်စီရယ် အားလုံးပေါင်း ဇာတ်ကောင်ငါးယောက်အဓိကပါပါတယ်။ သူတို့အားလုံးဟာ အီတလီ၊ နေပယ်မြို့က ပျံကျနေရာလေးမှာ နေထိုင်ကြပါတယ်။ အားလုံးဟာ ကျောင်းနေအရွယ်ပေမယ့် ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကို ထမ်းနေကြသူပါ။ လီနိုအနေနဲ့လည်း ပိုက်ဆံကို အလုပ်လုပ်ပြီးပဲရရ ရုပ်ပြစားပြီးပဲရရရှာရင်း အိမ်စရိတ်ကို အနိုင်နိုင်ပေးနေရသူပါ။ တစ်ချိန်မှာတော့ လီနိုရဲ့ညီမလေး အန်နာလာဟာ ထူးဆန်းအံ့ဖွယ်တန်ခိုးပြတယ်ဆိုပြီး ဒေသခံကတ်သလစ် ဘာသာဝင်တွေအကြားရေပန်းစားသွားပြီး ဘုရားဝတ်ပြုဆုတောင်းဖို့ အိမ် ကိုလာရောက်သူတွေများလာပါတယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းကြား မှာ ဒီဇာတ်ကောင်ငါးယောက်ဟာ ဘယ်လိုတွေ ကပြကြမလဲဆိုတာကို စိတ် ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ မိသားစုဒရာမာ၊ ဘာသာရေး၊ LGBTစတဲ့ genre တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်ကောင်စရိုက်နိုင်နိုင်တဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.3 GB) / (561 MB) / (307 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Zaw Myo Thu Encoder..........SWM

Documentary
7.1 2021 99 mins
Blessed Boys
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
National Treasure: Book of Secrets
6.3

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဒီကားမှာတော့ ဘန်ဂိတ်စ်တို့ရဲ့ အဘီ သောမတ်စ်ဂိတ်စ်ဟာ ပြည်တွင်းစစ်ခေတ်က လင်ကွန်းကို လုပ်ကြံဖို့ ကြိုးကိုင်ခဲ့တဲ့သူလို့ စွပ်စွဲခံရပါတယ်။ တကယ်လုပ်ကြံခဲ့တဲ့သူ ဘုရှ်ရဲ့ ပျောက်ဆုံးနေတဲ့ ဒိုင်ယာရီစာရွက်က စာရွက်ပေါ်‌ သောမတ်စ်ဂိတ်စ်နာမည်နဲ့အတူ ပေါ်လာခဲ့လို့ပါပဲ။ သောမတ်စ်ဂိတ်စ်ရဲ့ နာမည်ပျက်ကို ရှင်းဖို့ကတော့ သောမတ်စ်ဂိတ်စ် ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ဘုရှ်ရဲ့စာရွက်ဟာ ရတနာမြေပုံဆိုတာကို သက်သေပြနိုင်မှဖြစ်မှာပါပဲ။ ဒီတော့ ဘန်တို့တွေ ထုံးစံအတိုင်း ရတနာရှာကြဖို့ အကြောင်းဖန်လာခဲ့တယ်။ National Treasure ကားတွေရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ သမိုင်းတွေ လှိုင်လှိုင်သုံးပြီး သဲလွန်စတွေတစ်ခုပြီးတစ်ခုနောက်လိုက်တာကို အက်ရှင်လေး နည်းနည်းနှောပြီး ပြသွားတဲ့ ရုပ်ရှင်ပါပဲ။ ဒီဒုတိယကားမှာတော့ အထင်ကရနေရာတွေပိုပါလာသလို သမ္မတတွေ ဘာတွေအဆင့်ထိပါ ပတ်သက်လာတဲ့ကားဖြစ်လာပါတယ်။ ထွက်မလာသေးတဲ့ နောက်ကားအတွက် ကြည့်ရှုသူတွေကို သိချင်စိတ် မီးစာပျိုးသွားတဲ့ ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနှစ်ကားကို ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Size - 2.3GB, 1.15GB, 730MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 2h 4Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Music • Romance
6.3 2007 124 mins
National Treasure: Book of Secrets
Bordertown: The Mural Murders
6.7

IMDB 6.3 ရရှိထားတဲ့ Psychological Crime ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တရားမျှတမှုကို ရယူနိုင်ဖို့၊ ကမ္ဘာကြီးကို ပိုနေပျော်တဲ့ နေရာတစ်ခုဖြစ်လာအောင် ဖန်တီးနိုင်ဖို့အတွက် ရာဇဝတ်သားတွေကို ရက်ရက် စက်စက် သတ်ဖြတ်ခြင်းက မှန်ကန်တဲ့လုပ်ရပ်လား ဒါမှမဟုတ် ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်လား။ အမည်မသိ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တရားသူကြီးအဖြစ် ကြေညာပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူလူထုကို မဲဆန္ဒကောက်ခံခဲ့ပါတယ်။ အကြီးလေးဆုံး ပြစ်ဒဏ်ကျူးလွန်ခဲ့သော ရာဇဝတ်သားများကို မဲပေးရွေးချယ်ခိုင်းပြီး ရလာတဲ့ မဲအစဉ်အတိုင်း ထိုရာဇဝတ်သားများကို တရားသူကြီးဖြစ်သူက တစ်ယောက်ချင်း လိုက်လံရှာဖွေ သတ်ဖြတ်ပစ်ပါတယ်။ ထိုသတင်းဟာ တဖြည်းဖြည်းနဲ့ ပြည်သူလူထုကြား နာမည်ကြီးလာပြီး ပြည်သူတွေ ကိုယ်တိုင်က ထောက်ခံအားပေးလာကြတယ်။ ထိုအခါမှ ရဲတပ်ဖွဲ့ဝင်များလည်း အစွန်းရောက် ကွင်းဆက်လူသတ်သမားကို အမိအရဖမ်းနိုင်ဖို့ အပူတပြင်း ကြိုးစားလာကြတယ်ပေါ့။ တဖက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရတာမို့ ကြံရာမရတော့တဲ့ ရဲတပ်ဖွဲ့ဟာ နာမည်ကြီးအငြိမ်းစား စုံထောက်ဖြစ်တဲ့ Kari Sorjonen ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခံခဲ့ရာက တရားမျှတမှုရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ဖို့အတွက် နှစ်ဦးနှစ်ဖက် စတင် အားပြိုင်ကြပါတော့တယ်။ ဒီဇာတ်ကားလေးက တွေးစရာတွေများပါတယ်။ Psychological Crime ဆိုတဲ့အတိုင်း ဇာတ်အေးအေးလေးနဲ့ ရှေ့ဆက်တာမို့ အတိုက်အခိုက် အသတ်အဖြတ် action scene တွေကို အရမ်းဦးစားပေးဖော်ပြထားတာမျိုးမဟုတ်ပါဘူး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်။) File Size - (1.76 GB)/(950 MB)/(560 MB) Quality – WebDL - (1080p)/(720p)/(480p) Duration - 1hr 47min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Crime, Mystery Translator – Thet Hnin Hsu Encoder – San Win Maung

Action • Adventure • Comedy • History
6.7 2021 107 mins
Bordertown: The Mural Murders
[18+] PVT Chat
5.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။ လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်) File Size……….(1.6 GB) / (539 MB) / (288 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adult, Drama Translator…….ZMT Encoder……….AdminX

5.9 2020
[18+] PVT Chat
Take Care of Maya
7.8

Take Care of Maya (2023) ================== IMDb Rating – 7.8/10 Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Rating လည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာ မာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေ ရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။ မာယာဟာ ငယ်စဉ်ကကျန်းမာပေမယ့် 10 နှစ်သမီးလောက်မှာ ထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။ CRPS လို့ခေါ်တဲ့ ရောဂါကြောင့်ခြေထောက်တွေလက်တွေ မလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္တာကိုယ်အနှံ့ နာကျင်မှုတွေလည်း ဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ပျောက်တဲ့ရောဂါ မဟုတ်ပဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင် ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ် ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့က အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။ သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှု ကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.94 GB) / (596 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Thiha Yan Naing Encoder……….Zin Phyo Aung

7.8 2023 103 mins
Take Care of Maya
Listen Up! (Hora-her’a)
6.9

ဒီဇာတ်ကားလေးကတော့ 2023 မှာ ထွက်ရှိထားတဲ့ ပါကစ္စတန်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ နော်ဝေးနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ရင်း ​ဘဝကိုကြိုးစားရုန်းကန်နေကြတဲ့ ပါကစ္စတန် working class မိသားစုလေးတစ်စုရဲ့ နွေရာသီအားလပ်ရက် အဖြစ်အပျက်လေးတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ မာမုဒ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူရဲ့အားလပ်ရက် နွေရာသီကို အပန်းဖြေရင်း စိတ်အေးလက်အေးဖြတ်သန်းဖို့ စီစဥ်ထားပေမဲ့ ပါကစ္စတန်မှာနေတဲ့ ဦးလေးဖြစ်သူ သူတို့ဆီ အလည်လာလိုက်တဲ့အချိန်မှာ သူ့ရဲ့အစီအစဥ်တွေအားလုံး ပျက်သွားပြီး ပျော်စရာအချိန်တွေကနေ စိတ်ညစ်စရာအချိန်တွေဆီကို နေ့ချင်းညချင်း ပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့မိသားစုကြားက အဖုအထစ်လေးတွေ အခက်အခဲတွေ ပြဿနာတွေနဲ့ အလွဲအချော်လေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရင်း ဘဝအမောလေးတွေကို တစ်ခဏတာပြေပျောက်စေလိုက်ပေါ့ဗျာ။ File size…(1.6 GB)/(9oo Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vadar

6.9 2023
Listen Up! (Hora-her’a)
Half Nelson
7.1

ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။ အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ Half Nelson ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ရုန်းထွက်ရခက်တဲ့ နပမ်းချုပ်ကွက်မိနေတဲ့ လမ်းမှားပေါ်ကနေ ရုန်းထွက်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရမယ့်ကားဖြစ်လို့ plotကိုတော့အများကြီးမပြောပြတော့ပါ့ဘူး။ Drama ကောင်းကောင်းကြိုက်တတ်သူတွေအတွက် လုံးဝနောင်တမရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ လုံးဝကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

7.1 2006 107 mins
Half Nelson
Rooster Cogburn
6.8

ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။ ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။ ဇတ်လမ်းအကျဥ်း ရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။ အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။ ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။ တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး သူတို့နှစ်ယောက်ကိုခေါ်သွားပါတယ်။ သူ့အသိ ကုန်စုံဆိုင်မှာသူတို့နှစ်ယောက်ကို ရူးစတာကအပ်ခဲ့ပေမဲ့မစ္စယူးလာကလူဆိုး ဖမ်းတာမှာရူးစတာကိုကူညီဖို့နောက်က လိုက်လာလို့ရူးစတာကလက်မခံချင်ပဲလက်ခံလိုက်ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာ ကစာတွေကိုရွတ်ပြတတ်တဲ့ မစ္စယူးလာ နဲ့ ဖြစ်သလိုနေတတ်တဲ့လူကြမ်းကြီးရူးစတာတို့အဆင်ပြေပါ့မလားသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်ကဘယ်လိုရှိလဲလူဆိုးတွေအကြံအောင်မလားဘာတွေဆက်ဖြစ် မလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါ တယ်။ ကြိုက်တဲ့အချက် Legend နှစ်ယောက်ရဲ့ သရုပ်ဆောင် တာနဲ့စကားပြောတာကိုကြိုက်ပါတယ်။ စကားအချီအချပြောတာစကားစစ်ထိုးတာတွေက ဇတ်ကောင်စရိုက်ကိုပေါ်လွင်စေ ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကတ်သရင်း ဟက်ဘန်းကိုတော်တော် သဘောကျမိပါတယ်။ ရုပ်ရှင်ကို အမေရိကန်တောင်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ရိုက်ကူးထားပါ တယ်။ အော်ရီဂွန်ပြည်နယ်က တောင် တန်းတွေ မြစ်တွေရဲ့အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ပေးတဲ့ message လေး ကိုကြိုက်ပါတယ်။ မိန်းမသားဖြစ်ပေမဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘယ်အချိန်ဘာလုပ် ရမယ်ဆိုတာ ပင်ကိုယ်သိစိတ်နဲ့လုပ်တတ် သူနဲ့အပြင်ပန်းမှာပစ်စလက်ခတ်ဖြစ်နေပေမယ့်နှလုံးသားလှတဲ့သူတွေရဲ့အကြောင်းပါ။ “လူသည်မျိုးစေ့ကြဲသည့်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” “ မြေကြီးက မြေကြီးသို့ ပြာက ပြာသို့ ဖုန်မှုန့်မှ ဖုန်မှုန့်သို့” “ဒီကမ္ဘာကိုကျွန်မတို့ဘာတစ်ခုမှယူမလာခဲ့ဘူး ပြီးရင်ဒီကမ္ဘာကနေကျွန်မတို့ဘာတစ်ခုမှယူမသွားနိုင်တာသေချာတယ်” ဟုတ်ပါတယ် အပေါ်ယံအကာတွေနဲ့ တုပြိုင်ပြီးလောဘဒေါသနဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးမှာ သေခြင်းဆိုတာရှောင်လွှဲ လို့မရတောင် စစ်မှန်တဲ့ မေတ္တာတရား ရိုးသားဖြောင့်မတ်မှုနဲ့ လူပီသပြီးကိုယ့်သ မိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးစားကြရမှာပါ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin

Thriller
6.8 1975 108 mins
Rooster Cogburn
Three Fugitives
6.2

Three Fugitives (1989) IMDb Rating (6.2) / Rotten Tomatoes (14%) ဘဏ်ဓါးပြတိုက်မှု ၁၄ ခု လုပ်ခဲ့တဲ့ ဓါးပြတိုက်ကျွမ်းကျင်သူ လူးကတ်တစ်ယောက် ထောင်ထဲမှာ ၅ နှစ်နေပြီး လွတ်လာတဲ့ အခါ ဘဝကို အသစ်ပြန်စဖို့ခွန်အားတွေ အပြည့် ဖြစ်နေခဲ့ပါတယ် ….. စိတ်သစ်လူသစ် နဲ့ ဘဏ်ကို သွားပြီး အကောင့် အသစ် ဖွင့်တဲ့အခါ ဘဏ်ဓါးပြတိုက်တာနဲ့ လူးကတ် ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ ……….. အတေွ့အကြုံမရှိတဲ့ ဘဏ် ဓါးပြတိုက်သူ နပ်နဲ့ လူးကတ်နဲ့ ကြုံတွေ့ကြတဲ့အခါ ……….. နပ်ရဲ့ ဓါးပြတိုက်ဖို့ပဲ သိတဲ့ အတွေ့အကြုံမရှိတဲ့ ရိုးသားမှု နားမလည်မှု ဓါးပြတိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း ဒါတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cara ဖြစ်ပါတယ်။) File size…(2.7 GB) / (1.1 GB) Quality….WEB-Rip 1080p / 720p Format…. mp4 Genre….Comedy,Crime Duration….01:37:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Cara

Thriller • Crime • Drama • TV Movie
6.2 1989 96 mins
Three Fugitives
Dangerous Beauty
7.1

Dangerous Beauty (1998) IMDb Rating (7.1) / Rotten Tomatoes (70%) ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ဟာအပျော်အပါး၊အနုပညာ၊ကဗျာ စာပေတွေနဲ့မွေ့လျော်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့က ဗရော်နီကာဆိုတဲ့ မိန်းမငယ်လေးဟာလည်း ချစ်ရသူနဲ့ အသိုင်းအဝိုင်းကွာခြားမှုကြောင့် မပေါင်းစပ်နိုင်ကြောင်း သိရှိပြီးနောက်မှာ မိသားစုအတွက် ပြည့်တန်ဆာအဖြစ်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ချောမောပြီးထက်မြတ်လှတဲ့ ဗရော်နီကာဟာ သူ၏ချောမောမှု ဉာဏ်ရွှင်မှု အပြုအစုကောင်းမှုတွေကြောင့် ဗင်းနစ်မြို့ရဲ့ထိပ်တန်းအမျိုးသားတွေရဲ့ အသည်းစွဲဖြစ်လာခဲ့ရပါတယ်။ ဗရော်နီကာတစ်ယောက် ပြည့်တန်ဆာဖြစ်လာပြီး နောက်ပိုင်းမှာရော ချစ်ရသူရဲ့အချစ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလား ? သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကရော ဘယ်လိုရှေ့ဆက်သွားမှာလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, Romance Duration…. 01:51:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eunice

7.1 1998 111 mins
Dangerous Beauty
ARQ
6.1

ARQ (2016) ***************** ၂၀၁၆ မှာ ထွက်ရှိခဲ့ပြီးတော့ IMDB rating 6.5 ရရှိထားတဲ့ Sci-fi/Action ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားကို အနာဂတ်ကမ္ဘာမှာ ဇာတ်အိမ်တည်ထားပြီးတော့ စွမ်းအင်ရင်းမြစ်အတွက် အဖွဲ့အစည်းတွေ အချင်းချင်း စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Ren က စစ်ပွဲတွေကို အဆုံးသတ်ဖို့ စွမ်းအင်ထုတ်နိုင်မဲ့ စက်တစ်လုံးဖြစ်တဲ့ ARQ ကိုစမ်းသပ်ရင်း ARQ ကို အရယူဖို့ အဖွဲ့အစည်းတွေက လွှတ်လိုက်တဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရပါတယ်။ တိုက်ခိုက်ရင်းနဲ့ သေဆုံးသွားပေမဲ့ မသေခင် မူလအချိန်ကို ပြန်ရောက်သွားတဲ့အတွက် ARQ က time loop တွေကို ဖန်တီးနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။ ARQ ကို မသင့်တော်တဲ့သူတွေ လက်ထဲရောက်မသွားအောင် တားဆီးရင်း ဘယ်လို အသက်ရှင်အောင် ကြိုးစားသွားမလဲ… ဘယ်လို လှည့်ကွက်တွေနဲ့ ကြုံရမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ကားလေးဖြစ်ပါတယ်။ File Size – 1.49 GB/ 718 MB Quality – WEB-DL 1080p/ 720p Duration – 1h 28m Format – mp4 Genre – Action, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hard Sub)

Crime • Thriller • Drama • Mystery
6.1 2016 88 mins
ARQ